Channel Myanmar

Chikkanna

Choo Mantar (2025) 8.1
Choo Mantar (2025) Choo Mantar 2025 (ချူမန်တရာအဖွဲ့နဲ့ မော်ဂန်စံအိမ်ကြီး)သဘာဝလွန်ဖြစ်ရပ်တွေနဲ့ပတ်သတ်ပြီးတော့ သရဲနှိမ်နင်းပေးတဲ့နေရာမှာ နာမည်ကြီးနေတဲ့ ချူမန်တရာဆိုတဲ့ လူ၄ယောက်နဲ့ဖွဲ့စည်းထားတဲ့ အဖွဲ့တစ်ခုရှိပါတယ်။ သူတို့ဟာ သရဲပူးကပ်နေတဲ့သူတွေကို ကုသပေးရင်း ဝင်ငွေရှာနေတဲ့သူတွေပေါ့။ သူတို့ရဲ့ ခေါင်းဆောင်ကတော့ ဒိုင်နမိုလို့ခေါ်ပြီး သူတို့အဖွဲ့ဟာ ဘာကိုမှ မကြောက်တတ်ကြပါဘူး။ဒီလိုနဲ့ တစ်ရက်မှာ သတင်းစာထဲကနေ မော်ဂန်စံအိမ်ကြီးအကြောင်း သိရှိခဲ့ရပြီးတော့ အဲဒီစံအိမ်ကြီးဟာ အိန္ဒိယရဲ့ ထိပ်တန်း သရဲအခြောက်ဆုံးနေရာ ၁၀ခုအတွင်းမှာ တစ်ခုအပါအဝင်ဖြစ်တယ်ဆိုတာကို သိလိုက်ရတော့ သဘာဝလွန်ဖြစ်ရပ်တွေကို လိုက်လံဖြေရှင်းပေးနေကြတဲ့သူတွေ ပီပီ စိတ်ဝင်စားသွားပြီး စုံစမ်းကြည့်ပါတော့တယ်။ဒီအခါမှာ အဲဒီစံအိမ်ကြီးထဲမှာ ဗြိတိသျှတွေလက်ထပ်တုန်းက သူတို့ရတနာတွေကို မြှုပ်နှံထားကြောင်းသိလိုက်ရတဲ့အခါမှာတော့ ......... ဒိုင်နမိုဦးဆောင်တဲ့ ချူမန်တရာအဖွဲ့ဟာ မော်ဂန်စံအိမ်ကြီးကို လေ့လာဆန်းစစ်ဖို့အတွက် သွားရောက်ကြတဲ့အခါမှာ ဘယ်လိုကြောက်ဖို့ကောင်းတဲ့ အရာတွေကို ကြုံတွေ့ရမလဲ ......... နိုင်ငံခြားမှာရောက်နေတဲ့ မော်ဂန်စံအိမ်ကြီးရဲ့ ပိုင်ရှင်သားအဖဟာလည်း ဒီစံအိမ်ကြီးကို ပြန်လာခဲ့တဲ့အခါ ......... ပိုင်ရှင်သားအဖနဲ့ ချူမန်တရာအဖွဲ့တို့ ဘယ်လိုအရာမျိုးတွေနဲ့ ကြုံတွေ့ရမလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ ရှုစားရမဲ့ ဟော်ရာဇာတ်ကားကောင်းလေးဖြစ်ပါတယ်။(အညွှန်းနဲ့ ဘာသာပြန်ကတော့ ToMo~ Yunni ~ Cym ~ KKKZ~ ZweYan တို့ပဲဖြစ်ပါတယ်) File size… 1.6 GB / ...
movie

Choo Mantar (2025)

