Channel Myanmar

Chu Pak-Him

In Broad Daylight ( 2024 ) 6
In Broad Daylight ( 2024 ) Undercover ဆိုတဲ့စကားကို ကြားဖူးကြမယ်ထင်တယ်... အမှုတစ်ခု အမှန်တရားတစ်ခုကို ဖော်ထုတ်ဖို့အတွက် လက်တွေ့ကွင်းဆင်းပြီး ကိုယ်တိုင်ကိုယ်ကျ ခံစားဖော်ထုတ်ဖို့ကြိုးစားရင် တစ်စုံတစ်ယောက်အသွင်ယူပြီး စုံစမ်းလေ့လာတာပါ...ဒါပေမယ့် ဒီကားလေးထဲမှာတော့ အသွင်ယူတဲ့သူက တရားစီရင်နိုင်တဲ့ အာဏာပိုင်မဟုတ်သလို.... အရာရာကိုပြောင်းလဲနိုင်စွမ်းရှိတဲ့ ငွေရှင်လည်းမဟုတ်ဘူး... ကလောင်အစွမ်းနဲ့ အမှန်တရားကို လောကမြစ်ထဲ စီးဆင်းစေတဲ့ သတင်းထောက်သမားလေးပါ...ဇာတ်လမ်းကတော့ တစ်နေ့ ဟောင်ကောင်မြို့ လူအိုရုံ (မသန်စွမ်းဂေဟာ) မှာ မသန်စွမ်းတဲ့ လူအိုတွေကို မြို့လယ်ကောင် နေရာလွတ်ထဲ ကိုယ်လုံးတီး ရေပန်းတွေဖြန်းပြီး ရေချိုးပေးတဲ့ဓာတ်ပုံတွေ အေဝမ်းမီဒီယာကို ရောက်လာလို့ ဒီသတင်းကိုလိုက်ဖို့အတွက် ရှောင်ချီဆိုတဲ့ သတင်းသမားလေးက သူငယ်ပြန်နေတဲ့ ထုံဖိုးဖိုးရဲ့ မြေးမလေးအနေနဲ့ သက်တံဂေဟာကို ရောက်လာတာပေါ့...သူက ကနေဒါကလာတဲ့ အဖိုးရဲ့ မြေးမလေး၊ လူအင်အားမလောက်ငှတဲ့ လူအိုရုံမှာ စေတနာ့ဝန်ထမ်းလေးအနေနဲ့ ကူပေးမယ်ဆိုပြီး သတင်းလိုက်ခဲ့ရာကနေ.... ဒီဂေဟာမှာ လူအိုတွေတင်မကဘဲ အသိဉာဏ်ဖွံ့ဖြိုးမှုအားနည်းတဲ့သူတွေ၊ ကိုယ်လက်မသန်စွမ်းသူတွေပါ ရှိနေတာကိုသိခဲ့တယ်...လူနာ ၈၀ ဝန်းကျင်ရှိပေမယ့် စောင့်ရှောက်သူက ၂ ဦးပဲ ရှိနေတာပါ တွေ့ခဲ့တဲ့အပြင်... တစ်ဖက်မှာလည်း နေ့စဉ်စားသောက်နေတဲ့ အစားသောက်တွေကလည်း ဒိတ်လွန်တွေတဲ့... ဘာကြောင့်မှန်းမသိပေမယ့် လဝက်မှာလည်း ၆ လောင်းလောက်ကို သေဆုံးမှုဖြစ်သေးတယ်... ကဲ ရှောင်ချီတစ်ယောက် ဒီရှုပ်ထွေးလှတဲ့သတင်းကို ပြီးဆုံးအောင်လိုက်နိုင်ပါ့မလား... သတင်းလိုက်လို့ အမှန်တိုင်းပေါ်လာရင်ရော အဆုံးသတ်ကောင်းနိုင်မှာလား.... Filesize : 1.14 GB ...
movie

In Broad Daylight ( 2024 )

