Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
David Lowery
7
An Almost Christmas Story (2024)
An Almost Christmas Story (2024) ======== IMDb rating - 7/10 Rotten Tomatoes - 100%Animated Short Film လေးဖြစ်ပြီး rating ကလည်း ကောင်းတော့ ကြည့်သင့်တဲ့အထဲ ပါပြန်ရော။ဒီကာတွန်းလေးထဲမှာ Russian Doll (2019-2022) စီးရီးမှာပါတဲ့ သရုပ်ဆောင် Natasha Lyonne က voice acting လုပ်ပေးထားတဲ့အပြင် Wreck-It Ralph ကာတွန်း(၂)ကားလုံးမှာ Ralph အဖြစ်ပါဝင်ထားတဲ့ အသံသရုပ်ဆောင် John C. Reilly ကလည်း အခုကာတွန်းလေးထဲ အဓိက နေရာကနေ ပါဝင်ထားတယ်ဆိုတော့ အတော့်ကို မိုက်ပါတယ်။ဒီကာတွန်းတိုလေးရဲ့ ဒါရိုက်တာက David Lowery ဆိုတော့ ရှယ်ဖြစ်ပြန်ရော။ David Lowery ဆိုတာ Pete's Dragon, A Ghost Story နဲ့ The Green Knight စတဲ့ နာမည်ကြီးရုပ်ရှင်တွေကို ...
movie
An Almost Christmas Story (2024)
6.6
Queer (2024)
Queer (2024)IMDb Rating (6.6) / Rotten Tomatoes (78%) ဂျိမ်းစ်ဘွန်းမင်းသား Daniel Craigရဲ့ နောက်ဆုံးထွက်ရှိထားတဲ့ရုပ်ရှင်။ဘဲကြီးက မက္ကဆီကိုစီးတီးမှာနေရင်း ကောလိပ်ကျောင်းသားလေးတွေကို စားဘဲကြီးလုပ်နေတာ။ယူဂျင်းဆိုတဲ့ကောင်လေးနဲ့တွေ့တဲ့အခါမှာတော့ စွဲလန်းသွားပြီး သူနဲ့အတူခရီးထွက်ဖို့ပါ စည်းရုံးပါတော့တယ်။ဘာအတွက်ခရီးလဲဆို သူ့စိတ်ထဲမှာ စွဲလန်းနေတဲ့အရာတစ်ခု။ တယ်လီပသီစိတ်စွမ်းအားမြှင့်တင်ပေးတယ်လို့ သူသိထားတဲ့ ယာဂေးဆိုတဲ့အပင်ကို သုံးစွဲကြည့်ချင်တာ။အဲဒီအပင်ကိုရှာဖို့အတွက် ယူဂျင်းနဲ့အတူ အီကွေဒေါက တောကြီးထဲကိုရောက်သွားချိန်မှာတော့..။(အဖော်အချွတ်နဲ့ လိင်တူအခန်းတွေပါဝင်တာမို့ အသက်ပြည့်ပြီးမှကြည့်ကြပါ) (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyo ဖြစ်ပါတယ်။) File size…(14 GB) / (3.1 GB) / (1.2 GB) Quality….WEB-DL 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre….Drama, History, Romance Duration….02:16:55 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Pyae Phyo
movie
Queer (2024)
2024
4K HEVC
6.9
A Ghost Story (2017)
A Ghost Story (2017) IMDb - 6.9/10_____Rotten - 91% ဇာတ်ကားနာမည်လေးကြည့်လိုက်ရုံနဲ့သရဲကားဆိုပြီးပြေးမြင်မိမှာပါ။ဟုတ်ပါတယ်သရဲကားတော့သရဲကားပါပဲ။ဒါပေမယ့်သရဲဖက်ကနေရိုက်ပြထားတဲ့သရဲကားလေးပါဗျာ။နာမည်လေးအတိုင်းပါပဲသရဲတစ်ကောင်ရဲ့ဇာတ်လမ်းလေးပါ။ကျွန်တော်တို့သေဆုံးသွားရင်ဘာတွေဖြစ်သွားမလဲ။ဘယ်ကိုရောက်သွားမလဲ။ဒီမေးခွန်းတွေဟာတော်တော်များများယခုထိငြင်းခုံနေကြဆဲပါ။ဘာသာအမျိုးအမျိုးမှာပါရှိပြီးဖြစ်ပေမယ့်ဒီမေးခွန်းကိုတစ်ခါလောက်ဖြစ်ဖြစ်တော့လူတိုင်းတွေးဖူးကြမှာပါပဲ။ဒီကားလေးဟာတကယ်ကိုရိုးရိုးရှင်းရှင်းလေးရိုက်ပြထားတဲ့ကားလေးဖြစ်ပါတယ်။ကျွန်တော်တို့နေ့စဉ်ဓူဝလုပ်ရှားနေတဲ့ပုံကိုကင်မရာချထားပြီးရိုက်ထားသလိုပါပဲ။တကယ်ကိုရိုးရိုးရှင်းရှင်းရိုက်ပြထားတာမို့ပရိသတ်အများစုအတွက်ပျင်းစရာဖြစ်နိုင်ပါလိမ့်မယ်။ရိုးရှင်းလွန်းလို့သရဲတောင်ရိုးရိုးလေးပဲပြထားတာပါ။ဒါပေမယ့်သည်းခံပြီးဆက်ကြည့်မယ်ဆိုရင်တော့ဖြင့်ဇာတ်ကားလေးအပြီးမှာတစ်ခုခုတော့စဉ်းစားစရာကျန်မယ်လို့ထင်ပါတယ်။သရဲကားကြောက်တဲ့သူတွေအတွက်Horrorကားထက်Mystryပုံစံဇာတ်ကားမျိုးပါ။ကြောက်ဖို့မကောင်းသလိုတွေးစရာတွေပဲပေးမယ့်ကားလေးပါ။ကျွန်တော်တို့ကြုံတွေ့နေရတဲ့လူနေမှုပုံစံတွေပြီးတော့သေပြီးသွားရင်ဘယ်လိုဖြစ်မလဲဆိုတဲ့အမြင်လေးတွေ။သေဆုံးသွားသူနဲ့ကျန်ရစ်သူကြားသံယောဇဉ်ချည်နှောင်မှုတွေ၊ဒါတွေကိုလက်တွေ့ကျကျကိုယ်ပိုင်အတွေးအခေါ်တရပ်နဲ့ရိုက်ပြထားတဲ့ကားလေးဖြစ်ပါတယ်။ပြောခဲ့တဲ့အတိုင်းလက်တွေ့ကျပြလွန်းလို့ပျင်းကောင်းပျင်းသွားနိုင်စရာတော့ရှိပါတယ်။ ဇာတ်လမ်းအကျဉ်းချုပ်လေးကိုပြောပြပါမယ်။အိမ်တစ်အိမ်ကိုပြောင်းလာတဲ့စုံတွဲတစ်တွဲကနေစတာပါပဲ။သူတို့နှစ်ယောက်ကတကယ်ကိုချစ်ကြတဲ့သူတွေပါ။တနေ့မှာတော့ကောင်လေးဟာကားတိုက်မှုဖြစ်ပြီးကွယ်လွန်သွားပါတယ်။အဲဒီလိုနဲ့အထီးကျန်ရစ်ခဲ့တဲ့ကောင်မလေးတစ်ယောက်တည်းရှိတဲ့အိမ်လေးကို ကောင်လေးရဲ့ဝိညာဉ်ပြန်ရောက်လာပါတော့တယ်။ကောင်လေးအနေနဲ့သူ့အမျိုးသမီးကိုပြန်ဆက်သွယ်ဖို့ကြိုးစားရှာပါတယ်။အမြဲတမ်းသူ့ဘေးမှာရှိနေပေးတယ်။သူလုပ်သမျှကိုကြည့်နေပေးတယ်။အဲဒီအပိုင်းတွေကြည့်ရင်းကိုယ့်ကိုဘယ်သူများကြည့်နေမလဲဆိုပြီးကလိကလိဖြစ်နေပါလိမ့်မယ်။တကယ်လည်းကိုယ့်ဘေးပတ်ဝန်ကျင်မှာသွားလာလှုပ်ရှားနေသူတွေရှိနေနိုင်တာပါပဲ။ဇာတ်လမ်းလေးကရိုးရိုးလေးဆိုပေမယ့်လူတွေတွေးတတ်ပုံစံတွေ၊လူ့သဘာဝတွေ၊အတွေးအခေါ်တချို့ကိုပါထည့်သွင်းပြထားပါတယ်။စဉ်းစားစရာအပြည့်နဲ့ရိုးရိုးရှင်းရှင်းကားလေးတစ်ကားပါပဲ။နိုင်ငံတကာမှာလည်းဝေဖန်မှုအမျိုးမျိုးရရှိထားပြီးRatingအနေနဲ့လည်း7.7ထိရရှိထားတဲ့အပြင်ဆု၂ဆုပါရရှိထားပြီးပါပြီ။တစ်ခုတော့ရှိပါတယ်Horrorကားမဟုတ်တဲ့အတွက်Horrorကြိုက်တဲ့ပရိသတ်တွေအတွက်တော့စိတ်ကျေနပ်စရာဖြစ်မှာမဟုတ်ပါဘူး။ဒါပေမယ့်တစ်ခုခုတွေးစရာတော့ရလိမ့်မယ်လို့ပြောပါရစေ။ (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ သူရဇာနည်အောင်ပါ) File Size : (650 MB) Quality : 720p Bluray Running Time : 1hr 32min Format : Mp4 Genre :Drama, Fantasy, Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Thura Zarni Aung Encode by Thanhtike Zaw
movie
A Ghost Story (2017)
2017