Channel Myanmar

Cao Xiyue

My Heroic husband ( 2021 ) 5.7
My Heroic husband ( 2021 ) ကျန်းနင်မြို့တော် စူးအထည်ဆိုင်ပိုင်ရှင်ရဲ့ ကိုယ်လုပ်တော်(၂) က မွေးဖွားခဲ့သူ စူးဝမ်ရှင်းဟာ စူးအထည်ဆိုင်ကို ဦးစီးပြီး ဖခင်ရဲ့ အရိုက်အရာကို ဆက်ခံဖို့အတွက် ဆန္ဒရှိခဲ့ပါတယ် ။ ဒါပေမဲ့လို့ တစ်ခြား မောင်နှမတွေဖြစ်တဲ့ နင်ယိ နဲ့ စူးထန်အာတို့ရဲ့ လွှမ်းမိုးမှုအောက်ကနေပြီးတော့ ရုံးမထွက်နိုင်ခဲ့ရှာပါဘူး။ကံကောင်းချင်တော့ နင်ယိနဲ့ စူးထန်အာတို့ဟာ ကျန်းနင်မြို့တော် ကနေထွက်ခွာခဲ့ပြီး ဝူသူမြို့တော်ဆီကို စီးပွားရေးလုပ်ဖို့ပြောင်းရွှေ့သွားခဲ့ကြပါတယ်။ သူတို့ထွက်မသွားခဲ့မှာ စူးအိမ်တော်ရဲ့ အထည်လုပ်ငန်းကို စူးဝမ်ရှင်းဆီ လွှဲအပ်ပေးခဲ့ပါတယ် ။ အဲဒီအချိန်မှာပဲ စူးအိမ်တော်ရဲ့ တာဝန်တွေကို ခေါင်းခံဖို့ မျှော်လင့်ချက်ရှိမနေတဲ့ စူးဝမ်ရှင်းတစ်ယောက် ပြန်လည်ပြီးစိတ်အားထက်သန်လာခဲ့ပါတော့တယ်။သူ့ရဲ့ စွမ်းအားတွေကို ပြသမယ် စိတ်ကူးထားပေမဲ့ စူးအိမ်တော်က သူတွေဟာ သူ့ကို အရည်အချင်းရှိသူတစ်ယောက်လို့မမြင်ခဲ့ပါဘူး ။ ကြက်ကန်းဆန်အိုးတိုးပြီး ကံကောင်းကာ ရရှိသွားတယ်လို့ပဲ ထင်နေကြတဲ့အခါ...? စူးဝမ်ရှင်းတစ်ယောက် သူ့ရဲ့စွမ်းရည်တွေကိုပြသဖို့အတွက် ဖူယွမ်မြို့တော်ကို စီးပွားရေးလုပ်ဖို့ထွက်လာခဲ့ပါတယ် ။ ဒီတော့ စူးဝမ်ရှင်းတစ်ယောက် -❏ သူ့ကို အသုံးမကျဘူးလို့ထင်ကြတဲ့သူတွေရဲ့ အမြင်တွေကို ပြောင်းလဲပစ်နိုင်ပါ့မလား ? ❏ စီးပွားရေး လုပ်ဆောင်ရာ လမ်းကြောင်းတစ်ယောက်မှာရော ဘာအခက်အခဲတွေနဲ့ကြုံတွေ့ရမလဲ ? ❏ အဲဒီ ခရီးလမ်းမှာရော စူးဝမ်ရှင်းတစ်ယောက် အချစ်ပန်းလေးတွေ ...
movie

My Heroic husband ( 2021 )

