Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
David Rasche
5.8
About My Father (2023)
About My Father (2023)သားတစ်ယောက်က လက်ပေါက်ကပ်တဲ့သူ့အဖေအကြောင်း ဖောက်သည်ချထားတဲ့ပုံစံ အမေရိကန်ဟာသရုပ်ရှင်ပါ။ သားအဖနှစ်ယောက်အဖြစ် Sebastian Maniscalco နဲ့ ဂန္ထဝင်မင်းသားကြီး Robert De Niro တို့က အတွဲညီညီသရုပ်ဆောင်ထားပါတယ်။~ ဇာတ်လမ်းအကျဥ်း ~ဆီဘက်ရှန်တို့မိသားစုက အီတလီနိုင်ငံ စစ္စလီကျွန်းက မန်နီစကယ်ကိုမျိုးဆက်ဖြစ်ပြီး ချီကာဂိုအမေရိကန်ကိုပြောင်းရွှေ့ခဲ့ကြတဲ့ Immigrant မိသားစုပါ။ ဆီဘက်ရှန်ဟာ ဖခင်ရဲ့တင်းကြပ်တဲ့ အုပ်ထိန်းမှုအောက်မှာ ရှိတာနဲ့ရောင့်ရဲတတ်ဖို့ ရှက်တတ်ကြောက်တတ်ဖို့ သင်ယူကြီးပြင်းခဲ့ရတယ်။ ဆီဘက်ရှန်ရဲ့ချစ်သူ အယ်လီကတော့ ပွင့်လင်းတဲ့အမေရိကန်သူဖြစ်ပြီး မျိုးရိုးမြင့်တဲ့ ကြေးရတတ်မိသားစုကနေ ဆင်းသက်လာတဲ့သူပါ။ အယ်လီ့ကို လက်ထပ်ခွင့်တောင်းဖို့ အချိန်ခါကောင်းကိုစောင့်နေတုန်း အယ်လီ့မိသားစုက ဆီဘက်ရှန်ကို ဗာဂျီးနီးယားက သူတို့ရဲ့နွေရာသီစံအိမ်ကို အားလပ်ရက်လာလည်ဖို့ ဖိတ်လိုက်ပါတယ်။ ကံဆိုးတာကတော့ ဆီဘက်ရှန်ရဲ့အဖေပါလိုက်လာတာပါပဲ။ သားအဖနှစ်ယောက်ရဲ့ တကျက်ကျက်ဆက်ဆံရေး၊ ယဥ်ကျေးမှုမတူတဲ့ မိသားစုနှစ်ခုရဲ့ဂယက်တစ်သိန်းနဲ့တွေ့ဆုံမှု၊ ဆီဘက်ရှန်တစ်ယောက် သူ့အဖေလူ့ဂွစာကြီးနဲ့ အယ်လီတို့မိသားစုကြား ဗျာများရပုံတွေကို တစိမ့်စိမ့်တွေးပြီးရယ်ရတဲ့ဟာသတွေနဲ့ တင်ဆက်ထားလို့ ကြည့်ရကျိုးနပ်စေမှာပါ။(ဒီဇာတ်ကားနဲ့အညွှန်းကို Hnin ...
movie
About My Father (2023)
2023
6.3
Swallow (2019)
ဒီရုပ်ရှင်ကတော့ တော်တော် ရင်ဖိုစိတ်လှုပ်ရှားဖို့ကောင်းတဲ့ ရုပ်ရှင်လေးပါ။အစပိုင်းကနေ အဆုံးထိ သင့်ကို တဖြည်းဖြည်းချင်း ဆွဲငင်သွားမှာပါ။ဇာတ်လမ်းကတော့ Hunterဆိုတဲ့ မိန်းကလေးရဲ့ဘဝကိုအခြေတည်ပြီးရိုက်ကူးထားတာ ဖြစ်ပါတယ်။Hunterကတော့ လုံးဝပြီးပြည့်စုံတဲ့ သူချမ်းသာမိသားစုကလူတစ်ယောက်နဲ့ လက်ထပ်ထားတဲ့ သတို့သမီးအသစ်လေးပါ။သူမက လက်ခံမှုရှိပြီး ညင်သာတဲ့ မိန်းကလေးပါ။ဒါပေမယ့် Hunterက သူမရဲ့နေ့ရက်တိုင်းကို ခင်ပွန်းဖြစ်သူရဲ့ခြောက်ကပ်ကပ် ခေတ်မီအိမ်ကြီးထဲမှာအဆုံးမရှိတဲ့သစ်တောကြီးကို ငေးကြည့်ရင်း ကုန်ဆုံးရတယ်။အဲ ပြဿ နာတွေကတော့ Hunter တစ်ယောက် သက်မဲ့ပစ္စည်းတွေကိုစားစရာလိုမြိုချချင်တဲ့ စိတ်ကစဉ့်ကလျားရောဂါ ရှိလာတဲ့အခါမှာ စတော့တာပါပဲ။ရုပ်ရှင်အမျိုးအစားကတော့ Drama/Thriller ပါ။စိတ္တဇသည်းထိတ်ရင်ဖိုဇာတ်လမ်းကို လှလှပပလေးရိုက်ကူးထားမို့thriller ချစ်သူတွေအတွက် ဒီရုပ်ရှင်ကို ကြည့်ရှုဖို့ တိုက်တွန်းလိုက်ပါတယ်။ File Size : ( 893 MB , 245 MB) Quality : WEB-DL ...