Forest (2025) 6.4
Forest (2025) Forest (2025) "တောနက်ကြီး"CM မဆလာ ပရိသတ်တို့အတွက် ကန်နားဒါးစကားပြော ဟာသဇာတ်လမ်းအသစ်လေးကို တင်ဆက်ပေးလိုက်ပါတယ်ထူထပ်အုံ့ဆိုင်းတဲ့ တောအုပ်ကြီးတစ်ခုမှာ ရွှေတုံးတွေ ဝှက်ထားတယ်လို့ သတင်းရတဲ့အခါမီနာ့ခ်ရှီ၊ ဆာသီရှာ၊ ဆူနီလာ၊ ကူမာရာနဲ့ နတ်ဆရာ ဂိုလ်ပါဆွာမိတို့ ၅ ယောက်သားတောနက်ထဲကို သက်စွန့်ဆံဖျား ရွှေသွားရှာဖို့ လုပ်ကြပါတယ် ဒါပေမဲ့ တောထဲမှာ စွမ်းအားကြီးတဲ့ တစ္ဆေတစ်ကောင်က ရတနာတွေကို စောင့်ရှောက်နေတာဖြစ်ပြီးထိတ်လန့်စရာ သဘာဝလွန် အန္တရာယ်မျိုးစုံကို သူတို့ရင်ဆိုင်ရတဲ့အခါမှာ ရွှေတွေကို အိမ်ပြန်သယ်သွားနိုင်မလားအက်ရှင်စွန့်စားခန်းတွေကို ဟာသလေးနှောထားတဲ့ ဒီဇာတ်လမ်းလေးထဲမှာ ဆက်လက်ကြည့်ရှုပေးပါဦးအညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ် File size…2.8 GB / 1.6 GB Quality…WEB DL 1080p HEVC / 720p Format…mkv/mp4 Duration….2h 25min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Forest (2025)

Martin (2024)
Martin (2024) Martin (2024) "ဆင်ရိုင်း"အသစ်ထွက်ရှိလာတဲ့ ကန်နားဒါးစကားပြော ပရိသတ်အကြိုက်အက်ရှင်ဇာတ်ကြမ်းတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ပါတယ်ဇာတ်လမ်းအစမှာ ပါကစ္စတန်ရဲတပ်ဖွဲ့က အိန္ဒိယလူမျိုး လူသန်ကြီးတစ်ယောက်ကို လုံခြုံရေးအထပ်ထပ်နဲ့ ဖမ်းဆီးခေါ်ဆောင်လာတယ်တိရစ္ဆာန်အရိုင်းတစ်ကောင်လို အန္တရာယ်များတဲ့ အဲဒီလူရဲ့ ကိုယ်ထဲမှာလည်း ဆေးတချို့ပျံ့နှံ့နေပြီး သူဘယ်သူလဲ ဘယ်ကလာတာလဲ တစ်စွန်းတစ်စမှ မသိလောက်အောင် မှတ်ဉာဏ်ပျောက်ဆုံးနေတဲ့လူ ဒီလိုလုံခြုံရေးအဆင့်မြှင့်ထားတဲ့ ကြားထဲက ထွက်ပြေးလွတ်မြောက်သွားတဲ့အခါမှာ သူ့ရဲ့ အတိတ်၊ ရည်ရွယ်ချက်နဲ့ သူ့ကိုဒီလိုဖြစ်သွားအောင်လို့ ဘယ်သူကဘာလုပ်ခဲ့လဲဆိုတာ စတင်ရှာဖွေစုံစမ်းရင်း ဘယ်လိုစွန့်စားခန်းတွေ ဖြစ်လာဦးမှာလဲကြမ်းကြမ်းရမ်းရမ်း အက်ရှင်အသားပေးတဲ့ အိန္ဒိယအက်ရှင်ဇာတ်လမ်းအထာအတိုင်း တင်ဆက်ထားတဲ့ ဒီကားလေးမှာ ဆက်လက်ကြည့်ရှုကြပါဦးအညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ် File size… 2.8 GB / 1.6 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 27m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Martin (2024)