The Unwavering Brotherhood / Triad 3 (2024) 6.1
The Unwavering Brotherhood / Triad 3 (2024) ဒီတစ်ခါမှာတော့ CM ကနေဟောင်ကောင် ဇာတ်ကားလေးတစ်ပုဒ်ကိုတင်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းလေးထဲမှာတော့ ဟောင်ကောင်မှာ အကြီးမားဆုံးကုမ္ပဏီအုပ်စုထျယ်ဦးလေးအဖွဲ့မှာ အားချွမ်နဲ့ ဟွားကျင်လို့ခေါ်တဲ့သူငယ်ချင်းနှစ်ယောက် နှစ်ဆယ်နဲ့ချီညီအစ်ကိုတွေလိုနေလာခဲ့တာပေါ့။ဒါပေမဲ့ နှစ်ဦးသားရဲ့စိတ်ဓါတ်ကတော့အလွန်အမင်းကိုကွာခြားလှတယ်။ အားချွမ်ကတော့ အာဏာကိုမက်မောပြီး ပိုက်ဆံကိုရူးသွပ်ပြီးတော့ ခေါင်းဆောင်အဖြစ် ရွေးချယ်တဲ့နေရာမှာ သူ့ကိုရွေးဖို့သိမ်းသွင်းတာပေါ့။ ဒါပေမဲ့ အထက်ပိုင်းထျယ်ဦးလေးအဖွဲ့က ဟွားကျင်ကို ခေါင်းဆောင်ပေးဖို့ဆုံးဖြတ်ထားတယ်။ဟွာကျင်က အရမ်းကိုဖြောင့်မတ်ကြင်နာတတ်ပြီး ကုမ္ပဏီက ချမှတ်ထားတဲ့ မည်သို့ပင်ငွေမက်မောနေပါစေ မူးယစ်ဆေးနှင့်မပတ်သက်ရ။ မလုယက်ရစည်းကမ်းကို နာခံတယ်။အားချွမ်းကတော့ဒါတွေကိုဆန့်ကျင်ပြီး ပတ်သက်နေတာကြောင့် ခေါင်းဆောင်ကိုမပေးချင်ကြဘူး ဟွာကျင်လက်အောက်ငယ် အားဖေး၊အားကျီနဲ့ အားဟွာတို့ညီအစ်ကို သုံးယောက်ရှိကြတယ်။သူတို့ကိုဟွားကျင်ကသားအရင်းလိုဆက်ဆံပြီး လမ်းမှန်ရောက်အောင် သင်ပေးသလို သူတို့သုံးယောက်ကလည်း သစ္စာရှိရှိ အစ်ကိုကြီးလို့ခေါ်ကြတယ်။တနေ့မှာတော့ ကုမ္ပဏီပိုက်ဆံ ငွေသိန်းဆယ်ချီကိုသူတို့သုံးယောက်ဆီလွှဲပေးပြီး တဖက်ဝယ်သူထံပေးဖို့တာဝန်ကျလာပါတော့တယ်။ဒါပေမဲ့လမ်းမှာတင်လုယက်ခံလိုက်ရလို့ ထျယ်ဦးလေးတစ်ဖွဲ့လုံးက ဟွားကျင်ရဲ့လက်အောက်ငယ်သား သုံးယောက်ကို အပြစ်တင်ကြတယ်။ဒီလိုနဲ့ ဟွားကျင်ကနောက်ကွယ်ပြုလုပ်သူကို ဖော်ထုတ်မယ်လို့ပြောခဲ့တယ်။တကယ်တမ်းမှာတော့ ဒီသိန်းဆယ်နဲ့ချီပိုက်ဆံယူထားတဲ့လူကတော့ အားဖေး အားကျီနဲ့အားဟွာတို့ဖြစ်ကြပြီး အားဖေးရဲ့ညီမလေးက သွေးကင်ဆာဖြစ်နေပြီး ဆေးရုံစရိတ်အကြွေးတင်နေကြတယ်။အဲ့အချိန်မှာပဲ အားကျီရှယ်ယာဝယ်လို့အရူံးတွေပေါ်နေတယ် ဒါကြောင့်ဒီပြဿနာတွေကိုဖြေရှင်းဖို့ ပိုက်ဆံကို‌လုယူဖို့ဆုံးဖြတ်ခဲ့တယ်။ ဒါကို အားဟွာကအစ်ကိုကြီး ဟွားကျင်ကို အလုံးစုံပြောပြတဲ့အချိန် အားချွမ်ပြဿနာရှာတော့မယ်ဆိုတာကို ဟွားကျင်ကကြိုသိနေလို့သူ့လက်အောက်ခံသုံးယောက်ကို ရှောင်ပုန်းခိုင်းတဲ့အချိန်မှာတော့ ဘာတွေဆက်ဖြစ်နေကြမလဲ။ အာဏာကိုမက်မောသူရဲ့အဆုံးသတ်က မလှပပေမဲ့ အသက်ရှင်နေချိန် လောင်မြိုက်နေတဲ့လောဘတရားကို မြင်သာအောင်ရိုက်ကူးထားတာမို့လို့ ဒီဇာတ်လမ်းလေးကိုကြည့်ရူလိုက်ရအောင် Filesize : 1.11 GB / 635 MB Quality : WEB-DL 1080p HEVC  , 720p HEVC Format : mkv Genres : Action , Crime Runtime : 1h 34 min Subtitle ...
movie

