Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
David Lea
5.7
The Prophecy II (1998) The Prophecy 2
The Prophecy II (1998)နတ်တမန်ချင်း စစ်ခင်းကြတဲ့ကြား လူတွေရောက်ခဲ့ရပြီးနောက် ၄ နှစ်အကြာမှာ ငရဲပြည်မှာ ပိတ်လှောင်ခံထားရတဲ့ နတ်မင်းတမန် ဂေဘရီယယ် လူ့ပြည်ကို ပြန်တက်လာခဲ့တယ်။ဒီတစ်ခေါက်မှာ သူ့ရည်ရွယ်ချက်က နတ်တမန်စစ်ပွဲကို အဆုံးသတ်ပေးလိမ့်မယ်လို့ ဗျာဒိတ်ပေးခံထားရတဲ့ကလေး မွေးမလာခင်မှာ လက်ဦးမှုယူပြီး သုတ်သင်ပစ်ဖို့ပဲ။ဒီလိုနဲ့ ဘုရားသစ္စာတော်ခံနတ်တမန် ဒန်နေယယ်နဲ့ ပေါင်းဖက်ရာကနေ ကိုယ်ဝန်ရှိသွားခဲ့တဲ့ ဗယ်လာရီဆိုတဲ့ မိန်းကလေးနောက်ကို ဂေဘရီယယ် တောက်လျှောက်လိုက်ရင်းက ဘာတွေဆက်ဖြစ်မလဲဆိုတာ ကြည့်ရမယ်။ဒီ The Prophecy II ဟာ ၁၉၉၅ က ထွက်ရှိခဲ့တဲ့ The Prophecy ရဲ့ နောက်ဆက်တွဲဖြစ်ပြီး အရင်ကားမှာသရုပ်ဆောင်စွမ်းပြခဲ့တဲ့ Christopher Walken ကပဲ ဂေဘရီယယ်နေရာမှာ ဆက်သရုပ်ဆောင်ထားတဲ့ ဘာသာရေး ဟော်ရာဇာတ်လမ်း ဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Costanza ဖြစ်ပါတယ်။) File size… (1.6 GB) / (770 MB) Quality…. Blu-Ray ...
movie
The Prophecy II (1998) The Prophecy 2
1998
6.4
Tango & Cash (1989)
Tango & Cash (1989)၁၉၈၀ ခုနှစ်တွေတုန်းက လျှမ်းလျှမ်းတောက်အောင်မြင်နေခဲ့တဲ့ Sylvester Stallone နဲ့ Kurt Russell တို့လို အက်ရှင်မင်းသားတွေကို ဇာတ်ဆောင်တင်ရိုက်ထားတဲ့ Action, Comedy ရုပ်ရှင်ကားကောင်းတစ်ခုပါ။ Stallone ကလည်း Rambo ၃ကား နဲ့ Rocky ၄ကားထွက်ပြီးတဲ့အချိန်၊ Kurt ကလည်း Escape from Newyork နဲ့ Big Trouble in Little China တို့လို အက်ရှင်ကားတွေရိုက်ကူးထားပြီးချိန်ပါ။ မင်းသား ၂ယောက်ရဲ့ ဩဇာရှိန်တက်နေဆဲအချိန်ပေါ့။လော့စ်အိန်ဂျလိစ်ရဲတပ်ဖွဲ့မှာ အတော်ဆုံးလို့ သတ်မှတ်ထားရတဲ့ စုံထောက် ၂ ယောက်ရှိပါတယ်။ အနောက်ဘက်က တန်ဂိုနဲ့ အရှေ့ဘက်က ကက်ရှ် တို့ပါ။ နေရာချင်းမတူသလို စရိုက်ချင်းကလည်းမတူပါဘူး။ တန်ဂိုဟာ သပ်သပ်ရပ်ရပ်ဝတ်စားပြီး လူကြီးလူကောင်းဂိုက်နဲ့ အမြဲနေပေမဲ့ ကက်ရှ်ကတော့ ပိုလွတ်လပ်တဲ့ လမ်းသရဲစတိုင်ရှိပါတယ်။ ဒီလိုအတော်ဆုံးရဲ ...
movie
Tango & Cash (1989)
1989
5.6
Double Impact (1991)
Double Impact ( 1991 )ဟောင်ကောင်ဆို ဂျက်လီ ဂျက်ကီချမ်း၊ အနောက်ကဆို ဗန်ဒိန်းတို အာနိုးတိုဟာ ငယ်ငယ်က အက်ရှင်ကားတွေပရိသတ်တွေတိုင်း အသည်းစွဲလူတွေပါပဲ။ ဗန်ဒိန်းဟာလည်း သူ့ခေတ်သူ့အခါကတော့ မသိသူမရှိလောက်အောင် နာမည်ကျော်တဲ့သူပါပဲ။ သူ့ဇာတ်လမ်းတွေဟာ နည်းနည်း ရုပ်ရှင်ကောင်းတွေအများကြီးကြည့်ဖူးပြီးတဲ့သူတွေအတွက် နည်းနည်းအရသာပေါ့ကောင်းပေါ့ ပေါ့နိုင်ပေမဲ့ အက်ရှင်ခန်းတွေကတော့ ကိုယ်ခံပညာတကယ်တတ်တဲ့ ဗန်ဒိန်းကိုယ်တိုင် သရုပ်ဆောင်ထားတာဆိုတော့ ပြောင်မြောက်ပါတယ်။ ဇာတ်လမ်းက နည်းနည်းတော့ တက်သုက်ရိုက်ဆန်ပေမဲ့ ငယ်ဘဝကို အမှတ်ရချင်တဲ့သူတွေအတွက်တော့ အလွမ်းပြေကြည့်လိုကောင်းမယ့် ဇာတ်လမ်းဖြစ်မှာပါ။ဒီဇာတ်လမ်းမှာတော့ ဗန်ဒိန်းက နှစ်ကိုယ်ခွဲသရုပ်ဆောင်ထားပါတယ်။ ဇာတ်ကောင်၂ကောင်ဟာ အပျော့နဲ့အမာ ယင်နဲ့ယန် အပူနဲ့အအေးလိုဖြစ်နေပေမဲ့ ဗန်ဒိန်းဟာ အစွမ်းကုန် ကြိုးစားသရုပ်ဆောင်ပေးခဲ့ပါတယ်။ ဟောင်ကောင်မှာ တူးမြောင်းလုပ်ငန်းတစ်ခုလုပ်နေတဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ပိုင်တဲ့ ပိုင်ဆိုင်မှုတွေကိုလိုချင်တဲ့ သူ့ပါတနာဟာ ဟောင်ကောင်က ဂိုဏ်းတစ်ဂိုဏ်းရဲ့ အကူအညီကိုယူပြီး လုပ်ငန်းရှင်ကိုရော သူ့မိသားစုကိုပါ သတ်ဖိုစီစဉ်ခဲ့တယ်။ ကံကောင်းထောက်မစွာနဲ့ သူ့အမွှာသားလေး၂ယောက်ဟာ မသေဘဲလွတ်သွားခဲ့ပါတယ်။ ၂၅နှစ်ကြာပြီးတဲ့နောက် ညီအစ်ကို နှစ်ယောက်ပြန်ဆုံတွေ့ပြီး ...
movie
Double Impact (1991)