Channel Myanmar

Chen Zhengyang

Fox Demon Legend (2025) 5.6
Fox Demon Legend (2025) ဟိုးယခင်တည်းက တရုတ်ပြည်ကြီးမှာ နာမည်ကြီးတဲ့ဓလေ့ထုံတမ်းစဉ်လာတခုရှိကြတယ်။ ဒါကတော့ မွေးမွေးချင်းမငိုတတ်တဲ့မွေးကင်းစကလေးတွေဟာ သရဲ တစ္ဆေစတဲ့နာနာဘာဝတွေကိုမြင်နိုင်ပြီးတော့ အနာဂတ်ကိုကြိုတင်မြင်နိုင်စွမ်းရှိကြတယ်လို့ပြောကြတယ်။ဒီလိုမွေးကင်းစကလေးတွေကို ဒေသအလိုက် ပြောင်းခေါ်လေ့ရှိပြီးတော့ ဒီကားလေးထဲမှာချင်းရွှေမြို့ဆိုတဲ့မြို့လေးတစ်မြို့မှာတော့ သူတို့ကိုသိုက်ကလာသူတွေလို့ခေါ်ကြတယ်။တနေ့မှာ ရွာအကြီးအကဲမိသားစုထဲ သမီးလေးတစ်ယောက်မွေးဖွားလာပြီးတော့သူ့ကို ကျင်းလင်လို့အမည်မှည့်ပေးခဲ့တယ်။အဲ့သမီးလေးက သိုက်ကလာသူဖြစ်နေမှန်းသိကြတဲ့အခါ ရွာသားတွေက သူ့သမီးကိုဖမ်းချုပ်ပြီး သမီးခန္ဓာကိုယ်ထဲကမြေခွေးမကောင်းဆိုးဝါးကို ဖယ်ထုတ်ဖို့မီးရိူ့သတ်ပစ်ကြိုးစားကြပါတော့တယ်။ဒီအချိန်မှာပဲ မြေခွေးဖြူလေးတကောင်ရွာထဲကိုရောက်လာတဲ့အချိန်မှာ ရွာသားတွေကကျင်းလင်ဟာမြေခွေးမကောင်းဆိုးဝါးဖြစ်ကြောင်း ပိုမိုယုံကြည်လာကြတဲ့အချိန်မှာ စုန့်ထိုက်လိုင်လို့အမည်တွင်ပြီး သိုင်းလောကမှာတော့ သခင်ကြီး (၉) လို့နာမည်တွင်တဲ့အဖိုးအိုက လာရောက်တားဆီးပြီးကျင်းလင်ကိုကယ်တင်ပေးခဲ့တယ်။အဲ့အချိန်ကနေစပြီး ချင်းရွှေမြို့မှာဆက်တိုက်ထူးဆန်းတဲ့ကိစ္စတွေပေါ်ပေါက်လာပြီးတော့ ဒီအမှုကိုဖြေရှင်းပေးဖို့သခင်ကြီး (၉) ကိုတောင်းဆိုတဲ့အခါမှာတော့ဘာတွေဆက်ဖြစ်ကြမလဲ Filesize : 1.40 GB / 705 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Thriller , Horror , Mystery Runtime : 1h 17 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Ann Chi Encoded by LK  
movie

Fox Demon Legend (2025)

The Mysterious Cloths ( 2022 ) 6
The Mysterious Cloths ( 2022 ) မသိမသာ စိတ်ဝင်စားဖို့ကောင်းတဲ့ the mysterious cloths ဆိုတဲ့ ဇာတ်ကားလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်... ဒီကားလေးက တစုန့်မင်းကြီးရဲ့ မွေးနေ့ပွဲက စတယ်ဆိုရမလား... ပါးစပ်ရာဇဝင်ထဲက မသေမျိုးနတ်မျိုးနွယ်တို့ရဲ့ မြဝတ်ရုံက စတယ်ဆိုရမလားပဲ... ဘာလို့လဲဆိုတော့ ရှီရှပြည်ထောင်က မသေမျိုးနတ်မျိုးနွယ်တို့ရဲ့ မြဝတ်ရုံကို တစုန့်မင်းကြီး မွေးနေ့ပွဲအတွက် မွေးနေ့လက်ဆောင်မွန်အဖြစ် ဆက်သဖို့ကြိုးစားရာမှာ တစုန့်က လက်ဆောင်လက်ခံသူ လျန်ဝမ်ရယ်ဟာ လက်ဆောင်လက်ခံပြီး ညတွင်းချင်းမှာပဲ ဘဝတစ်ပါးကို အကြောင်းရင်းမဲ့စွာ ပြုံးပြုံးကြီး ကူးပြောင်းသွားပါတယ်...ဟုတ်ပါတယ် ဒဏ္ဏာရီလာ မြဝတ်ရုံကို စမ်းမဝတ်ဘဲ မနေနိုင်တဲ့ လျန်ဝမ်ရယ်ဟာ မြဝတ်ရုံကို စမ်းဝတ်ကြည့်ပြီးနောက် ပြုံးပြုံးကြီးနဲ့  ဘာကြောင့်မှန်းမသိ ဆုံးပါးသွားခဲ့တာပါ... တစ်ဖက်မှာ အလောင်းကို စစ်ဆေးတော့လည်း ခုခံထားဟန်မတွေ့ အဆိပ်မိတဲ့လက္ခဏာကမရှိတဲ့အပြင် ကိုယ့်ကိုယ်ကို သတ်သေဖို့ဆိုတာလည်းမဖြစ်နိုင်တော့ အခက်တွေ့တာပေါ့ ဒါကြောင့်လည်း လက်ဆောင်ဆက်သသူ ရှီရှပြည်ထောင်က ချင်ယွမ်မင်းသားကိုပဲ စစ်ဆေးဖို့ ဖမ်းလိုက်ရတာကြောင့် ၂ ပြည်ထောင် ချစ်ကြည်ရေးတည်ဆောက်ဖို့ ကြိုးစားရာကနေ ဆက်ဆံရေးက အဆိုးဖက်ကို ကူးပြောင်းလာတော့တယ်...ဒါကြောင့် စုန့်စီဆိုတဲ့ ပြည်သူတွေသတ်မှတ်ထားတဲ့ သမာသမတ်ကျသူ တရားသူကြီးမင်းကို စစ်ဆေးစုံစမ်းဖို့ တာဝန်လွှဲအပ်ခဲ့တယ်... ဒီလိုနဲ့ လျန်ဝမ်ရော ရှီရှ လက်ဆောင်ဆက်သသူတို့အပါအဝင် တစုန့်မင်းကြီးမွေးနေ့မင်္ဂလာပွဲ တက်ဖို့ ရောက်လာသူတွေ တည်းခိုတဲ့ တည်းခိုဆောင်ကို ရောက်လာခဲ့တော့တယ်....စုန့်အမတ်မင်းက တကယ်ပဲ ဒီအမှုကို ရှင်းနိုင်မှာလား... လျန်ဝမ်ကရော ဘာကြောင့်သေသွားတာလဲ... မြဝတ်ရုံရဲ့ ...
movie

The Mysterious Cloths ( 2022 )