Executioner’s Strange Talk ( 2022 ) 6.5
Executioner’s Strange Talk ( 2022 ) သေဒဏ်ကျခံရတဲ့ အပြစ်သားတွေကိုခေါင်းဖြတ်ကွပ်မျက်ဖို့တာဝန်ယူရတဲ့ အာဏာပါးကွက်သားတွေမှာ စည်းမျဥ်းတစ်ခုရှိပါတယ်။ မွန်းတည့်မကျော်ခင်မှာ အပြစ်သားကို စီရင်ရတာပါပဲ။ စီရင်ချိန်ကျော်သွားခဲ့ရင် စည်းမျဥ်းကိုဖောက်ဖျက်မိသလိုဖြစ်ပြီး သရဲဝိဉာဥ်တွေက လက်စားချေဖို့ပြန်လာတတ်ကြပါတယ်တဲ့။အာဏာပါးကွက်သားတစ်ယောက်ဖြစ်တဲ့ရှဲ့ချီဟာ ပြစ်ဒဏ်စီရင်ရာမှာ အချိန်ကျော်လွန်သွားရာကနေ စည်းမျဥ်းကိုဖောက်ဖျက်မိသွားပါတယ်။ သူကွပ်မျက်ခဲ့တဲ့သရဲမဟာ သူ့ကိုပြန်လာရှာရာကနေ ၊ သူတင်မက တစ်မြို့လုံးကို ကံဆိုးမှုတွေစတင်လွှမ်းခြုံလာတဲ့အခါ ၊ ခြောက်ခြားဖွယ်ရာဖြစ်ရပ်တွေဆက်တိုက်ဖြစ်လာတဲ့မခါမှာ.. မြို့ထဲကလူတွေကလည်း ရှဲ့ချီကိုဝိုင်းပြီးအပြစ်တင်ကြပါတော့တယ်။သရဲတွေ မိစ္ဆာတွေ ကျိန်စာတွေပါဝင်နေတဲ့ ဒီပြဿနာကို ဘယ်လိုဖြေရှင်းကြမယ်ဆိုတာကို ဇာတ်လမ်းထဲမှာဆက်လက်ကြည့်ရှုလိုက်ရအောင်။ Filesize : 1.32 GB / 712 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Action , Mystery , Fantasy , Thriller Runtime : 1h 20 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK
movie

Executioner’s Strange Talk ( 2022 )

New Biography of Xi Shi ( 2024 ) 5.7
New Biography of Xi Shi ( 2024 ) တရုတ်နိုင်ငံသမိုင်းမှာ အလှဆုံးအမျိုးသမီး ၄ ဦးထဲက ရှီးစီးအကြောင်းကို ကိုးကားပြီး ရိုက်ကူးထားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ ဘီစီ ၄၉၄ ခုနှစ်မှာ ဖူကျောင်းစစ်ပွဲမှာ ယွဲ့စစ်တပ်က ရှုံးနိမ့်ခဲ့ပြီး ယွဲ့တိုင်းပြည်က ပြည်ပျက်ခါနီးအချိန်ကို ရောက်လာပါတော့တယ်။ယွဲ့အမျိုးသမီး ရှီးစီးနဲ့ အဖေဟာ မြို့တော်ကို ရှင်သန်နေထိုင်ဖို့ ရောက်လာခဲ့ပါတယ်။ ဒါပေမဲ့ ဝူတိုင်းပြည်စစ်သူကြီး လင်ဖုန်းက ရှီးစီးရဲ့ အလှကိုမြင်ပြီး အဓ္ဓမသိမ်းပိုက်ဖို့ လုပ်ခဲ့ပါတယ်။ ရှီးစီးအဖေက လိုက်လံတားဆီးတဲ့အတွက် ရက်စက်စွာ သတ်ဖြတ်ခံလိုက်ရပါတယ်။တိုင်းပြည်ရန်ငြိုး မိသားစုရန်ငြိုးတွေပေါင်းဆုံသွားပြီး ရှီးစီးကလည်း အဖေ့အတွက် ကလဲ့စားချေဖို့ ကျိန်ဆိုခဲ့ပါတယ်။ ကလဲ့စားချေဖို့ ဝူတိုင်းပြည်မင်းကြီးကို ဆက်သမဲ့ အကမယ် ၈ ယောက်ထဲ ပါဝင်ခဲ့ပြီး သူမရဲ့အလှကြောင်း ဝူမင်းကြီးရဲ့ အချစ်ရဆုံး မိဖုရား ဖြစ်သွားခဲ့ပါတယ်။သူလျှိုမိဖုရား ရှီးစီးအပေါ်ကို ဝူမင်းကြီးက မေတ္တာစစ်နဲ့ ချစ်သွားတဲ့အခါ...... ဝူတိုင်းပြည်နဲ့ ယွဲ့တိုင်းပြည်ကြား ရှီးစီးတစ်ယောက် ဘယ်လိုရွေးချယ်မလဲ...... သူမဟာ ယွဲ့တိုင်းပြည်က သူလျှိုဖြစ်ကြောင်းကိုရော သေချာဖုံးကွယ်နိုင်ပါ့မလား...... ဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ရအောင်နော် Filesize : 1.18 GB / 655 MB Quality : WEB-DL ...
movie

New Biography of Xi Shi ( 2024 )

