Channel Myanmar

David Duchovny

The X-Files (1998) 7.0
The X-Files (1998)  The X-Files (1998)IMDb Rating (7.0) / Rotten Tomatoes (66%) နာမည်ကျော်သိပ္ပံစိတ်ကူးယဉ်စီးရီး "The X-Files" ကို အခြေခံပြီး ရိုက်ကူးထားတဲ့ ပထမဆုံးရုပ်ရှင်ကားဖြစ်တဲ့ The X-Files: Fight the Future ကိုညွှန်းပေးချင်ပါတယ်။FBI အေးဂျင့်နှစ်ဦးဖြစ်တဲ့ Fox Mulder နဲ့ Dana Scully တို့ဟာ Dallas မြို့မှာဖြစ်ပွားခဲ့တဲ့ ဗုံးပေါက်ကွဲမှုတစ်ခုကို စုံစမ်းစစ်ဆေးရာကနေ အစိုးရရဲ့လျှို့ဝှက်ချက်ကြီးတစ်ခုကို သိခဲ့ရပါတော့တယ်။ ဒီလျှို့ဝှက်ချက်ဟာဆိုရင် ဂြိုဟ်သားတွေနဲ့ပါဆက်စပ်မှုရှိနေပြီး ကမ္ဘာမြေကိုခြိမ်းခြောက်နိုင်မယ့် အန္တရာယ်လည်းရှိနေပါတယ်။သူတို့နှစ်ယောက်အနေနဲ့ ဒါကိုဖော်ထုတ်နိုင်ဖို့ သက်စွန့်ဆံဖျားကြိုးစားကြပုံတွေကို သည်းထိတ်ရင်ဖိုခံစားနိုင်မှာဖြစ်ပါတယ်။ စီးရီးရဲ့ပရိတ်သတ်တွေဆိုရင်လည်း ဇာတ်ကြောင်းကဆက်စပ်နေတာကြောင့် ကြည့်သင့်တဲ့ဇာတ်လမ်းတစ်ပုဒ်ဆိုရင်မမှားပါဘူး။Sci-Fi thriller ရုပ်ရှင်တွေကြိုက်နှစ်သက်သူတွေဆိုရင်လည်း "The X-Files" ကိုကြည့်ဖို့ ညွှန်းပေးချင်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Theint Waddy Lynn ဖြစ်ပါတယ်။)File size…(2.4 GB) / (1.1 GB) Quality….Blu-Ray 1080p ...
movie

The X-Files (1998)

1998
Return to Me (2000) 7.0
Return to Me (2000)  Return to Me (2000)IMDb Rating (7.0) / Rotten Tomatoes (62%) ဒါရိုက်တာ Bonnie Hunt ၏ ပထမဆုံးဇာတ်ကားအဖြစ် ရိုက်ကူးထားပြီး၊ David Duchovny နှင့် Minnie Driver တို့က ပါ၀င်သရုပ်ဆောင်ထားပါတယ်။ဘော့ဘ် (David Duchovny) သည် ဇနီးဖြစ်သူ အဲလိဇဘတ် (Joely Richardson) ကို မတော်တဆမှုတစ်ခုကြောင့် ဆုံးရှုံးရပြီးနောက် စိတ်ဒဏ်ရာရနေချိန်တွင်ဂရေ့စ် (Minnie Driver) နှင့် ချစ်ကျွမ်း၀င်သွားခဲ့ပြီး ဂရေ့စ် က အဲလိဇဘတ်ရဲ့ နှလုံးကို အစားထိုးကုသခံယူထားသူဖြစ်ကြောင်း နောက်ပိုင်းတွင် သိရှိလိုက်ရတဲ့အခါ သူတို့ရဲ့ ဆက်ဆံရေးက တဖြည်းဖြည်း ရှုပ်ထွေးလာပါတယ်။ဒီဇာတ်လမ်းလေးက ဝမ်းနည်းမှုနှင့် ပျော်ရွှင်မှုကို ဟန်ချက်ညီစွာ ပေါင်းစပ်ထားပြီး အစပိုင်းတွင် ကြည်နူးဖွယ်ဇနီးမောင်နှံ၏ ဘဝကို ပြသထားပါတယ်။နောက်ပိုင်းမှာတော့ ဇာတ်လမ်းရဲ့ သိမြင်မှုအသစ်များကို တဖြည်းဖြည်းချင်း ဖော်ပြထားပါတယ်။"Return ...
movie

Return to Me (2000)

