Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Caroline Goodall
9.0
Schindler’s List (1993)
Schindler's List (1993)IMDb Rating (9.0) / Rotten Tomatoes (98%)ကမ္ဘာပေါ်က အကောင်းဆုံး Biographical ဇာတ်ကားတွေထဲမှာ No.1 ရရှိထားတဲ့ဇာတ်ကားဖြစ်ပါတယ်။ Schindler’s List ဇာတ်ကားဟာ German စီးပွားရေး သမားဖြစ်တဲ့ Oskar Schindler အကြောင်း ရိုက်ကူးထား တာဖြစ်ပါတယ်။ ဒုတိယ ကမ္ဘာစစ် အတွင်း နာဇီတွေရဲ့ လူမဆန်စွာ သတ်ဖြတ်မှုတွေ အကြား ရပ်တည် နေရတဲ့ Polish Jewish ဒုက္ခသည် ၁၀၀၀ ကျော်ကို အသက်ဘေး ကနေ လွတ်အောင် သူ့ရဲ့ စက်ရုံ အမျိုးမျိုးမှာ နေထိုင် လုပ်ကိုင် စေချင်အားဖြင့် စောင့်ရှောက်ခဲ့ပုံတွေကို ရှုစားရမှာ ဖြစ်ပါတယ်။ Biographical Movies တွေထဲမှာ အကောင်းဆုံး ဇာတ်လမ်းအဖြစ် ရပ်တည် နေပြီး အောင်မြင်မှုများစွာ ရရှိခဲ့ပါ တယ်။ ...
movie
Schindler’s List (1993)
1993
4K HEVC
6.7
The Best of Me (2014)
လူဆိုတာတွေ့ရမယ်၊ ကြုံရမယ်၊ ဆုံရမယ် ပြီးရင်ကွဲရမယ်တဲ့။ ဘဝရယ်လို့ ဖြစ်တည်လာလို့ရှိရင် ဒါကိုမလွဲမသွေကြုံရမှာပဲ။သိလျက်နဲ့မိုက်တယ်လို့ပြောရမလား ချစ်လို့ မျက်စိကန်းတယ်ပဲပြောရမလား အရုပ်လေးတစ်ခုလက်ထဲရောက်လာရင်တောင် ဒါငါ့အရုပ်၊အရုပ်လေးကို တန်ဖိုးထားတတ်ကြတာ လူ့သဘာဝပဲလေ။လူနှစ်ယောက်ချစ်ကြတယ်ဆိုရင်ပိုဆိုးတာပေါ့။The Best of Me ကတော့ ဒီသဘောကို အကောင်းဆုံးမဟုတ်တောင် ပြီးပြည့်စုံအောင်ဖော်ပြသွားပါတယ်။ဒီကားကိုကြည့်လိုက်ရတာ တာရာပွကြီးရဲ့ ကာတွန်းတစ်အုပ်ကိုပြန်ဖတ်လိုက်ရသလို၊ ငယ်ဘဝကိုပြန်ရောက်သွားရသလို၊လွမ်းခြင်းနဲ့ ဝမ်းနည်းခြင်း နှစ်ခုပေါင်းပြီး ရင်ထဲဆို့တက်လာရပါတယ်။ရင်ထဲမှာ ဆွေးပြီးတော့ ကျန်ခဲ့ရမယ့် ရုပ်ရှင်ဖြစ်လို့ တစ်ရှူးလေးဆောင်ပြီး ကြည့်ဖို့အကြံပေးပါတယ်။ဇာတ်ညွှန်းကိုးလ် မိသားစုဆိုတာရှိတယ်။ ဒုစရိုက်လူမိုက်ဖခင်ကမွေးလာတဲ့ သားသုံးယောက်မှာ နှစ်ယောက်က အဖေခြေရာကိုထပ်ခဲ့တယ်။ဒေါ်ဆင်ကိုးလ် ဆိုတဲ့ အငယ်ဆုံးသားကတော့ အကြီးနှစ်ယောက်နဲ့မတူပဲ အဖေနဲ့ ဆန့်ကျင်ဖက်ဖြစ်ခဲ့ပါတယ်။ငယ်ငယ်ကတည်းက ရိုက်နှက်ဆုံးမခံလာရတဲ့ ဒေါ်ဆင်အတွက် လောကကြီးကထင်သလောက်ရှင်သန်ရတာ လွယ်ကူမနေပါဘူး။အရောင်မဲ့နေတဲ့ ဒေါ်ဆင်ရဲ့ ဘဝထဲကို အရောင်စိုပြေအောင် စွမ်းဆောင်ပေးမယ့် အမန်ဒါဆိုတဲ့ ကောင်မလေးတစ်ယောက်မမျှော်လင့်ပဲရောက်လာခဲ့ပါတယ်။ဘဝမှာ မမျှော်လင့်ထားတာတွေအများကြီးဖြစ်တတ်ပါတယ်။ မမျှော်လင့်ထားခြင်းမှာ ကောင်းခြင်းဆိုတဲ့အရာကနည်းလှပါတယ်။ဒေါ်ဆင်လိုမျိုး လူတစ်ယောက်အတွက်ကတော့ အမန်ဒါဟာ ဘုရားပေးတဲ့ဆုလာဘ်ထက်ကိုပိုခဲ့ပါတယ်။ဒါပေမယ့် ဘဝဆိုတာကလည်းအခက်သား ပျော်တစ်ရက်၊ မပျော် ...
