Channel Myanmar

Claire Danes

Romeo + Juliet (1996) 6.7
Romeo + Juliet (1996) Romeo + Juliet (1996)IMDb Rating (6.7) / Rotten Tomatoes (72 %)အကယ်၍များ တစ်ဦးတစ်ယောက်က ကျွန်တော့်ကို အကြီးအကျယ်ဆုံး အချစ်ဝတ္တုတစ်ပုဒ်လို့ မေးလာရင် William Shakespeare ရဲ့ ရိုမီရို ဂျူးလိယက်ကို အရင်ဆုံးသတိရမိမှာပါ။စစ်မှန်တဲ့ အနုပညာလက်ရာကောင်းတစ်ခုက ခေတ်တွေကို ဖြတ်ကျော်နိုင်တယ်ဆိုသလိုပဲ Romeo & Juliet ဟာလဲ သက္ကရာဇ်၁၅၀၀ကျော်ကနေ ယနေ့ ၂၀၀၀ကျော်အထိ ထင်ရှားဆဲ အနုပညာပစ္စည်းတစ်ခုအဖြစ် ဖြစ်တည်နေဆဲပါပဲ။ရှိတ်စပီးယားရဲ့ ရိုမီရို ဂျူးလိယက်ပြဇာတ်ဟာ Star-Crossed Lover လို့ခေါ်တဲ့ သူက ကိုယ့်အတွက်.. ကိုယ်က သူ့အတွက် ဖြစ်တည်ပါတယ်လို့ သတ်မှတ်ပြီးသား ချစ်သူ ၂ယောက်ရဲ့ ကြယ်တွေဆီမှာ သတ်မှတ်ပြီးသား ကံကြမ္မာတွေကို လွန်ဆန်ခဲ့တဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပြီး " Romeo must die "လို့ပြောတဲ့အထိ အာဃာတအချို့နဲ့ ကမ္ဘာကြီးရဲ့ အကျည်းတန်မှုနဲ့ ချစ်ခြင်းမေတ္တာရဲ့လှပမှုကို အချိုးကျကျ ရောစပ်ထားပါတယ်။ရုပ်ရှင်ပြန်ရိုက်တဲ့အခါမှာလည်း အကြိမ်ကြိမ် Reboot ရိုက်ကူးကြပေမယ့် ...
movie

Romeo + Juliet (1996)

1996
4K HEVC
The Family Stone(2005) 6.5
The Family Stone(2005) The Family Stone (2005)===============မိသားစုဆိုတာလူအမျိုးမျိုးစိတ်အထွေထွေတွေစုစည်းနေကြတဲ့အသိုက်အမြုံကြီးတစ်ခု။ စတုန်းမိသားစုကြီးဟာ ခရစ်စ္စမတ်အချိန်အခါတိုင်းအမြဲဆုံစည်းနေကြပါ။ သား ၃ယောက် သမီး၂ယောက်မိသားစု‌တွေနဲ့မြိုင်မြိုင်ဆိုင်ဆိုင်ရှိစမြဲ။ ဒီနှစ် ခရစ်စ္စမတ်မှာတမိသားစုလုံးရဲ့အချစ်တော်သားကြီးဖြစ်သူ အဲဗရက်က ချွေးမလောင်း‌လေးမဲရယ်ဒစ်ကိုမိတ်ဆက်ဖို့ခေါ်လာခဲ့ချိန်မှာတော့ အနေအထိုင်သိမ်မွေ့သလိုစည်းကမ်းတင်းကျပ်တဲ့ မဲရယ်ဒစ်နဲ့ ပွင့်ပွင့်လင်းလင်း ပျော်ပျော်ပဲနေတတ်တဲ့စတုန်းမိသားစုကြီးဟာပြသာနာတွေစတင်တက်လာပါတော့တယ်။ ကုန်းပေါ်ရောက်နေတဲ့ငါးလိုဖြစ်နေတဲ့မဲရယ်ဒစ်တယောက်ဒီမိသားစုကြီးထဲကို၀င်ဆံ့နိုင်ပါ့မလား။ အထူးသဖြင့်သူ့ကိုမသိမသာရော သိသိသာသာ‌ရောအဲဗရက်ဘေးကနေကန်ထုတ်ဖို့ကြိုးစားနေကြတာတွေကိုသူမ တောင့်ခံနိုင်ပါ့မလား။ ဒီလိုပျော်ရွှင်စရာကောင်းတဲ့ခရစ်စ္စမတ်အချိန်အခါမှာသူမရောပျော်ရွှင်မှုအစစ်ရှာတွေ့နိုင်ပါ့မလားကို The family Stone ဆိုတဲ့မိသားစု ခရစ်စ္စမတ်ကားလေးမှာရှုစားပေးပါဦး.....File size…1.53GB / 676MB Quality…WEB-DL 1080p  / 720p Format…mp4 Duration….1h 43m Genre ..... Comedy , Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Brackman
movie

The Family Stone(2005)