2000
Evolution (2001) 6.1
Evolution (2001)   Evolution (2001)IMDb Rating (6.1) / Rotten Tomatoes (44%) ဇာတ်လမ်းအကျဉ်းဟောလီးဝုဒ် ဂြိုလ်သားတို့ ထုံးစံအတိုင်း အမေရိကန်ပြည်ထောင်စုကိုပဲ ဆင်းကြပါတယ်။တစ်ညမှာ ဥက္ကာခဲတစ်ခု အမေရိကန်ပြည်ထောင်စု အရီဇိုးနားပြည်နယ်ပေါ်ကို ကျပြီး မြေအောက်လိုဏ်ဂူထဲ ပြုတ်ကျသွားပါတယ်။ကောလိပ်ကျောင်းဆရာ၂ယောက်ဖြစ်တဲ့ အိုင်ရာကိန်းနဲ့ ဟယ်ရီဘလော့ခ်တို့ သွားရောက်လေ့လာရာမှ အလွန်အပွားမြန်ပြီး ဆင့်ကဲပြောင်းလဲမှုမှာလည်း လျင်မြန်လွန်းတဲ့ ဂြိုလ်သားမျိုးစိတ်တွေကို အဆိုပါဥက္ကာခဲပေါ်မှ လေ့လာတွေ့ရှိခဲ့ပါတယ်။ဒါကို အိုင်ရာနဲ့ ကျောင်းတော်က ရန်စရှိဖူးတဲ့ အစိုးရ လက်အောက်ခံဗိုလ်ချုပ် ရပ်ဆယ်ဝုဒ်မန်းက သိသွားတဲ့အခါမှာတော့ ဂြိုလ်သားအန္တရာယ်ကို ပူးပေါင်းကာကွယ်ကြမလား၊ အချင်းချင်း စားမာန်ခုတ်ကြမလား ဆိုတာကို ရှုစားရမှာပါ။၂၀၀၁ခုနှစ်က ရုပ်ရှင်ဖြစ်ပေမယ့် အတော်လေး ကြည့်ပျော်ပါတယ်။ တိတ်ခွေခေတ်တုန်းက ဝက်ဝက်ကွဲအောင်မြင်ခဲ့သလို trend ဖြစ်စေခဲ့တဲ့ ပြကွက်တွေလဲ ပါပါတယ်။Golden Schmoes Award မှာ Best Sci-Fi Movie of the Year ၂၀၀၁ ...
movie

Evolution (2001)

2001
What Happens Later (2023) 5
What Happens Later (2023) What Happens Later (2023)Meg Ryan ဆိုတဲ့ မင်းသမီးကြီးကို အားလုံးလည်း သိကြမှာပါ။ When Harry Met Sally, Sleepless in Seattle, You've Got Mail နဲ့ City of Angels တို့လို ဂန္ထဝင်ရိုမန့်ကားတွေမှာချည်း သရုပ်ဆောင်ခဲ့တဲ့ ရိုမန့်ကွင်း မင်းသမီးကြီးပါပဲ။ Top Gun မှာလည်း သူ့ရဲ့ထုံးစံ ကပိုကရိုအလှနဲ့ ပုရိသတွေကို ဖမ်းစားခဲ့ဖူးတယ်ပြောရင် မမှားပါဘူး။ သူ့သမိုင်းကို ပြန်လှန်ကြည့်လိုက်ရင် ရိုမန့်ကားတွေမှာချည်း သရုပ်ဆောင်ထားတာကို တွေ့ရပါလိမ့်မယ်။ ဒါ့အပြင် အဲဒီကားတွေအကုန်ကလည်း ဂန္ထဝင်တန်းဝင်ကားတွေဖြစ်ခဲ့ဖူးတယ်။ ဒီတစ်ခေါက်မှာတော့ သူ့ရဲ့ဒါရိုက်တာအနေနဲ့ ပွဲဦးထွက်ရုပ်ရှင် ထွက်ရှိလာပါပြီ။ သူကိုယ်တိုင် ဒါရိုက်တာလုပ် ဇာတ်ညွှန်းကူရေး မင်းသမီးလုပ်ထားတဲ့ ရုပ်ရှင်ကားပေါ့။ သူ့ဝသီအတိုင်း သူပိုင်နိုင်တဲ့ ရိုမန့်ကားပဲဆိုတော့ သူ့ပရိသတ်တွေအတွက်တော့ နောင်တမရစေမယ့်ကားဆိုတာ ဗေဒင်သွားတွက်စရာမလိုပါဘူး။ မင်းသားကတော့ ...
movie

What Happens Later (2023)

