Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Christopher McDonald
5.6
The Skulls (2000)
The Skulls (2000)IMDb Rating (5.6) / Rotten Tomatoes (9%) ၂၀၀၀ ပြည့်နှစ်မှာ ထွက်ရှိခဲ့တဲ့ ဒီရုပ်ရှင်က အမေရိကန် အိုင်ဗီလိဂ် တက္ကသိုလ်တွေရဲ့ အထူးလျှို့ဝှက်အဖွဲ့အစည်းတစ်ခု အကြောင်းနဲ့ အဲဒီအဖွဲ့မှာ ပါဝင်ပတ်သက်မိတဲ့ ကျောင်းသားတစ်ဦး အကြောင်းကို တင်ဆက်ထားတာဖြစ်ပါတယ်။Fast and Furious ဇာတ်ကားတွေရဲ့ သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ Paul Walker နဲ့ Joshua Jackson တို့က အဓိကပါဝင်ထားပါတယ်။ဇာတ်လမ်းအကျဥ်းကတော့ Luke ဟာ ဆင်းရဲနွမ်းပါးပေမဲ့ ထူးချွန်တဲ့ ကောလိပ်ကျောင်းသားတစ်ဦးဖြစ်ပြီး အိုင်ဗီလိဂ်လို့ခေါ်တဲ့ အမေရိက အရှေ့မြောက်ပိုင်းက ထိပ်သီးတက္ကသိုလ်ရှစ်ခုထဲက တစ်ခုမှာ တက်ရောက်နေသူဖြစ်ပါတယ်။ကြီးလေးတဲ့ ကျောင်းစရိတ်အတွက် စကောလားရှစ်တွေနဲ့ အချိန်ပိုင်းအလုပ်တွေကို လုပ်ကိုင်ပြီး ရုန်းကန်နေရသူဖြစ်ပါတယ်။ တစ်ညမှာတော့ Luke ကို Skulls လို့ခေါ်တဲ့ လျှို့ဝှက်အဖွဲ့အစည်းတစ်ခုက အသင်းဝင်အဖြစ် ကမ်းလှမ်းလာပါတယ်။Skulls အဖွဲ့အစည်းက တက္ကသိုလ်ကျောင်းသားတွေကြားမှာ ဒဏ္ဍာရီလိုလို ...
movie
The Skulls (2000)
2000
4.2
Deep Murder 2019
(18+warrning)မိသားစုဝင်များ ကလေးသူငယ်များနဲ့ကြည့်ရှူရန်မသင့်တော်သော စကားလုံးအသုံးအနှုန်းများ ဝတ်လစ်စလစ်အခန်းများ သွေးထွက်သံယို ဇာတ်ဝင်ခန်းများပါဝင်ပါတယ် (၂၀၁၉)ထုတ် Horror Comedyဇာတ်ကားလေးပါ ဇာတ်လမ်းလေးကတော့ ဟုချ်ဒန်ဂလာဆိုတဲ့ကြောင်တောင်တောင်ကောင်လေး မကြာမီကောလိပ်တက်ရတော့မည်ဖြစ်သော်လည်း လူပျိုရည်မပျက်သေးသောကြောင့် ကောလိပ်မှာ ဝိုင်းလှောင်မှာစိုးရိမ်နေရကြောင်းသူ့သူငယ်ချင်း ဂျေ့နဲ့တိုင်ပင်ပါတယ် ဂျေ့ကလည်း သူတို့အိမ်က ကလေးထိန်းမလေးနဲ့ဘယ်လိုလုပ်ရမယ်ဆိုတာ သင်ကြားပြပါတယ် တစ်ချိန်ထဲမှာပဲ သူ့အမေကလဲ သူ့အဖေရဲ့ညီဖြစ်သူ ဒေါ့နဲ့အပေါ်ထပ်မှာဖောက်ပြန်နေပါတယ် ထိုအချိန်မှာ အိမ်ရှေ့ကတံခါးခေါက်သံကြောင့် ဟုချ်တစ်ယောက် သွားကြည့်ရာကနေ ဘန်နီဗန်ကလစ်ဆိုတဲ့ သိပ္ပပညာရှင်တစ်ယောက်နဲ့ဆုံပါတယ် ဘန်နီက