The Mystery of Jade ( 2024 ) 5.8
The Mystery of Jade ( 2024 ) မီးထွန်းပွဲတော်ညတစ်ညမှာ ပြည်သူတွေပျော်ပျော်ရွှင်ရွှင်နဲ့ လည်ပတ်ပြီး မီးပုံးတွေရှုစားနေတဲ့အချိန်မှာ တော်ဝင်နတ္ခတ်ပညာရှင်ကြီးက " စုန့်တိုင်းပြည်ကြီးပျက်တော့မည်" ဆိုတဲ့တဘောင်ကို တွင်တွင်အော်ဟစ်ပြီး အဆောက်အဦးပေါ်ကနေခုန်ချသေဆုံးသွားခဲ့တယ်။တဘောင်ကြောင့် ပြည်သူတွေထိတ်လန့်တကြားဖြစ်ရပြီး တိုင်းပြည်တည်ငြိမ်ရေးကိုပါ ထိခိုက်လာနိုင်တဲ့အတွက် ဘုရင်မင်းမြတ်ဟာ ပေါင်ချိန်ကို (၃)ရက်အတွင်းအမှုဖော်ဖို့ တာဝန်ပေးလိုက်ပါတယ်။ (၃)ရက်အတွင်းမှာ ဆန်းကြယ်လှတဲ့ဒီအမှုကိုဘယ်လိုစုံစမ်းစစ်ဆေးမလဲ...... ပြည်သူတွေကိုကိုင်လှုပ်ခဲ့တဲ့တဘောင်ကိုပြန့်အောင်လုပ်တဲ့သူကဘယ်သူဖြစ်နေမလဲ......အရာအားလုံးကိုနောက်ကွယ်ကချုပ်ကိုင်နေတဲ့တရားခံဟာ ဘယ်လိုရည်ရွယ်ချက်နဲ့များကျူးလွန်ခဲ့တာဖြစ်မလဲ...... လူငယ်ပေါင်ချိန်ဇာတ်ကားဖြစ်ပြီးတော့ ပေါင်ချိန်ဇာတ်လမ်းတွဲနဲ့မတူတဲ့ ဟန်တစ်မျိုးနဲ့ တင်ဆက်ပုံဖော်ထားတာဖြစ်ပါတယ်။ မှုခင်းဇာတ်လမ်းတွေကိုကြိုက်တဲ့ ပရိသတ်အတွက် စိတ်ဝင်စားစရာဇာတ်ကားလေးပဲဖြစ်ပါတယ်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Fantasy , Mystery , Horror Runtime : 1h 20 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie

The Mystery of Jade ( 2024 )

Doomsday Warrior ( 2024 ) 5.7
Doomsday Warrior ( 2024 ) ဒီရုပ်ရှင်ကားလေးကတော့ တရုတ်နိုင်ငံကရိုက်တဲ့ ရှားရှားပါးပါး သိပ္ပံဇာတ်ကားကောင်းတွေထဲက တစ်ကားလို့ပြောရလောက်အောင်ကို ကောင်းတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ် ။ သိပ္ပံကားတွေကြိုက်တတ်တဲ့ ပရိသတ်ကြီးအတွက် လက်မလွှတ်သင့်တဲ့ ဇာတ်ကားဆိုလည်း မမှားပါဘူးနော် ။ဇာတ်လမ်းအကျဉ်းလေးအနေနဲ့ - မျိုးသုဉ်းခြင်းလျို့ဝှက်နယ်‌မြေလို့ယာယီနာမည်ပေးထားတဲ့ အာကာသယာဉ်လုံးကြီးက တရုတ်နိုင်ငံ အခြေစိုက် အာကာသနှင့်သိပ္ပံစခန်း CTC ရဲ့ လမ္ဘာအာကာသစခန်းကို ဝါးမျိုသွားပြီး ကမ္ဘာမြေပေါ်ရောက်လာခဲ့ပါတယ် ။အဲဒီအရာကြီးရောက်လာပြီးကတည်း ကမ္ဘာမြေရဲ့ ရေအရင်းအမြစ်တွေက စတင်ပြီး ဆုံးရှုံးလာခဲ့ပါတော့တယ် ။ အဲဒီအရာကြီးကို စစ်ဆေးဖို့အတွက် ကုလသမ္မဂက doomsday Warrior အဖွဲ့တွေဖွဲ့ပြီး စေလွှတ်ခဲ့ပေမဲ့ ဘယ်သူမှ အသက်ရှင်လျက်ပြန်မလာနိုင်ခဲ့ပါဘူး ။ နှစ်ဝက်ကြာပြီးတဲ့အခါမှာတော့ ကမ္ဘာမြေဟာ ရေရှားပါးလာမှုကြောင့် အဝါရောင်ပြောင်းသွားပြီးတော့ သေကြေကုန်တဲ့လူတွေလည်း တစ်ဘီလီလျံထိမြင့်မားလာခဲ့ပါတော့တယ် ။အဲဒီလိုနဲ့ CTC က အရေးပေါ်အခြေအနေအဖြစ် အထူးတပ်ဖွဲ့ 001 ကို မဖြစ်မနေတာဝန်ပြီးမြောက်အောင်လုပ်ဖို့ အမိန့်နဲ့အတူ ထိုအကာအကွယ်အလွှာထဲကို ဝင်ရောက်စေခဲ့ပါတယ်။ ‌ ကပ်ပတိန်ယန်ယိနဲ့အတူ သုတေသနအဖွဲ့ဝင် 2ယောက်လည်း တစ်ပါတည်းလိုက်ပါသွားခဲ့ပါတယ် ။ဇာတ်လမ်းလေးကတော့ အထူးတပ်ဖွဲ့ 001 က ထိုနယ်မြေမှာဘယ်လို စွန့်စားခန်းတွေနဲ့ကြုံတွေ့ရမလဲ ? ထိုအရာကြီးက ထူးဆန်းတဲ့အကောင်တွေက‌ရောဘာတွေဖြစ်မလဲ ။ ဒါ့အပြင် ကမ္ဘာမြေကြီးက ရေအရင်းအမြစ်တွေဆုံးရှုံးကုန်ရတဲ့အဓိက အကြောင်းကဘာဖြစ်မလဲ ? ရှားပါးသွားတဲ့ရေကရော ကမ္ဘာမြေပေါ်မှာ တဖန်ပြန်ရရှိနိုင်မလားဆိုတာကို စိတ်ဝင်စားစွာနဲ့ ...
movie

