Channel Myanmar

Chloe Xiang

Suffocating Love ( 2024 ) 6.2
Suffocating Love ( 2024 ) ဒီနေ့မှာတော့ ထိုင်ဝမ်ဇာတ်ကားကောင်းလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်.... "ကြေကွဲလွယ်တဲ့ငါ့ရဲ့ အစိတ်အပိုင်းတစ်စချင်းစီကို ချစ်ရတဲ့ နင် ပင်ပန်းမှာပဲ" ဆိုတဲ့ စကားလေးအတိုင်းပါပဲ... အချစ်နဲ့ပတ်သက်တဲ့အခါမှာ လူတစ်ယောက်နဲ့ တစ်ယောက် အကြိုက်မတူ... ဗီဇမတူ... ခံယူချက်ချင်းမတူ.. အမြင်တွေမတူကြတဲ့အခါမှာတော့... ချစ်စခင်စမှာတော့ တွယ်တာမြတ်နိုးပြီး အပြန်အလှန် နားလည်ပေးနိုင်သလောက်... တဖြည်းဖြည်း အနေကြာလာရင် ပိုချစ်ရတဲ့သူက ပိုပြီး ခံစားရတတ်ပါတယ်.... ဒီကားလေးထဲက ဇာတ်လိုက်မင်းသားလည်း ဒီလိုပါပဲ...သဘာဝတရားကြီးကို မြတ်နိုးတဲ့ သက်သတ်လွတ်ပဲစားတဲ့ ပိုင်ကျားချီဆိုတဲ့ ကောင်မလေးကို ချစ်တုန်းက... သူအရမ်းကြိုက်လွန်းတဲ့ ကြက်သား ဝက်သားတွေကို စတေးနိုင်ခဲ့တယ်... သူမကြိုက်တဲ့ စာအုပ်တွေကို ဖတ်လာပြီး... ပိုင်ကျားချီနဲ့အတူ ဘုရားကျောင်းတက်ဖို့ထိကိုလည်း ဝန်မလေးခဲ့ဘူး... ဒါပေမယ့်လည်း... တဖြည်းဖြည်း ကြာလာတော့ ပိုင်ကျားချီတောင်းဆိုတာတွေက သူ့အတွက် ဖိအားတွေဖြစ်လာပြီး... ဖိအားပြေလျော့ဖို့အတွက် ကျောင်းနေဖက်ဟောင်း လင်အန်းရွှမ်နဲ့ ဖောက်ပြန်တဲ့ အဆင့်ထိဖြစ်လာတော့တယ်...သိတဲ့အတိုင်းပဲ ခြံခုန်တဲ့နွားဆိုတာက စည်းဘယ်လောက်ပဲ တားထားပါစေ ခြံပြင်မရောက်ရောက်အောင် ခုန်ထွက်တဲ့အမျိုး... ဒါပေမယ့် ပိုင်ကျားချီကို အသိမပေးဘဲတွဲလာပြီး... နောက်ဆုံး အသိပေးလမ်းခွဲဖို့လုပ်တဲ့နေ့မှာတော့.... မင်းသားဘဝမှာ မယုံကြည်နိုင်လောက်တဲ့ ကိစ္စတစ်ခုနဲ့ ကြုံတွေ့ပြီးတော့...သူဟာ မျဉ်းပြိုင်လောကမှာ နောက်အမျိုးသမီးတစ်ယောက်ရဲ့ ရည်းစားအဖြစ် နိုးထလာခဲ့ပါတယ်... ကဲ ဒီအချစ်ဝင်္ကပါထဲက သူရုန်းထွက်နိုင်မှာလား... နောက်ပြီး ဘာလို့ မျဉ်းပြိုင်လောကကို ရောက်သွားတာလဲ.... နောက်ပြီး ...
movie

Suffocating Love ( 2024 )

Workers The Movie ( 2023 ) 5.9
Workers The Movie ( 2023 ) ထိုင်ဝမ်ဇာတ်လမ်းတွဲ Workers (2020) ကိုရုပ်ရှင်အဖြစ်ပြန်ရိုက်ထားတဲ့ဇာတ်ကားဖြစ်ပါတယ်။ အလုပ်သမားတွေရဲ့ဘဝကိုအဓိကထားပုံဖော်ထားပြီးတော့ လူတွေရဲ့မြေနိမ့်ရာလှံစိုက်တတ်ပုံတွေ လူနေမှုဘဝနိမ့်ကျပေမယ့် စိတ်စေတနာပြည့်ဝတဲ့အလုပ်သမားပြည်သူတွေရဲ့ လေးစားစရာစိတ်ဓာတ်ကိုရိုက်ပြသွားတဲ့ ဟာသဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်။ဆောက်လုပ်ရေးလုပ်ငန်းခွင်က သံလုပ်သားညီအစ်ကိုအားချီနဲ့အားရှင်း၊ အစ်ကိုချန်းနဲ့ မြေကော်စက်မောင်းသမားအားချန်းတို့ဟာ ချမ်းသာဖို့အိပ်မက်တွေရှိကြတဲ့ လုပ်သားတွေဖြစ်ကြတယ်။ သူတို့ဟာအလွဲလွဲတွေကြားမှာ ဆုံတွေ့ကြပြီးတော့ ရင်းနီးလာခဲ့ကြတယ်။သူတို့တွေက အိပ်မက်မက်ကြတယ်။ အိပ်မက်တွေပျက်စီးရတယ်။ အားမလျှော့ပဲ လဲရာကပြန်ထကြတယ်။ ကိုယ်စီအခက်အခဲတွေရှိရဲ့သားနဲ့ ဆင်းရဲတဲ့မြေးအဖွား၂ယောက်ကို အိမ်အသစ်ဆောက်ပေးဖို့ ကြိုးစားကြတယ်။ လူသားဆန်တဲ့ သာမန်လုပ်သားတွေရဲ့ဘဝကို ဟာသနှောပြီး ပုံဖော်ထားတဲ့အတွက် ရယ်ရတဲ့အပြင် အားတက်စေမယ့်ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ Filesize : 2.11 GB / 0.98 GB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv  Genres : Comedy , Family Runtime : 1h 35 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK  
movie

