Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Cheng Chih-wei
6
Them, Behind the Door (2024)
သဲထိတ်ရင်ဖို သရဲကားကြမ်းကြမ်းလေး ကြိုက်တယ်ဆိုရင် ဒီရုပ်ရှင်ကို ရွေးသင့်ပါတယ်။ ဘယ်အချိန် သရဲက ဘယ်လိုထွက်လာမလဲ ဘယ်သူက သရဲ ဘယ်သူက လူလဲဆိုတာတွေကို ထိတ်တလန့်လန့်နဲ့ ကြည့်ရှုရမှာ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့-ချန်ဝေးဟာ သမီးဖြစ်သူ ရှီးယာနဲ့အတူ အိမ်တွင်းအကြမ်းဖက်တဲ့ ယောကျာ်းဆီက ပြေးလာပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေမှုအမြင့်ဆုံးနေရာဖြစ်တဲ့ လိပ်ပြာတိုက်ခန်းကို ပြောင်းလာခဲ့ပြီးနောက် ထူးဆန်းတဲ့ ကိစ္စတွေကို အဆက်မပြတ်ကြုံတွေ့ခဲ့တာ ဖြစ်ပါတယ်။တိုက်ခန်းထိန်းသိမ်းသူ ဘကြီးလျန်နဲ့ ခေါင်မိုးထပ်က ဦးလေးစန်းတို့က သူ့ကို ဒီတစ်ထပ်က မသန့်ရှင်းဘူးဆိုတာ အဆက်မပြတ်သတိပေးနေပြီး ပြောင်းနိုင်ရင် ချက်ချင်းပြောင်းသွားဖို့ ပြောပါတယ်။ဒါပေမဲ့ ငွေကြေးအခက်အခဲရှိနေတဲ့အတွက် ဒီမှာပဲ ဆက်နေခဲ့ပါတယ်။တစ္ဆေတံခါးပွင့်ချိန်ရောက်တဲ့အချိန်မှာ လိပ်ပြာတိုက်ခန်းမှာ ထူးဆန်းထိတ်လန့်စရာ ကိစ္စတွေ ပိုပြီးတော့ ဖြစ်ပျက်လာခဲ့ပါတယ်။ ဒါပေမဲ့ အရင်ကတည်းက နေထိုင်သူတွေကတော့ မထူးဆန်းတော့သလိုပါပဲ။ ကုန်စုံဆိုင်က အဒေါ်စွင်း၊ တစ္ဆေမြင်ရတဲ့ အဒေါ်စွင်းရဲ့ မြေးလေး၊ သွက်လက်ပြီး သဘောကောင်းတဲ့ အစားထိုး ထိန်းသိမ်းသူ ရှောင်လျန် စတဲ့ နေထိုင်သူတွေနဲ့အတူ လိပ်ပြာတိုက်ခန်းမှာ ဘယ်လို ဇာတ်လမ်းမျိုးတွေ ရှိနေမလဲ ဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။ Filesize : 952 MB / 488 ...
movie
Them, Behind the Door (2024)
6
I am the Secret in Your Heart ( 2024 )
ရည်းစားတွေဘယ်လောက်ပဲထားထား ငယ်ငယ်ချစ်သူကိုမေ့မရနိုင်ပဲ အတိတ်ကအမှတ်တရတွေကိုပဲပြန်မိနေတာမျိုးရှိကြလား?သွက်လက်တက်ကြွတဲ့အထက်တန်းကျောင်းသူလေး ရှောင်ရှဟာ ကျောင်းပြောင်းလာတဲ့ စာတော်တဲ့ကျောင်းသားအသစ်လေးကို မြင်မြင်ချင်းချစ်မိသွားတယ်။ ရင်ခုန်သံတွေကိုထိန်းမရတဲ့ ရှောင်ရှလေး ကျောင်းသားသစ်လေးချန်ယိရဲ့အချစ်ကိုရဖို့ အသည်းအသန်ကြိုးစားပြီး လိုက်တော့တာပေါ့။ငယ်ငယ်ကတည်းက ရှောင်ရှနဲ့ရင်းနီးလာတဲ့ သူငယ်ချင်းလေးယို့ကျီကတော့ ဘေးမှာမသိမသာအမြဲအဖော်လုပ်ပေးနေတတ်ပြီးတော့ တစ်ခေါက်တော့ကြိုးစားဖွင့်ပြောကြည့်ဖို့ဆုံးဖြတ်လိုက်တယ်။ မြင်မြင်ချင်းချစ်မိတဲ့ကောင်လေးနဲ့ ငယ်သူငယ်ချင်းကြားမှာ ရှောင်ရှတစ်ယောက်ဘယ်လိုရွေးချယ်မလဲ…… Filesize : 1.36 GB / 761 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Romance , Comedy , Drama Runtime : 1h 52 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie
I am the Secret in Your Heart ( 2024 )
5.9
Love Fool ( 2023 )
