Channel Myanmar

Claire Forlani

Boys and Girls (2000) 5.4
Boys and Girls (2000)  Boys and Girls (2000)IMDb Rating (5.4) / Rotten Tomatoes (11%) ဒီတစ်ခါမှာတော့ 2000ခုနှစ်ကထွက်ရှိထားတဲ့ Boys and Girls ဆိုတဲ့ Romance Comedy ဇာတ်ကားလေးတစ်ခုကိုတင်ဆက်ပေးချင်ပါတယ်။ဒီဇာတ်ကားထဲမှာ နာမည်ကျော်သရုပ်ဆောင်တွေဖြစ်တဲ့ Freddie Prinze Jr. နဲ့ Claire Forlani တို့ကအဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းအကျဥ်းရိုင်ယန်နဲ့ဂျန်နီဖာဟာ ငယ်ငယ်တုန်းက L.Aမြို့ကိုပျံသန်းမယ့် လေယာဥ်ပေါ်မှာ ဘေးချင်းကပ်ထိုင်စီးရာကနေ ခင်မင်ခဲ့ပါတယ် ထို့နောက် ကွဲကွာသွားပြီး နှစ်တွေကြာပြီး တက္ကသိုလ်မှာမှပြန်ဆုံတွေ့ပါတယ်။ရိုင်ယန်က ဘယ်ကိစ္စမဆိုကိုအလေးအနက်ထားတတ်ပြီး သေချာအစီစဥ်ဆွဲပြီးမှလုပ်တတ်သူပါ။ ဂျန်နီဖာကတော့ ဘာကိုမှသိပ်မတွေးဘဲ လွတ်လွတ်လပ်လပ်ပေါ့ပေါ့ပါးပါးနေတတ်သူပါ။ဒီလိုဆန့်ကျင်ဘက်အကျင့်စရိုက်တွေနဲ့သူတို့နှစ်ယောက်ဟာ ကောလိပ်တက်တဲ့အရွယ်မှာပြန်တွေ့တော့လည်း အရာရာတိုင်ပင်လို့ရတဲ့ သူငယ်ချင်းတွေဖြစ်လာပါတယ်။သူတို့နှစ်ယောက်တစ်ယောက်အပေါ်တစ်ယောက် သူငယ်ချင်းထက်ပိုတဲ့ခံစားချက်တွေရှိနေပေမဲ့ သူတို့ရဲ့သူငယ်ချင်းဆက်ဆံရေးလေးပျက်စီးသွားမှာကြောက်တာကြောင့် နှစ်ယောက်စလုံးမြိုသိပ်ထားခဲ့ကြပါတယ်။အကျင့်စရိုက်ဆန့်ကျင်ဘက်ဖြစ်နေတဲ့ သူတို့နှစ်ယောက် ဘယ်လိုအခြေအနေတွေမှာအမြင်မတူတာတွေဖြစ်မလဲ?သူတို့တွေသူငယ်ချင်းအဆင့်ထက်ကျော်သွားမလား?ဒါမှမဟုတ် တစ်သက်လုံးသူငယ်ချင်းအဖြစ်ပဲဆက်ရှိနေသွားမှာလား? (အညွှန်းနဲ့ဘာသာပြန်ကတော့ Rubyjane ဖြစ်ပါတယ်။)File size…(2.4 GB) / (1.1 GB) Quality….Blu-Ray 1080p HEVC / 720p Format…. ...
movie

Boys and Girls (2000)