movie
Swallow (2019)
6.5
Kill Your Darlings (2013)
၁၉၄ဝပြည့်နှစ်များဆီက ကဗျာဆရာလေးတစ်ဦးရဲ့ဘဝဇာတ်ခုံပေါ်ကတစ်စိတ်တစ်ဒေသကိုရိုက်ကူးထားတဲ့ဇာတ်ကားဖြစ်ပါတယ် ။အယ်လန်ဂင်းစဘတ်လို့ခေါ်တဲ့ကဗျာဆရာလေးတစ်ယောက်ကိုလမ်ဘီယာတက္ကသိုလ်မှာပညာသင်ကြားသင်ကြားခွင့်ရခဲ့ပါတယ် ။ကျောင်းမှာ လူစီယန်ဆိုတဲ့ကောင်လေးတစ်ယောက်နဲ့ပတ်သက်ဆက်နွယ်မိရာကနေ ထူးခြားတဲ့ခံစားချက်များနဲ့အတူပြောင်းလဲမှုများစွာကိုကြုံတွေ့ရင်ဆိုင်ခဲ့ရပါတယ်။လူစီယန်ရဲ့သူမတူတဲ့ပြောဆိုဆက်ဆံမှုတွေကြားမှာအယ်လန်တစ်ယောက် နစ်မြောစီးဝင်ရင်းနဲ့ပဲဘယ်လိုအဆုံးသတ်ကိုရောက်ရှိလာမယ်ဆိုတာကိုကြည့်ရှုရမှာဖြစ်ပါတယ်။ဒီမှာ ကြည့်ရှုသူအားလုံးကိုမေတ္တာရပ်ခံချင်တာကတော့ကဗျာစာသားတွေပါဝင်တဲ့အခါမှာ ပြန်ဆိုထားသူအနေနဲ့အနီးစပ်ဆုံးပြန်ဆိုထားတာဖြစ်တာကြောင့်ကဗျာရဲ့တန်ဖိိုးကိုလျော့ကျမိသွားခဲ့သည်ရှိသော်တောင်းပန်ပါတယ်လို့ကြိုတင်စကားခံထားပါရစေ။ကိုယ်တိုင်ကလဲ ကဗျာများကိုကြိုက်နှစ်သက်သူတစ်ဦးဖြစ်တာကြောင့်ကြည့်ရှုသူများထဲမှာ ပိုမိုကောင်းမွန်တဲ့ပြန်ဆိုမှုများလဲ ရှိနိုင်တာကြောင့်ဒီတစ်ခုတော့ အနူးအညွတ်မေတ္တာရပ်ခံချင်ပါတယ်ဟယ်ရီပေါ်တာမင်းသားလို့လူသိများတဲ့Daniel Radcliffe ကခေါင်းဆောင်မင်းသားအနေနဲ့ ပါဝင်ထားပါတယ်။ဆယ်ကျော်သက်အရွယ်ကတည်းကကြိုက်နှစ်သက်ခဲ့ရတဲ့မင်းသားကိုကဗျာဆရာတစ်ဦးအဖြစ်ဒီဇာတ်ကားမှာမြင်တွေ့ရမှာဖြစ်ပါတယ်။ဇာတ်ကားထွက်ရှိသည့်ခုနှစ် -October 16, 2013ဇာတ်ကားကြာချိန် -104 minsဇာတ်ကားအမျိုးအစား - Biography, Drama, RomanceTranslated by Aye ChansuEncoded by sithu
movie
Kill Your Darlings (2013)
2013