Channel Myanmar

Brock McKinney

California King (2025) 5.2
California King (2025)  California King (2025)ယခုအခါတင်ဆက်ပေးလိုက်တာကတော့ ၂၀၂၅ ခုနှစ်ထွက် ဟာသဒရမ်မာဇာတ်ကားလေးပဲဖြစ်ပါတယ်။ပေါ့ပေါ့ပါးပါးနဲ့ ကြည့်လို့ကောင်းပြီးတော့ ဇာတ်လမ်း‌ကလည်းစွဲဆောင်မှုရှိပါတယ်။ဇာတ်လမ်းအကြောင်းကတော့ ပယ်ရီနဲ့ဝိုက်ကငယ်ငယ်လေးထဲကခင်လာတဲ့အချစ်ဆုံးသူငယ်ချင်းနှစ်ယောက်ဖြစ်ပြီးတော့ Mattress King ဆိုတဲ့မွေ့ယာဆိုင်ဖွင့်ထားပါတယ်။ပယ်ရီကမန်နေဂျာပါ.. ပြီးတော့ပယ်ရီကငွေကြေးစီမံခန့်ခွဲမှုလည်းကောင်းပြီးစုမိဆောင်းမိလည်းရှိပါတယ်..ဝိုက်ကတော့အဲ့လိုမဟုတ်ပါဘူး..ဒါပေမဲ့ပယ်ရီမှာမရှိတာကတော့ကျွန်တော်တို့လိုပဲသဘောကျနေတဲ့ကောင်မလေးကိုစကားသွားမပြောရဲ့တာပါ..ဒီတော့သူသဘောကျနေတဲ့ကောင်မလေးဖြစ်တဲ့လင်းနက်ဂျင်းရဲ့မောင်ဖြစ်သူ ရိုက်ကာဂျင်းကိုပြန်ပေးဆွဲပြီးတော့ သူရဲကောင်းပုံစံဖမ်းဖို့လုပ်ပါတယ်..ရိုက်ကာဂျင်းကလည်းသဘောတူပါတယ်.. ဒီတော့အားလူံးအဆင်မပြေတပြေနဲ့ရိုက်ကာဂျင်းကိုပြန်ပေးဆွဲယောင်ဆောင်လာပြီးတော့ ဂိုထောင်တစ်ခုထဲမှာသွားနေခိုင်းထားပါတယ်..နောက်ကျလင်းနက်ဂျင်းရဲ့ရှေ့မှာသူရဲကောင်းပုံစံလုပ်ဖို့ ရိုက်ကာဂျင်းကိုသွားပြန်ခေါ်တဲ့အခါမှာတော့ ရိုက်ကာဂျင်းဟာသူတို့ထားခဲ့တဲ့ ဂိုထောင်ထဲမှာမရှိတော့ပဲ အမှန်တကယ်ပြန်ပေးဆွဲခံလိုက်ရပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ AKM ဖြစ်ပါတယ်။) File size… (1.1 GB) / (640 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Comedy, Crime Duration…. 01:26:39 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by AKM
movie

California King (2025)

2025
Hereditary (2018) 7.6
Hereditary (2018) ဂရေဟမ်မိသားစုရဲ့ အိမ် ထောင်ဦးစီးဖြစ်တဲ့ အယ်လန်ဂရေဟမ်ကွယ်လွန်သွားပြီးနောက်မှာ သူ့ရဲ့သမီးဖြစ်တဲ့ အန်နီဂရေမ်တို့ မိသားစုဟာ ဘိုးဘွားဘီဘင်မျိုး ရိုးအစဉ်အဆက်ရှိတဲ့ ထိတ်လန့် စရာလျှို့ဝှက်ချက်တွေနဲ့ ရင်ဆိုင် ခဲ့ရပါတယ်။အန်နီဟာ ပုံစံငယ်လေးတွေ ဖန်တီးတဲ့ ပညာရှင်တစ်ယောက် ဖြစ်ပြီး ခင်ပွန်းသည် စတိဗ်၊ ပီတာနဲ့ ချာလီဆိုတဲ့သားနဲ့ သမီးရှိပါ တယ်။ ဒီလိုနဲ့ အယ်လန်ကွယ်လွန် ပြီးနောက်မှာတော့ အန်နီတို့ မိသားစုဟာ သဘာဝလွန်အဖြစ် အပျက်တွေ ကြုံရပါတယ်။ပီတာဟာ ပါတီပွဲတစ်ခုကို ချာလီနဲ့အတူသွားခဲ့ပြီး အဲဒီပါတီ ပွဲမှာ ဆေးခြောက်ပါတဲ့ ချော ကလက်တွေကို ချာလီစားမိပြီး နောက် ဓာတ်မတည့်ဘဲ အစာအ ဆိပ်သင့်ပါတော့တယ်။အဲဒါနဲ့ ဆေးရုံကို မောင်နှမနှစ်ယောက် သွားရင်း ချာလီက အသက်ရှူမဝ ဖြစ်လာလို့ ကားထဲကနေ ခေါင်း ထွက်လေရှူရင်း ထိခိုက်မိတာ ခေါင်းပြတ်သွားခဲ့ပါတယ်။ပီတာကလည်း ရူးကြောင် ကြောင်ဖြစ်နေတာမို့ မိဘတွေကို ဘာမှပြန်မပြောဘဲ ဒီအတိုင်း အိမ်ပြန်လာခဲ့ပါတယ်။ချာလီသေဆုံး ...
movie

Hereditary (2018)

2018