Mr. Bachelor (2023)
Mr. Bachelor (2023) Mr.Bachelor (2023) "၃၁ယောက်မြောက် သတို့သမီး"ရယ်ရင်းပြုံးရင်း စိတ်အမောပြေစေဖို့ ခင်ဗျားတို့အတွက် ကန်နေဒါစကားပြော အိန္ဒိယဟာသအချစ်ဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်တယ်။သူများတွေ ဆရာဝန်ကြီး၊ အင်ဂျင်နီယာကြီး၊ ကျောင်းဆရာကြီးဖြစ်ဖို့ ငယ်ဘ၀အိပ်မက်ရှိကြချိန်မှာ ကျွန်တော်တို့ရဲ့ဇာတ်လိုက်ကျော် ကာသစ်ခ်အတွက်က အိမ်ထောင်ပြုဖို့။ဒီအိပ်မက်ဖြစ်တည်လာရတာလည်း အမေဖြစ်သူကြောင့်။ တစ်ရက်ထမင်းစားရင်း အမေဖြစ်သူကို ကာသစ်ခ်တစ်ယောက်မေးတာက အိမ်ထောင်ပြုတယ်ဆိုတာ ဘာလဲ အမေတဲ့။ အမေဖြစ်သူ ပြန်ဖြေတာက အိမ်ထောင်ပြုတယ်ဆိုတာ ပွဲတော်ကြီးတစ်ခုလိုပဲတဲ့၊ ပွဲတော်တွေဆိုတာ တစ်နှစ်မှတစ်ကြိမ်ပဲပျော်ရပေမဲ့ အိမ်ထောင်ရေးကတော့ နေ့တိုင်းပျော်ရွှင်မှုကိုခံစားနေရတာမျိုးတဲ့။ဒီမှာပဲ မောင်ကာသစ်ခ်တစ်ယောက် သူများတွေ ထွေထု၊ သားရေပင်ပစ်နေတဲ့အရွယ်ကတည်းက မက်လာလိုက်တဲ့အိပ်မက်ကြီးက အိမ်ထောင်ပြုဖို့။ အချိန်တန်အရွယ်ရောက်လို့ အလုပ်ကောင်းကောင်းရပြီး မိန်းမရဖို့အရေး မိဘတွေကို ပူဆာပေမဲ့ သွားတွေ့သမျှ မိန်းကလေးတိုင်းမှာ တစ်ယောက်မှအဆင်မပြေ။အကြောင်းအရင်းကို အဖြေရှာကြည့်ချိန်မှာတော့ အဘိုးဖြစ်သူရဲ့အမှားကြောင့် တိုက်ခံရတဲ့ကျိန်စာကြောင့်ပါတဲ့။ ဒီကျိန်စာကို ပျက်ပျယ်ဖို့ အိမ်ထောင်ပြုချင်သူ လူပျိုကြီးမောင်ကာသစ်ခ် အသည်းအသန်ကြိုးစားပုံကို ကြည့်ရှုခံစားကြရမှာပါ။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်) File size… 2.3GB / 1.14GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 25m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Mr. Bachelor (2023)

2023
Upadhyaksha (2024) 7.7
Upadhyaksha (2024) Upadhyaksha (2024) "ဒုဥက္ကဌ" IMDb - 7.8/10Adyaksha (2014)ရဲ့ sequelအနေနဲ့ ဒါရိုက်တာအာနေးလ်ကူးမား ရိုက်ကူးပုံဖော်ထားတဲ့ ကန်နာဒါးစကားပြော အိန္ဒိယ အချစ်ဟာသရုပ်ရှင်ကားကြီးကို တင်ဆက်ပေးလိုက်ပါတယ်။ Adyaksha (2014)မှာတုန်းကတော့ ချီသူဆိုတဲ့အသင်းကြီးရဲ့ ဥက္ကဌရဲ့ အချစ်ရေး နိုင်ငံရေးပေါ့။ အခုရုပ်ရှင်လေးမှာတော့ မြို့လေးမှာကျန်ခဲ့တဲ့ အသင်းကြီးရဲ့ ဒုဥက္ကဌရဲ့အကြောင်း။ ရှေ့ကကားကြည့်မထားလည်း ကြည့်လို့ရပါတယ်ဗျ။အသင်းကြီးရဲ့ ဥက္ကဌဖြစ်သူက မြို့မှာမရှိတော့ဘဲ တနယ်တကျေးမှာ မိသားစုနဲ့အခြေချသွားပေမဲ့ ဒုဥက္ကဌဖြစ်သူ နာရာယာနာကတော့ ဥက္ကဌနေရာကိုမယူဘဲ ဒုဥက္ကဌနေရာကပဲ အသင်းကြီးတာဝန်ကို ထမ်းဆောင်နေပါတယ်။သူ့ပြိုင်ဘက်ကတော့ ဥက္ကဌရဲ့ယောက္ခထီးဖြစ်သူ တစ်မြို့လုံးက ဖိန့်ဖိန့်တုန်အောင်ကြောက်ရတဲ့ မြို့မျက်နှာဖုံး ရှီဗာရူဒရာဂိုဒါရူ။ သူတို့တွေ မြို့လေးအပေါ်ဩဇာအာဏာသက်ရောက်ဖို့ နည်းအမျိုးမျိုးနဲ့ယှဉ်ပြိုင်ကြတာကို ဟာသနှောလို့ တသောသောရယ်ရအောင် ရိုက်ကူးတင်ဆက်ထားတာမို့ ကြည့်ရှုအပန်းဖြေကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်) File size…2.73GB / 1.4GB Quality…WEB DL 1080p /720p Format…mp4 Duration….2h 33m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Upadhyaksha (2024)