2000
The Rock (1996) 7.4
The Rock (1996)  မင်းသားကြီးရှောင်ကွန်နရီ နဲ့ နီကိုလပ်ကေ့ချ် တို့အဓိကပါဝင်ထားတဲ့ ဒီဇာတ်ကားကြီးဟာ Armageddon,Transformers ဇာတ်ကားတွေကို ဖန်တီးသူ ဒါရိုက်တာ Michael Bay ရဲ့ နောက်ထပ်လက်ရာကောင်းဇာတ်ကားတစ်ကားဖြစ်ပါတယ်။တိုင်းပြည်ရဲ့ လျှို့ဝှက်စစ်ဆင်ရေးတိုက်ပွဲတွေမှာ အသက်စွန့်ခဲ့ရပေမယ့် ဘာဂုဏ်ပြုမှတ်တမ်းမှ မရေးထိုးပေးဘဲ ချောင်ထိုးခံလိုက်ရတဲ့ ကျဆုံးစစ်သည်နဲ့ မိသားစုတွေအတွက်  ရင်နင့်နေတဲ့ အမေရိကန်ဗိုလ်ချုပ်ဖရန့်ဟမ်းမဲလ်....ဘယ်သူမှဖဖောက်နိုင်တဲ့ထောင်ကို ဖောက်ထွက်ပြေးခဲ့ဖူးတဲ့ နာမည်ကြီးထောင်ဖောက်သမားကြီး ဂျွန်မေဆင်....FBI ဌာနရဲ့ ဓါတုဗေဒ ပညာရှင် ဂွတ်စပိဒ်....ဒီလိုထိပ်တန်းလူသုံးယောက် ကိုယ့်ခံယူချက် ယုံကြည်ချက်အတွက် တိုက်ပွဲဝင် ထိပ်တိုက်တွေ့ဆုံရာဝယ်.............။ကြည့်သင့်တဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်....မင်းသားကြီးတွေရဲ့ သရုပ်ဆောင်မှုတွေ အသောအထေ့တွေက အသက်ဝင်လွန်းပါတယ်။နီကိုလပ်ကေ့ချ်ကို ငယ်ရွယ်နုပျိုစွာမြင်ရတာကလဲ အတော်ပဲ ကြည့်ပျော်မှာပါ။ File size…(2.6 GB)/(1.4 GB) Quality….BrRip 1080p / 720p Format… mp4 Duration…. 02:16:00 Genre... Action, Adventure, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Myo Min Aung
movie

The Rock (1996)

1996
Flashbacks of a Fool (2008) 6.8
Flashbacks of a Fool (2008) Flashbacks of a Fool (2008) =======================CM ပရိတ်သတ်ကြီးတို့ကို ဒီတစ်ခါတင်ဆက်ပေးမှာကတော့ ဂျိမ်းစ်ဘွန်းမင်းသားDaniel Craig ပါဝင်သရုပ်ဆောင်ထားပြီး IMDb 6.8/10 ရရှိထားတဲ့ (2008)ခုနှစ်ထွက် ဇာတ်ကားလေးပဲဖြစ်ပါတယ်။ အက်ရှင်ကားမဟုတ်ဘဲ တစ်မျိုးတစ်ဖုံစီးမျောလို့ကောင်းတဲ့ကားလေးဖြစ်ပါတယ်။ဂျိုးဟာ နာမည်ကျသွားတဲ့ သရုပ်ဆောင်မင်းသားတစ်ယောက်ပါ။ သူ့ရဲ့စည်းလွတ်ဝါးလွတ်နေပုံထိုင်ပုံတွေကြောင့် ဘဝကြီး ကမောက်ကမဖြစ်နေရသူပေါ့။ တစ်နေ့ကျ သူနှစ်ပေါင်းများစွာလျစ်လျူရှုထားတဲ့ မွေးရပ်မြေကသတင်းဆိုးတစ််ခုကို သူ့အမေကယူဆောင်လာခဲ့ပါတယ်။ တစ်ချိန်က သူ့အချစ်ဆုံးသူငယ်ချင်း ဘုစ် ဆုံးသွားတဲ့အကြောင်းပါ။ အဲလိုနဲ့ ဂျိုးတစ်ယောက် မွေးရပ်မြေကို ပြန်ဖို့ဖြစ်လာပါတယ်။ တကယ်တော့ သူဟာ မွေးရပ်မြေကနေ ထွက်ပြေးလာပြီး သရုပ်ဆောင်လုပ်ဖို့ မြို့တက်လာတာပါ။ မမှတ်မိချင်လို့တစ်သက်လုံးရှောင်ပုန်းနေခဲ့တဲ့ မှတ်ဉာဏ်တွေဟာလည်း သူ့ဆီကို တစ်ရစ်ချင်းပြန်ဝင်လာခဲ့ပါတယ်။ ဂျိုးတစ်ယောက်သူ့အတိတ်ကို ဘယ်လိုပြန်ရင်ဆိုင်မလဲဆိုတာကို ကြည့်ရှုခံစားလိုက်ကြပါဦး။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Ngwe Zin Thike ပါ )File size_(1.7GB)/(800MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:49:00 Genre_Drama Subtitle_Myanmar Subtitle ...
movie

Flashbacks of a Fool (2008)

