Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Campbell Scott
5.4
Millers in Marriage (2025)
Millers in Marriage (2025) ==================တစ်ခါမှာတော့ ပေါ့ပေါ့ပါးပါးကြည့်လို့ရမယ့် အချစ်ဇာတ်လမ်းဒရမ်မာတစ်ကားကို တင်ဆက်ပေးချင်ပါတယ်။မက်ဂီမစ်လာ၊ အန်ဒီမစ်လာနဲ့ အိဗ်မစ်လာဆိုတာ မစ်လာမောင်နှမသုံးယောက်ဟာ အောင်မြင်နဲ့အနုပညာဘဝကိုယ်စီနဲ့ ဘဝကိုတည်တည်ငြိမ်ငြိမ်ဖြတ်သန်းနေကြပါတယ် ။ဒါပေမဲ့သူတို့အားလုံးရဲ့ အိမ်ထောင်ရေးတွေကတော့ အဆင်မပြေလှပါဘူး။ကလေးတွေကောလိပ်တက်လို့ လင်မယားနှစ်ယောက်စီပဲကျန်ကြတဲ့အခါ ရှောင်လွှဲမရတဲ့ အိမ်ထောင်ရေးငြီးငွေ့မှုကို ကျော်ဖြတ်နိုင်ဖို့ မောင်နှမသုံးယောက်သားကိုယ်စီအဖြေရှာကြပါတယ် ။ဒီလိုအဖြေရှာရင်း ဘဝရဲ့ အချိုးအကွေ့တွေမှာကြုံခဲ့ဖူးတဲ့ အဆက်ဟောင်းတွေကို ပြန်တွေ့ရာကနေ သူတို့ရဲ့ဘဝရွေးချယ်မှုကို ပြန်မေးခွန်းထုတ်မိလာကြပါတယ် ။ဆယ်စုနှစ်နဲ့ချီလက်တွဲလာကြတဲ့ အိမ်ထောင်ဖက်တွေဟာ သူတို့ရဲ့ပါရမီဖြည့်ဖက်အစစ်အမှန် စ်ပါ့မလား။ဘဝရဲ့ ကျန်ရှိတဲ့သက်တမ်းကို မှန်ကန်တဲ့ဆုံးဖြတ်ချက်ချပြီး မှန်ကန်တဲ့သူကို ရွေးချယ်နိုင်မှာလား။မြင်နေကျ ဆယ်ကျော်သက်လူငယ်ရဲ့ ဆူလွယ်ပွယ်လွယ် အချစ်ဇာတ်လမ်းတွေလိုမဟုတ်ပဲ သက်ကြီးပိုင်းတွေရဲ့ တည်ငြိမ်တဲ့အချစ်ပုံပြင်တွေကို ကြည့်ရမှာဖြစ်တာကြောင့် အမြင်ဆန်းနေမှာတော့ အသေအချာပါပဲ ။မောင်နှမသုံးယောက်အဖြစ် ဂျူလီယာနာ မာဂျူလီးစ်, အက်ဒ်ဝဒ်ဘန်းစ်နဲ့ ဂရက်ချန်မောတို့က သရုပ်ဆောင်ထားကြပြီး Deadpool မင်းသမီး မိုရီနာဘက်ကာရင်နဲ့Conjuring မင်းသား ပက်ထရစ်ဝီလ်ဆန်တို့ကလည်း ပါဝင်အားဖြည့်ထားပါတယ်။မောင်နှမသုံးယောက်ရဲ့ မတူညီတဲ့အချစ်ဇာတ်လမ်းသုံးပုဒ်ကို ဇာတ်လမ်းအတက်အကျညီညီနဲ့ ငြိမ့်ငြိမ့်လေးစီးမျောရင်း ကြည့်ရှုဖို့ တင်ဆက်ပေးလိုက်ရပါတယ်။ File size…1.1 GB / 584 MB Quality…WEB DL 1080p HEVC ...
movie
Millers in Marriage (2025)
6.2
Manhattan Night (2016)
မင်းသား Adrien Brody နဲ့ မင်းသမီး Yvonne Strahovski တို့ အဓိကပါ၀င်ထားတဲ့ မှုခင်းဇာတ်ကားကောင်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းအညွှန်းလေးကတော့ သတင်းထောက် ပေါ်တာ၀ရန်ဟာ ပျောက်နေတဲ့ကလေးမလေး တစ်ယောက်ကို ရှာတွေ့ခဲ့တာကြောင့် လူပြောများနေပါတယ်၊ သူဟာ ပါတီပွဲတစ်ခုတတ်ရင်း ကာရိုလင်းဆိုတဲ့ အမျိုးသမီးတစ်ယောက်နဲ့ဆုံခဲ့ပါတယ်၊ကာရိုလင်းရဲ့ ယောကျာ်းဖြစ်သူ ဆိုင်မွန်ဟာ သေဆုံးတာသိပ်မကြာသေးပဲ ဘာလို့သေဆုံးတာလဲဆိုတာ ရဲတွေကတောင် အဖြေမရှာနိုင်ကြသေးပါဘူး၊ အဲ့မှာ ကာရိုလင်းက ၀ရန့်ကို သူ့ယောကျာ်းသေဆုံးတဲ့အမှုကို အကူအညီတောင်းပါတော့တယ်၊ သူတို့နှစ်ယောက် အမှုကိုစုံစမ်းရင်း ဘာတွေကြုံတွေ့ရမလဲ၊ ဆိုင်မွန် သေရတာရောဘာကြောင့်လဲ ဆိုတာကို ရင်တထိတ်ထိတ်နဲ့ အဆုံးထိကြည့်ရှုခံစားလိုက်ကြပါဦး... File size…(1.6 GB)/(740 Mb) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:53:00 Genre... Crime, Drama, Mystery, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ivy noe
