Channel Myanmar

David Wang

Honey Money Phony (2025) 6
Honey Money Phony (2025) သာမန်ကုမ္ပဏီဝန်ထမ်းမလေးတစ်ယောက်ဖြစ်တဲ့လင်ချင်လန်ဟာ သူ့ရဲ့ယုတ်မာတဲ့ရည်းစားလိမ်တာကိုခံရပါတယ်။ စိတ်ကူးယဉ်အချစ်တွေနဲ့ပြည့်နေတဲ့ဘဝနေပြီးတော့ တစ်နေ့အတွင်းမှာ ၂၀၁၃၁၄အကြွေးတွေအများကြီးတင်နေတဲ့သူဖြစ်သွားခဲ့ပါတယ်။အကြွေးတွေကိုဆပ်ဖို့ အကုန်လုပ်တွေကုန်းရုန်းလုပ်ရင် ဘဝကိုစိတ်ပျက်လာတဲ့အချိန်မှာ အိုးရန်ဟွေးဆိုတဲ့လူလိမ်တစ်ယောက်နဲ့ထပ်တွေ့ပါတယ်။ အကြောင်းဖန်ချင်တော့ အိုးရန်ဟွေးကိုအသုံးချပြီးတော့ သူ့ရဲ့အရင်ရည်းစားလိမ်ယူသွားတဲ့ပိုက်ဆံတွေကို ပြန်လိမ်ယူဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒီလိုနဲ့ လင်ချင်လန်နဲ့ အိုးရန်ဟွေးတို့က လမ်းပေါ်မှာကားတိုက်ခံရယောင်ဆောင်ပြီးလိမ်စားနေတဲ့ ချန်လန်ရဲ့သူငယ်ချင်းရှောင်ဟွေ့ရယ် ပညာရှင်ဟောင်းအိုးရန်ဟွေးရဲ့ဦးလေးရယ် ပူးပေါင်းပြီးတော့လိမ်ဖို့စတင်လိုက်ပါတယ်။ အချစ်နဲ့ငွေလိမ်ယူသွားတဲ့ ရည်းစားဟောင်းကိုပြန်လက်စားချေဖို့ လိမ်ရင်းအလိမ်တွေကြားမှာအချစ်စစ်ဖြစ်လာနိုင်မလား နောက်ဆုံးမှာသူတို့ရဲ့လိမ်ပွဲဟာဘယ်လိုအဆုံးသတ်သွားမလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းတဲ့ ဟာသဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ Filesize : 1.46 GB / 817 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Romance , Comedy  Runtime : 1h 55 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK  
movie

Honey Money Phony (2025)

High Forces ( 2024 ) 6.0
High Forces ( 2024 ) "ဝေဟင်ထက်က လေယာဉ်က မြေပြင်ပေါ်က စက်ဘီးကို ဝင်တိုက်သွားတယ်" ဆိုတာမျိုး ကြားဖူးမယ်ထင်ပါရဲ့... ဒီ Andy Lau နဲ့ နာမည်ကြီး မင်းသားမင်းသမီးတို့ကြိုးစားပြီးရိုက်ကူးထားတဲ့ High Force ကားလေးကတော့ ဒီလို ဆင်တူယိုးမား အဖြစ်ပျက်လေးကို ပုံဖော်ထားတာပါ...ဇာတ်လမ်းထဲမှာ ကောင်းဟောက်ကျွင်း တစ်ယောက်က ဘိုင်ပိုလာ ဆိုတဲ့ စိတ်ဓာတ်အတက်အကျမြန်တဲ့ ရောဂါကို ခံစားနေရတဲ့သူပေါ့... ဒါကြောင့်လည်း ရှိရင်းစွဲ အလုပ်က ထွက်ပြီး လေကြောင်းကုမ္ပဏီမှာ လုံခြုံရေးဝန်ထမ်းအဖြစ် အလုပ်ဝင်လုပ်ဖြစ်ခဲ့တယ်...သူ့ရောဂါကြောင့်ပဲ... သူချစ်ရတဲ့မိသားစုကို အဝေးကပဲ ဖြည့်ဆည်းပေးရသူဖြစ်လာခဲ့တယ်... ဘာလို့လဲဆိုတော့ သူစိတ်မထိန်းနိုင်ခဲ့တဲ့ လုပ်ရပ်တစ်ခုကြောင့် သူ့သမီးလေး ဘဝအလင်းပျောက်ခဲ့ရပြီး အမှောင်လောကထဲမှာ ရှင်သန်ရတဲ့ မျက်မမြင်လေးဘဝကို ရောက်သွားလို့ပါပဲ... သူတို့ မိသားစုအတူ ပြန်ဆုံတာကတော့ အိတ်ချ်ဝိုင် ၆၆၈ ဆိုတဲ့ လေယာဉ်ပေါ်မှာပေါ့...ဒီလေယာဉ်ပေါ်မှာ ကောင်းဟောက်ကျွင်းနဲ့အတူ ဘိုင်ပိုလာ ခံစားနေရသူ နောက်တစ်ဦးရှိပါသေးတယ်... သူ့နာမည်က မိုက်ခ်တဲ့... သူကတော့ ဒီလေယာဉ်ကို ထိန်းချုပ်ဖို့ ကြိုးစားနေတဲ့သူတစ်ဦးပေါ့... မိုက်ခ်က ဘာလို့ လေယာဉ်ကို ထိန်းချုပ်ချင်တာလဲဆိုရင်တော့ လေကြောင်းပိုင်ရှင်ဆီက ငွေညှစ်ဖို့ပါပဲ...ဒါပေမယ့် သူကကြေးစားဆိုတော့နောက်ကွယ်မှာ ဘယ်သူရှိနေတာလဲ... သူတို့ဆန္ဒတွေပြည့်ဝမှာလား...သူတို့မမျှော်မှန်းထားတဲ့ အပြောင်းအလဲဖြစ်လာမှာလား... ‌နောက်ပြီး ကောင်းဟောက်ကျွင်းကရော ...
movie

