Channel Myanmar

Cassandra Freeman

I Think I Love My Wife (2007) 5.5
I Think I Love My Wife (2007)  I think I love My wife (2007)Grown Ups ထဲက ဟာသမင်းသား Chris Rock ရဲ့ နောက်ထပ်ခွီနေရမဲ့ အိမ်ထောင်ရေးဟာသဇာတ်လမ်းကောင်း တစ်ပုဒ်ပဲဖြစ်ပါတယ်။မိခင်ကောင်း ဇနီးချောလေးကိုပိုင်ဆိုင်ထားတဲ့ အိမ်ထောင်သက်တမ်း 7 နှစ်ပြည့်ပြီဖြစ်တဲ့ Richard Cooper ဘဝက အရာရာပြည့်စုံနေတယ်လိုထင်ရပေမဲ့ တကယ်တော့ Richard တစ်ယောက် ရင်ထဲလောင်နေတာအတော်ကြာပါပြီ။ ပြဿနာကတော့ သူ့ဇနီးကောင်းလေးက စိတ်လှုပ်ရှားစရာ ရိုမန့်တစ်ရေးရာတွေ ဘာကိုမှစိတ်မဝင်စားတော့ဘဲ အလုပ်ပဲလုပ်နေတဲ့ ပျင်းစရာအိမ်ရှင်မကြီး ဖြစ်နေတာကိုပါပဲ။အဲဒီအချိန်မှာ Richard ငယ်ငယ်က ကြိတ်စွဲလမ်းခဲ့ရတဲ့ Nikki ဆိုတဲ့ ကလပ်အလှမယ်သူငယ်ချင်းဟောင်းနဲ့ ပြန်ဆုံပြီး Richard ကို သူ့ရဲ့ငြီးငွေ့စရာ အလုပ်နဲ့အိမ်ထောင်သည်ဘဝကနေ ရုန်းထွက်ပြီး အရင်လိုပျော်ရွှင်စိတ်ကြည်နူးစရာတွေ ဖန်တီးပေးပါတော့တယ်။ ဒီလိုနဲ့ Richard တစ်ယောက် သူချစ်တယ်ဆိုတဲ့ဇနီးအပေါ် သစ္စာစောင့်သိမလား အရမ်းလန်းတဲ့ အသစ်လေးနောက်ပါသွားမလားဆိုတာကို ဟာသပေါင်းစုံနဲ့ ကြည့်ရှုရမဲ့ အခွီဇာတ်ကားလေးပဲ ...
movie

I Think I Love My Wife (2007)

Our Son (2023)
Our Son (2023) Our Son (2023)~ Rotten Tomatoes - 58%, Meta - 86% ~ရိုးရိုးလေးနဲ့ လက်တွေ့လောကမှာဖြစ်တတ်တဲ့ အချစ်ရေးမိသားစုအရေးတွေကို LGBTQ+ စုံတွဲနဲ့ပုံဖော်ထားတဲ့ Drama အမျိုးအစားဖြစ်ပါတယ်။နယူးယောက်မှာ လိင်တူစုံတွဲတွေ လက်ထပ်ခွင့်ရကတည်းက ၁၃နှစ်ကြာလက်ထပ်ပေါင်းသင်းလာကြတဲ့ နစ်ကီနဲ့ဂေဘရီရယ်တို့ ဂေးစုံတွဲ... သူတို့မှာ နစ်ကီရဲ့မျိုးစေ့နဲ့ အငှားကိုယ်၀န်ဆောင်ပြီးယူထားတဲ့ အို၀မ်ဆိုတဲ့ ၈နှစ်အရွယ်သားလေးရှိတယ်။နစ်ကီက စာအုပ်‌ထုတ်ဝေသူဖြစ်ပြီး ဂေဘရီရယ်ကတော့ နစ်ကီကိုမွေးပြီးကတည်းက ကလေးစောင့်ရှောက်ဖို့ဆိုပြီး အရင်သရုပ်ဆောင်အလုပ်ကနေနားလိုက်တာ အခုထိပါပဲ။ နှစ်တွေအကြာကြီးပေါင်းလာပြီး တဖြည်းဖြည်းနဲ့ သံယောဇဉ်ကုန်လာတယ်ပြောရမလား... ဂေဘရီရယ်က နစ်ကီက သူတို့သားကို ဂရုမစိုက်ဘူး အလေးမထားဘူးလို့ တစ်စတစ်စမြင်လာပါတယ်။ နစ်ကီမသိအောင် တခြားတစ်ယောက်ပါတွေ့နေပြီး နောက်ဆုံးမှာ ကွာရှင်းဖို့ ထုတ်ပြောလာပါတယ်။နစ်ကီကလည်း အို၀မ်ကို မပေးနိုင်... ဂေဘရီရယ်ကလည်း အို၀မ်အတွက် သူကပိုသင့်တော်တယ်ဆိုပြီး နှစ်ယောက်သား ကလေးအုပ်ထိန်းခွင့်လုကြရင်း တရားရုံးထိပါရောက်သွားတဲ့အခါ...၁၃နှစ်ကြာခဲ့တဲ့ သူတို့ရဲ့ဆက်ဆံရေးက နောက်ဆုံးမှာ တခြားသူတွေလိုပဲ ကွာရှင်းခြင်းနဲ့ အဆုံးသတ်မလား... အို၀မ်အတွက် ...
movie

Our Son (2023)

2023