Another Me(2013) 4.6
Another Me(2013) Game of thrones က ဆန်ဆာ စတာ့ခ်အဖြစ်သရုပ်ဆောင်ခဲ့တဲ့ Sophie Turnerရဲ့ဇာတ်ကားလေးတကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ဖေး ဒယ်လူ့စီဆိုတာ အရမ်းလှတဲ့ဆံပင်အနီရောင်နဲ့ အထက်တန်းကျောင်းသူလေး။ သူမရဲ့ပျော်ရွှင်စရာ မိသားစုဘ၀လေးတခုက လွန်ခဲ့တဲ့နွေရာသီ သူမရဲ့ ဖခင်နာမကျန်းစဖြစ်ခဲ့တာနဲ့အတူတူပြောင်းလဲသွားခဲ့ရတယ်။ကိုယ်တပိုင်းသေဖြစ်သွားတဲ့ယောကျာ်းဖြစ်သူကို စောင့်ရှောက်နေရတဲ့ ဖေးရဲ့မိခင် အန်းဒယ်လူ့စီရဲ့ အရှုပ်တော်ပုံတွေ။ မိုနီကာ မယ်ဒရန်ဆိုတဲ့ ဖေးကိုမနာလို ဖြစ်နေတဲ့ကောင်မလေးတယောက်။ ကျောင်းကလူကြိုက်များတဲ့ ဒရူးဆိုတဲ့ကောင်လေးက သူ့ကိုကြိုက်နေလို့ လူမုန်းခံရတာကလည်းရှိသေး။ ဒါပေမယ့် ဖေးအတွက် ဒါတွေထဲကအကြီးဆုံးပြဿနာကတော့ သူ့လိုအယောင်ဆောင်နေတယ်ထင်ရတဲ့လူတယောက်ရှိနေတာပဲ။သူမရဲ့နေ့စဉ်ဘ၀ထဲမသိမသာနဲ့ လူတွေကြား ၀င်၀င်‌မွှေသွားတဲ့ဒီသူကဘယ်သူလဲ။ ဒါကမိုနီကာရဲ့လက်ချက်ပဲလား။ သူမမိဘတွေရဲ့အေးစက်လာတဲ့ ဆက်ဆံရေးကြားကလျှို့ဝှက်ချက်တွေကရောဘာတွေလဲ။ အများအမြင်သူ့ကိုအရူးမတယောက်လိုထင်ရတဲ့အထိဒုက္ခပေးလာတဲ့ ဒီသူကိုသူဘယ်လိုရှာနိုင်မလဲ။ အဆုံးမှာတရားခံကဘယ်သူလဲဆိုတာကို Another Me ဆိုတဲ့ဇာတ်ကားလေးမှာရှူစားအားပေးကြပါဦးခင်ဗျ File size…1.1GB / 551MB Quality…1080p BluRay  / 720p Format…mp4 Duration….1h 26m Subtitle….Myanmar Subtitle (Hard Sub) Encoder….Thit San Khant Translated by BrackMan
movie

Another Me(2013)