2024
Bengaluru Boys (2023) 9.3
Bengaluru Boys (2023) Bengaluru Boys 2023ပရိသတ်တွေအတွက် ယခုပဲထွက်ရှိလာတဲ့ rating IMDb 9.1/10 ရရှိထားတဲ့ ကန်နာဒါ ရုပ်ရှင်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်ဘဝမှာ နောက်ဆုံးထွက်သက်ကိုရှူရှိုက်နေရတဲ့ ကုတင်အမှတ် ၄၉ ပေါ်က အချိန်မှာ ကိုယ်နဲ့အတူပါလာတာ ဘာတွေလဲ?? စည်းစိမ်ဥစ္စာ အိမ်ရာတိုက်တာတွေလား ငွေကြေးချမ်းသာစည်းစိမ်တွေလား ကိုယ့်ရဲ့ ထွက်သက်ငင်ရတော့မဲ့အချိန်တွေမှာ ကိုယ့်ကိုအဖော်ပြုပေးမှာ ကိုယ့်ဘဝရဲ့ ပျော်ရွှင်စရာအခိုက်အတန့်တွေပါ ကိုယ့်ရဲ့ ဘဝမှာ တူတူဖြတ်သန်းခဲ့ရတဲ့ မိတ်ဆွေကောင်းတွေရဲ့ အဖိုးမဖြတ်နိုင်တဲ့ အချိန်တွေပေါ့ခုလိုလေးနက်တဲ့ ဒသနတွေနဲ့အစပြုထားပေမယ့် အဲ့ဒဿနတွေအစပြုရာဒီကားလေးက ကျောင်းသားဘဝ ပျော်စရာလေးတွေနဲ့ ငယ်ဘဝကနေ ပေါ့ပေါ့ပါးပါးပဲ ပျော်ရွှင်ဖွယ်ရာ အစပြုတင်ဆက်ထားပြီးမှ လေးနက်တဲ့ ဒဿနတွေကို ပြထားတာမို့ လက်မလွှတ်သင့်ကြောင်း ပြောကြားရင်းတင်ဆက်ပေးလိုက်ပါတယ်(အညွှန်းနှင့်ဘာသာပြန်သူတွေကတော့ Saii ~ V ~ BpL ~Zwe ~ Moon ~ Yunni တို့ပဲဖြစ်ပါတယ်) File size…1.84GB / 971MB Quality…1080p WEB DL /720p Format…mp4 Duration….2h 22m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Saii ...
movie

Bengaluru Boys (2023)

2023
Bairagee (2022) 7.5
Bairagee (2022) ကန်နာဒါလောကက ကိုယ်တွေမင်းသားကြီး ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားကောင်းတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ပါတယ်ရှီဗာဟာ ကျားပြဇာတ်ကို သရုပ်ဆောင်တဲ့ သူတစ်ယောက်ဖြစ်ပြီး "ကျားကြီး ရှီဗာ" ဆိုတဲ့ အမည်တွင်တဲ့အပြင် ဒေါသကြီးတဲ့သူအဖြစ်လည်း နာမည်ကြီးပါတယ်တစ်နေ့ သူ အဲဒီဒေါသကြောင့်ပဲ ထောင် ၁၅ လ ကျခဲ့ပြီး ပြန်လွတ်လာတော့ ဒေါသကြီးတာမကောင်းဘူးဆိုပြီး ဒေါသကို ချုပ်ထိန်းက ကျိုးနွံတဲ့စိတ်နဲ့ လူသစ်တစ်ယောက်လို နေထိုင်ခဲ့ပါတယ်အဲဒီလိုနဲ့ သူ အလုပ်အတူလုပ်တဲ့ ဗက်တာဗီဆိုတဲ့ ကောင်လေးနဲ့တွေ့ပြီး ညီအစ်ကိုအရင်းတွေကို ခင်လာခဲ့ပါတော့တယ်သူတိုတွေ အတူတူပျော်ပျော်ရွှင်ရွှင်နေထိုင်ကြပြီး သူတိုချစ်တဲ့ကောင်မလေးတွေကို ပိုးရင်းနဲ့ ဘဝကို အေးချမ်းစွာ ဖြတ်သန်းခဲ့ကြပေမယ့်မထင်မှတ်ထားတဲ့ ကံကြမ္မာအပြောင်းအလဲတစ်ခု (သိုမဟုတ်) မကောင်းတဲ့လူတစ်စုကြောင့် ရှီဗာရဲ့ ကိုယ်တွင်းမှာ ချုပ်တည်းထားတဲ့ ကျားတစ်ကောင်ဟာ ပေါ်ထွက်လာခဲ့ပါတော့တယ်မေတ္တာတရားတွေနဲ့ ချည်နှောင်ထားတဲ့ ဒီကားလေးဟာ ဝမ်းနည်းစရာများလည်း ရောယှက်လျက် ကြည့်ရှုသူများကို လူ့ဘဝဇာတ်ခုံရဲ့ စုံလင်လှတဲ့ အရောင်အသွေးတွေကို မြင်စေမယ့် ရုပ်ရှင်ကားကောင်းတစ်ကားဖြစ်စေမှာ အသေအချာပါပဲရှင် File size…2.96GB / 1.43GB Quality…1080p AVC AAC5.1CH / 720p Format…mp4 Duration….2h 15m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Sora & Kham Mon & OeliuJ & ...
movie