The Unwavering Brotherhood / Triad 3 (2024)

Crisis Negotiators ( 2024 ) 6
Crisis Negotiators ( 2024 ) ဒီတစ်ခါမှာ CM ပရိသတ်တွေအတွက် စိတ်ဝင်စားဖွယ်ကောင်းတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်နဲ့တင်ဆက်ပေးလိုက်ချင်ပါတယ်။ ဒီဇာတ်လမ်းကတော့အမှုတစ်ခုဖြစ်တိုင်း ပြစ်မှုကျူးလွန်သူတွေ လက်နက်မချ အညံ့မခံတဲ့အခါမျိုးမှာတစ်ဖက်နဲ့ တစ်ဖက်ပြန်မတိုက်ခင်ရဲနဲ့ အပြစ်သားကြားမှာ ညှိနှိုင်းဆွေးနွေးမှုလုပ်ရတာပေါ့။ဒီလိုမှမရတဲ့အဆုံးမှာ လက်နက်သုံးတိုက်ခိုက်တဲ့အထိဖြစ်လာကြတာရဲဌာနရဲ့လုပ်ငန်းစဉ်ပါပဲ။ဒီဇာတ်လမ်းထဲမှာ ကျောဝန်ဝေ၊ရှဲ့ကျားကျွင့်၊ကျန်းရုံကျာတို့က အကျွမ်းကျင်ဆုံး ညှိနှိုင်းသူတွေဖြစ်ပြီး ရှဲ့ကျားကျွင့်ကလက်နက်မသုံးသွားပဲ တဖက်အပြစ်သားကိုလက်နက်အညံ့ခံလာအောင် လုပ်နိုင်တဲ့အထိ ညှိနှိုင်းနိုင်တဲ့အရည်အချင်းရှိသူ။ကျောဝန်ဝေကနည်းနည်းစိတ်ဆတ်သူဖြစ်ပြီး တည့်တိုးညှိနှိုင်းသည့်အဆုံးမရရင် လက်နက်သုံးတိုက်ခိုက်တဲ့အရည်အချင်းရှိသူ။ ဒီလိုနဲ့တစ်နေ့မှာရှဲ့ကျားကျွင့်အလုပ်ထွက်သွားပြီး လုပ်အားပေးအနေနဲ့လုပ်နေကာသုံးနှစ်ကြာပျောက်သွားခဲ့တယ်။ဒီသုံးနှစ်အတွင်းကျောဝန်ဝေနဲ့ကျန်းရုံကျာတို့ အတူတူအလုပ်ဆက်လုပ်ကြရင်းတစ်ဖက်မှာ ရဲဌာနလူမှုဖူလုံရေးရန်ပုံငွေ အလွဲသုံးစားမှုကိစ္စကို စုံစမ်းနေတယ်။ ဒီလိုနဲ့ကျောဝန်ဝေမွေးနေ့မှာ ကျန်းရုံကျာကသဲလွန်စရသွားပြီး နောက်တစ်နေ့ကျောဝန်ဝေကို ရန်ပုံငွေအလွဲသုံးစားလုပ်သူ မည်သူဖြစ်ကြောင်းပြောဖို့ချိန်းထားပေမဲ့ တဖက်ကတစ်လှမ်းရှေ့ရောက်ပြီး ကျန်းရုံကျာကိုသတ်သွားခဲ့တယ်။ဒီလိုနဲ့ ကျောဝန်ဝေကိုစွပ်စွဲပြီးဖမ်းဆီးစစ်ဆေးမေးမြန်းခဲ့ရာ ဘယ်လိုတွေဖြစ်လာမလဲ။ ဒီလိုအမှန်တရားကိုမြတ်နိုးပြီး အမြဲတမ်း တည့်တိုးပြောတတ်တဲ့ ကျောဝန်ဝေတစ်ယောက် ဘယ်လိုဒီအမှုကိုဖော်ထုတ်မလဲဆိုတာတော့ ဒီဇာတ်လမ်းလေးကို ဆက်လက်စောင့်မျှော်ကြည့်ရူလိုက်ရအောင် Filesize : 1.7 GB / 1 GB Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Crime Runtime : 2h  Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Ann Chi Encoded by LK  
movie