2013
Five Feet Apart (2019) 7.1
Five Feet Apart (2019) သင်တို့သင်တို့သိပ်ချစ်ရတဲ့ ချစ်သူကိုလက်လွှတ်ဆုံးရံှူးရရင်အရမ်းကိုဝမ်းနည်းနေကြမှာလား...သိပ်ကိုဝမ်းနည်းကြမှာပေါ့ ... ကိုယ်သိပ်ချစ်ရတဲ့လူပဲလေ...ထပ်မေးချင်တာက သင်တို့ရဲ့ချစ်သူ စိတ်ကောက်နေတဲ့အခါမှာအနားမလာနဲ့ ဖုန်းမဆက်နဲ့လို့ ပြောလိုက်ရင်သင်တို့အရမ်းကို ကမ္ဘာပျက်မတတ်ခံစားကြမှာလား...သိပ်ကိုခံစားကြမယ်ထင်ပါတယ်...ဘာလို့လဲဆိုတော့ သင်တို့ချစ်ရဲ့ချစ်သူကောင်လေးတွေ ကောင်မလေးတွေရဲ့အနားမှာ သင်တို့သိပ်ကိုနေချင်ကြတာကိုး...ဒါပေမယ့်  ဒီကားထဲကကောင်လေးနဲ့ကောင်မလေး နှစ်ယောက်လိုအဖြစ်မျိုးဆိုရင်တော့သင်တို့ဘယ်လိုမှ ခံစားနိုင်မှာမဟုတ်လောက်ပါဘူး....သူတို့လောက်လည်း ချစ်နိုင်မယ်မထင်ပါဘူး...ကားလေးကတော့ ရိုးရိုးလေးနဲ့ ဆယ်ကျော်သက်အရွယ်ရောဂါသည်လူနာလေးနှစ်ယောက်ရဲ့သနားစရာအချစ်ပုံပြင်လေးကို ဇာတ်အိမ်တည်ထားတာပါ....Rating 7.1 အထိရရှိထားတဲ့ ဒီကားလေးထဲမှာတော့riverdaleရဲ့မင်းသားချောလေး cole sprouseပါဝင်သရုပ်ဆောင်ထားပါတယ်cystic fibrosisလို့ခေါ်တဲ့မွေးရာပါမျိုးရိုးဗီဇအရရောဂါရှိတဲ့သူတွေအကြောင်းကိုဒရမ်မာဆန်ဆန်ရိုမန်တစ်ဆန်ဆန်ရိုက်ကူးထားတာပါရောဂါရှိတဲ့သူတွေအချင်းချင်းအနားကပ်ထိတွေ့မိရင်ရောဂါပိုဆိုးရွားလာနိုင်တာကြောင့်တစ်ယောက်နဲ့တစ်ယောက်ခြောက်ပေအကွာမှာနေရမယ်ဆိုတဲ့စည်းမျဉ်းကြီးတစ်ခုရှိပါတယ်(ကားနာမည်ကဘာလို့five feet apartလည်းဆိုတာတော့ဇာတ်လမ်းထဲမှာကြည့်ကြည့်လိုက်ပါနော်)ရောဂါရှိတဲ့သူနှစ်ယောက်ဆေးရုံတစ်ရုံထဲမှာတွေ့ပြီးတစ်ယောက်နဲ့တစ်ယောက်ချစ်မိသွားတဲ့အခါ...ကိုယ်ချစ်ရတဲ့သူကိုထိတွေ့ဖို့မပြောနဲ့အနားတောင်ကပ်ခွင့်မရှိတဲ့သူတို့ဘဝလေးနှစ်ခုနောက်ဆုံးမှာအဆုတ်အစားထိုးကုသခွင့်ကိုကောင်မလေးကရလာတဲ့အခါမှာ...ကောင်လေးကိုအသက်တမျှချစ်တဲ့ကောင်မလေးဘာတွေလုပ်မလဲ...ကောင်လေးကရောအသက်ရှင်နိုင်မလားဆိုတာတွေကိုတဝကြီးငိုပြီးကြည့်ရမှာပါ ...ဒီကားလေးကိုကြည့်ပြီး သင်တို့လည်းသင်တို့ချစ်သူတွေကို ၆ ပေအကွာမပြောနဲ့  ၁ ပေအကွာမှာတောင်နေလို့ရလား ....သူပျော်နေတာလေးကိုပဲ အဝေးကြီးကနေ ကြည့်နေနိုင်လား...တကယ်လို့ အဲလိုမနေနိုင်ဘူးဆိုရင် အနားမှာရှိတဲ့ချစ်သူကို ချစ်နိုင်တုန်းရတဲ့ အချိန်လေးမှာ ချစ်ကြပါ...ဒီကားလေးကြည့်ပြီး ချစ်တဲ့လူတိုင်းခံစားနိုင်ကြပါစေ....File Size : (1 GB) & ( 414 MB)Quality : WEB-DL 720pRunning Time :  1 hr 56 minFormat : Mp4Genre : Drama , RomanceSubtitle ...
movie

Five Feet Apart (2019)

2019
An Affair to Die For(2019) 5.0
An Affair to Die For(2019) An Affair to Die For(2019) ရင်တဖိုဖိုတမမ ဖြစ်ချင်တဲ့ Thrillerသမားတွေအတွက် Erotic Thrillerသမားတွေအတွက် အသစ်ထွက် Thrillerကားတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီကားကို အစကနဦးကတော့ အဂ္ဂသာခရစ္စတီရဲ့ ဇာတ်နဲ့တောင် သွားနှိုင်းသေးတယ်ဆိုပါပဲ။တွေ့နေကြနေရာတစ်ခု.. ယောကျာ်းတစ်ယောက်နဲ့မိန်းမတစ်ယောက် လာဆုံကြတယ်။ ယောကျာ်းက သူ့မိန်းမကိုလိမ်ပြီးလာတယ် မိန်းမက သူ့ယောကျာ်းကိုလိမ်ပြီးလာတယ်။ ဖောက်ပြန်မှုရဲ့ အနောက်က ကျောခြင်းကပ်ပါလာတဲ့ ကံဆိုးမိုးမှောင်ကျမှုတွေအောက် တမုဟုတ်ချင်း ကျရောက်သွားတဲ့အခါ.... သူတို့ရဲ့ မိသားစုဝင်တွေ အသတ်မခံရဖို့ကယ်ဖို့ လိုက်ဖမ်းတဲ့လူတွေနဲ့ အကွေ့အကောက်များတဲ့ Survival Gameတစ်ခုကို သူတို့ဆောရတော့မှာပါ။ သူတိုရဲ့ ပိတ်ရက်အလည်ခရီးက သူတို့အသက်ရှင်ဖို့ ဘာမဆိုလုပ်ရတော့မဲ့ ဆိုက်ကိုညဏ်စမ်းကစားပွဲတွေနဲ့ အိပ်မက်ဆိုးတစ်ခု ဖြစ်လာခဲ့တဲ့အခါ...ဇာတ်လမ်းအညွှန်းကိုတော့ WiRa Aung မှရေးသားပေးထားပါတယ်...  File Size : (834MB) and (310 MB) Quality :WEBRIP 720P, Format…mp4 Duration…01:22:00 Genre : Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by May Myo Encoded by Phyo Pyae
movie


