Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Choi Gwi-hwa
7.2
The Outlaws (2017)
The Outlaws (2017)IMDb Rating (7.2)/ Rotten Tomatoes (91%)နာမည်ကြီးမင်းသားတွေဖြစ်ကြတဲ့ (မာဒုံဆော့) Ma Dong-Seok နဲ့ Yoon Kye-sang, Jo Jae-yoon စတဲ့ အက်ရှင်မင်းသားတွေပါဝင်သရုပ်ဆောင်ထားပြီး ဇာတ်လမ်းကိုတော့ ၂၀၀၄ ခုနှစ် ကိုရီးယားနိုင်ငံ ဆိုးလ်မြို့က ရပ်ကွက်တစ်ခုမှာဖြစ်ပွားတဲ့ လူဆိုးဂိုဏ်းတွေရဲ့ ရာဇဝတ်မှုတွေကိုအခြေခံရိုက်ကူးထားပါတယ်The Outlaws တဲ့ ..မြန်မာလိုဆိုရင်တော့ဝရမ်းပြေးတွေပေါ့ဗျာ…ဇာတ်လမ်းကို ဟာဂျီဝန်ဆိုတဲ့ ဆိုးလ်မြို့က ရပ်ကွက်လေးတစ်ခုရဲ့စျေးထဲမှာဖြစ်တဲ့လူမိုက်တွေရဲ့ရန်ပွဲလေးတစ်ခုနဲ့အစပြုထားပါတယ်… ဒီဒေသတစ်ဝိုက်ကိုတာဝန်ယူရတာက ရဲစုံထောက်မားနဲ့အဖွဲ့ဖြစ်ပြီး အနားတစ်ဝိုက်ကလူမိုက်တွေက စုံထောက်မားကို ချစ်ခင်လေးစားကြပုံ… နောက်တော့ တခြားနယ်က လူမိုက်တွေရောက်လာပြီး လူသတ်နှိပ်စက်မှုတွေကြောင့် ရဲနဲ့ လူမိုက်တွေရဲ့အသည်းအေးဖွယ်ရာယှဉ်ပြိုင်မှုတွေကို အမိုက်စားခပ်ကြမ်းကြမ်းကြည့်ရှုကြရမှာပါ။ File size…(2 GB )/ (1 GB) Quality…BluRay Remux 1080p HEVC / 720p Format…mkv/mp4 Duration….02:01:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Zuel Khant Twin
movie
The Outlaws (2017)
2017
7.3
The Net (2016)
The Net (2016)~ IMDb - 7.3/10, Rotten Tomatoes - 83% ~ကင်ကီဒွပ်ဟာ ကိုရီးယားဒါရိုက်တာတွေထဲ လူ့ဘောင်အပြင်ဘက်ကဘဝလို့ ပြောရမယ့် ဘဝအကြောင်းတွေကို တစ်မူထူးခြားစွာ ရိုက်တတ်တဲ့သူဖြစ်ပြီး သူ့ရုပ်ရှင်တွေဟာလည်း ကြည့်ရှုသူကို ဒီအခြေအနေ ဒီဘဝတွေနဲ့ပတ်သက်ပြီး မေးခွန်းထုတ်နေတာမျိုးတွေ များပါတယ်။ ဒီတစ်ခါမှာတော့ ကင်ကီဒွပ်ဟာ မြောက်ကိုရီးယား တံငါသည်တစ်ယောက်အကြောင်းကို ရိုးရိုးရှင်းရှင်းပဲ ရိုက်ပြသွားတယ်။ တံငါသည်အကြောင်း ဒီရုပ်ရှင်ဟာ ပင်လယ်လိုပဲ ရိုးရှင်းသလိုထင်ရပေမဲ့ ကျယ်ပြန့်တဲ့ ရုပ်ရှင်ပါပဲ။မြောက်ကိုရီးယားက တံငါသည်တစ်ယောက် ငါးမျှားရင်း ပိုက်ကွန်ငြိလို့ မော်တာပျက်သွားပြီး တောင်ကိုရီးယားဘက်ထဲ မျောလာခဲ့တယ်။ တောင်ကိုရီးယားက အမျိုးသားထောက်လှမ်းရေးက သူ့ကို သူလျှိုဟုတ်မဟုတ် စစ်ဆေးတယ်။ သူကတော့ မြောက်ကိုရီးယားက သစ္စာဖောက်လို့ပြောမှာကြောက်လို့ တောင်ကိုရီးယားက မြင်ကွင်းတွေကို မကြည့်ဘဲ မျက်စိမှိတ်ပြီးပဲ လိုက်လာခဲ့တယ်။ ဒီလိုနဲ့ မြောက်ကိုရီးယားတွေကို သိပ်မုန်းတဲ့ တောင်ကိုရီးယား စစ်ဆေးရေးအရာရှိ ပယ်ပယ်နယ်နယ် ...
