Channel Myanmar

David Andrews

Jessabelle (2014) 5.4
Jessabelle (2014) Jessabelle (2014)IMDb Rating (5.4) / Rotten Tomatoes (29%) ကားမတော်တဆမှုဖြစ်ပြီးတော့ ဗိုက်ထဲက ကလေးရော ရည်းစားရောဆုံးရှုံးလိုက်ရတဲ့ဂျစ်စဘယ်ဟာ မတော်မဆမှုကြောင့် လမ်းမလျှောက်နိုင်ပဲ ကုသမှုခံယူနေရသူဖြစ်ပါတယ်။ဒီလိုနဲ့ အမေလည်းမရှိတော့တာကြောင့် ဆေးရုံကဆင်းပြီး အဖေ့အိမ်မှာပဲ ပြန်လာနေဖြစ်ခဲ့ပါတယ်။ဂျစ်စဘယ်တစ်ယောက် အဖေ့အိမ်မှာပြန်လာနေပြီးနောက်ပိုင်း သူ့အမေချန်ခဲ့တဲ့ တိတ်ခွေတွေကို ကြည့်မိသွားရာကနေ ခြောက်ခြားစရာကောင်းတဲ့အရာကိုရှာဖွေတွေ့ရှိခဲ့ပါတော့တယ်။အသက်အန္တရာယ်ထိခြိမ်းခြောက်ခံရမှုတွေထိပါ ခြောက်ခြားစရာတွေကြုံလာရတဲ့အခါမှာ ဂျစ်စဘယ်တစ်ယောက်ဘာဆက်လုပ်မလဲ။သူ့အမေချန်ခဲ့တဲ့ တိတ်ခွေတွေထဲမှာရှိနေတဲ့ လျှို့ဝှက်ချက်ကဘာဖြစ်မလဲဆိုတာကို စိတ်ဝင်စားစရာ ဇာတ်လမ်းလှည့်ကွက်တွေနဲ့ သည်းထိတ်ရင်ဖိုကြည့်ရှုခံစားရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Jia ဖြစ်ပါတယ်။)File size…(1.9 GB) / (990 MB) Quality….Blu-Ray 1080p / 720p Format….mp4 Genre….Horror,Thriller Duration….01:30:50 Subtitle….Myanmar Subtitle (Hardsub) Encoder….Thit San Khant Translated by Jia
movie

Jessabelle (2014)

2014
Fight Club (1999) 8.8
Fight Club (1999) ဒီကားက တော်တော်များများ ညွှန်းဆိုကြတယ် ကြည့်သင့်တဲ့ကားဘာညာပေါ့လေ IMDb...ကလည်း..8.8 ရထားတယ်...RT မှာ 79% ရထားတယ်။ဒီကားရဲ့အဓိကဇာတ်ဆောင်မင်းသား ၂ ဦးဖြစ်တဲ့ Brad Pitt, Edward Norton ကိုတော့ အတော်များများရင်းနှီးကြပါတယ်.....သူတို့ ၂ယောက်ပဲ ဒီဇာတ်ကားတစ်ကားလုံးဆွဲခေါ်သွားတာ....ကျွန်တော့်မိတ်ဆွေကိုမေးမိတယ် ဒီကားမကြည့်ခင်နည်းနည်းတော့ဇာတ်ကြောင်းလေးပြောပြပါ့လား ဆိုတော့ သူက ရယ်မောရင်းနဲ့ပြန်ပြောတယ်"ဒီကားက လေးနက်တဲ့ပုစ္ဆာတစ်ပုဒ်နဲ့တူတယ် ကိုယ်တိုင်စီးမျောရင်းအဖြေရှာနေရတာ ဇာတ်ကြောင်းပြောတယ်ဆိုတာက ငါအပြောမတတ်ရင် ဒီကားရဲ့ပေးချင်တဲ့ရသက လုံးဝပျောက်သွားလိမ့်မယ်  တစ်ခုတော့ရှိတယ် ဒီကားကြည့်ပြီးတော့ မင်းနဲ့ငါဆွေးနွေးလို့ရတယ်"တဲ့ကျွန်တော်လည်း ဒီကားကိုမညွှန်းရဲဘူး ပြောပြလို့ရတာတွေတော့ရှိတယ် ဇာတ်လမ်းတင်မဟုတ်ဘူး ဒိုင်ယာလော့တွေကပါ လက်ဖျားခါလောက်တယ် ပြီးတော့ လူကြိုက်နည်းလိမ့်မယ်ထင်တယ် မိန်းကလေးလှလှတွေ၊ရှုခင်းလှလှတွေ အချစ်အကြောင်းညွှန်းဆိုဖွဲ့စကားတွေ မပါဘူးဗျ။ ဒါက Fight Club ပါပဲ။(ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကို Sherlock မှတင်ဆက်ထားပါတယ်။) File size…(8.3 GB)/(2.1 GB)/(1.1 GB) Quality….BluRay 4K HEVC/1080p/720p Format…mkv/mp4 Duration….02:19:08 Subtitle….Myanmar Subtitle(Hardsub) Encoder….Ka Naung Translated ...
movie

Fight Club (1999)