High Forces ( 2024 )

4K HEVC
Soul Snatcher ( 2020 ) 6.2
Soul Snatcher ( 2020 ) ဒီတစ်ခေါက်မှာ 2020 ရဲ့ နာမည်ကြီးဇာတ်ကား တစ်ကားလို့ ဆိုနိုင်တဲ့ နာမည်ကြီး မိန်းမပျိုဝိညာဉ်လို့ နာမည်ကြီးပြီး version စုံထွက်တဲ့ တရုတ်ဇာတ်လမ်းကြီးကို အခြေခံပြီး ပုံစံတစ်မျိုးပြောင်းထားတဲ့ ဇာတ်ကားကောင်းလေးပေါ့...ဒီကားကို အဓိကကြည့်သင့်တာကတော့ go go squid မှာ နာမည်ကြီးခဲ့တဲ့ ပျိုတိုင်းစွဲ လီရှန့် နဲ့ nine percent က မန်ဘာဟောင်း မားမားတို့ရဲ့ ကလေးလေး နုံနုံ (ခ) ချန်လိနုံတို့ သရုပ်ဆောင်ထားတာကြောင့်ပါ ဒါဟာ နုံနုံရဲ့ ပွဲဦးထွက်ကားလေးမို့ အားလုံးက အချစ်ပိုပြီး အားပေးနေကြတာပေါ့ဇာတ်လမ်းလေးနည်းနည်းပြောပြမယ် ဒီကားလေးက အရင်အတိုင်း အမှုထမ်းစာမေးပွဲဖြေဖို့ ကြိုးစားနေတဲ့ စာကြမ်းပိုးလေးနဲ့ လေလွင့် မိန်းမပျိုဝိညာဉ်ကြားက အချစ်ဇာတ်လမ်းလေးပါပဲဒါပေမယ့် မိန်းမပျိုလေးကတော့ ဇာတ်လိုက်မဟုတ် ဇာတ်လိုက်က နတ်ဖြစ်ဖို့ ကြိုးစားပြီး အမြုတေလိုက်ရှာနေတဲ့ မြေခွေးလေးပေါ့ ဖြစ်ချင်တော့ အမြုတေပိုင်ရှင်က စာကြမ်းပိုးလေးဖြစ်နေတော့ မြေခွေးလေးနဲ့ စာကြမ်းပိုးကြားက သူငယ်ချင်းသံယောဇဉ်ကို ပုံဖော်ထားတဲ့ ဇာတ်ကားလေးလို့ဆိုနိုင်မယ်ပါးပါးလေး bromance လည်းပါလို့ မှန်ဘီလူးမလေးတို့လည်း ကြည့်ကြည့်လိုက်ပါဦး Filesize : 5.22 GB / 1.88 GB ...
movie

