Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Chhaya Kadam
6.4
Sister Midnight (2025)
Sister Midnight (2025) အမှောင်ကျနေ့ရက်များမိဘတွေစီစဉ်ပေးထားတဲ့ အိမ်ထောင်ရေးတိုင်းဟာ ဇာတ်သိမ်းကောင်းနဲ့ကြုံရမှာပဲလို့ တွေးနေပြီဆိုရင်တော့ အခုရုပ်ရှင်လေးက သင့်အတွက်ပါပဲ။အခုတင်ဆက်ပေးမယ့် ဇာတ်လမ်းလေးကတော့ မိဘစီစဉ်ပေးတဲ့အိမ်ထောင်ရေးကြောင့် ပြောင်းလဲသွားတဲ့ အူမာဆိုတဲ့ မိန်းကလေးအကြောင်းပေါ့။မိဘတွေ စီစဉ်ပေးထားတဲ့သူနဲ့ လက်ထပ်အပြီးမှာပဲ ပျောက်သွားပြီး နောက်တစ်ရက်မနက်မှ မူးရူးပြန်လာတဲ့ယောက်ျားဖြစ်သူဂိုပယ်ကြောင့် အူမာတစ်ယောက် ရှေ့ဆက်ရမယ့် နေ့ရက်တွေအတွက် ရင်လေးနေပါပြီ။ယောက်ျားဖြစ်သူဂိုပယ်ကလည်း တစ်နေ့တစ်နေ့ အလုပ်ကိုအလုပ်နဲ့တူအောင်မလုပ်၊ မူးရူးပြစ်တင်ဖို့လောက်သာသိတော့ တစ်စတစ်စနဲ့ လင်ဆိုးမယားတဖားဖားဖြစ်လာခဲ့ရတဲ့အူမာဒီလိုကနေ မုဆိုးတစ်ပိုင်း မိန်းမရိုင်းဖြစ်လာတဲ့အထိ အိမ်ထောင်ရေးမှာ ဘယ်လိုပြဿနာတွေ ရင်ဆိုင်ရမလဲဆိုတာ ရှုစားကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့Alex ~ ToMo ~ V ~ Zwe တို့ပဲဖြစ်ပါတယ်) File size… 1.4 GB / 700 MB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….1h 47min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Alex ~ ToMo ~ V ~ ...
movie
Sister Midnight (2025)
7.4
All We Imagine as Light (2024)
All We Imagine as Light (2024)"တံလျှပ်" ================================မွမ်ဘိုင်းဆိုတာ အိပ်မက်တွေရဲ့မြို့။ စိတ်ကူးတွေကို လက်တွေ့အကောင်အထည်ဖော်လို့ရတဲ့နေရာတဲ့။အဲဒီလို ယုံကြည်ပြီး အိန္ဒိယနိုင်ငံရဲ့ လူကြီးလူငယ်ပေါင်းမြောက်များစွာက မွမ်ဘိုင်းမြို့ကြီးမှာ အလုပ်လာလုပ်ကြတယ်။ ရုန်းကန်ကြတယ်။ ရည်မှန်းချက်တွေကို အကောင်အထည်ဖော်ဖို့ကြိုးစားကြတယ်။ဒါပေမဲ့ မွမ်ဘိုင်းမြို့ကြီးမှာ အသားကျဖို့ကြိုးစားကြရင်း တစ်ရက်စာတစ်ရက် ရှင်သန်ဖို့က အရေးကြီးလာပြီး မျှော်လင့်ချက်တွေက မှေးမိန်လာကြတယ်။အဲဒီလိုပဲ မျှော်လင့်ချက်တွေနဲ့ မွမ်ဘိုင်းကိုတက်လာတဲ့ ပရာဘာနဲ့ အာနူဆိုတဲ့ စီနီယာ ဂျူနီယာသူနာပြုနှစ်ယောက် တိုက်ခန်းတစ်ခုကို စကပ်တူငှားပြီးတူနေထိုင်ကြတယ်။အဲဒီလို နေလာရင်း ဘယ်ကမှန်းမသိတဲ့ ပါဆယ်ပုံးတစ်ခုသူတို့ဆီကို ရောက်လာချိန်ကစပြီး သူတို့ဘဝအတွက် အလှည့်အပြောင်းဖြစ်စရာ ကိစ္စတွေကြုံရပုံတွေကို ဒီရုပ်ရှင်ထဲမှာ မြင်ကြရမှာဖြစ်ပါတယ်။ဒီရုပ်ရှင်ဟာဆိုရင် မာလျာလမ်စကားပြော အင်ဒီးရုပ်ရှင်တစ်ခုဖြစ်ပြီး မွမ်ဘိုင်းမြို့ကြီးမှာ ရုန်းကန်လှုပ်ရှားနေကြရတဲ့ဘဝတွေကို narrative ကောင်းကောင်းနဲ့ပုံဖော်ပြထားတဲ့အပြင် Indie ရုပ်ရှင်ဆုတွေလည်း အများကြီးရထားတဲ့အတွက် အချိန်ပေးရတန်စေမယ့် ရုပ်ရှင်ကောင်းလေးဖြစ်လို့ ချန်နယ်မြန်မာပရိသတ်တွေအတွက် CM Bollywood Team ကနေ ညွှန်းဆို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်...။ File size… 3.2 GB / 1.2 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….1h 58m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated ...
