Channel Myanmar

Cao Xixi

Salt Lake Project ( 2024 ) 6
Salt Lake Project ( 2024 ) MV တစ်ပုဒ်လိုလှတဲ့ ရှုခင်းတွေနဲ့ စိတ်လှုပ်ရှားစရာ ဟာသမှုခင်းဇာတ်လမ်းကို ရှာနေတယ်ဆိုရင် ဒီရုပ်ရှင်လေးကို ကြည့်ဖို့ ညွှန်းပါရစေ။ ဇာတ်လမ်းအကျဉ်းလေးကတော့- လွန်ခဲ့တဲ့ ၂ နှစ်က မူးယစ်ဖမ်းဆီးရဲမေ ရှောင်ယွီဟာ တာဝန်ထမ်းဆောင်နေချိန်မှာ မူးယစ်ဂိုဏ်းအဖွဲ့ရဲ့ သတ်ဖြတ်ခြင်းကို ခံခဲ့ရပါတယ်။ အဲဒီအချိန်ကစ သူ့ရဲ့ချစ်သူ လောင်ရှန့်ဟာ ရူးသွားခဲ့ပြီး ခြေဦးတည့်ရာထွက်ခဲ့ပြီးနောက် အနောက်မြောက်ဘက်ကို ရောက်လာခဲ့ပြီး ဦးလေးယင်တို့အဖွဲ့နဲ့အတူ နေထိုင်နေပါတယ်။တစ်နေ့မှာ ဦးလေးယင်တို့အဖွဲ့က မူးယစ်အဖွဲ့နဲ့ အပေးအယူလုပ်ဖို့ လောင်ရှန့်ကို သွားခိုင်းပါတယ်။ လောင်ရှန့်နဲ့ အပေးအယူလုပ်ဖို့ ရောက်လာတဲ့လူကတော့ ယွမ် ၂ သောင်းနဲ့ ပစ္စည်းပို့ခိုင်းလို့ ရောက်လာတဲ့ မှောင်ခိုကားဆရာ လျိုလုပဲဖြစ်ပါတယ်။အပေးအယူလုပ်မဲ့အချိန်မှာ လောင်ရှန့်တစ်ယောက် အရူးဖောက်ပြီး ပိုက်ဆံအိတ်ကို ယူပြေးတဲ့အခါ ဦးလေးယင်တို့အဖွဲ့ကလည်း အလိမ်ခံရတဲ့ ခံပြင်းစိတ်နဲ့ အနောက်က လိုက်ဖမ်းပါတော့တယ်။ သူတို့တွေ ခရီးလမ်းတစ်လျှောက်မှာ ဘယ်လို အလွဲမျိုးတွေနဲ့ ကြုံကြရမလဲ ဆိုတာကို ရုပ်ရှင်ကို ဆက်ပြီးကြည့်ရှုခံစားလိုက်ရအောင်နော်။ Filesize : 1.68 GB / 876 MB Quality : WEB-DL 1080p HEVC ...
movie

Salt Lake Project ( 2024 )

Hello, Beijing ( 2022 ) 6
Hello, Beijing ( 2022 ) လူတိုင်း လူတိုင်းမှာ အိမ်မက်ကိုယ်စီရှိကြပါတယ် အိမ်မက်တိုင်းကို အကောင်အထည်ဖော်ဖို့က ကလဲ စျေးပေါပေါ လွယ်လွယ်ကူကူနဲ့ ရတတ်ကြတာမဟုတ်ပါဘူး ။ ပေးဆပ်မှုတွေ ရင်းနီးမှုတွေ စတေးမှုတွေနဲ့ မြှုပ်နှံပြီးမှ အကောင်အထည်ဖော်လို့ရကြတာပါ ။ဒီနေ့မှာဆိုရင်တော့ အိမ်မက်ကို အကောင်အထည်ဖော်ဖို့ ကြိုးစားကြနေတဲ့ အသက်အရွယ်မတူညီတဲ့ လူ ၃ ယောက်အကြောင်း ရိုက်ကူးပုံဖော် ထားသော ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။❏ ပရော့ဂျက်အောင်မြင်ခါနီးမှာမှ ရင်းနှီးမြှုပ်နှံသူတွေ နှုတ်ထွက်သွားပြီး အကြွေးတွေ ဝိုင်းဝိုင်းလယ်ကာ ကူရာမဲ့ ဖြစ်နေတဲ့ ကုမ္ပဏီ သူဌေး - လီမင်ချီ❏ အိမ်က သဘောမတူတဲ့ကြားထဲမှာမှ အိမ်ကိုဆန့်ကျင် အတိုက်အခံလုပ်ကာ ပေကျင်းသို့ သူ့ရဲ့ အဆိုတော်ဖြစ်ချင်တဲ့ အိမ်မက်ကို အကောင်အထည်ဖော်ဖို့ အိမ်ပေါ်ကဆင်းလာသူ ထက်မြတ်တဲ့ လူငယ်လေး - ယန်နမ်❏ ချစ်ရသူနဲ့ လက်ထပ်ပြီး နေထိုင်ဖို့ အိမ်လေးဝယ်ချင်နေပေမဲ့ အကျပ်အတည်းနဲ့ ရင်ဆိုင်နေရသူ ရိုးသားကြိုးစားတဲ့ အမြန်ချောပို့သမားလေး - လျိုရွှင့်အကျပ်အတည်း တစ်မျိုးစီနဲ့ ရင်ဆိုင်နေရတဲ့ သူတို့တွေ ပေကျင်းမှာ ဘယ်လိုများဆက်လက်ပြီးရှင်သန်ကြမှာလဲ ? သူတို့ရဲ့ အိမ်မက်တွေကရော အကောင်အထည်ဖော်နိုင်ပါ့မလား ? အိမ်မက်ကိုအကောင်အထည်ဖော်နေစဥ်အတွင်းမှာ ဘယ်လို စိန်ခေါ်မှုတွေ အခက်အခဲတွေနဲ့ ရင်ဆိုင်ရမလဲ? ဆိုတာ ကြည့်ရှုလိုက်ရအောင်ပါနော် ...
movie

Hello, Beijing ( 2022 )