movie
Manhattan Night (2016)
2016
6.7
The Amazing Spider-Man 2 (2014)
ဒီဇာတ်ကားက ကျွန်တော် အရမ်းကြိုက်ခဲ့တဲ့ Spider-Man ကာတွန်းဇာတ်လမ်းထဲက ဇာတ်လမ်းတစ်ချို့ကို အခြေခံပြီး ရိုက်ကူးထားသလို၊ Visual Effect ကလည်း အရမ်းကောင်းပါတယ်။ ဒါ့အပြင် Spider-Man Web ပစ်ပြီး လေထဲမှာ သွားတဲ့ အခန်းတွေက တကယ် ကြည့်လို့ကောင်းပြီး၊ Electro နဲ့ ရင်ဆိုင်တဲ့ အခန်းမှာလည်း Slow Motion ကို လိုအပ်သလောက် ထည့်ပြီး ပညာသား ပါပါ အသုံးပြုသွားပါတယ်။Superheros ရုပ်ရှင် ကားတွေထဲမှာ လက်ရှိအချိန်ထိ ကျွန်တော့် အကြိုက်ဆုံး ဇာတ်ကားတွေကThe Dark Knight နဲ့ Avengers တို့ဖြစ်ပါတယ်။ ဒီကားက အဲ့ဒီ နှစ်ကား လောက် စိတ်လှုပ်ရှားမှုမပေးနိုင်သလို၊ ဇာတ်ရှိန် အတက်အကျမကောင်းပေမယ့်၊ လက်ရှိအချိန်မှာတော့ အကောင်းဆုံး Spider-Man ကားလို့ တောင် ပြောလို့ရပါတယ်။ Original Spider-Man 2 ...
movie
The Amazing Spider-Man 2 (2014)
2014
4K HEVC
7.0
The Amazing Spider-Man (2012)
ဒီ The Amazing Spiderman ပထမကားလေးမှာတော့ကျွန်တော်တို့ရဲ့အချစ်တော်ပီတာSpiderman စတင်ဖြစ်လာတဲ့အချိန်လေးကိုရိုက်ထားတာပါ။အောင်မြင်မှုများစွာရရှိခဲ့တဲ့ကားလေးလည်းဖြစ်ပါတယ်။ရုံဝင်ငွေဒေါ်လာ၇၅၇.၉သန်းထိရရှိခဲ့တဲ့ကားလေးပါ။၂၀၀၀ခုနှစ်ပီတာတယောက်ကလေးဘဝမှာဖခင်ဖြစ်သူရဲ့စာကြည့်ခန်းဖောက်ထွင်းခံရတာနဲ့စပြီးသူတို့မိသားစုလေးတကွဲတပြားစီဖြစ်သွားခဲ့ရပါတယ်။မိဘဖြစ်သူတွေထူးဆန်းစွာပျောက်ဆုံးသွားပြီးပီတာတယောက်အန်တီမေနဲ့ဦးလေးဘန်တို့ရဲ့စောင့်ရှောက်မှုအောက်မှာပဲကြီးပြင်းခဲ့ရပါတယ်။နှစ်များစွာကြာပြီးနောက်ပီတာလည်းအထက်တန်းကျောင်းသားကြီးဖြစ်နေပါပြီ။အဖေ့သွေးပါသူဖြစ်တော့ဉာဏ်ထက်မြက်သူတယောက်ဖြစ်ပါတယ်။အဲဒီမှာပဲဂွမ်န်စတေစီဆိုတဲ့ကောင်မလေးနဲ့ဇာတ်လမ်းစတင်ခဲ့တာပေါ့။တနေ့အိမ်မှာနေရင်းပီတာတယောက်ဖခင်ဖြစ်သူရဲ့အိတ်တအိတ်ကိုတွေ့ပြီးသုတေသနစာရွက်စာတမ်းဟောင်းတွေဓာတ်ပုံတွေကိုတွေ့ရှိသွားပါတယ်။အဲဒီဓာတ်ပုံကနေတဆင့်ဖခင်ဖြစ်သူနဲ့အတူအလုပ်လုပ်ခဲ့တဲ့ သိပ္ပံပညာရှင်ဒေါက်တာကာ့ကော်နာစ်တယောက်OScorpဆိုတဲ့ မျိုးစိတ်ဗီဇတွေကိုသုတေသနလုပ်နေတဲ့နေရာမှာ အလုပ်လုပ်နေကြောင်းသိလိုက်ရပါတယ်။အဲဒါနဲ့ပဲ ဖခင်အကြောင်းတွေကိုသိချင်နေတဲ့ပီတာတယောက်Oscorpထဲကိုခိုးဝင်ရာကစပြီးSpidermanဆိုတဲ့ဇာတ်ကောင်စတင်ပေါ်ပေါက်လာခဲ့တာပဲဖြစ်ပါတယ်။လက်တွေ့ကျကျပြန်လည်မွမ်းမံပြီးထုတ်လုပ်ထားတဲ့အတွက်ဒီကားလေးဟာတော်တော်အောင်မြင်ခဲ့တာပဲဖြစ်ပါတယ်။အဲတော့နောက်ပိုင်းSpidermanပေါက်စ ဘာတွေဘယ်လိုလူသားအကျိုးဆောင်ရွက်မလဲဆိုတာတော့ဇာတ်ကားလေးကိုပြန်စားမြုပ်ပြန်လိုက်ကြရအောင်ပါ။ File size…(4.9 GB)/(2.2 GB)/(900 MB) Quality….BluRay 4K HEVC/ DS4K 1080p HEVC / 720p Format…mkv/mp4 Duration….02:16:17 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Mr.Anderson
movie
The Amazing Spider-Man (2012)
2012
4K HEVC