Soul Snatcher ( 2020 )

4K HEVC
The Great Hypnotist (2014) 7.0
The Great Hypnotist (2014) [Unicode]ဇာတ်လမ်းအမျိုးအစားကတော့ အားလုံးစိတ်ဝင်စားကြမယ့် Mystery - Thriller ပဲဖြစ်ပါတယ်အိပ်မွေ့ချကုထုံးမှာ အရမ်းတော်တဲ့စိတ်ကျန်းမာရေးဆရာဝန် ဒေါက်တာရွှီယွေနင်ဆီကို ထူးခြားတဲ့ case အနေနဲ့ သရဲတွေကိုမြင်နိုင်တယ်လို့ပြောလာတဲ့ လျန်ရှောင်ရန်ဆိုတဲ့မိန်းမတစ်ယောက် ကုသခံဖို့ရောက်လာခဲ့တာကနေ အစပြုဇာတ်ကြောင်းဆင်ထားပါတယ်သူ့ပညာကို အတော်လေးယုံကြည်မှုရှိပြီး မာနကြီးတဲ့ ဒေါက်တာရွှီယွေနင်တစ်ယောက် အချက်အလက်ကျစွာနဲ့ သူ့ကိုတန်ပြန်တုန့်ပြန်လာတဲ့ လူနာနဲ့တွေ့ကြုံလာရတဲ့အခါ ဘာတွေဆက်ဖြစ်လာမလဲ အဲဒီအချက်အလက်ဆိုတာတွေကရော အမှန်တကယ်ပဲလား နောက်ကွယ်မှာ ဘာလျှို့ဝှက်ချက်တွေဆက်ရှိနေမလဲဆိုတာ ရင်သပ်ရှုမောရင်းကြည့်ရှုရပါလိမ့်မယ်အဓိကဇာတ်ကောင်နေရာတွေကတော့ Forbes China Celebrity 2020 ရဲ့ နံပါတ်၂နေရာမှာရှိနေတဲ့ နာမည်ကြီးအနုပညာပါရမီရှင် Xu Zheng ဖြစ်ပြီး တွဲဖက်အားဖြည့်ထားသူကတော့ So Close ဇာတ်ကားရဲ့ရဲမေဆိုရင် ရုပ်ရှင်ပရိသတ်အားလုံးသိနိုင်ကြမှာဖြစ်ပါတယ်ဆရာဝန်နဲ့လူနာ ဆွေးနွေးကုသနေတဲ့ဟောခန်းထဲမှာ ဇာတ်ကားပြီးသွားတာဖြစ်ပေမယ့် အတော်လေးကိုစိတ်ဝင်စားဖို့ကောင်းပြီး ပြီးလို့ပြီးလိုက်မှန်းတောင်မသိဖြစ်သွားမယ်ဆိုတာ လုံးဝအာမခံပါတယ် ။( အညွှန်းရေးသားထားသူကတော့ Phu Nge Nge Thein ဖြစ်ပါတယ် ) [Zawgyi]ဇာတ်လမ်းအမျိုးအစားကတော့ အားလုံးစိတ်ဝင်စားကြမယ့် Mystery - Thriller ပဲဖြစ်ပါတယ်အိပ်မွေ့ချကုထုံးမှာ အရမ်းတော်တဲ့စိတ်ကျန်းမာရေးဆရာဝန် ဒေါက်တာရွှီယွေနင်ဆီကို ထူးခြားတဲ့ case အနေနဲ့ သရဲတွေကိုမြင်နိုင်တယ်လို့ပြောလာတဲ့ ...
movie