movie
The Best of Me (2014)
2014
6.8
Hook (1991)
90 ခုနှစ်အလွမ်းပြေ မင်းသားကြီး Robin Williams ရဲ့ဇာတ်ကားကောင်းလေး တစ်ပုဒ်နဲ့မိတ်ဆက်ပေးချင်ပါတယ်.ငယ်ဘဝရဲ့ နတ်သမီးပုံပြင်များထဲက တစ်ခုဖြစ်တဲ့ ပီတာပန် နဲ့ နတ်သမီးလေး တင်ကာဘဲလ် တို့ဇာတ်လမ်းလေးကို အားလုံးသိကြမှာပါ.ဒီဇာတ်ကားဟာလည်း ပီတာပန် ပုံပြင်ရဲ့ ဗီလိန်Captain Hook ကို အမှတ်သညာပြုပြီးအမည်ပေးထားတာ ဖြစ်ပါတယ်.ဒီဇာတ်လမ်းမှာတော့ ပီတာပန်ဟာ ကြီးပြင်းလာခဲ့ပြီးပီတာဘန်းနင်း အဖြစ်နဲ့ အိမ်ထောင်ကျ၊သားသမီးတွေ ရလာခဲ့တဲ့ နေရာကနေ အစပြုခဲ့ပါတယ်.သူ့ရဲ့ပီတာပန်ဘဝဟောင်း နဲ့ နဲဗားလန်းကိုမေ့လျော့နေခဲ့ပေမယ့် အတိတ်ကတော့ သူ့ကို သတိရဖို့မပျက်ကွက်ခဲ့ပါဘူး.အလုပ်ကိုဦးစားပေးလွန်းသူ ဖခင်တစ်ယောက်အနေနဲ့သားသမီးနဲ့ဇနီးမယားအပေါ် ပျက်ကွက်မှုတွေရှိလာခဲ့ချိန်မှာ တစ်ဖက်ကလည်း ကိုယ်တိုင်မေ့လျော့နေခဲ့တဲ့အတိတ်ဘဝကို မမျှော်လင့်ဘဲပြန်လည်ရင်ဆိုင်ရချိန်မှာတော့ပျောက်ဆုံးနေတဲ့ ဘဝဟောင်းကို ပြန်ရှာတွေ့နိုင်မလား သားသမီးအတွက်ဆို ရေမြေဆုံးထိ လိုက်မယ့်မိဘမေတ္တာကို ဘယ်လို သက်သေပြနိုင်မလဲစိတ်လှုပ်ရှားဖွယ် စွန့်စားခန်းတွေကြား.မိသားစု နဲ့ ချစ်ခြင်းမေတ္တာအကြောင်းကိုဖော်ကြူးထားတဲ့ဇာတ်လမ်းလေးဖြစ်လို့ CM ကနေပရိသတ်များ ရှုစားနိုင်ဖို့တင်ဆက်ပေးလိုက်ပါတယ်. File size… 3 GB / 1.5 GB Quality… Blu-Ray 1080p / ...
movie
Hook (1991)
1991
4.3
The Bay of Silence (2020)
Will နဲ့ Rosalind ဆိုတဲ့ လင်မယားနဲ့ သူတို့ရဲ့သားလေးAmadeo။ Rosalind မှာ အရင်အိမ်ထောင်က ရခဲ့တဲ့အမွှာသမီးလေးနှစ်ယောက်လည်း ရှိတယ်။တစ်နေ့မှာ Rosalind ဆီကို ဘယ်သူ့ဆီကမှန်းမသိတဲ့ သေတ္တာတစ်လုံး ရောက်လာခဲ့တယ်။အဲ့ဒီနောက်မှာပဲ Rosalind က သားလေး Amadeo အမွှာလေးနှစ်ယောက်နဲ့ကလေးထိန်း Candy တို့ကိုခေါ်ပြီး အိမ်ကနေ ထွက်သွားခဲ့တယ်။Will ဟာ ပျောက်ဆုံးသွားတဲ့ ဇနီးနဲ့ ကလေးတွေကိုလိုက်လံရှာဖွေရာကနေ ဇနီးရဲ့ ဖုံးကွယ်ထားတဲ့ အတိတ်ကို စတင်သိရှိသွားပါတော့တယ်။ဇာတ်လမ်းတစ်ခုလုံးရဲ့ ပဟေဠိကတော့ Rosalind ဆီရောက်လာတဲ့ သေတ္တာပါပဲ။ဒီဇာတ်လမ်းကို The Bay Of Silence ဆိုတဲ့ လျှို့ဝှက်ဆန်းကြယ်ဝတ္ထုကိုအခြေခံပြီး ရိုက်ထားတာဖြစ်ပါတယ်။Thriller/Mystery အမျိုးအစားဖြစ်ပြီး ကြည့်ရတာလည်းပျင်းမနေရဘဲ စိတ်ဝင်စားဖို့ကောင်းတဲ့ ဇာတ်လမ်းပါ။ File ...
