Channel Myanmar

Daniel Kash

Believer (2024) 4.5
Believer (2024) "Believer" (2024) IMDb (4.5/10) ================================= Sheldon Wilson ရဲ့ "Believer" (2024)ကားလေးက ထိတ်လန့်စရာတွေ၊ လျှို့ဝှက်ဆန်းကြယ်မှုတွေနဲ့ ပြည့်နှက်နေတဲ့ horror ၊ mystery၊ thriller ဇာတ်လမ်းအမျိုးအစားလေးဖြစ်ပါတယ်။ဇာတ်ကားရဲ့ အဓိက ဇာတ်‌ဆောင်တစ်ဦးဖြစ်တဲ့ Jena Malone ရဲ့ သရုပ်ဆောင် စွမ်းဆောင်ရည်ပိုင်နိုင်မှုကြောင့်လည်း ဇာတ်လမ်းထဲကို ပိုမိုနစ်မြောစေမှာပဲ ဖြစ်ပါတယ်။Kate အဖြစ်သရုပ်ဆောင်ထားတဲ့ Jena Malone က စာရေးဆရာမတစ်ဦးဖြစ်ပြီး လူသတ်မှု ၅၃ ခုကို ကျူးလွန်ထားတဲ့ Marshall Grayson (Stephen Dorff) ရဲ့ လျှို့ဝှက်ချက်‌တွေကို ဖော်ထုတ်ပြီး သူ့စာအုပ်မှာထည့်ရေးဖို့ကြိုးစားနေပါတယ်။တစ်ဖက်မှာလည်း စိတ်ပညာဆရာတစ်ဦးဖြစ်တဲ့ Grayson ရဲ့ အကြောင်းမဲ့ မဟုတ်တဲ့ လူသတ်မှု‌တွေ၊ ပဟေဌိဆန်တဲ့ အပြုအမူ‌တွေနှင့် နှစ်ပေါင်း ၂၀ ကြာ သတ်ဖြတ်မှု‌တွေ ပြုလုပ်ပြီးမှ ရုတ်တရက် အဖမ်းခံခဲ့တာတွေကလည်း Kate အတွက် စာအုပ်ပေါက်ဖို့ ထည့်ရေးရမယ့်အကြောင်းအရာကောင်းတွေဖြစ်တာကြောင့်ဖြစ်လာမယ့်အကျိုးဆက်တွေကို မတွေးမိဘဲ Kate အတွက် လျို့ဝှက်ဆန်းကျယ်လွန်းတဲ့ လူသတ်ကောင်ကို ပိုပြီးအနီးကပ်လေ့လာဖို့ ...
movie

Believer (2024)