movie
The Net (2016)
2016
7.9
A Taxi Driver (2017)
A Taxi Driver (2017)IMDb - 7.9/10_____Rotten - 96% IMDb Rating 7.9Rotten Tomattoes 94% အထိ ရထားတဲ့ တောင်ကိုရီးယားရဲ့သမိုင်းဝင် ဒီမိုကရေစီအသွင် ကူးပြောင်းရေးအတွက် အရမ်း အရေးပါတဲ့ ဖြစ်ရပ်မှန် ဇာတ်ကားကောင်းလေးပါ။သမိုင်းဝင်ဖြစ်ရပ်မှန် ဇာတ်လမ်းမို့ ကိုးရီးယားမှာ သမ္မတကိုယ်တိုင် လာရောက်ကြည့်ရှုအားပေးခဲ့သလို ကိုးရီးယားလူဦးရေရဲ့ ၅ပုံ၁ပုံလောက်ကို ရုပ်ရှင်ရုံမှာ လာရောက်အားပေးလို့ ရုံတင်ချိန် အကြာဆုံး ဇာတ်ကားလေးဖြစ်ခဲ့ပါတယ်။ဒီကားအကြောင်းမပြောခင် ကိုးရီးယားသမိုင်းကြောင်းလေး အနည်းငယ် ပြောပြချင်ပါတယ်။ဂျပန်လက်အောက်က လွတ်လပ်ရေးရပြီး 16 နှစ်တိုင်တိုင် စစ်အုပ်ချုပ်ရေးနဲ့ အုပ်ချုပ်ခဲ့တယ်။၁၉၇၉ အောက်တိုဘာမှာ အရင်သမ္မတ လုပ်ကြံပြီးဒီဇင်ဘာမှာ စစ်တပ်ကပဲ စစ်အာဏာသိမ်းလိုက်ပါတယ်။ဒီနောက်ပိုင်း နိုင်ငံရေးသမားတွေ တက္ကသိုလ်ကျောင်းသားတွေနဲ့ နိုင်ငံသူနိုင်ငံသားတွေ တဖြည်းဖြည်းနဲ့ ဒီမိုကရေစီ အုပ်ချုပ်ရေးပေးဖို့ လှုပ်ရှားဆန္ဒပြလာကြလာကြလို့ အခြေအနေတင်းမာလာလို့ Martial law ပြဌာန်းပြီး အကြမ်းဖက်နှိမ်နှင်းခဲ့သလို တက္ကသိုလ်ကျောင်းတွေ ယာယီပိတ်ထားလိုက်ပါတယ်။သတင်းတွေလည်း အမှောင်ချထားလိုက်ပါတယ်။ကျန်တဲ့မြို့တွေ ...
movie
A Taxi Driver (2017)
2017
6.5
Jesters: The Game Changers(2019)
Jesters: The Game Changers(2019)ဒီတစ်ခေါက်မှာလည်း Historical တစ်ကား ထပ်မံ တင်ဆက်ပေးလိုက်ပါတယ်...ပုံမှန်ကြည့်နေကျ နန်းတွင်းဇာတ်လမ်းတွေနဲ့တော့ နည်းနည်းကွဲထွက်ပြီး ဇာတ်လမ်းလေးဆန်းပါတယ်....... ဂျိုဆွန်းခေတ် ဘုရင်ဆယ်ဂျို လက်ထက်မှာတော့ သမိုင်းမှတ်တမ်းတွေကို အမှန်တိုင်း မဖြစ်အောင် လိမ်လည်ဖို့ ကြံစည်ခဲ့ကြပါတယ်..ဘုရင် ဆယ်ဂျိုဟာ သစ္စာဖောက် အမတ်တွေနဲ့ အတူ အစ်ကိုနဲ့ တူတော်ဘုရင်ငယ်လေးကို သတ်ပြီး နန်းတက်ခဲ့ပါတယ်...ပြည်သူတွေကလည်း ပုန်ကန်ပြီး ဘုရင်ဖြစ်လာတဲ့ ဘုရင်ဆယ်ဂျိုကို အသိမှတ်မပြုခဲ့ကြပါဘူး ...အဲ့နောက် ၁၀ နှစ်အကြာ ဆယ်ဂျိုဘုရင်မှာ အနာကြီးရောဂါတွေဖြစ်လာခဲ့တယ် ...ဘုရင်ဟာ နတ်ရွာစံကာနီးကျမှ သမိုင်းမှာ ဘုရင်ဆိုးအဖြစ် မှတ်တမ်းတင်ခံရမှာကိုကြောက်လာခဲ့တယ်...ဒါကြောင့် အမတ်ချုပ်က စျေးတွေမှာ ပုံပြော ဇာတ်ကပြီး ဖျော်ဖြေတဲ့ လူရွှင်တော် အဖွဲ့ကိုငှားပြီး ဘုရင်ကို ပြည်သူတွေ အမြင်ကြည်ဖို့ဇာတ်လမ်းမျိုးစုံထွင်ပါတော့တယ်...ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ခံစားကြည့်ကြပါဉီး...ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Han Thu Aye ပဲဖြစ်ပါတယ်....File Size : (900 MB) and ...
