Channel Myanmar

Daisy Fong

Love Fool ( 2023 ) 5.9
Love Fool ( 2023 ) ဘဝပေးအခြေအနေအရ ငယ်ငယ်ကတည်းက လူမိုက်တစ်ယောက်ဖြစ်လာပေမယ့် သမာရိုးကျဘဝကိုပဲ တပ်မက်တဲ့ထိုင်ဝမ်လူငယ်တစ်ယောက်ရဲ့ ဘဝဇာတ်လမ်းတစ်ပုဒ်ပဲဖြစ်ပါတယ်။အားချွမ်ဟာ ဆုန်းရန်ဆိုတဲ့လူမိုက်ခေါင်းဆောင်ဆီမှာ ငယ်ငယ်ကတည်းကခိုလှုံခဲ့ပြီးတော့ သူ့ရဲ့ညီအစ်ကိုရင်းလို့ချစ်ရတဲ့ သူငယ်ချင်းနှစ်ယောက်နဲ့အတူ ပျော်ပျော်ရွှင်ရွှင်နေခဲ့တယ်။ သူကလူမိုက်တစ်ယောက်ဖြစ်ပေမယ့် သာမန်လူတွေလိုပဲ အလုပ်လုပ်ပိုက်ဆံရှာပြီး အိမ်ထောင်ပြုကလေးမွေးပြီး သမာရိုးကျနေနိုင်ဖို့ အိပ်မက်ရှိခဲ့တယ်။တစ်ရက်မှာတော့ သူတို့အားကိုးရတဲ့အစ်ကိုကြီးဆုန်းရန်ဟာ တခြားလူမိုက်အဖွဲ့ကသတ်တာကိုခံလိုက်ရပြီးတော့ ညီအစ်ကိုတွေက သာမန်ဘဝနဲ့ပဲဇာတ်မြှုပ်နေခဲ့ကြတယ်။ သူတို့ဘဝကိုဒီလိုပဲ သမာရိုးကျနိုင်သွားပြီလို့ထင်ပေမယ့် သူတို့အစ်ကိုကြီးထားခဲ့တဲ့မြေကို ပြန်လည်တည်ဆောက်ရေးအတွက် အင်အားစုတစ်ခုက မျ က်စိကျနေတော့ အားလုံးဟာ မထင်မှတ်ထားတာတွေဖြစ်လာခဲ့တယ်။ကိုယ့်ရဲ့အရင်းနီးဆုံးသူက ရန်သူဖြစ်လာပြီး သစ္စာဖောက်လာတဲ့အခါ ကိုယ်ချစ်ရတဲ့သူတွေအတွက်အန္တရာယ်ဖြစ်လာတဲ့အခါ အားချွမ်တို့ညီအစ်ကိုတွေဟာ အရင်လမ်းကိုပြန်လျှောက်ဖို့ဖြစ်လာခဲ့ပါတယ်။ အစ်ကိုကြီးထားခဲ့တဲ့မြေကို ကာကွယ်ဖို့အတွက် သူတို့ရဲ့နောက်ဆုံးတိုက်ပွဲဟာ ဘယ်လိုဖြစ်လာမလဲ ...... ဂိုဏ်းစတားဇာတ်လမ်းမျိုးတွေကိုကြိုက်တတ်တဲ့ပရိသတ်အတွက် အကြိုက်တွေ့စေမယ့် ထိုင်ဝမ်ကားကောင်းပဲဖြစ်ပါတယ်။ Filesize : 1.53 GB / 759 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Action , Romance Runtime : 1h 43 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM ...
movie

Love Fool ( 2023 )