The Tuxedo (2002) 5.4
The Tuxedo (2002)  ဒီတစ်ခါတော့ CM ပရိတ်သတ် ကြီးကို အားလုံးကြည့်ရှု့သဘောကျ နှစ်သက်ခဲ့တဲ့ မင်းသားကြီး ဂျက်ကီချန်းရဲ့ The Tuxedo ဆိုတဲ့ကားကောင်းလေး ပြန်တင်ဆက် ပေးလိုက်ရပါတယ်ခင်ဗျာ။ တော်တော် များများ ကြည့်ဖူးကြမှာဖြစ်ပါတယ်။အထူး ညွန်းဆိုနေစရာ မလိုလောက်ပါဘူး။အနည်းငယ် ပြန်မိတ်ဆက်ပေးရရင်တော့ ဂျက်ကီချန်းက ဂျင်မီတွန်ဆိုတဲ့ တက္ကစီသမားတစ်ယောက်ပါ။ သူကကားကို မြန်နှုန်းပိုမောင်းတာတွေကြောင့် မကြာခဏ လိုင်စင်အသိမ်းခံရသူပါ။ တစ်ရက်မှာတော့ အမျိုးသမီးတစ်ယောက် သူ့ကားကို ငှားစီးရာကနေ သူ့ဘဝတစ်ဆစ်ချိုးသွားခဲ့ပါတယ်။ သူ ဖရန့် ဒဗ္ဗလင်ဆိုတဲ့ သူဋ္ဌေးတစ်ယောက်ဆီမှာ ယာဉ်မောင်း အလုပ်ကို ရခဲ့ပါတယ်။ ဒါပေမဲ့ သူမသိတာက မစ္စတာ ဒဗ္ဗလင်က လျှို့ဝှက် စပိုင် တစ်ယောက်ပါ။ တရက်တော့ ဒဗ္ဗလင်လုပ်ကြံခံရပြီး ကိုမာ ဝင်သွားပါတယ်။အဲ့အချိန်မှာပဲ ဂျင်မီ တစ်ယောက် သူ့ဆရာရဲ့ ထူးဆန်းတဲ့ အင်္ကျီကို ယူဝတ်မိသွားပါတော့တယ်။ ဒီဝတ်စုံက လူ့ ဒီအန်အေတွေနဲ့ ချိတ်ဆက်ထားပြီး နာရီမှ တစ်ဆင့်လိုသလို ပြောင်းလဲတဲ့အခါ သာမန်လူတစ်ယောက်က သိုင်းမတက်ပေမဲ့ ဝတ်စုံကြောင့် သိုင်းတက်လာတယ် ကိုယ်ပျောက်နိုင်တယ် နံရံတွယ်တက်နိုင်တယ် အစရှိသဖြင့်ပေါ့။ ...
movie

The Tuxedo (2002)

Mama (2013) 6.2
Mama (2013) Director: Andres Muschiettiရိုက်ကူးတင်ဆက်ထားပြီးJanuary 18, 2013 (USA) တွင်ရုံတင်ပြသခဲ့သော ထိတ်လန့်ချောက်ခြားဖွယ်ရာရုပ်ရှင်ဇတ်ကား တစ်ခုဖြစ်ပါတယ်...ဇတ်လမ်း ပုံစံကတော့...စိတ်ကျရောဂါ စွဲကပ်နေတဲ့ ရုံးဝန်ထမ်း အမျိုးသားဟာ သူ့ရုံးက ဝန်ထမ်း အားလုံး ကိုသတ်ဖြတ်ပစ်ခဲ့ပြီး အိမ်သို့ပြန်လာက ကလေးတွေကို တံခါးပိတ်ထားပြီး မိန်းမကိုထပ်ပြီး သတ်ပစ်လိုက်ပါတယ်...ထို့နောက်တွင်သော ငယ်ရွယ်သေးသော သမီးငယ် နှစ်ဦးကို ကားပေါ်တင်ပြီးထွက်ပြေးရာတွင် ချောက်ကမ်းပါး တစ်ခုအရောက်ကားဘရိတ်ချော်ပြီး ချောက်တွင်းသို့ပြုတ်ကျသွားပါတော့တယ် သူကိုယ်တိုင် ဒဏ်ရာအနည်းငယ်သာ ရပြီးသမီး နှစ်ဦးကို လက်ဆွဲခေါ်ကာ တောတွင်းသို့ ဝင်ရောက်လာရင်းထူးဆန်းသော အိမ်တစ်အိမ်ကို တွေ့ရှိရာ ဝင်ရောက်နားခိုခဲ့ပါတယ်..ထို့နောက် ကလေးငယ် နှစ်ဦးကို သတ်ဖြတ်ပြီး မိမိကိုယ်ကို အဆုံးစီရင်ရန်ပြုလုပ်တဲ့ အချိန်မှာပဲ မမြင်နိုင်သော အရာတစ်ခုက ကလေးငယ် နှစ်ဦးရဲ့ဖခင်ကို သတ်ဖြတ်ပြီးနောက် ထိုကလေးငယ် နှစ်ဦးကို စောင့်ရှောက်ကျွေးမွေးနေပါတော့တယ်...နှစ် အနည်းငယ် ကြာပြီးနောက် ဖခင် ဖြစ်သူ ရဲ့ ညီ ကလေးတွေ ...
movie

Mama (2013)

2013