Channel Myanmar

David Stifel

The Million Dollar Hotel (2000) 5.7
The Million Dollar Hotel (2000)   The Million Dollar Hotel (2000)IMDb Rating (5.7) ဒီဇတ်ကားမှာတော့နာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့ မဲလ်ဂစ်ဘ်ဆန်(Mel Gibson) မီလာဂျိုဗိုဗစ်ချ် ( Milla Jovovich) နဲ့ ဂျယ်ရမီဒေးဗစ်(JeremyDavid)တို့ ပါဝင်ထားကြပါတယ်။ဒါရိုက်တာက Wim Wenders ဖြစ်ပါ တယ်။2000ခုနှစ်ဘာလင်ရုပ်ရှင်ပွဲတော်မှာဆုရထားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ ဇတ်လမ်းအကျဥ်းလော့စ်အိန်ဂျယ်လိစ် မြို့လယ်မှာ “မီလီယံဒေါ်လာလို့”ခေါ်တဲ့ဟိုတယ်တစ်ခုရှိပါတယ်။ဟိုတယ်မှာနေတဲ့သူတွေက လော်ဘီ(ဧည့်သည်စောင့်တဲ့ခန်းမ)လို့ခေါ်တဲ့နေရာမှာ တီဗွီကြည့်ရင်း ခေတ်ဟောင်းတုန်းကအကြောင်းတွေပြောရင်း အချိန်ဖြုန်းတတ်ကြတဲ့ ခပ်ကြောင်ကြောင်လူတစ်စုရှိပါတယ်။သူတို့အထဲမှာ အများက တွမ်တွမ်(ဂျယ်ရမီဒေးဗစ်)လို့ခေါ်တဲ့ဥာဏ်ရည်ဖွံ့ဖြိုးမှုနိမ့်နေတဲ့ကောင်လေးလည်းပါပါတယ်။တစ်နေ့မှာ ဟိုတယ်မှာနေနေတဲ့ အစ်ဇီဂိုးလ်ကစ်လို့ခေါ်တဲ့လူတစ်ယောက်ဟိုတယ်ခေါင်မိုးပေါ်ကပြုတ်ကျပြီးသေသွားပါတယ်။သူ့ကို အိမ်မဲ့ယာမဲ့လို့သိထားပေမဲ့သူက မီဒီယာသူဌေးကြီးတစ်ယောက်ရဲ့သားဖြစ်နေပါတယ်။ကိုယ့်ကိုကိုယ်သတ်သေတာမဖြစ်နိုင်ဘူးဆိုပြီးသူဌေးကြီးကဆီးနိတ်အမတ်ကိုပြောတဲ့အတွက်အက်ဖ်ဘီအိုင်နဲ့လော့စ်အိန်ဂျယ်လိစ်ရဲဌါတို့အမှုကိုလိုက်ပါတယ်။အက်ဖ်ဘီအိုင်က စုံထောက်စကင်းနား(မဲလ်ဂစ်ဘ်ဆင်)က အစ်ဇီနဲ့ရင်းနှီးတဲ့သူတွေကို လူသတ်သမားလို့သံသယထားပြီး အမှုကိုစုံစမ်းပါတယ်။ဟိုတယ်ကလူကြောင်အုပ်စုကစကင်းနားကိုသူတို့ထက်ပိုရူးတယ်လို့သတ်မှတ်လိုက်ပြီးကြောက်သွားကြပါတယ်။မီဒီယာသူဌေးကြီးရဲ့သားအမှုဖြစ်တဲ့အတွက် မီဒီယာတွေကလည်း တွေ့ဆုံတာတွေမေးမြန်းရုပ်သံလွှင့်တာတွေလုပ်လာပါတယ်။ရက်ဒ်အင်ဒီးယန်းဂျီရွန်နီမိုကိုအင်တာဗျူးရိုက်ရင်းနဲ့နောက်ခံကကတ္တရာစေးနဲ့ပုံဖော်ထားတဲ့ ပန်းချီကားကို အစ်ဇီဆွဲတာလို့ချန်နယ်၆ရုပ်သံကထုတ်လွှင့်လိုက်တဲ့အခါသူတို့အုပ်စုလည်းချော်လဲရောထိုင်ပြီးလူတွေကိုယုံအောင်လုပ်ပြီးပန်းချီကားတွေကိုစျေးကြီးကြီးနဲ့ရောင်းနိုင်ရင် သူတို့ရဲ့ဘဝတွေလည်းပြောင်းလဲမယ်ဆိုပြီးတက်ညီလက်ညီနဲ့ဇတ်လမ်းထွင်ကြပါတယ်။အဲဒီအတောအတွင်းတွမ်တွမ်ကသူတစ်ဖက်သတ်ကြိုက်နေတဲ့ ညငှက်မလေးအယ်လွိစ်(မီလာဂျိုဗိုဗစ်ချ်)နဲ့ရင်းနှီးသွားပါတယ်။စကင်းနားကအယ်လွိစ်ကိုတွမ်တွမ့်အခန်းကိုလွှတ်ပြီးသူတို့ပြောတာတွေကိုအသံဖမ်းစက်နဲ့ခိုးနားထောင်ပါတယ် ။တွမ်တွမ့်ကို စားသောက်ဆိုင်ခေါ်ကျွေး အစ်အောက်ပြီးဂျီရွန်နီမိုကလူသတ်သမားလို့စကင်းနားကကောက်ချက်ချပြီးဖမ်းလိုက်ပါတယ်။ဂျီရွန်နီမိုပိုင်တဲ့ အစ်ဇီဆွဲတာလို့ဂျင်းထည့်ထားတဲ့ပန်းချီကားရောင်းမယ့်အစီအစဥ်ပျက်မလိုဖြစ်လာတဲ့အခါဂျီရွန်နီမိုအစား လူသတ်တရားခံအဖြစ်တွမ်တွမ်ကိုဝန်ခံပေးဖို့တိုက်တွန်းလို့တွမ်တွမ်ကသူခေါင်မိုးကနေတွန်းချတဲ့အကြောင်းရုပ်သံရိုက်ကူးပြီးဝန်ခံလိုက်ပါတယ်။လူကြောင်အုပ်စုရဲ့ပန်းချီကားရောင်းတဲ့ကိစ္စအောင်မြင်မလား တရားခံအစစ်ကဘယ်သူလဲ မထင်မှတ်တာတွေဘာဆက်ဖြစ်မလဲဆိုတာဖန်သားပြင်ပေါ်ဆက်ကြည့်နိုင်ပါတယ်။ ဇတ်ကားရဲ့ထူးခြားချက်ဇတ်ညွှန်းရေးသူတွေနဲ့ဒါရိုက်တာကတော့ အက်ဘီအိုင်(FBI) ပန်းချီဆရာလောက ပန်းချီကားအရောင်းအဝယ်လုပ်တဲ့သူတွေရဲ့လောက ရုပ်သံလွှင့်မီဒီယာတွေအကြောင်းနဲ့တေးဂီတဝိုင်းတွေရဲ့အကြောင်းကိုပါးပါးလေးသရော်ထားပါတယ်။သရော်ထားပေမဲ့အရှိတရားတွေလည်းဖြစ်နေနိုင်ပါတယ်။အတွေးစတွေချန်ပေးထားခဲ့ပါလိမ့်မယ်။“ဘုရားသခင်က လူဖြူဖြစ်ရမယ်”ဆိုတာလေးရဲ့နောက်မှာလည်းပြောချင်တာတွေအများကြီးရှိပါလိမ့်မယ်။လူတွေနဲ့ အတ္တမာန( Ego)အကြောင်းတစ်စေ့တစ်စောင်းတွေ့ရမှာဖြစ်သလိုအကြောင်းပြချက်မရှိတဲ့ unconditionallove ...
movie