Bairagee (2022)

2022
Madhagaja (2021) 6.7
Madhagaja (2021) Madhagaja 2021 Thriller/ Action IMDb 6.7၂၀၂၁ ခုနှစ်ထွက် အိန္ဒိယတောင်ပိုင်း Kannada ကားကောင်းလေးတစ်ကားကို ညွှန်းပါဆိုရင် Madhagaja ကိုပဲညွှန်းရပါလိမ့်မယ်။ တောင်ပိုင်းကားကြိုက်သူတွေအတွက် လုံးဝလက်မလွှတ်သင့်တဲ့ ကားလေးပါပဲ။ဇာတ်လမ်းအကျဉ်လေးကတော့.. တောင်ပိုင်းက ရွာနှစ်ရွာဟာ ဆည်မြောင်းရေကိစ္စနဲ့ပက်သက်ပြီး အမြဲခိုက်ရန်ဖြစ်ပွားတဲ့အပြင် တစ်ရွာနဲ့တစ်ရွာ သွေးချောင်းစီးတဲ့အထိကို ရန်ငြိုးတွေအပြည့်နဲ့ပါ။ ဒီလိုနဲ့ပဲ တစ်နေ့မှာတော့ တစ်ဖက်ရွာက ရွာသူကြီးရဲ့သားဦးလေးကို ရွာသူကြီးမရှိခိုက်မှာ အခြားရွာကလူ‌တွေ လာသတ်ချိန်မှာ၊ ကလေးမိခင်ဟာ ကလေးကိုချီလို့ပြေးရပါတော့တယ်။ ဒါပေမဲ့ လွတ်လမ်း‌မမြင်နိုင်တော့တာသိလိုက်တဲ့ ရွာသူကြီးမိန်းမဟာ တစ်ခြားမြို့ကိုသွားမယ့်ရွာသားကို သူ့ကလေးကို ထည့်ပေးလိုက်ပြီး လူကောင်းသူကောင်းလေးအဖြစ် ပြုစုစောင့်ရှောက်ပေးပါလို့ မှာလိုက်ပါတော့တယ်။ဒီလိုနဲ့ပဲ မင်းသားဘဝက မိဘမဲ့ဘဝရောက်သွားခဲ့ပြီး...အတိတ်ကရန်ငြိုးတွေနဲ့ပြန်လည်ရှင်သန်လာပါတော့တယ်။ ဒီတော့ မိဘမဲ့ဖြစ်သွားတဲ့ သူကြီးသားလေးဟာ ရန်ငြိုးတွေကြား လူကောင်း‌လေးအဖြစ် ရွာကို ပြန်ရောက်လာနိုင်မလား.. ရွာနှစ်ရွာကြားက အာဃာတတွေကရော ဘယ်လောက်ထိဆက်သွားမလဲဆိုတာ...။အချစ်အလွမ်းစွန့်စားခန်းတွေနဲ့ တောင်ပိုင်းစတိုင်ကြည့်ကောင်းတဲ့ဇာတ်ကားလေးပါပဲ။ File size…(1.8 GB)/(1 GB) Quality…HDRip HEVC 1080p / 720p Format…mkv/mp4 Duration….02:10:25 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by San Thu Aung
movie

Madhagaja (2021)