2019
Meet Joe Black (1998) 7.2
Meet Joe Black (1998) Meet Joe Black (1998)______IMDb - 7.2/10ဒီကားလေးကတော့ ၁၉၉၈ခုနှစ်ထွက် Drama, Fantasy, Romance  ကားလေးတစ်ကားဖြစ်ပါတယ်။ မင်းသားကြီး BradPitt ရဲ့ငယ်စဉ်တုန်းကကားကောင်းလေးပါ။ IMDb rating 7.1 ထိရထားတဲ့ကားလေးလဲဖြစ်ပါတယ်။ ဒီဇာတ်ကားလေးမှာ BradPitt ဟာ သေမင်းတမန်တစ်ဦးဖြစ်ပြီး အသက်၇၀ပြည့်မွေးနေ့ပွဲကို သွားရောက်နေတဲ့စီးပွားရေးသမား တစ်ဦးကို သွားရောက်ခေါ်ဖို့ပါပဲ။ အဲဒီအဘိုးကြီးတစ်ယောက် မွေးနေ့နီးမှ နားထဲမှာ ထူးဆန်းတဲ့အသံတွေဆက်တိုက်ကြားနေပေမယ့် လျစ်လျူရှုပြီးလုပ်စရာတွေဆက်လုပ်နေခဲ့တာပါ။ ဒါပေမယ့် သေမင်းတမန်ကတော့ အိမ်ထိပေါက်ချလာတော့တာပဲ။ BradPitt တစ်ယောက်မကြာသေးခင်ကမှ ပူပူနွေးနွေးသေထားတဲ့ လူငယ်တစ်ယောက်ရဲ့ ကိုယ်ထဲကိုဝင်ပူးပြီးအိမ်ထိ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ချလာတာပါ။ သို့သော် စူးစူးစမ်းစမ်းလုပ်ခဲ့တဲ့ သေမင်းတမန်ဖြစ်လေတာကြောင့် စီးပွားရေးသမား အဘိုးကြီးနဲ့ အပေးအယူလုပ်ကြတော့တာပါပဲ။ အဲဒါကတော့ BradPitt စိတ်ရှိသရွေ့ လူ့လောကကို သေချာလေ့လာကျင်လည်နေသမျှကာလပတ်လုံး အဲဒီအဘိုးကြီးက Guide အနေနဲ့လုပ်ပေးရမှာဖြစ်ပြီး သူပြန်မသွားသရွေ့ အဘိုးကြီးလည်းသေမှာမဟုတ်ပါဘူး။ ဒီတော့ ကိုယ့်ကိုကိုယ် Joe Black လို့နာမည်ပေးထားတဲ့ သေမင်းတမန်တစ်ယောက်နဲ့ စီးပွားရေးသမားအဘိုးကြီးတို့ ဘယ်လိုကမောက်ကတွေဖြစ်မလဲ။ လူ့လောကကိုထဲထဲဝင်ဝင် ကျင်လည်လိုက်ရတဲ့အခါ သေမင်းတမန်ကြီးဘယ်လို တွေခွကျကျလုပ်မလဲဆိုတာတွေကို ဟာသနှောပြီး ကြည့်ရှုရမှာဖြစ်ပါတယ်။ အဲဒီနောက် သေမင်းတမန်ကြီးရော လူ့လောကကနေပြန်ထွက်သွားနိုင်ပါ့မလား။ ဘယ်လိုနောက်ဆံတင်းစရာတွေ ဘယ်လိုသံယောဇဉ်ကြိုးလေးတွေကျန်ခဲ့မှာလဲ။ အဘိုးကြီးလည်း ဘယ်လိုတွေ တိုင်ပတ်မလဲ…. မသေချင်လို့ခေါ်ထားကာမှ ဘယ်လိုသေချင်စိတ်ပေါက်အောင် ...
movie

Meet Joe Black (1998)

1998