မုန်တိုင်းအကြောင်းသတင်းလာပေးရာမှဟုချ်ကဖိတ်ခေါ်လို့အိမ်ထဲရောက်လာခဲ့ပါတယ် အဲ့လိုဖြစ်ပျက်နေတဲ့အချိန်မှာပဲ သူ့ဦးလေးဒေါ့ကအသတ်ခံရပါတော့တယ် သူ့ဦးလေးဒေါ့ကို ဘယ်သူသတ်လဲအဖြေရှာကြရင်း လူသတ်သမားနဲ့သူတို့ ဘယ်လိုတွေရင်ဆိုင်ကြရမလဲကတော့ ဇာတ်လမ်းထဲမှာကြည့်ရှုပေးပါဦး File Size : 1GB and 500mb Quality : webrip 1080p/720p Format…mp4 Duration…1hr25min Genre : Comedy, Horror Subtitle : Myanmar Subtitle (Hard Sub) Translated by T Lone Encoded by Littleneo
movie
Deep Murder 2019
6.2
Mad Money (2008)
ဒီတခါတော့ အဟောင်းပေမယ့်ကောင်းနေသေးတဲ့ ဟာသဇာတ်မြူးကားလေး တစ်ခုကို တင်ဆက်ပေးလိုက်ပါပြီ. Imdb 5.8ရထားပြီး Comedy/Heistဆိုတော့ လူတိုင်းကြိုက်ကြမယ့် ကားလေးပေါ့ဗျာ. ဇာတ်လမ်းအကျဉ်းကတော့ ဘရစ်ဂတ်ရဲ့ခင်ပွန်း ဒွန်ဟာ နှစ်ပေါင်းများစွာ လုပ်ခဲ့တဲ့ အလုပ်ကနေ ပြုတ်သွားတာကြောင့် တသက်လုံး အေးဆေးနေခဲ့တဲ့ ဘရစ်ဂတ်တို့မိသားစုဟာ ဒုက္ခရောက်တာပေါ့ဗျာ. ခင်ပွန်းဒွန်ကလဲ အလုပ်ပြုတ်ပြီး စိတ်ဓာတ်တွေ တဖြုတ်ဖြုတ်ကျတာကြောင့် ဘာမှမလုပ်နိုင်ဖြစ်ပြီး စီးပွားရေးအခြေအနေက ပို ဆိုးလာခဲ့ပါတယ်. ဘယ်လောက်တောင် ဆိုးလဲဆို သူတို့အိမ်ဖော်ကိုတောင် လခမပေးနိုင်လို့ အကြွေးတောင်းခံရတဲ့ထိပါပဲ. ကံကောင်းချင်တော့ အဲ့ဒီအိမ်ဖော်မလေးကပဲ ဘရစ်ဂျတ်ကို အလုပ်တစ်ခုလုပ်ဖို့ အကြံပေးခဲ့ပါတယ်. အဲ့ဒီအလုပ်ကတော့ ဘဏ်မှာ သန့်ရှင်းရေးလုပ်တာပါပဲ. ဘရစ်ဂျတ်ကလဲ ငွေလိုနေတာဆိုတော့ ဝင်လုပ်တာပေါ့ဗျာ. ဝင်လုပ်ရင်းနဲ့ ပဲ ဘဏ်ရဲ့ဟာကွက်တချို့ကို တွေ့ပြီး အဲ့ဒီကနေ ငွေရပေါက်အကြီးကြီးဖြစ်သွားတာပေါ့. ဒါပေမယ့် သူတစ်ယောက်တည်းလုပ်ဖို့ကျ အဆင်မပြေတာကြောင့် ဘဝတူ ဘဏ်ဝန်ထမ်းအဖော်နှစ်ယောက်စုပြီး သုံးယောက်ပေါင်းကာ ကွက်ကျော်ရိုက်ကြပါတယ်. သူတို့ရဲ့ ငွေရပေါက်ဟာ တရားမဝင်တော့ လူအင်အားပိုလိုလာလို့ လူစုရင်းနဲ့ အုပ်စုတစ်ခုလိုဖြစ်ပြီး အတူတူ ကွက်ကျော်ရိုက်ကြရင်း အလွဲတွေဖြစ်ပြီး တိုင်ပတ်တာကို ရိုက်ပြထားတဲ့ ဟာသဇာတ်မြူးလေးပေါ့ဗျာ. ဒီဇာတ်လမ်းကိုကြည့်ရင် ဘဝအမောတွေ ကျိန်းသေပြေစေမှာမလို့ ကြည့်ဖြစ်အောင် ကြည့်လိုက်ကြပါဦးဗျာ File Size - 1.1 gb Quality - bluray 1080p Subtitle - burmese Translator - YK Encoder - ...