movie
Jesters: The Game Changers(2019)
5.4
Long Live the King ( 2019 )
Zawgyi*******ဒီတစ်ခါတင်ဆက်ပေးမယ့်ကားလေးကတော့ ခေးတို့ရဲ့ဦးကင်ရေဝန်ရဲ့ကားလေးပါ ဒီကားထဲမှာဆိုရင် ခေးတို့ရဲ့ဦးကခပ်မိုက်မိုက်လူမိုက်ခေါင်းဆောင်နေရာကနေသရုပ်ဆောင်ထားပါတယ်ဆိုးမိုက်ပြီးမကောင်းတာမှန်သမျှလုပ်တဲ့လူဆိုးတစ်ယောက်ဟာအချစ်နဲ့တွေ့တဲ့အခါပြောင်းလဲသွားတယ်ဆိုတာဒီကားထဲမှာအတိအကျကြီးပြောပြထားတာပါ လူဆိုးလူမိုက်ကင်ဆယ်ချောတစ်ယောက်ကင်ဆိုဟွန်ဆိုတဲ့ရှေ့နေမလေးကိုမြင်မြင်ချင်းချစ်မိတဲ့နောက်သူ့ဘဝကိုပြောင်းလဲဖို့ကြိုးစားရာကနေ ဘာတွေဖြစ်လာမလဲဆိုတာစိတ်ဝင်တစားကြည့်ရမှာပါကဲဒီလိုပြောလိုက်လို့အချစ်ကားကြီးလားလို့တော့မထင်လိုက်နဲ့နော်လှည့်ကွက်တွေပြည့်နေတဲ့နိုင်ငံရေးအကြောင်းကိုစိတ်ဝင်စားဖို့ကောင်းအောင်ရိုက်ထားတာမို့ တကယ်ကြည့်သင့်တဲ့ကားကောင်းတစ်ကားပါဦးရဲ့ဖန်တွေတော့သဘောကျမှာအမှန်ဖြစ်တာကြောင့်ဆက်ဆက်ကြည့်ရှုကြဖို့ တိုက်တွန်းလိုက်ပါတယ်နော် Unicode*******ဒီတစ်ခါတင်ဆက်ပေးမယ့်ကားလေးကတော့ ခေးတို့ရဲ့ဦးကင်ရေဝန်ရဲ့ကားလေးပါ ဒီကားထဲမှာဆိုရင် ခေးတို့ရဲ့ဦးကခပ်မိုက်မိုက်လူမိုက်ခေါင်းဆောင်နေရာကနေသရုပ်ဆောင်ထားပါတယ်ဆိုးမိုက်ပြီးမကောင်းတာမှန်သမျှလုပ်တဲ့လူဆိုးတစ်ယောက်ဟာအချစ်နဲ့တွေ့တဲ့အခါပြောင်းလဲသွားတယ်ဆိုတာဒီကားထဲမှာအတိအကျကြီးပြောပြထားတာပါ လူဆိုးလူမိုက်ကင်ဆယ်ချောတစ်ယောက်ကင်ဆိုဟွန်ဆိုတဲ့ရှေ့နေမလေးကိုမြင်မြင်ချင်းချစ်မိတဲ့နောက်သူ့ဘဝကိုပြောင်းလဲဖို့ကြိုးစားရာကနေ ဘာတွေဖြစ်လာမလဲဆိုတာစိတ်ဝင်တစားကြည့်ရမှာပါကဲဒီလိုပြောလိုက်လို့အချစ်ကားကြီးလားလို့တော့မထင်လိုက်နဲ့နော်လှည့်ကွက်တွေပြည့်နေတဲ့နိုင်ငံရေးအကြောင်းကိုစိတ်ဝင်စားဖို့ကောင်းအောင်ရိုက်ထားတာမို့ တကယ်ကြည့်သင့်တဲ့ကားကောင်းတစ်ကားပါဦးရဲ့ဖန်တွေတော့သဘောကျမှာအမှန်ဖြစ်တာကြောင့်ဆက်ဆက်ကြည့်ရှုကြဖို့ တိုက်တွန်းလိုက်ပါတယ်နော် Translated & Review By XiaoEncoded By LK