The Million Dollar Hotel (2000)

2000
Up There(2019) 5.5
Up There(2019) Up There(2019)အညွှန်း*********************(unicode)2019 ခုနှစ်ထွက် Up there ဆိုတဲ့ဇာတ်ကားလေးတစ်ကားတင်ဆက်ပေးချင်ပါတယ် Drama ဇာတ်ကားလေးတွေကြိုက်နှစ်သက်သူတွေ သဘောကျမယ့် ဖြစ်ပါတယ်.... ဂျက်ခ်ဆိုတဲ့ ဂျာနယ်လစ်တစ်ဦးဟာ နယ်မြို့လေးတစ်မြို့ဆီကို ဆောင်းပါးရေးဖို့ သတင်းအချက်အလက်တွေ စုဆောင်းဖို့အတွက် ရောက်ရှိလို့လာပါတယ် မြို့ကလေးဟာ လူဦးရေသိပ်မများဘဲနဲ့ သိုသိုသိပ်သိပ်မြို့လေးတစ်မြို့ဖြစ်ပြီးတော့ သူစိမ်းတွေဆိုရင် သိပ်ပြီးအမြင်မကြည်တဲ့မြို့လေးဖြစ်နေလေတော့ ဂျက်ခ်အတွက် သတင်းရယူဖို့ အခက်အခဲဖြစ်နေပါတော့တယ် တစ်နေ့မှာ အမ်မာ ဆိုတဲ့ မြို့ခံကောင်မလေးတစ်ယောက် ရောက်လာပြီးတော့ မိတ်ဆက်ပါတယ် မြို့ခံတွေကိုအင်တာဗျူးလုပ်ဖို့ သူကူညီပေးနိုင်ပါတယ်တဲ့ နွေးနွေးထွေးထွေး ဒရာမာကားလေးမို့ ယခုရာသီဥတုမှာ ကြည့်ရှုခံစားလိုက်ပါဦး... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Zuel Khant Thwin ပဲဖြစ်ပါတယ်...(zawgyi)2019 ခုနှစ်ထွက် Up there ဆိုတဲ့ဇာတ်ကားလေးတစ်ကားတင်ဆက်ပေးချင်ပါတယ် Drama ဇာတ်ကားလေးတွေကြိုက်နှစ်သက်သူတွေ သဘောကျမယ့် ဖြစ်ပါတယ်.... ဂျက်ခ်ဆိုတဲ့ ဂျာနယ်လစ်တစ်ဦးဟာ နယ်မြို့လေးတစ်မြို့ဆီကို ဆောင်းပါးရေးဖို့ သတင်းအချက်အလက်တွေ စုဆောင်းဖို့အတွက် ရောက်ရှိလို့လာပါတယ် မြို့ကလေးဟာ လူဦးရေသိပ်မများဘဲနဲ့ သိုသိုသိပ်သိပ်မြို့လေးတစ်မြို့ဖြစ်ပြီးတော့ သူစိမ်းတွေဆိုရင် သိပ်ပြီးအမြင်မကြည်တဲ့မြို့လေးဖြစ်နေလေတော့ ဂျက်ခ်အတွက် သတင်းရယူဖို့ အခက်အခဲဖြစ်နေပါတော့တယ် တစ်နေ့မှာ အမ်မာ ...
movie

Up There(2019)

2018