1999
4K HEVC
World War Z (2013) 7.0
World War Z (2013) World War Z  ဟာ 2013 June လ မှာ ရုံ တင်ခဲ့တဲ့ Horror ရုပ်ရှင်ကားတစ်ကား ဖြစ်ပြီးတော့ Resident Evil တို့လို ကူးစက်တတ်တဲ့ရောဂါပိုးမွှားတွေကြောင့် ဖုတ်ကောင်တွေဖြစ်ပြီး ကမ္ဘာကြီးပျက်မယ့်အရေးကို ရိုက်ကူးထားတာဖြစ်ပါတယ်...၂၀၁၉ မှာတော့ ကမ္ဘာပေါ်မှာ ကူးစက်မြန်တဲ့ COVID-19 ရောဂါ တကယ်ပဲ ဖြစ်ပွားခဲ့ပြီး ကံကောင်းလို့ တစ်ကမ္ဘာလုံး ဖုတ်ကောင်မဖြစ်သွားတာပါ။ ဒါတောင် သေတဲ့နှုန်းတော်တော်မြင့်တက်ခဲ့ပြီး ကူးစက်မြန်ရောဂါပိုးတွေရဲ့ ကမ္ဘာဖျက်စီးနိုင်စွမ်းကို မျက်ဝါးထင်ထင်မြင်ခဲ့ကြရပါတယ်။မင်းသားကြီး ဘရတ်ပစ် Brad Pitt အဓိကသရုပ်ဆောင်ထားပြီး ဒီရုပ်ရှင်က စာရေးဆရာ Max Brooks ရဲ့ World War Z ဝတ္ထုကိုပုံဖော်ထားတာဖြစ်ပါတယ်။ဇာတ်လမ်းကတော့....မြောက်ကိုရီးယားကနေ ပိုးတစ်မျိုး ပြန့်ပွားလာတာ ဖြစ်ပြီး စက္ကန့်ပိုင်း မိနစ်ပိုင်း အတွင်းမှာ အယောက်ပေါင်း ထောင်ချီ သိန်းချီ ကူးစက်နိုင်တဲ့ ရောဂါဖြစ်ပွား လာပါတယ်..ရောဂါဟာ စက္ကန့်ပိုင်း ...
movie

World War Z (2013)

2013
4K HEVC
Dear John (2010) 6.3
Dear John (2010) ဒီဇာတ်ကားလေးက အရမ်းနာမည်ကြီးတဲ့The Notebook ကိုရေးတဲ့ စာရေးဆရာ Nicolas Sparks ရဲ့ Dear John ၀တ္တုကို ရိုက်ကူးထားတာဖြစ်ပါတယ်။ အမေရိကန် အထူးတပ်ဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ စစ်သားလေး “ဂျွန်” ဟာ ခွင့်ရစဉ်ဇာတိမြို့လေးကိုခဏပြန်လာတဲ့အချိန်မှာ ကောလိပ်ကျောင်းသူလေး “ဆာဗားနား” နဲ့ချစ်ကြိုးသွယ်ခဲ့မိပါတယ်။ ဒီနောက်မှာတော့ တစ်ယောက်နဲ့ တစ်ယောက်စာလေးတွေမှန်မှန်ရေးကြရင်း ဒီဇာတ်လမ်းလေးကို အရှိန်မြင့်စေပါတယ်။ ဘယ်လောက်စစ်မှန်တဲ့a ချစ်ခြင်းမေတ္တာဖြစ်ဖြစ် ကံကြမ္မာရဲ့ အလှည့်အပြောင်း ဇာတ်ဆရာအလိုကျ ချစ်ရတဲ့ချစ်သူနှစ်ယောက် ဘယ်လိုအဆက်ပြတ်သွားကြမလဲ ဘယ်လောက်ကြိတ်မှိတ်ခံစားရတယ်ဆိုတာကို ထိထိမိမိရိုက်ပြသွားပါတယ်…. ဒါ့အပြင် ဖခင်တစ်ယောက်နဲ့သားတစ်ယောက်ရဲ့ ဆက်ဆံရေး၊ နှုတ်ကဖွင့်မပြောတတ်တဲ့ ယောင်္ကျားသား (၂) ယောက်ရဲ့ ချစ်ခြင်းမေတ္တာကိုလည်း သဘောပေါက်နိုင်ပါတယ်။ နောက်ထပ်လည်း ဒင်္ဂါးလေးတွေ အကြောင်းလည်း ဗဟုသုတရဖွယ်ဖော်ပြသွားလို့ တော်တော်ကြည့်ပျော်တဲ့ကားလေးလို့ပဲ ညွန်းဆိုပါရစေ မိသားစုနဲ့ ကြည့်ဖို့သင့်တော်တဲ့ အမေရိကန် Romance ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်ခင်ဗျာ။ IMDB Rating 6.3 ရရှိထားတဲ့ ကားတစ်ကားပါ။ (ဇာတ်လမ်းအညွှန်းရေးသားသူ နဲ့ ဘာသာပြန်သူကတော့ ကိုသက်ဖြိုးဦး ပဲ ဖြစ်ပါတယ်။)
movie

Dear John (2010)

2010