U Turn (1997) 6.8
U Turn (1997) [Unicode] U Turn (1997) ========= ဘဝမှာမှားခဲ့တဲ့ လူတိုင်းကို ဘုရားသခင်က ဂငယ်ကွေ့ခွင့်ပြုပါတယ်တဲ့။ ကိုယ် ဒီလမ်းကလေးကို ဂငယ်ကွေ့ခဲ့မိတဲ့ဘက်က ငရဲလမ်းတုရှုပါပဲ။ ကုန်းကမူ ကန္တာရလွင်ပြင်နဲ့ ဖုန်ထူတဲ့ ဒီလမ်း‌ဘေးမှာ လဒတွေ ယုန်သေကောင်ပုပ်အပေါ်နားလို့။ ငရဲဖြစ်စေ သင်္ချိုင်းဖြစ်စေ သေဘေးလွတ်ဖို့ လူဟာ ဘာမဆို လုပ်မှာပဲမဟုတ်လား။ လက်ချောင်းနှစ်ချောင်းနှုတ်ယူခံထားရတဲ့ ကိုယ့်ဆီက သူတို့က အသက်ကိုယူဖို့လည်း ဝန်လေးမှာမဟုတ်ပါဘူး။ ဒီလိုနဲ့ပဲ တိမ်းရှောင်သူကိုယ်က မင်းနဲ့တွေ့ခဲ့တယ် အင်းဒီယန်းတစ်ဝက်မ‌လေးရေ။ မင်းတို့နေတဲ့ မြို့ကလေးကို ကိုကွေ့လာတဲ့အချိန်မှာ ကတောက်ကဆတ် ၁ က စတာပါပဲ။မင်းသိမှာပါ ပြဿနာဟာ မြို့အဝင်ဝပ်ရှော့က ဗိုက်ပူပူ ချေးအထပ်ထပ်နဲ့ အေးတဲ့အချိန်နဲ့ ပူတဲ့အချိန် အလုပ်မလုပ်ချင်တဲ့ စက်ပြင်ဆရာငတိနဲ့ စတာပေါ့။ ကိုယ်ပိုင်တဲ့ တစ်ခုတည်းသောအရာဖြစ်တဲ့ ၁၉၆၄မော်ဒယ် မတ်စတန်းအမိုးဖွင့်ကားလေးကို ဒီငတိနဲ့ ထားခဲ့ရတာ သိပ်စိတ်မချလှပါဘူး ရွေးစရာမှမရှိပဲ။ ဒီညစ်ပတ်ဖုန်ထူတဲ့ မြို့ဟာ မင်းကို မတွေ့ခင်အထိတော့ တကယ်ငရဲပါပဲ။ ကတောက်ကဆတ် ၂ ကတော့ ခရီးသွားဟန်လွဲ စားသောက်ဆိုင်အသွားတိုးတဲ့ မျက်မမြင် အင်းဒီးယန်းအဘိုးကြီးပါပဲ။ ဒီအဘိုးကြီးက အတော်ခက်ပါတယ်။ မျက်မမြင်တစ်ယောက်နဲ့ မလိုက်အောင်ကို ကင်းမြှီးကောက်သတ်သေတာအစ အတွဲတွေပလီတာအဆုံး အကုန်မြင်နေတော့တာပါပဲ။ စကားတွေကလည်း ဖောင်ဖွဲ့လို့ မကုန်အောင်ပါပဲ။ ဒီအချိန်မှာပဲ လမ်းတစ်ဘက်က မင်းကို ကိုယ် မြင်လိုက်ပါတယ်။ ဒါအချစ်မဟုတ်ပါဘူး။ အလှကိုတပ်မက်မှုပါ။ အချစ်ဟာ လှတာကိုလိုချင်တာဆိုတဲ့ ...
movie

U Turn (1997)

Stardust (2007) 7.6
Stardust (2007) "အချစ်ရယ် မင်းအချစ်ကိုသာရမယ်ဆို မိုးပေါ်ကကြယ်ကို ဆွတ်ခူးရ ဆွတ်ခူးရပါ" တဲ့ ဒါပေမဲ့ မိုးပေါ်ကကြယ်လေးက ကောင်မလေးချောချောလေးဖြစ်နေခဲ့ရင်ရော?? ဟုတ်ပါတယ်။ ထရစ်စတန်သရုန်းတစ်ယောက် သူ့အချစ်ကိုသက်သေပြဖို့ ကြယ်ကိုလိုက်ရှာရာကနေ ကြယ်ကကောင်မလေးဖြစ်နေတဲ့အခါ… သူ့ချစ်သူဆီခေါ်ဆောင်သွားရာကနေ လမ်းခရီးမှာ ကြယ်လေးက သူထင်သလောက်ရိုးရှင်းမနေဘဲ အနှောင့်အယှက်မျိုးစုံနဲ့ ရင်ဆိုင်ရပါတော့တယ်။ ထရစ်စတန်သရုန်းကောင်လေးရဲ့နောက်ကြောင်းကလည်း သူထင်ထားသလို သာမာန်ဘဝလေးမဟုတ်ပါဘူး။ ဒီကားလေးက romance, mystery အကုန်ရောစပ်ထားဖြစ်တဲ့အတွက် စိတ်ကူးယဉ်ဆန်ဆန် ရိုတဲ့ကားကောင်းလေးတွေကြိုက်တတ်ရင်… အချစ်ကအရာရာကျော်ဖြတ်ရဲလောက်အောင် အစွမ်းရှိကြောင်း ပြောပြထားတဲ့ကားကောင်းလေးမို့ မလွတ်တမ်းကြည့်ကြပါလို့ တိုက်တွန်းလိုက်ပါရစေ။File size…(1.79 GB) and (923.5 MB) Quality…1080p Blu-Ray H264 FGT Format…mp4 Duration…2h 7min Subtitle….Myanmar Subtitle (Hardsub) Encoder…sithu Translator...Ngeu Mon
movie

