Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Chen Handian
6
Monkey King : The One & Only ( 2021 )
CMကနေ စွန်းဝူခုန်း နောက်တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ် ဒီတစ်ခါဇာတ်ကားလေးကတော့ ဟာသပုံစံမျိုးရိုက်ကူးထားတာပါနော် မူရင်းဝူခုန်းကိုတော့ မမှီပေမဲ့ ဒီကားလေးလည်း တဖန်အသစ်ဆန်းထားတဲ့ ပုံလေးနဲ့ ရိုက်ကူးထားတာကြောင့်မို့လို့ ကြည့်လို့ကောင်းပါတယ်ဒီဇာတ်ကားလေးဟာ အရာရာကို အကြမ်းဖက်ဖြေရှင်းတတ်တဲ့ ဝူခုန်းနဲ့ အမြဲမေတ္တာတရားကို ရှေ့ထားပြီး ဖြေရှင်းချင်တဲ့ ဆရာတော် နှစ်ဦးသားကြားက ပြဿနာကနေ အစချီပြီးတော့ရိုက်ကူးထားတာပါ တစ်နေ့ ဝူခုန်းနဲ့ဆရာတော် သဘောထားကွဲလွဲမှုကြောင့် ဆရာတော်က အရမ်းဒေါသထွက်ပြီး ဝူခုန်းကို အပြင်းအထန်ပြောဆိုကာ မောင်းထုတ်လိုက်ပါတယ် ဝူခုန်းကလည်း ဆရာတော်စကားတွေကို စိတ်နာက ဆရာတော်အပါးကနေ အပြီးတိုင်ထွက်သွားပါတော့တယ်ဝူခုန်းထွက်သွားပြီးမကြာခင်မှာပဲ ဆရာတော်နဲ့ ဝူကျင်း ရှန့်ကျန်းမိစ္ဆာဆီမှာ အဖမ်းခံလိုက်ရပါတယ် အဲ့ဒီအချိန်မှာ ဝူခုန်းတစ်ယောက်မနေသာတော့ဘဲ ပါးကျဲနဲ့အတူ စွမ်းအားကြီး မိစ္ဆာရှန့်ကျန်းကို ဘယ်လို နည်းလမ်းမျိုးတွေသုံးကာ ဘယ်လိုကယ်မလဲဆိုတာကို ဆက်လက်ကြည့်ရှုရမှာပါ ဒီကားလေးဟာဆိုရင် ခေတ်သစ်ဟာသတွေနဲ့ ပေါင်းစပ်ဖန်တီးထားတာဖြစ်တဲ့အတွက်ကြောင့် တစ်ကားလုံးပျင်းမနေရဘဲ ရီနေရတဲ့ အချိန်ကုန်မြန်စေမဲ့ကားလေးမို့လို႕ ခုပဲ ဒေါင်းကြည့်လိုက်ပါတော့နော် Filesize : 1.52 GB / 836 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Action ...
movie
Monkey King : The One & Only ( 2021 )
6.1
The Great Sage ( 2020 )
စွန်းဝူခုန်းဖန်တွေတော့ သိကြမယ်ထင်တယ် တရုတ်က အနောက်ခရီးသွား ဇာတ်ကို ပုံစံမျိုးစုံ ကြိုးခုန်ပြောင်းလဲတင်ဆက်ထားတာကိုဒီတော့ နောက်ပိုင်းဇာတ်မှာ လျိုအာထောဆိုတဲ့ စွန်ဝူခုန်းနဲ့ နားရွက်ဆိုဒ်ကလွဲရင်တစ်ယောက်တည်း ထင်ရလောက်အောင် တူတဲ့ မျောက်တစ်ကောင်ပါထည့်ရေးလာတာ သိကြမယ်ထင်တယ်...ဒီဇာတ်လမ်းကတော့ စွန်းဝူခုန်းရဲ့ အချစ်ဇာတ်လမ်းအစား စွန်းဝူခုန်းရယ်လျိုအာထောရယ် နောက်ပြီး သူတစ်ချိန်က ပျော်စံခဲ့တဲ့ တောင်ကမျောက်လေးတွေကြားက အထင်လွဲတာတွေ ခံစားချက်လေးတွေကိုတစ်မျိုးဆန်းစွာ တင်ဆက်ထားတာမို့ ကြည့်သင့်တဲ့ ကားကောင်းလေးလို့ပဲ ပြောပြလိုက်ချင်ပါတယ်။အော် ဒီဇာတ်လမ်းက ဝူခုန်း လူယောင်ဆောင် မိစ္ဆာ သုံးကောင်ကိုသတ်လို့ ဆရာက မောင်းထုတ်တာခံလိုက်ရချိန်မှာ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်ကိုစိတ်ကူးပုံဖော်ထားတာမို့ မြင်နေကြ ဆရာတော်နဲ့ ဆရာတူညီနှစ်ယောက်တော့ မပါဘူးပေါ့ Translated & Review By Chu ChuEncoded By LK
movie
The Great Sage ( 2020 )