Workers The Movie ( 2023 )

The Abandoned ( 2024 ) 6.1
The Abandoned ( 2024 ) CM ချစ်ပရိသတ်တွေအတွက် ဒီတစ်ခေါက်မှာတော့ abandoned ဆိုတဲ့ တရုတ်ကားကောင်းလေးနဲ့ မိတ်ဆက်ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်…ဒီဇာတ်ကားလေးကတော့ ရွေ့ပြောင်းလုပ်သားတွေရဲ့ သူများနိုင်ငံမှာ ဘယ်လိုရှင်သန်ရတယ်ဆိုတာကို တစ်စိတ်တစ်ပိုင်း ဖော်ပြထားတဲ့ ဇာတ်ကားလေးဖြစ်ပါတယ်… ဒီဇာတ်လမ်းအစမှာ ရည်းစားသေလို့ ထရာမာရနေပြီး ကိုယ့်ကိုယ်ကိုသတ်သေဖို့ ကြိုးစားနေတဲ့ ဝူကျယ်ဆိုတဲ့ ရဲမေတစ်ယောက် သူသတ်သေဖို့ ကြံရွယ်နေချိန်မှာပဲ ဗီဇာသက်တမ်းကုန်နေတဲ့ ထွက်ပြေး ရွေ့ပြောင်းအလုပ်သမားတစ်ယောက်အလောင်းကို မြစ်ထဲပစ်တာနဲ့ ကြုံခဲ့ပါတယ်…ဒီလိုနဲ့ ဝူကျယ်တစ်ယောက် အလောင်းဖော်ထုတ်ရင်း ဘာတွေဖော်ထုတ်နိုင်ခဲ့လဲ… ဘာတွေ ကြုံတွေရမှာလဲ ဇာတ်လမ်းလေးက ခေါ်ဆောင်သွားပေးပါလိမ့်မယ်… Quality : WEB-DL 1080p , 720p Format : mp4 Genres : Mystery , Thriller , Crime , Drama Runtime : 1h 44 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Chu Chu Encoded by LK
movie

The Abandoned ( 2024 )

Eye of the Storm ( 2023 ) 6.0
Eye of the Storm ( 2023 ) SARS ဆိုတဲ့ကူးစက်ရောဂါကိုခပ်ရေးရေးတော့မှတ်မိကြမယ်ထင်ပါတယ်။ အခုလိုCovid-19ကပ်ရောဂါကြီးမဖြစ်ခင် လွန်ခဲ့(၁၀)နှစ်လောက်တုန်းက SARSဆိုတဲ့အသက်ရှူလမ်းကြောင်းကူးစက်ရောဂါဖြစ်ခဲ့ပြီး သေဆုံးနှုန်း (၁၁)ရာခိုင်နှုန်းထိရှိခဲ့ပါတယ်။ ဒီဇာတ်ကားလေးကတော့ (၂၀၀၃)ခုနှစ် အေပရယ်လမှာ SARSဟာဟောင်ကောင်ကတစ်ဆင့် ထိုင်ဝမ်ကိုစတင်ကူးစက်လာပြီး ပေထိုင်ဆေးရုံမှာဖြစ်ခဲ့တဲ့ ကပ်ဘေးရောဂါဖြစ်ရပ်လေးကိုရိုက်ကူးထားတာဖြစ်ပါတယ်။ဒီကားလေးမှာဆိုရင် ပေထိုင်ဆေးရုံမှာSARSကူးစက်တယ်လို့ သံသယရှိတဲ့လူနာရှိကြောင်းသတင်းရတာနဲ့ ထိုင်ပေအစိုးရကဆေးရုံကို ပိတ်ချလိုက်တဲ့အခါ ဆေးရုံထဲမှာလူနာတွေရော ကျန်းမာရေးဝန်ထမ်းတွေမှာပိတ်မိသွားပါတယ်။ရောဂါရဲ့သဘောတရားကိုသေချာမသိရသေးတဲ့အတွက် အားလုံးဟာ ထိတ်လန့်တကြားတွေဖြစ်ကြရပြီး အခြေနေတွေဟာလုံးဝရှုပ်ထွေးကုန်ပါတယ်။ ဒီကားလေးမှာဆိုရင် ကျန်းမာရေးဝန်ထမ်းဖြစ်တဲ့ ဆရာဝန်တွေသူနာပြုတွေဟာလဲ လူပါပဲ။ ထိတ်လန့်တတ်တယ် ကြောက်ရွံ့တတ်တယ် မိသားစုတွေရှိတဲ့အတွက် တစ်ကိုယ်ကောင်းလေးတွေဆန်မိကြတယ် ဆိုတာလေးကိုမြင်တွေ့ရမှာဖြစ်ပြီး။ ဒီကြောက်ရွံ့ထိတ်လန့်မှုတွေကို ကျော်ဖြတ်ပြီး SARS ရောဂါကိုဘယ်လိုအန်တုခဲ့ကြလဲဆိုတာကိုမြင်ရမှာပဲဖြစ်ပါတယ်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama  Runtime : 1h 58 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie

Eye of the Storm ( 2023 )