movie
All We Imagine as Light (2024)
Blackout (2024)
Blackout 2024 ကံခေလွန်းတဲ့မီးပြတ်ညဝေဖန်သံတွေ ဆူညံသွားစေတဲ့ ၁၂ တန်းကျတဲ့ 12th failထဲကမင်းသားVikrant Masseyရဲ့ crimeနဲ့comedyရောစပ်ထားတဲ့ ဇာတ်ကားသစ်လေးကို တင်ဆက်ပေးချင်ပါတယ်။ ပရိသတ်အသဲနှလုံးကို quality performance တွေနဲ့ အမြဲသိမ်းပိုက်ထားတဲ့Vikrantတစ်ယောက် ဒီတစ်ခါရော ဘယ်လိုလာမလဲ ရှုစားကြပါဦးစို့။ဇာတ်လိုက်ကျော်ကြီးလန်နီက သတင်းထောက်ဆိုပေမဲ့ တဇွတ်ထိုးဆန်ပြီး အရှက်တွေသိက္ခာတွေမငဲ့ဘဲ ထင်ရာစိုင်းတတ်တဲ့သူ၊ ကလေးတွေဘောလုံးကစားလို့ သူ့ကိုလာမှန်ရင် ဘောလုံးကိုခွဲပြီးမှပြန်ပေးတတ်တဲ့သူမျိုးပါ။ လန်နီတစ်ယောက် တခြားသူတွေကိုဘယ်လိုပဲဆက်ဆံနေပါစေ မိန်းမကိုတော့အရမ်းချစ်တတ်တဲ့သူကြီးပေါ့။လန်နီရဲ့မဟေသီ ရိုရှ်နီကတော့ ဟင်းမချက်တတ်တာကလွဲရင် ဘာမှပြောစရာမရှိတဲ့သူလေးပေါ့။ ဒီလိုနဲ့ညစာစားဖို့ပြန်လာတဲ့ ကိုလန်နီတစ်ယောက် မဟေသီရဲ့ဟင်းချက်စကေးကြောင့် စားစရာမရှိနေရတဲ့ထဲ မီးကပါပြတ်သွားတော့ မိန်းမကိုပဲစားမယ်ဆိုပြီး ကွန်ဒုံးအဝယ်ထွက်ပါသတဲ့။မီးပြတ်တာကိုရိုးနေတဲ့ လင်းနို့တစ်ပိုင်းမီယမ်မာသားတွေအတွက် မထူးဆန်းပေမဲ့ အမြဲမီးလာနေတဲ့ရပ်ကွက်က ဆရာလန်နီကတော့ အမှောင်ထဲကားမောင်းရင်း လူတိုက်မိရာကနေ ကံဆိုးမိုးမှောင်ကျဖို့ဖြစ်လာတဲ့အခါမှာတော့....(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team မှပဲဖြစ်ပါတယ်) File size…2.1GB / 867MB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 2mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Blackout (2024)
2024
7.9
Madgaon Express (2024)
Madgaon express (2024) " ဂိုအာသို့"IMDb 8/10 ရရှိထားတဲ့ ၂၀၂၄ အသစ်ထွက် ဘောလိဝုဒ်ကားသစ်လေးနဲ့မိတ်ဆက်ပေးပါရစေ။ ဒီကားလေးကိုတော့ မင်းသား Kunal Khemu က ဒါရိုက်တာအဖြစ်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ဒိုဒို၊ အာယု့ရှ်နဲ့ ပင်ကူတိုဟာ ငယ်ဘဝကတည်းက တတွဲတွဲနဲ့ သိပ်ချစ်ကြတဲ့ သူငယ်ချင်းတွေပါ။ သုံးယောက်ပေါင်းလောင်းကျော်လာကြတဲ့သူတို့ဟာ တစ်နေ့မှာတော့ မိန်းကလေးသူငယ်ချင်းတွေစီစဉ်နေတဲ့ ဂိုအညခရီးအကြောင်းကြားပြီး ဂိုအာအိပ်မက်စမက်ကြပါတော့တယ်။ ဒါပေမဲ့လည်း ငယ်လို့၊ ပိုက်ဆံမရှိလို့၊ ကျန်းမာရေးမကောင်းလို့ စသည်ဖြင့် မသွားဖြစ်ခဲ့ကြတာ အသက်တွေကြီး နိုင်ငံတွေဝေးပြီး တကွဲတပြားဖြစ်သွားတဲ့အထိပါပဲ။ငွေရေးကြေးရေးအဆင်ပြေတဲ့ ပင်ကူနဲ့ အာယု့ရှ်တို့ကတော့ နိုင်ငံခြားကိုရောက်ပြီး အောင်မြင်နေပေမဲ့ ဆင်းရဲတဲ့ ဒိုဒိုတစ်ယောက်ကတော့ ရရာအလုပ်လေးလုပ်ရင်း ဆိုရှယ်မီဒီယာကိုက်ရင်း ကျန်နေခဲ့ပါတော့တယ်။ ဒီလိုနဲ့ ဆိုရှယ်မီဒီယာမှာ ပုံတွေပြင်၊ တင်ချင်ရာတင်ပြီး အတန်းရှင်းရှာရင်းနေလာရာက အမေရိကားရောက် ပင်ကူနဲ့ အာယု့ရှ်တို့ ပြန်လာမယ်ဆိုတဲ့အခါမှာတော့ ဒိုဒိုတစ်ယောက် ခေါင်းမီးတောက်နေရပါပြီ။ဒိုဒိုတစ်ယောက် ဆိုရှယ်မီဒီယာမှာတင်ထားတဲ့ လိမ်ဆင်တွေကိုဖုံးဖို့ မဖြစ်မြောက်ခဲ့တဲ့ ဂိုအာခရီးကို စီစဉ်ပြီး လိမ်ဆင်ပေါ်လိမ်ဆင်ထပ်ရင်းက ရာဇဝတ်မှုတွေနဲ့ပါပတ်သတ်မိသွားတဲ့အခါ.... မီလီယံနာအယောင်ဆောင် ဒိုဒိုနဲ့ ကိုဆန်းဆန်းတင့် ပင်ကူ၊ နောက် ညှိနှိုင်းရေးသမား အာယု့ရှ်တို့ ဂိုအာခရီးမှာ ...
movie
Madgaon Express (2024)
2024
7.3
Laapataa Ladies (2023)
Laapataa Ladies 2023 (လွဲခဲ့လေသော ဘူတာ) IMDb 8.4ဖူးစာပါရင်တော့ ရထားလွဲလည်း ဘူတာမှန်မှာပြန်ဆုံနိုင်ပါတယ် ဒီကားကတော့ ဇာတ်လမ်းအစတည်းကဘူတာမှားခဲ့ကြတဲ့ ဖူးစာဘက်တွေအကြောင်း ဟာသလေးနှောပြီးတင်ဆက်ထားတဲ့ ရုံတင်ကားတစ်ကားပါ Box office အနေနဲ့ 216 သန်းရရှိထားပြီး မဆိုးလှတဲ့ဇာတ်ကားလေးတစ်ကားဖြစ်လို့ ကြည့်ရှုကြဖို့ ညွှန်းဆိုလိုက်ရပါတယ်နေ့ထူးနေ့မြတ်ဖြစ်တဲ့ပွဲတော်ရက်မှာ လက်ထပ်ပွဲလုပ်ကြရင် တစ်သက်လုံးပျော်ရတယ်ဆိုတဲ့အစဉ်အလာနဲ့ ဒီပွဲတော်နေ့ဖြစ်တဲ့ထရီတီယာနေ့မှာ အိမ်ထောင်ပြုကြသူတွေ ကြိတ်ကြိတ်တိုးပေါ့ သျှောင်နောက် ဆံထုံးပါဆိုသလို ယူပြီးလို့ လင်ယောက်ျားရွာကို လိုက်ရမဲ့အချိန်ရောက်တော့လည်း ရထားဘူတာမှာ ကြိတ်ကြိတ်တိုးပေါ့ ရထားတစ်တွဲမှာ မင်္ဂလာစုံတွဲ ၃တွဲလောက်တော့ပါပြီးသားပါပဲဒီထဲမှာဒီပူတို့လည်းပါတာပေါ့ ကြင်စဦး လောလောလတ်လတ်မင်္ဂလာဆောင်ပြီး ဇနီးသည်လေးကို ရွာခေါ်လာဖို့ ဒီရထားပေါ်ပါလာခဲ့တယ် လူတွေများတဲ့ရထားတွဲပေါ်တက်မိပြီး သူတို့ရတဲ့နေရာဘေးမှာ သူ့ရဲ့ဇနီးလောင်းလေးလို ဆာရီအနီ အရပ်အမောင်း ကိုယ်လုံးကိုယ်ပေါက်တူပြီး ပဝါပါမျက်နှာခြုံထားတာတဲ့ နောက်ထပ်သတို့သမီးကလည်းရှိနေပါတယ် တစ်နေ့တာရထားစီးပြီး ညရောက်လို့ရွာရောက်ချိန်မှာတော့ ရထားပေါ်က ကမျောသောပါးဆင်းကြရင်း တွေးနေကြသလို သတို့သမီးမှားသွားပါတော့တယ်နောက်ပိုင်းဘာတွေဆက်ဖြစ်မယ်ဆိုတာကိုတော့ ကြည့်ရှုသူတို့ပဲ ဆက်လက်ကြည့်ရှုလိုက်ပါနော်(အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ်) File size…2.16GB / 1.2GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 6mins Subtitle….Myanmar ...