movie
Mad Money (2008)
2008
5.3
Flubber (1997)
Flubber (1997)============IMDb Rating - 5.3/10#Unicodeဒီဇာတ်ကားလေးကို ကျွန်တော်တို့ ငယ်ငယ်က တစ်နည်းနည်းနဲ့ ကြည့်ဖူးခဲ့ကြပါလိမ့်မယ်ထင်ပါတယ်။မကြည့်ရသေးရင် ပြန်ကြည့်ဖို့တိုက်တွန်းချင်ပါတယ်။ Disney ရဲ့ Back to 90's Live action ကားဟောင်းလေးပဲဖြစ်ပါတယ်။ ဟာသမင်းသားကြီး ရော်ဘင် ဝီလီလျံက ဒီဇာတ်ကားတစ်ခုလုံးမှာ အဓိကပါ၀င်ထားပါတယ်။ ဇာတ်လမ်း အညွှန်းလေးက မစ်ဒ်ဖီးလ် ကောလိပ်က ဓာတုဗေဒ ပါမောက္ခ ဖိလစ်ဘရိန်းနက်ဟာ ကောလိပ်ကိုရပ်တည်နိုင်ဖို့ ရုန်းကန်နေရတဲ့သူဖြစ်ပါတယ်။ ကောလိပ်ရဲ့ ဥက္ကဌဖြစ်သူဆာရာ နဲ့ အကြိမ်ကြိမ်လက်ထပ်ဖို့ ကြိုးစားပေမဲ့ ဘရိန်းနက်ရဲ့ မေ့လျော့ပေါ့ဆမှုတွေကြောင့် မအောင်မြင်သေးပါဘူး။ တစ်ဖက်မှာလည်း ဖိလစ်ဟာ သူ့ရဲ့ စမ်းသပ်ချက်တွေကနေ သက်ရှိဇီ၀ ဖလူဘာလို့ခေါ်တဲ့ရောဘာကောင်လေးကို ရှာဖွေတွေ့ရှိသွားတဲ့အခါမှာ ဘာတွေဆက်ဖြစ်သွားမလဲ၊ ကောလိပ်ကိုကော ဘယ်လိုအကျိုးရှိရှိလုပ်ပေးသွားသလဲ၊ ချစ်ရသူ ဆာရာနဲ့ကော ရွှေလက်တွဲသွားနိုင်ပါ့မလားဆိုတာကိုတော့ပရိတ်သတ်ကြီး ဆက်လက်ခံစားကြည့်ရှုလိုက်ပါခင်ဗျာ။ Comedy, Family, Sci-Fi ကားလေးဖြစ်ပြီးကလေးတွေအတွက် Entertain ဖြစ်စေပြီး ...
movie
Flubber (1997)
1997
3.7
Backtrace (2018)
Backtrace ဆိုတဲ့အက်ရှင်ကားလေးကို စရေးတုန်းကပျင်းဖို့ကောင်းမယ်လို့တွေးထားခဲ့မိတယ်။ဘာလို့ဆိုတော့ စတားလုံးဇာတ်ကားတွေက များသောအားဖြင့်bcoz i'm stallone ဆိုတဲ့ပုံစံတွေ များလို့ပါ။ဒါပေမယ့် ဒီကားလေးကတော့ ရေးနေရင်းနဲ့ကို ခဏရပ်ပြီးဘာကြောင့်လဲဆိုတာ သိချင်လို့ ဆက်ကြည့်မိတဲ့ကားတစ်ကားပါ။လှည့်ကွက်လေးတွေပါတာကိုကြိုက်တဲ့ ရုပ်ရှင်ချစ်သူတွေအကြိုက်တွေ့စေမယ့်ကားတစ်ကားပေါ့။ဇာတ်လမ်းကတော့ ဘဏ်တစ်ဘဏ်ကို ဓားပြတိုက်လာခဲ့ကြတဲ့ လူသုံးယောက်မှာနှစ်ယောက်ကသေဆုံးခဲ့ပြီး ကျန်တဲ့တစ်ယောက်က သေနတ်ဒဏ်ရာကြောင့် မှတ်ဥာဏ်တွေ ပျောက်ဆုံးသွားခဲ့တယ်။ဒါပေမယ့် သူ့မှတ်ဥာဏ်တွေ မပျောက်ဆုံးခင်မှာ ငွေတွေကို ဖွက်ထားခဲ့ပြီးခုနှစ်နှစ်ကြာတဲ့အချိန်မှာ လူတစ်စုက အစောင့်အကြပ်တွေကြားကသူ့ကိုကယ်ထုတ်ပြီး ပိုက်ဆံတွေကိုပြန်ရှာတဲ့အကြောင်းဇာတ်လမ်းဆင်ထားတာ ဖြစ်ပါတယ်။အေးမယ်လို့ ထင်ရပေမယ့် စတားလုံးရဲ့ စူပါဟီးရိုးဆန်တဲ့အခန်းတစ်ချို့ကလွဲရင် တစ်ကားလုံးစိတ်ဝင်စားစရာ ပြည့်နှက်နေတဲ့ ကားကောင်းတစ်ကား ဖြစ်ပါတယ်။အားပေးကြပါဦးဗျာ... File Size : (820 MB) and (285MB)Quality : ...
movie
Backtrace (2018)
2015
4.3
Fair Game (1995)
movie
Fair Game (1995)
1995