Stardust (2007)

2007
Chain Reaction (1996) 5.6
Chain Reaction (1996) အရင်ဆုံး ဇတ်ကားထဲပါတဲ့ Ref: လေးတွေကို Run through ပါမယ်။ အခုကမ္ဘာပေါ်ကလူ‌တွေဟာ ရုပ်ကျွင်းလောင်စာတွေကိုအဓိကထား အသုံးပြု၊ စွမ်းအင်ထုတ်လုပ်ပြီး အသုံးပြုလည်ပတ်နေကြတာပါ။ တစ်ကမ္ဘာလုံးမှာ ကျောက်မီးသွေး၊ ရေနံ၊ သဘာ၀ဓာတ်ငွေ့တို့ကို အဓိကအသုံးပြုကြပါတယ်။ လက်ရှိခန့်မှန်းထားသလောက် ၂၀၈၁ မှာ ကမ္ဘာ့လက်ကျန် ရုပ်ကျွင်းလောင်စာတွေအားလုံး ကုန်ခမ်းလိမ့်မယ်လို့ တွက်ချက်ထားကြပါတယ်။ နေစွမ်းအင် ဆိုလာတို့ ရေအားလျှပ်စစ်တို့လိုပဲ ဟိုက်ဒရိုဂျင်ကိုလဲလောင်ကျွမ်းစေပြီး ပေါများတဲ့စွမ်းအင် ထုတ်နိုင်ပါတယ်။ ရေထဲက ဟိုက်ဒရိုဂျင်ကို လျှပ်ကူးစေပြီး အောက်စီဂျင်နဲ့ ဟိုက်ဒရိုဂျင်ကိုခွဲထုတ်ကာ ဟိုက်ဒရိုဂျင်သက်သက်ကိုလောင်စာအဖြစ်အသုံပြုတဲ့နည်းပါ။ ၁၉ လောက်မှာ ခေတ်စားခဲ့ပါတယ်။ ဟိုက်ထရိုဂျင် လောင်စာကိုထုတ်လုပ်ဖို့ ကြိုးစားကြတဲ့တကယ့်စာတမ်းတွေလဲရှိပါတယ်။ ဟိုက်ဒရိုဂျင်လောင်စာကို ၁၈၃၉ မှာ ဆာဝီလယမ် ကစပြီး ပထမဆုံးစိတ်ကူးရခဲ့တာပါ ရေထဲကို လျှပ်စစ်ဖြတ်၊ ဟိုက်ဒရိုဂျင်ကို ခွဲထုတ်ပြီး စွမ်းအင်အဖြစ်လောင်ကျွမ်းစေပါတယ် ၁၉၅၉ မှာလက်တွေ့အလုပ်လုပ်နိုင်တဲ့ မြင်းကောင်ရေ ၂၀ နဲ့ အင်ဂျင်ကို စထုတ်နိုင်ခဲ့ပါတယ်။ အခုတော့ အင်ဂျင်တော်တော်များများ ထုတ်ပြီးစမ်းနေကြပါပြီ။ ဟိုက်ဒရိုဂျင်လောင်စာရဲ့ လောင်ကျွမ်းအပူချိန်က သဘာ၀ဓာတ်ငွေ့ ကရတဲ့စွမ်းအင်နဲ့ ထပ်တူနီးပါးရှိပြီး လောင်းကျွမ်းအသုံးပြုလို့ ဘေးထွက်ဆိုးကျိုး၊ ပတ်၀န်းကျင်ညစ်ညမ်းမူ စတာတွေ မရှိတဲ့ သန့်စင်တဲ့ လောင်စာတစ်ခုဖြစ်တဲ့အတွက် လူတိုင်းကစိတ်ဝင်စားကြ လိုချင်ကြပါတယ် နောက်ရုပ်ကျွင်းလောင်စာမဟုတ်လို့ လွယ်လွယ်မကုန်ခမ်းနိုင်ပါဘူး။ တွေးကြည့်ပါဗျာ ...
movie

Chain Reaction (1996)

19962007