Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Daniel Sauli
6.2
Deliver Us from Evil (2014)
Deliver Us from Evil (2014)IMDb Rating (6.2) / Rotten Tomatoes (30%) ဒီဇာတ်ကားက ဖြစ်ရပ်မှန်ကို အခြေခံထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပြီး အဓိကဇာတ်ဆောင် ရာ့ဖ်ဆာချီကိုယ်တိုင်ရေးသားခဲ့တဲ့ မှတ်တမ်းဝတ္ထုတစ်ပုဒ်ကိုပြန်လည်ရိုက်ကူးထားတဲ့ Horrorဇာတ်ကားကောင်းတစ်ခုပဲ ဖြစ်ပါတယ်။ရာ့ဖ်ဆာချီဆိုတာလည်း နှယ်နှယ်ရရမဟုတ်ဘဲ NYPDရဲ့စုံထောက်တစ်ယောက်ဖြစ်ကာ ရဲဘဝမှ အနားယူလိုက်ပြီးပရလောကအကြောင်း စူးစမ်းလေ့လာရင်း အမှုတွေကိုလိုက်လံဖြေရှင်းနေသူတစ်ဦးဖြစ်ပြီး အက်ဒ်နဲ့ လောရိန်းလင်မယားနဲ့ပါ သဘာဝလွန်ဖြစ်ရပ်တွေကို ပူးပေါင်းပြီးကူညီဖော်ထုတ်ပေးခဲ့ဖူးသူတစ်ဦးလည်း ဖြစ်ပါတယ်။ဇာတ်လမ်းကတော့ အမှုလိုက်တစ်ယောက်အနေနဲ့ ပုံမှန်ထက်ပိုပြီး ထူးခြားတဲ့ အာရုံတစ်ခုရှိနေတဲ့ ရာ့ဖ်ဆာချီကအမှုပေါင်းစုံကို ဖြေရှင်းနေရင်း သူကိုင်တွယ်ရတဲ့ အမှု တွေက သာမန်ထက်ပိုထူးခြားနေသလို တစ်ခုနဲ့တစ်ခုကဆက်စပ်မှုတွေ ရှိနေတာကို ရိပ်စားမိလာတဲ့နောက် အဲဒီနောက်ကွယ်က အကြောင်းရင်းကို ရအောင်အဖြေရှာရင်းသူနဲ့သူ့မိသားစုဘဝကိုပါ ရိုက်ခတ်လာတဲ့အထိ ဆိုးဝါးတဲ့နတ်ဆိုးတစ်ကောင်နဲ့ ရင်ဆိုင်ရဖို့ ဖြစ်လာတဲ့အကြောင်းစိတ်ဝင်စားဖို့ကောင်းအောင် ရိုက်ကူးထားတာဖြစ်သလို BGM နဲ့ jumpscare တွေကလည်း မထင်ထားတဲ့အချိန်မှာအတော်လေးခြောက်ခြားအောင် လုပ်နိုင်တဲ့အထိ အစွမ်းပြထားတာကို တွေ့ရမှာဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ JimX ဖြစ်ပါတယ်။)File ...
movie
Deliver Us from Evil (2014)
2014
5.0
First Shift (2024)
ရဲမေအသစ်လေးတစ်ယောက် အတ္တလန်တာကနေ နယူးယောက်စီးတီးကို တာဝန်ပြောင်းရွှေ့ချထားခံရတာကနေ စတဲ့ဇာတ်လမ်းပါ။ နယူးယောက်စီးတီးက ရဲဌာနမှာတော့ ဘယ်သူနဲ့မှ မတည့်တဲ့ဂွစာတစ်ယောက်နဲ့ ပါတနာအဖြစ် တာဝန်ချခံထားခဲ့ရတယ်။ သူ့ပထမဆုံးကင်းလှည့်တဲ့အဆိုင်းမှာ introvertဖြစ်နေတဲ့ သူ့ပါတနာနဲ့ extrovertဆန်တဲ့ သူနဲ့ကို အထက်လူကြီးက တွဲဖက်တာဝန်ချပေးလိုက်တဲ့အခါ သူတို့နှစ်ယောက်ကြား အဆင်ပဲပြေလာမလား ပြဿနာတွေပဲ ဆက်တက်မလား ကြည့်ရမှာပါ။တိုက်တိုက်ဆိုင်ဆိုင် သူတို့အဆိုင်းမှာမှ ပြဿနာပေါင်းစုံတက်လာတဲ့အခါ သူတို့အတူ ဘယ်လိုဖြေရှင်းကြမလဲ ကြည့်ရမှာပါ။ တစ်ခုရှိတာက ဒီကားမှာ အမှုကြီးကြီးမားမားတွေကို ပြထားတာမျိုးမရှိဘဲ တကယ်ကြုံနေရသလိုမျိုး ရိုးရှိုးရှင်းရှင်းနဲ့ပဲပြထားတာမို့ လက်တွေ့ကျကျ ကြည့်ချင်ရင်တော့ ကြည့်သင့်တဲ့ရုပ်ရှင်ပါပဲ။( ဘာသာပြန်ပြီး အညွှန်ရေးသားထားသူတော့ W ပါ )File size_(1.6GB)/(900MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_0::00 Genre_Action Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by W
movie
First Shift (2024)
6.8
Bleed for This (2016)
ကျွန်တော်တို့ဘဝမှာ ကျွန်တော်တို့လုပ်နိုင်မယ်လို့မထင်တဲ့အရာတွေကို လုပ်ဖို့အတွက် ယုံကြည်မှုဟာ ပဓာနကျပါတယ် ဘယ်လောက် အထောက်အပံကောင်းတွေရှိရှိ ယုံကြည်မှုမရှိရင် ကျွန်တော်တို့ရဲ့ရည်မှန်းချက်တွေဟာ အကောင်အထည်ပေါ်လာနိုင်မှာ မဟုတ်ပါဘူး အဲ့ဒီအချက်ကို ဖြစ်ရပ်မှန်အဖြစ်အပျက်တစ်ခုကို မှတ်တမ်းတင်ထားတဲ့ ဒီရုပ်ရှင်လေးက သက်သေပြထားပါတယ် ၁၉၉၀ခုနှစ်ဝန်းကျင်က ဗန်နီပါဇီယန်ဇာလို့အမည်ရတဲ့ အမေရိကန်လက်ဝှေ့သမားတစ်ယောက်ဟာ နာမည်ကြီးကာစမှာ ကားအက်ဆီးဒန့်တစ်ခုကြောင့် လက်ဝှေ့လိုအားကစားမျိုးကိုပြန်ကစားဖို့ မဖြစ်နိုင်တဲ့ လည်ပင်းရိုးကျိုးသွားတဲ့ဒဏ်ရာကို ရရှိခဲ့ပြီး ကံကောင်းစွာနဲ့အသက်ဘေးက လွတ်မြောက်ခဲ့ပါတယ် သူ့ရဲ့ဘဝလိုဖြစ်နေတဲ့လက်ဝှေ့ကို မဖြစ်နိုင်တဲ့အခြေအနေကနေ ပြန်ကစားဖို့အတွက် လူတိုင်းကဝိုင်းဝန်းတားဆီးနေသည့်ကြားကပင် ယုံကြည်မှုပြင်းထန်စွာ ကြိုးစားခဲ့ပြီး ကမ္ဘာ့လက်ဝှေ့ချန်ပီယံအဖြစ် ပြန်လာနိုင်ခဲ့ကာ အားကစားလောကရဲ့အစဉ်အလာမရှိဆုံး ပြန်လာနိုင်မှုအဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ် ဒီဖြစ်ရပ်မှာကာယကံရှင်နေရာကသရုပ်ဆောင်ထားတဲ့မင်းသား Miles Tellerဟာ ကျွန်တော်တို့ပရိတ်သတ်တွေနဲ့သိပ်မစိမ်းတဲ့ မင်းသားတစ်လက်ဖြစ်ပြီး ဒီရုပ်ရှင်မှာလည်းပီပီပြင်ပြင် သရုပ်ဆောင်သွားနိုင်ခဲ့ပါတယ် Imdb 6.8နဲ့ Rotten Tomatoes 70%ထိရရှိထားပါတယ် Flim of the yearဆုကိုလည်းရရှိခဲ့တဲ့ရုပ်ရှင်ဖြစ်ပြီး ကျွန်တော်တို့စိတ်ခွန်အားတွေကို တစ်စိတ်တစ်ပိုင်း အားဖြည့်ပေးနိုင်မယ့် ရုပ်ရှင်ချစ်သူတွေလက်မလွတ်သင့်တဲ့ ဇာတ်ကားတစ်ကားလည်းဖြစ်ပါတယ် ဒီဖြစ်ရပ်က ကာယကံရှင်တွေရဲ့ပုံရိပ်တွေ ...
movie
Bleed for This (2016)
2016