Wine Wars (2017) 5.0
Wine Wars (2017) ဒီတစ်ခါတော့ဝိုင်ချစ်သူရုပ်ရှင်ချစ်ပရိတ်သတ်ကြီးအတွတ်၂၀၁၇ ထွက် Wine War ဆိုတဲ့တရုတ်ဇာတ်ကားလေးတစ်ပုဒ်နဲ့မိတ်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းလေးကတော့ဟာသနဲ့အက်ရှင်ပေါင်းထားတာလေးပါ။ဇာတ်လမ်းကယန်မင်းဆက်လက်ထက်တုန်းကအရမ်းကိုတော်တဲ့ဝိုင်ပြုလုပ်ပေးတဲ့သူတစ်ယောက်ရှိပါတယ်။အဲ့အချိန်တည်းကကမ္ဘာပေါ်မှာအကောင်းဆုံးဝိုင်ပြုလုပ်တဲ့နည်းကိုရှာဖွေတွေ့ရှိခဲ့ကြတာပါ။အဲ့နည်းလမ်းကိုမျိုးရိုးစဉ်ဆက်လက်ဆင့်ကမ်းလာကြတာအခုခေတ်တန်ကြေးနဲ့ဆို ယူရို ၅မီလီယံအထိဖြစ်လာတယ်။အဲ့နည်းလမ်းသာရပြီဆိုသေချာပေါက်သူဌေးဖြစ်ပြီလေ။အဲ့အချိန်မှာပဲအဲ့နည်းလမ်းကိုလေလံတင်ရောင်းချမယ်ဆိုတော့လေလံဆွဲကြပြီပေါ့။ဘယ်သူကဘယ်လိုလေလံဈေးနဲ့ရသွားမလဲ။လေလံတင်တဲ့သူဘက်ကရောမျိုးရိုးစဉ်ဆက်ထိန်းသိမ်းရမယ့်နည်းလမ်းကိုဘာလို့လေလံတင်လိုက်တာလဲ။နောက်ဆုံးအဲ့နည်းနဲ့သူဌေးဖြစ်မယ့်သူကဘယ်သူလဲဆိုတာရယ်ရယ်မောမောနဲ့ကြည့်လိုက်ကြရအောင်ပါ။ဇာတ်ကားကြည့်ပြီးဝိုင်သောက်ချင်တယ်ဆိုရင်တော့ကိုယ်ဟာကိုယ်ဝယ်သောက်ကြပါလို့ပြောချင်ပါတယ်။အက်ဒမင်တွေကိုလည်းဝယ်တိုက်ချင်ရင်အချိန်မရွေးလက်ခံပါတယ်လို့ (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူက ကိုနေမျိုးပါ) File Size : (800 MB) and (270 MB) Quality : Blu-Ray 720p Running Time : 1hr 30min Format : Mp4 Genre :Action, Crime, Thriller Subtitle : Myanmar Subtitle (Hard Sub) Source : 720p BluRay x264-WiKi Translated by Nay Myo Encoded by Thanhtike Zaw
movie

Wine Wars (2017)

2015
Extraordinary Mission (2017) 6.4
Extraordinary Mission (2017)   ဒီတစ်ခါတော့ Channel Myanmar ပရိတ်သတ်တွေအတွက် ကြမ်းကြမ်းရမ်းရမ်း အက်ရှင်ကား တစ်ကားကို မိတ်ဆက်ပေးချင်ပါတယ်Extraordinary mission ဆိုတာကတော့ ရဲအရာရှိ လင်ခိုင် ရဲ့ မစ်ရှင် တစ်ခုပါ...သူ့ရဲ့ မစ်ရှင်က တော့ မူးယစ်ဆေးဝါးဂိုဏ်းအကြီးစား တစ်ခုကို နှိမ်နင်းဖို့ပါဒီဂိုဏ်းကို လက်ပူးလက်ကြပ် ဖမ်းဖို့က မလွယ်တဲ့ ကိစ္စတစ်ခုပါဒီတော့ ရဲအရာရှိကြီး ဟာ မူးယစ် ဆေးဝါး ဂိုဏ်းထဲကို သူလျိုတစ်ယောက် အနေနဲ့ ဝင် ဖို့ ဆုံးဖြတ်လိုက်ပါတယ်လူအသစ် တစ်ယောက်ကို ဘယ်သူက ကော လွယ်လွယ်ယုံမှာလဲ... ဂိုဏ်းအကြီးစား ဆိုတော့ ပိုဆိုးပြီပေါ့..ဒါနဲ့ လင်ခိုင် ဟာ သူ့ကိုယ်သူ မူးယစ်ဆေး အစွဲ ခံပြီး မူးယစ်ဆေးဝါးဂိုဏ်းက ယုံအောင် သက်သေ ပြရပါတယ် ( extraordinary ဘဲဗျာ )သူ့ရဲ့ ကြိုးပမ်းမှု ဟာ အရာထင်မလား???ဂိုဏ်းက သူ့ရဲ့ အကြံကို ရိပ်မိသွားမလား ...
movie

Extraordinary Mission (2017)

2017