2023
You People (2023) 5.5
You People (2023) You People (2023)နှစ်ဦးနှစ်ဖက်စလုံးမှာ ယောက္ခမမရှိကြတာမို့ အာဒမ်နဲ့ ဧဝဟာ ကမ္ဘာမှာအပျော်ဆုံးအတွဲပဲတဲ့။ ရံဖန်ရံခါဆိုသလို အသိုင်းအဝိုင်းဆိုတာ အိမ်ထောင်ရေးရဲ့ ပြဿနာတစ်ခု ဖြစ်လာတတ်တာပဲ။ ဒီလိုနဲ့ ယောက္ခမနဲ့ တစ်ထောင့်တစ်ညဖြစ်ကြတဲ့ ဇာတ်တွေလည်း မနည်းဘူး။အခုဇာတ်ကတော့ ယောက္ခမနှစ်ဖက်စလုံးရဲ့ ဒဏ်တွေကို ခံကြရတဲ့ အတွဲတစ်တွဲရဲ့အကြောင်းပါပဲ။ ပုံမှန်အတွဲတွေမှာတောင် ယောက္ခမပြဿနာက ရှိတတ်တာဆိုတော့ ဒီအတွဲကတော့ လူဖြူလူမဲ အတွဲဆိုတော့ ပိုဆိုးပါတယ်။ သို့ပေမဲ့ ဒီ၂ဘက်ကို မတူညီတဲ့ ဒုက္ခပေးခြင်း ၂မျိုးနဲ့ပြသွားတာတော့ တော်တော်လေး လှပါတယ်။ တစ်ဘက်ကတော့ လူမဲအဖေက သူ့သမီးအတွက် စိတ်ပူလို့ လူဖြူကောင်လေးကို ညစ်ပြီး တစ်ဘက်ကကျ လူဖြူအမေက သူ့သားကောင်မလေးကို လက်ခံကြောင်းအပြချင်လွန်ပြီး လူမဲဖြစ်နေတာ မဆန်းကြောင်း ခဏခဏထုတ်အပြလွန်ပြီး ဆန်းအောင်လုပ်မိသွားတယ်။ ဒီလိုအသိုင်းအဝိုင်း၂ခုရဲ့ကြား ဒီအတွဲရဲ့ မင်္ဂလာပွဲ ဖြစ်မှဖြစ်လာပါ့မလား ရင်တထိတ်ထိတ်နဲ့ ကြည့်ရမယ့် ဟာသ ရိုမန့်ကားလေးပါပဲ။Jonah Hill နဲ့ Eddie ...
movie

You People (2023)

2023
The Bubble (2022)
The Bubble (2022) The Bubble (2022) စိတ်အပန်းပြေ ရယ်နေရတဲ့ ဟာသကားလည်းကြည့်ချင် ရုပ်ရှင်ထုတ်လုပ်ရေးလောကရဲ့ အခြေအနေကို ရှယ်သရော်ထားတဲ့ ကားတစ်ကားကြည့်ချင်တယ်ဆိုရင်တော့ ဒီရုပ်ရှင်က သင့်အတွက်ပါပဲ။ ရယ်ရတယ်ဆိုရာမှာ တစ်ချို့အခန်းတွေက ရုပ်ရှင်နဲ့ပတ်သက်တဲ့ ဗဟုသတနည်းနည်းရှိမှ ရယ်ရမှာဖြစ်ပြီး တစ်ချို့အခန်းတွေကတော့ တမင်ကလိထိုင်ထိုးနေတဲ့ ဟာသကားတွေလို ရယ်ရပါတယ်။ အကုန်နားလည်ရင်တော့ ခွက်ထိုးခွက်လန် ရယ်နေရမယ့်ကားပါပဲ။ Rating တော့ နည်းပါတယ်။ ဒါပေမဲ့ ခင်ဗျားကို တော်တော်အူမြူးစေမှာကတော့ အမှန်ပါပဲ။ မယုံရင် ဂူးဂဲမှာ ဝေဖန်ရေးသမားပေးတာမဟုတ်တဲ့ User Reviewတွ ဖတ်ကြည့်လို့ရပါတယ်။ရုပ်ရှင်ထဲပါ၀င်သူတွေကတော့ Professor X ခေါ် James McAvoy, Mandalorian တစ်ဖြစ်လဲ Pedro Pascal, Nebula တစ်ဖြစ်လဲ Karen Gillan, Dr. Strange ခေါ် သခွားသီး၊ X-Files စီးရီးတွေထဲက အေးဂျင့် Muldor တစ်ဖြစ်လဲ David Duchovny ...
movie

The Bubble (2022)

2022