Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Bridget Fonda
6.6
Kiss of the Dragon (2001)
Kiss of the Dragon (2001)IMDb Rating (6.6) / Rotten Tomatoes (53%) နာမည်ကြီး အက်ရှင်မင်းသားကြီး ဂျက်လီရဲ့ ၂၀၀၀ အစောပိုင်း ကားဟောင်းလေးပဲ ဖြစ်ပါတယ်။ဒီဇာတ်လမ်းထဲမှာတော့ ဂျက်လီက တရုတ်မူးယစ်ဂိုဏ်းခေါင်းဆောင်ကို ဖမ်းဖို့ ပြင်သစ်ကို ရောက်လာတဲ့ တရုတ်အေးဂျင့် လွီယန်းအနေနဲ့ ပါဝင်ထားပါတယ်။ဒါပေမဲ့ သူနဲ့တွဲအလုပ်လုပ်ရမယ့် ပြင်သစ်ရဲအရာရှိဟာ မူးယစ်ဂိုဏ်းခေါင်းဆောင်နဲ့ အဆက်အသွယ်ရှိနေပြီး သူက မူးယစ်ဂိုဏ်းခေါင်းဆောင်ကို သတ်ပစ်ပြီး လွီယန်းကို အပြစ်ပုံချလိုက်ပါတယ်။တစ်ဖက်မှာ ဒါတွေအကုန်လုံးကိုသိပြီး လွီယန်းမှာ အပြစ်မရှိကြောင်းသက်သေပြနိုင်မဲ့သူက ပြင်သစ်ရဲအတွက် အလုပ်လုပ်ပေးရတဲ့ ဂျက်ဆီကာ ဆိုတဲ့ပြည့်တန်ဆာမလေးပါ။ဒါကြောင့် လွီယန်းဟာ ပြင်သစ်ရဲတွေ လက်ကနေ ထွက်ပြေးရင်း သူ့မှာအပြစ်မရှိကြောင်း သက်သေပြဖို့ ဘယ်လိုကြိုးစားသွားမလဲဆိုတာကို အက်ရှင်ခန်းတွေ အများအပြားနဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Marco ဖြစ်ပါတယ်။)File size…(1.3 GB) / (760 MB) Quality….Blu-Ray 1080p HEVC ...
movie
Kiss of the Dragon (2001)
2001
7.5
Jackie Brown (1997)
Jackie Brown(1997)IMDb Rating (7.5)/ Rotten Tomatoes (87%)ဘဝမှာ ရုပ်ရှင် ၁၀ ကားပဲရိုက်မယ်လို့ ကြွေးကြော်ထားတဲ့ ဂန္တဝင်ဒါရိုက်တာကြီး Quentin Tarantino ရဲ့ (၃) ကားမြောက်ရုပ်ရှင်ကားဖြစ်ပါတယ်။Robert De Niro , Samuel L. Jackson , Michael Keaton , Robert Forster , Pam Grier , Bridget Fonda တို့လို ဝါရင့်သရုပ်ဆောင်တွေနဲ့မလို့ အမိုက်စားရုပ်ရှင်လဲဖြစ်ပါတယ်။ဇာတ်လမ်းကတော့...ဂျက်ကီဘရောင်းဆိုတဲ့ အမေရိကန်လေယာဉ်မယ်တစ်ဦးဟာ လစာသိပ်မကောင်းတဲ့ လေကြောင်းလိုင်းမှာ အလုပ်လုပ်ရင်း လက်နက်မှောင်ခိုသမားတစ်ယောက်ရဲ့ သန်းတစ်ဝက်လောက်ရှိတဲ့ငွေတွေကို နည်းနည်းစီခွဲပြီး မက္ကဆီကိုကနေ မှောင်ခိုသယ်ပေးနေခဲ့ပါတယ် …... သူ့အတွက် အခက်အခဲ အနည်းငယ်လောက်သာရှိပြီး ငွေလေးလည်း မြိုးမြိုးမျက်မျက် ရလေတော့ ဂျက်ကီဘရောင်းအတွက် တကယ့်ကိုအဆင်ပြေနေပါတယ်...သူကူညီပေးနေတဲ့ လက်နက်မှောင်ခိုသမားဟာ အနည်းဆုံး လူဆယ်ယောက်ခန့် သတ်ထားပြီးတော့ ပိုက်ဆံနဲ့ပတ်သက်ရင် လက်ရဲဇက်ရဲ သတ်ဖြတ်တတ်သူပါ … ရဲတပ်ဖွဲ့ကလည်း ဘယ်သူမှန်းမသိသေးပေမယ့် ...