Crisis Negotiators ( 2024 )

Tales from the Occult: Ultimate Malevolence ( 2023 ) 5.9
Tales from the Occult: Ultimate Malevolence ( 2023 ) ဤဇာတ်လမ်းမှာတော့ ဇာတ်လမ်းတိုလေးသုံးခုအဖြစ် ခွဲခြားတင်ဆက်ပေးထားပြီး ရင်ခုန်စိတ်လှုပ်ရှားဖွယ်ဇာတ်လမ်း‌ကောင်းတစ်ခုပဲဖြစ်ပါတယ်ပထမအပိုင်းမှာတော့ သူငယ်ချင်းနှစ်ယောက်က ဒါရိုက်တာဖြစ်ဖို့အိမ်မက်ရှိကြပြီး တစ်နေ့မှာတစ်ယောက်က အခြားတစ်ယောက်ကို မတော်တဆသတ်မိလိုက်ပြီးတော့ သူ့အလောင်းကိုတာရှည်ခံအောင်ထားပြီး ဒီလူသတ်မှုခံစားချက်နဲ့ သူရေးထားတဲ့ဇာတ်ညွှန်းကိုအချောသတ်ခဲ့တယ် နောက်တော့သူက ဇာတ်ညွှန်းနဲ့ငွေရပြီး ဒါရိုက်တာတစ်ယောက်ဖြစ်လာခဲ့ပါတယ်ဒုတိယပိုင်းမှာတော့ မျက်လှည့်ဆရာတစ်ယောက်က သူငယ်ချင်းနဲ့ဖုန်းပြောပြီးနောက် ပျောက်ဆုံးသွားတဲ့သူငယ်ချင်းက သရဲအဖြစ်လိုက်နှောင့်ယှက်တဲ့ ဇာတ်လမ်းတစ်ခုပဲဖြစ်ပါတယ် နောက်တော့သူငယ်ချင်းသေဆုံးကြောင်းသိရှိခဲ့ရပြီး အဲဒီသူငယ်ချင်းကသူများနဲ့စကားပြောပြီးနောက် ကားပေါ်တက်သွားတာကို ပြန်လည်သတိရခဲ့တယ် ဒီလူသတ်တရားခံက ဘယ်သူလဲဆိုတာ မှတ်မိအောင်ကြိုးစားနေစဥ်မှာပဲ..............တတိယအပိုင်းမှာတော့ လူတစ်ယောက်က သင်္ဘောကျင်းကြီးတစ်ခုပေါ်မှာ နိုးလာခဲ့ပြီး ထွက်ပေါက်ရှာနေစဥ်မှာ အလောင်းတွေ သရဲတစ္ဆေတွေအပြင် သူ့ဇနီးဟောင်းကိုပါ ပြန်လည်တွေ့ရှိခဲ့တယ် သူလမ်းတစ်လျှောက်လုံးတွေ့ခဲ့တဲ့အရာတွေကို သူ့ဇနီးဟောင်းကိုပြချင်ပေမယ့်လဲ ဖြစ်လာတဲ့အရာတွေကတော့...ဒီဇာတ်လမ်းတိုသုံးမျိုးက နောက်ဆုံးမှာဘယ်လိုတွေဖြစ်သွားကြမလဲ သူတို့တွေဘယ်လိုရင်ဆိုင်ကျော်ဖြတ်မလဲဆိုတာ စောင့်မျှော်ကြည့်ရှုလိုက်ကြပါစို့ Quality : WEB-DL 1080p , 720p Format : mp4 Genres : Horror , Mystery Runtime : 1h 33 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Mary Eaint Encoded by LK
movie

Tales from the Occult: Ultimate Malevolence ( 2023 )