movie
Long Live the King ( 2019 )
2019
7.4
Way Back Home (2013)
ဒီဇာတ်ကားအကြောင်းကိုမပြောခင် ဒီကားဟာ ရုပ်ရှင်ဆု ၂ဆုနဲ့ အမျိုးသမီးဇာတ်ဆောင်ဆု ၁ ဆုရထားတယ်လို့ပြောပြထားပါရစေ ဆန်ကာတင်တွေလဲအကြိမ်ကြိမ်ဝင်ထားတဲ့ကားလေးပါ ပြီးတော့ ဒါက ကိုရီးယားက ဖြစ်ရပ်မှန်ဇာတ်လမ်းကို ပြန်ရိုက်တဲ့ ကားတွေထဲကတစ်ကားပဲဖြစ်ပါတယ် ကြိုပြီးသတိပေးချင်တာကတော့ ဇာတ်လမ်းကိုနစ်မြောပြီးကြည့်တတ်သူဆိုရင် ဇာတ်လမ်းပြီးသွားရင်တောင် ရင်ထဲကမထုတ်နိုင်ဖြစ်နေမယ့်ကားမျိုးပါလို့ ဒီဇာတ်ကားကိုကြည့်ရင်း မြန်မာနိုင်ငံနဲ့ယှဉ်ပြီးတော့ တူညီနေတဲ့အဖြစ်အပျက်တွေကိုမြင်ရတဲ့အခါ ပိုပြီးရင်နာရပါတယ် သူတို့နိုင်ငံမှာ မမှန်ကန်တဲ့အရာတွေကို ပြည်သူတွေတစ်သားတည်းရပ်တည်ပြီးတော့ ဖေါ်ထုတ်ကူညီပေးတဲ့အခါ ဘယ်သူမှ ငါစွဲတစ်ခုနဲ့ကြာကြာဆက်မရပ်တည်နိုင်ပဲ အမှန်တရားကို ချပြပေးရပါတယ် ကိုယ်တွေမြန်မာနိုင်ငံမှာတော့ ပြည်သူတွေကလဲ တစ်သားတည်းမရှိသလို တစ်သားတည်းရပ်တည်ရင်တောင်မှ ဘာမှမဖြစ်လာတာတွေသိနေရလို့ပေါ့ ထားပါတော့ ဇာတ်လမ်းကိုသွားရအောင် သမီးလေးရယ်မိန်းမရယ်ယောင်္ကျားရယ် သာသာယာယာလေးနေနေတဲ့ဘ၀ထဲကို အကြွေးတွေလေတိုက်သလိုရောက်လာပြီးတော့ ဘ၀ပျက်မလိုဖြစ်တဲ့အခါ မိန်းမလုပ်တဲ့သူဟာ ယောင်္ကျားလုပ်တဲ့သူရဲ့အခက်အခဲကို တစ်နိုင်တစ်ပိုင်လေးဝင်ထမ်းချင်ခဲ့ရုံပါ သူရလိုက်တာကတော့ သူတစ်ခါမှခြေမချဖူးတဲ့နိုင်ငံမှာ ပြစ်မှုကြီးနဲ့ထောင်ဒါဏ်တဲ့လေ သူတို့လင်မယား၂ယောက်ရဲ့ အထိန်းအမှတ်နေ့လေးမှာ အရောက်သွားဖို့တိုင်ပင်ထားတဲ့နေရာမှာ ထောင်ချခဲ့ထားရတဲ့မိန်းမတစ်ယောက်ရဲ့အထီးကျန်မှုနဲ့ ၀မ်းနည်းခြောက်ခြားရမှုတွေကို စာနဲ့ဖေါ်ပြလို့ မရနိုင်လောက်ပါဘူး ကံဆိုးမသွားရာမိုးလိုက်လို့ရွာမဟုတ်ပဲ မိန်းမထောင်ထဲမှာတောင် မတော်မတရားကျင့်ခံရသေးတာ ကိုယ့်လူမျိုးယုတ်တာခံလိုက်ရ သူများလူမျိုးယုတ်တာခံလိုက်ရနဲ့ သတ်သေဖို့ထိတောင်တွေးမိပေမယ့် သမီးလေးတစ်မျက်နှာနဲ့ရှေ့ဆက်ခဲ့ရတဲ့မိန်းမတစ်ယောက် နောက်ဆုံးဘယ်လိုနေရာထိအရောက်သွားနိုင်လဲဆိုတာသိချင်ရင်တော့ ဒေါင်းကြည့်လိုက်ပါ အညွှန်းနဲ့ ဘာသာပြန်တင်ဆက်ပေးသူကတော့ ThinZar Htet ပါ XCode မှ တင်ဆက်ပေးထားပါတယ်