Doomsday Warrior ( 2024 )

My Girlfriend is Mermaid (2020) 6.9
My Girlfriend is Mermaid (2020) [Unicode]My Girlfriend is a Mermaidဒီဇာတ်လမ်းလေးက ရေသူမလေးနဲ့ကျောင်းရဲ့ပေါ်ပြူလာကောင်လေးရဲ့အချစ်ဇာတ်လမ်းပါလူသားသူငယ်ချင်းမနှစ်ယောက်နဲ့ရေသူမလေးတို့ကြား သူငယ်ချင်းသံယောဇဥ်ကိုလည်းဖော်ပြထားပါသေးတယ်ရေသူမတွေရဲ့အရေးကြီးတဲ့ငါးအကြေးခွံပျောက်သွားလို့ ကုန်းပေါ်တက်ရှာရင်း အမှတ်မထင် သံယောဇဥ်တွေဖြစ်မိကြတဲ့အခါ...မတူညီတဲ့ဖြစ်တည်မှုနှစ်ခုကြား ပြသနာတွေဇာတ်လမ်းလေးက ပေါ့ပေါ့ပါးပါးလေးပါကလေးတွေကြည့်တဲ့ ရေသူမကာတွန်းကားလေးတွေကိုပြန်အသက်သွင်းထားသလိုမျိုးကြည့်ရမှာပါ [Zawgyi]My Girlfriend is a Mermaidဒီဇာတ်လမ်းလေးက ရေသူမလေးနဲ့ကျောင်းရဲ့ပေါ်ပြူလာကောင်လေးရဲ့အချစ်ဇာတ်လမ်းပါလူသားသူငယ်ချင်းမနှစ်ယောက်နဲ့ရေသူမလေးတို့ကြား သူငယ်ချင်းသံယောဇဉ်ကိုလည်းဖော်ပြထားပါသေးတယ်ရေသူမတွေရဲ့အရေးကြီးတဲ့ငါးအကြေးခွံပျောက်သွားလို့ ကုန်းပေါ်တက်ရှာရင်း အမှတ်မထင် သံယောဇဉ်တွေဖြစ်မိကြတဲ့အခါ...မတူညီတဲ့ဖြစ်တည်မှုနှစ်ခုကြား ပြသနာတွေဇာတ်လမ်းလေးက ပေါ့ပေါ့ပါးပါးလေးပါကလေးတွေကြည့်တဲ့ ရေသူမကာတွန်းကားလေးတွေကိုပြန်အသက်သွင်းထားသလိုမျိုးကြည့်ရမှာပါQuality__720p IMDb Rating__6.9/10 Format__mp4 Duration__01:22:00 Type__Comedy , Drama , Romance Subtitle__Myanmar Subtitle (Hardsub) Translated by Hlaing Theint Theint Latt Encoded by Naing Aung Latt
movie