movie
Laapataa Ladies (2023)
2023
5
Safed (2023)
Safed (2023) အမှောင်နှစ်ဘက်ခြမ်းIMDb-6/10လိင်ပြောင်းတွေနဲ့ မိန်းမလျာတို့ရဲ့ ဘဝအသက်မွေးဖို့အတွက် ခက်ခဲပင်ပန်းရတဲ့အမှောင်တစ်ဘက် နဲ့ ကြီးကြီးငယ်ငယ် ခင်ပွန်းသည်ဆုံးပါသွားသူတွေရဲ့ အဖြူဝတ်ပြီး များစွာသောစောင့်ထိန်းမှုတွေနဲ့ ခက်ခဲရတဲ့ အမှောင်တစ်ဘက်....ဒါရိုက်တာ Sandeep Singh ရဲ့ ပွဲဦးထွက်ဇာတ်ကားတစ်ကားဖြစ်ပြီး သူ့ရဲ့ဘဝအမြင်တွေကို ကာရိုင်တာတွေကတစ်ဆင့်ဖော်ပြထားတဲ့ကားပါလိင်ပြောင်းနဲ့ မုဆိုးမတွေရဲ့ဘဝက အစကမှခက်ခဲနေရတဲ့အထဲ ဒီနှစ်ယောက်ရဲ့ပေါင်းစည်းမှုတွေက လူ့လောကအလယ်မှာတော့ အတော့်ကိုအံ့ဩထိတ်လန့်စရာကိစ္စတစ်ခုပေါ့ဒီအသိုက်အဝန်းနှစ်ခု လူ့လောကအလယ်ဘယ်လိုရှင်သန်ရပ်တည်မလဲ ဒါရိုက်ဝာာရဲ့ ဘဝဒဿနတွေကရော ကြည့်ရှုသူတွေကပါဘဝအကြောင်း ခဏတဖြုတ်အတွေးဝင်စေမလား....အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ BpL ~ Yunni ပဲဖြစ်ပါတယ်( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood) File size… 1.95GB / 874MB Quality…WEB DL 1080p /720p Format…mp4 Duration….2h 12m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Safed (2023)
2023
7.6
Pachuvum Athbhuthavilakkum (2023)
Paachuvum Albhuthavilakkum 20232023 ခုနှစ် ဟာသဒရမ်မာ ဇာတ်ကားလေးတစ်ခုကို တင်ဆက်ပေးပါရစေ ဒီဇာတ်ကားလေးက ဝင်ငွေအမြတ်အစွန်းများစွာရခဲ့တဲ့အပြင် ဝေဖန်ရေးသမားတွေရဲ့ ချီးကျူးမှုများစွာကိုရရှိထားပါတယ်ဒီဇာတ်ကားထဲမှာ အဓိကမင်းသားကတော့ မားမားဘွိုင်း မာလာရရမ်သား လူပျိုကြီးပါ သူကဒူဘိုင်းမှာဆေးဆိုင်တစ်ခုဖွင့် အခြေချနေတာဖြစ်ပြီး ကိစ္စတစ်ခုနဲ့ ကီရာလာကို ပြန်တဲ့အချိန်မှာ အလွဲလေးတစ်ခုစဖြစ်ရာကနေ အလွဲတွေဆက်ပြီး ထူးအိမ်သင်သီချင်းလို လွဲလွဲလေးပဲ ကောင်းပါတယ် ဆိုပြီး တစ်ကားလုံးဖြစ်နေတဲ့ အကြောင်းပါဇာတ်လမ်းလေးကလည်း စိတ်ဝင်စားဖို့ ကောင်းသလို ဇာတ်အိမ်တည်ဆောက်ပုံ ဇာတ်ကောင်တွေကိုဖွဲ့စည်းထားပုံကလည်း သဘာဝကျတာမို့ ကြည့်ရင်း ရီနေရမဲ့အပြင် ပေါကားမဟုတ်တာမို့ စိတ်ကျေနပ်ဖွယ်ရာ ဖျော်ဖြေမှုလဲပေးနိုင်မှာပါပရိသတ်တို့အနေနဲ့ အိန္ဒိယဇာတ်ကားထဲမှာ ရှားပါးတဲ့ အချစ်ဟာသကားပုံစံဖြစ်တဲ့အပြင် ဇွတ်ကလိထိုးတာမပါပဲ သဘာဝကျကျပေါ့ပေါ့ပါးပါးနဲ့ ရီနေရမှာဖြစ်လို့ လက်မလွတ်တမ်း ကြည့်ရှုနိုင်ဖို့ လက်တို့ပေးလိုက်ပါတယ် အညွှန်းနဲ့ ဘာသာပြန်ကတာ့ CM Bollywood Team မှဖြစ်ပါတယ် File size…2.4GB / 1GB Quality…1080p WEBDL /720p Format…mp4 Duration….2h 51m Subtitle….Myanmar Subtitle(Hard Sub) Encoder….YK Translated by Chiclon3~Yunni~BpL~HM~Nyein~Sai
movie
Pachuvum Athbhuthavilakkum (2023)
2023
7.0
Gangubai Kathiawadi(2022)
Gangubai Kathiawadi (2022) =============== (ရုံတင်ခိုးရိုက်ဝါးတားတားမဟုတ်တဲ့ Netflix ရုပ်သံအကြည်ဗားရှင်းကို တင်ဆက်ပေးလိုက်ပါပြီ)IMDb Rating 7.0 နဲ့ Rotten Tomatoes (91%) ထိ ရရှိထားပြီး မင်းသမီး Alia Bhatt အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ မင်းသားကြီး Ajay လဲ အားဖြည့်ပါဝင်ထားပါတယ်။Bajirao Mastani,Padmaavat,Devdas တို့လို ရုပ်ရှင်ကားကြီးတွေရဲ့ ဒါရိုက်တာ Sanjay Leela Bhansali ရဲ့လက်ရာဖြစ်တာမို့ ပိုလို့လူကြိုက်များခဲ့ပါတယ်။ဇာတ်လမ်းကလဲ တကယ့်ဖြစ်ရပ်မှန်ကို အခြေခံရိုက်ကူးထားတာပါ။ 1960ခုနှစ်များဆီက မွန်ဘိုင်းရဲ့ မာဖီးယားဘုရင်မတစ်ယောက်ဖြစ်တဲ့ Ganga Harjivandas ရဲ့ ဘဝဇာတ်ကြောင်းဖြစ်ပါတယ်။သူမဟာ ငယ်စဉ်ကဘောလီးဝုဒ်ရုပ်ရှင်စတားတစ်ယောက်ဖြစ်ဖို့ အိပ်မက်မက်ခဲ့ပေမဲ့ ချစ်သူရဲ့ လှည့်စားမှုကို ခံရပြီး ပြည့်တန်ဆာအဖြစ် ရောင်းစားခံလိုက်ရပါတော့တယ်။ ထက်မြက်တဲ့မိန်းမတစ်ယောက်ဟာခက်ခဲကြမ်းတမ်းတဲ့ဘဝကို ရင်ဆိုင်ပြီး ပြည့်တန်ဆာခေါင်းအဖြစ်ရှင်သန်ရပ်တည်လာတဲ့နောက်မှာ ယဉ်ကျေးမှုအစဉ်အလာအားကြီးတဲ့အိန္ဒိယနိုင်ငံရဲ့ ပတ်ဝန်းကျင်နဲ့ အသိုင်းအဝိုင်းက နှစ်တစ်ရာလောက်ရပ်တည်လာတဲ့ သူမတို့ ပြည့်တန်ဆာအိမ်က အမျိုးသမီး ၄၀၀၀ရဲ့ ဘဝတွေကို တိုက်ခိုက်ရန်စလာတဲ့အခါ... အနာဂတ်ကိုဆက်လျှောက်ရမယ့် ကလေးတွေနဲ့ ပြည့်တန်ဆာတစ်ယောက်မှာလည်း ရသင့်တဲ့ ...
movie
Gangubai Kathiawadi(2022)
2022
1080p HEVC