movie
The Bay of Silence (2020)
6.1
Chasing Liberty(2004)
ညစာစားနေတဲ့ကောင်လေးနဲ့ကောင်မလေးတို့စားပွဲဝိုင်းကို လူရွယ်တစ်စုချဉ်းကပ်သွားတယ် သူတို့ထဲကတစ်ယောက်က အင်္ကျီအိပ်ထဲကိုလက်နှိုက်လိုက်တယ်....ဒီအပြုအမူကြောင့် သက်တော်စောင့် အယောက် ၂၀လောက်က လူရွယ်တစ်စုကို ခုန်အုပ်လိုက်တယ် ကောင်လေးနဲ့ကောင်မလေးရဲ့ပျော်ရွှင်ဖွယ်ညတစ်ညဟာ သက်တော်စောင့်တွေကြောင့် အကျဉ်းတန်သွားတယ် သက်တော်စောင့်တွေကလည်းသူတို့တာဝန်သူတို့လုပ်ရတာကိုး ဘာဖြစ်လို့လဲဆိုတော့ ညစာစားတဲ့ကောင်မလေးဟာ သမ္မတရဲ့သမီး ဖြစ်နေလို့ပါပဲ..ဒါကြောင့် ချဉ်းကပ်သွားတဲ့လူရွယ်တစ်စုဟာ အန္တရယ်ပြုနိုင်သူဖြစ်နိုင်တော့ သူတို့လည်းအခြေအနေအရ တားဆီးလိုက်ရတယ်....ကျွန်တော်တို့ခန္ဓာကိုယ်ထဲမှာ phenylethylamine လို့ခေါ်တဲ့ natural chemical တစ်ခုထွက်ပါတယ် သူ့ရဲ့အစွမ်းသတ္တိကဘာဖြစ်လဲဆိုတော့စိတ်ကိုနူးညံပျော့ပျောင်းစေတယ် ချစ်တတ်စေတယ် ခံစားတတ်စေတယ် ဒါပေမယ့် phenylethylamine က အချိန်တိုင်းမထွက်ဘူးကာလအပိုင်းအခြားနဲ့ ထွက်တာ....ချစ်သူများနေ့မှာ ချောကလက်ဘာကြောင့်ကျွေးလဲဆိုတော့ ချောကလက်ဟာ phenylethylamine ကိုထွက်စေလို့ ကိုယ်ချစ်တဲ့သူကို ကျွေးကြတယ်လို့ပြောကြတယ်....ဒီကားကိုကြည့်ရတာ ကမ္ဘာ့အစွမ်းထက်ဆုံးချောကလက်ကိုစားရသလိုပဲ ..phenylethylamine တွေ ဘယ်လောက်တောင် နှလုံးသားမှာ ပြေးလွှားနေလဲမသိ.ရင်တွေခုန်တယ် ...Plot ကလည်းဆွဲဆောင်မှုရှိတယ် သမ္မတရဲ့သမီးနဲ့အေးဂျင့်ကောင်လေးတစ်ယောက်ပေါ့... ဒီကားထဲကကောင်လေးနဲ့ကောင်မလေးပြောတဲ့စကားအတော်များများဟာ ကဗျာရနံတွေထုံလွှမ်းနေတယ်... နောက်ခံသီးချင်းလေးတွေကလည်း လှပလွန်းတယ် တစ်ခါတစ်ရံကိုယ့်ရဲ့ရင်ခုန်သံဟာ ဇာတ်ကားထဲကသီးချင်းရဲ့ ခပ်မှန်မှန်ထွက်နေတဲ့ BASS သံထက်တောင်ကျယ်လောင်နေတတ်တယ်...သေချာတယ် ခင်ဗျားတို့လည်းဒီကားကြည့်နေရင်း ကယောင်ကတမ်းနဲ့ ကိုယ့်ဘယ်ဘက်ရင်အုံကိုပြန်စမ်းမိလိမ့်မယ်.....File Size…(850MB) and (398MB) Quality…DVDrip Format…mp4 Duration…01:50:00 Subtitle…Myanmar Subtitle(Hardsub) Encoder…..Phyo ...
movie
Chasing Liberty(2004)
2004