movie
Way Back Home (2013)
2013
6.0
The Soul-Mate(2018)
The Soul-Mate(2018) ဒီကားရဲ့ အဓိက ခေါင်းဆောင်မင်းသားဖြစ်တဲ့ Dong-seok Maကိုတော့ ကျွန်တော်တို့မြန်မာပရိတ်သတ်တွေ အကြိုက်ဖြစ်ခဲ့တဲ့ Along with the Gods, Unstoppable ,The Outlaws စတဲ့ နာမည်ကြီးကားတွေမှာရင်းနှီးပြီးသားမို့ ထွေထွေထူးထူးမိတ်ဆက်ပေးစရာမလိုဘူးထင်ပါတယ်.... တခြားသူတွေမျက်လုံးပေါက်ကိုမှေးကျဉ်းလိုက်ပြီး မျက်နှာကြီးရှုံထားရင် ထိတ်လန့်စရာကောင်းနေပေမယ့် ဒီမင်းသားကြီးအဲ့လိုအမူအရာလုပ်ရင် ရိုးသားပြီးချစ်စရာကောင်းနေတာကလည်း အံသြစရာပင်... သူ့ရဲ့မွေးရာပါ မျက်နှာကပင် အဲ့လိုပဲလားမသိပေ... The Soul-Mate ဇာတ်ကားထဲမှာတော့ ဂျူဒိုဆရာတစ်အဖြစ်သရုပ်ဆောင်ထားပြီး သူ့မှာ နှလုံးအားနည်းရောဂါရှိတဲ့ သမီးလေးတစ်ယောက်လည်းရှိပါတယ်... တစ်နေ့သူရဲ့ ကားကိုရဲက သိမ်းသွားတော့ ယူသွားတဲ့ရဲနောက်ကိုလိုက်ခဲ့ပါတယ်.. အဲ့ဒီအခါမှာ ရဲရော သူရောကို ဒုစရိုက်သမားတွေက သေလောက်အောင်ရိုက်သွားပါတယ်... တကယ်တော့ ရဲနဲ့ ဂျူဒိုဆရာတို့ဟာ တကယ့်ပြသနာတောကြီးထဲကိုရောက်ရှိသွားတာပါ... ကဲ သူတို့ ဘယ်လိုပြသနာတောကြီးထဲကိုရောက်သွားတာလဲ..... အရိုက်ခံရပြီးဆေးရုံပေါ်ရောက်ပြီးတဲ့နောက် ဘာတွေဆက်ဖြစ်နေမလဲ... ဒုစရိုက်ဂိုဏ်းနဲ့ရော ဘယ်လိုတွေဆက်ဖြစ်မလဲ...နောက်ကွယ်က ဘယ်သူတွေရှိနေမလဲ...ဆိုတာကိုတော့ ခံစားကြည့်လိုက်ပါဦး...ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ May Phyu Zaw ပဲဖြစ်ပါတယ်.... File Size : (850 MB) and (353 MB) Quality : Blu-Ray 720p Format…mp4 Duration…01:37:00 Genre : Comedy, Fantasy Subtitle : Myanmar ...
movie
The Soul-Mate(2018)
2018