ဘဝပေးအခြေအနေအရ ငယ်ငယ်ကတည်းက လူမိုက်တစ်ယောက်ဖြစ်လာပေမယ့် သမာရိုးကျဘဝကိုပဲ တပ်မက်တဲ့ထိုင်ဝမ်လူငယ်တစ်ယောက်ရဲ့ ဘဝဇာတ်လမ်းတစ်ပုဒ်ပဲဖြစ်ပါတယ်။အားချွမ်ဟာ ဆုန်းရန်ဆိုတဲ့လူမိုက်ခေါင်းဆောင်ဆီမှာ ငယ်ငယ်ကတည်းကခိုလှုံခဲ့ပြီးတော့ သူ့ရဲ့ညီအစ်ကိုရင်းလို့ချစ်ရတဲ့ သူငယ်ချင်းနှစ်ယောက်နဲ့အတူ ပျော်ပျော်ရွှင်ရွှင်နေခဲ့တယ်။ သူကလူမိုက်တစ်ယောက်ဖြစ်ပေမယ့် သာမန်လူတွေလိုပဲ အလုပ်လုပ်ပိုက်ဆံရှာပြီး အိမ်ထောင်ပြုကလေးမွေးပြီး သမာရိုးကျနေနိုင်ဖို့ အိပ်မက်ရှိခဲ့တယ်။တစ်ရက်မှာတော့ သူတို့အားကိုးရတဲ့အစ်ကိုကြီးဆုန်းရန်ဟာ တခြားလူမိုက်အဖွဲ့ကသတ်တာကိုခံလိုက်ရပြီးတော့ ညီအစ်ကိုတွေက သာမန်ဘဝနဲ့ပဲဇာတ်မြှုပ်နေခဲ့ကြတယ်။ သူတို့ဘဝကိုဒီလိုပဲ သမာရိုးကျနိုင်သွားပြီလို့ထင်ပေမယ့် သူတို့အစ်ကိုကြီးထားခဲ့တဲ့မြေကို ပြန်လည်တည်ဆောက်ရေးအတွက် အင်အားစုတစ်ခုက မျ က်စိကျနေတော့ အားလုံးဟာ မထင်မှတ်ထားတာတွေဖြစ်လာခဲ့တယ်။ကိုယ့်ရဲ့အရင်းနီးဆုံးသူက ရန်သူဖြစ်လာပြီး သစ္စာဖောက်လာတဲ့အခါ ကိုယ်ချစ်ရတဲ့သူတွေအတွက်အန္တရာယ်ဖြစ်လာတဲ့အခါ အားချွမ်တို့ညီအစ်ကိုတွေဟာ အရင်လမ်းကိုပြန်လျှောက်ဖို့ဖြစ်လာခဲ့ပါတယ်။ အစ်ကိုကြီးထားခဲ့တဲ့မြေကို ကာကွယ်ဖို့အတွက် သူတို့ရဲ့နောက်ဆုံးတိုက်ပွဲဟာ ဘယ်လိုဖြစ်လာမလဲ ...... ဂိုဏ်းစတားဇာတ်လမ်းမျိုးတွေကိုကြိုက်တတ်တဲ့ပရိသတ်အတွက် အကြိုက်တွေ့စေမယ့် ထိုင်ဝမ်ကားကောင်းပဲဖြစ်ပါတယ်။ Filesize : 1.53 GB / 759 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Action , Romance Runtime : 1h 43 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM ...
movie
Love Fool ( 2023 )
6.1
Bad Education ( 2023 )
အထက်တန်းကျောင်းသားအရွယ်မှာ ရူးရူးမိုက်မိုက်လုပ်ချင်တဲ့သူတွေများပါတယ်။ အထက်တန်းကျောင်းသားလေး(၃)ယောက်ဟာ သူတို့ရဲ့ အထက်တန်းကျောင်းဘွဲ့ရတဲ့ညကို ရူးရူးမိုက်မိုက်ဖြတ်သန်းခဲ့တဲ့ဇာတ်ကားပဲဖြစ်ပါတယ်။ယုံကြည်ရတဲ့ညီကိုတွေဖြစ်ဖို့ လျှို့ဝှက်ချက်တွေဖလှယ်ကြမယ်ဆိုပြီး ကိုယ်လုပ်ဖူးခဲ့တဲ့အဆိုးဆုံးမကောင်းမှုတွေကိုတစ်ယောက်နဲ့တစ်ယောက် ပြောပြကြဖို့ဆုံးဖြတ်လိုက်ကြတယ်။ တစ်ယောက်ပြီးတစ်ယောက်လူမဆန်တဲ့ လျှို့ဝှက်ချက်တွေကိုထုတ်ပြောကြတယ်။ နောက်ဆုံးကျောင်းသားလေးအလှည့်ရောက်တော့ သူလိမ်ပြောနေတာကိုသိသွားပြီး လူမိုက်တစ်ယောက်ကိုအိမ်သုတ်ဆေးတွေနဲ့ သွားပက်ခိုင်းကြတယ်။အဲဒီလိုနဲ့ (၃)ယောက်သား တစ်ညလုံး လူမိုက်တွေလိုက်တာခံကြရပါတော့တယ်။ ဒီကားလေးမှာ လူကောင်းလူဆိုးဆိုတာတွေဟာ ခွဲခြားမရနိုင်မကြောင်း မကောင်းတဲ့သူနဲ့နေပါများရင် မကောင်းတဲ့လုပ်ရပ်တွေကို လုပ်နိုင်သွားကြောင်းကိုရိုက်ပြထားတာဖြစ်ပါတယ်။ တစ်ချို့အခန်းတွေမှာဆင်ဆာမဖြတ်ထားတာမို့ သွေးစိမ်းရှင်ရှင်ထွက်တာတွေကို ကြောက်တဲ့သူတွေအနေနဲ့ ကြည့်ဖို့မသင့်တော်တာလေးကိုတော့ သတိပေးချင်ပါတယ်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Crime , Mystery Runtime : 1h 17 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie
Bad Education ( 2023 )