movie
Jackie Brown (1997)
1997
4K HEVC
7.1
Balto(1995)
Balto(1995)Channel Myanmar ပရိတ်သတ်တွေအတွက် ဒီတစ်ခါမှာတော့ Balto ဆိုတဲ့ ဇာတ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်လမ်းလေးဟာ ၁၉၉၅ ခုနှစ်တည်းက ထွက်ရှိခဲ့တာဖြစ်ပြီး သူရဲကောင်းခွေးလေးတစ်ကောင်အကြောင်း ရိုက်ကူးထားတဲ့ IMdb 7.1 နဲ့ Rotten Tomato 54% ရရှိထားတဲ့ Animated ဇာတ်လမ်းကောင်းလေး တစ်ပုဒ်လည်း ဖြစ်ပါတယ်။ဒီဇာတ်လမ်းရဲ့ အဓိကဇာတ်ကောင်ကတော့ ဘော်တို လို့အမည်ရတဲ့ ဝံပုလွေသွေးနှောတဲ့ ခွေးလေးတစ်ကောင်ပဲ ဖြစ်ပါတယ်။ ခွေးချစ်သူ တိချစ်သူလေးတွေကတော့ 1925 Serum Run to Nome မှာ ထင်ရှားတဲ့ ဘော်တို တို့ တိုဂို တို့ ကို ရင်းနှီးပြီးသား ဖြစ်ပါလိမ့်မယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ အလက်စကာ မှာရှိတဲ့ နုမ်း မြို့လေးရဲ့ အလွန်ဆိုးရွားတဲ့ ဆောင်းရာသီတစ်ခုမှာ ကလေးငယ်လေးတွေဆီကို ကပ်ရောဂါတစ်ခု ကျရောက်လို့ လာခဲ့ပါတယ်။ နုမ်းမြို့ငယ်လေးရဲ့ တစ်ခုတည်းသောဆေးရုံမှာ ရောဂါဖြေဆေးတွေလည်း ...
movie
Balto(1995)
7.6
The Godfather: Part III(1990)
The Godfather: Part III(1990) IMDb...7.6,,,,Rotten...67% (ဒီကားက ယခင် ကျွန်တော် channelmyanmar မှ တင်ဆက်ပေးဖူးပါတယ်..သို့ပေမယ့် စာတန်းထိုးလိုအပ်ချက်တစ်ချို့ရှိလို့ ယခု အသစ်ဘာသာပြန်ပြီးတင်ဆင်ပေးထားပါတယ်…) Part III လာပါပြီ ...ထုံးစံအတိုင်းပေါ့ဗျာ... ဒီကားရဲ့အညွှန်းကိုတော့ မရေးရဲလို့မရေးတော့ဘူး... ကိုင်းခံစားကြည့်လိုက်ပါဦးဗျို့...1080p 5.1CHနဲ့ 720p တို့အပြင် 360p လေးနဲ့ အကောင်းမွန်ဆုံးတင်ပေးထားပါတယ်.. ဘာသာပြန်သူကတော့ Ko Zuel Khant Thwinပဲဖြစ်ပါတယ်... (ဒီကားက ယခင် ကျွန်တော် channelmyanmar မှ တင်ဆက်ပေးဖူးပါတယ်..သို့ပေမယ့် စာတန်းထိုးလိုအပ်ချက်တစ်ချို့ရှိလို့ ယခု အသစ်ဘာသာပြန်ပြီးတင်ဆင်ပေးထားပါတယ်…) Part III လာပါပြီ ...ထုံးစံအတိုင်းပေါ့ဗျာ... ဒီကားရဲ့အညွှန်းကိုတော့ မရေးရဲလို့မရေးတော့ဘူး... ကိုင်းခံစားကြည့်လိုက်ပါဦးဗျို့...1080p 5.1CHနဲ့ 720p တို့အပြင် 360p လေးနဲ့ အကောင်းမွန်ဆုံးတင်ပေးထားပါတယ်.. ဘာသာပြန်သူကတော့ Ko Zuel Khant Thwinပဲဖြစ်ပါတယ်... File Size : (3.21GBGB) and (1.55GB ) Quality : Blu-Ray 1080p 5.1CH,Blu-Ray 720p Format…mp4 Duration…02:42:00 Genre : ...
movie
1990
6.0
Little Buddha (1993)
IMDb Rating (6/10)/Rotten Tomatoes (68%)Little BuddhaUnicodeဒီဇာတ်ကားလေးက အနောက်နိုင်ငံ(အမေရိကန်နိုင်ငံ)သားတွေမှ ကျွန်တော်တို့"ဗုဒ္ဓမြတ်စွာ"ရဲ့ "ဗုဒ္ဓဝင်"ကို စနစ်တကျလေ့လာပြီး ရိုက်ကူး ပုံဖော်ထားတဲ့ ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်...ဇာတ်လမ်းအညွှန်းကို ပြောပြရရင်တော့--- ဒီဇာတ်လမ်းမှာ အခန်းကဏ္ဍ၂ခုပါဝင်နေပါတယ်တခုကတော့ "ဗုဒ္ဓမြတ်စွာ"ရဲ့ သိဒ္ဓတ္ထမင်းသားဘဝကနေ သစ္စာလေးပါးသိမြင်ပြီး ဗုဒ္ဓဖြစ်တဲ့အချိန်အထိ ဗုဒ္ဓဝင်ကို လေးစားအတုယူဖွယ် ရိုက်ပြထားပြီး သိဒ္ဓတ္ထမင်းသားအဖြစ် Keanu Reeve ကီနူးရိဗ်က သရုပ်ဆောင်ထားပါတယ်...နောက်တခုကတော့ တိဗက်လူမျိုးတို့ရဲ့ "လူပြန်ဝင်စားခြင်း" သက်ဝင်ယုံကြည်မှုအရ ဆရာဖြစ်သူ "ဆရာတော်လာမာဒေါ်ဂျီ" ပြန်ဝင်စားသည်ဟု ယုံကြည်ဖွယ်ရှိသည့် အမေရိကန်လူမျိုးကလေးငယ် "ဂျက်ဆီ" ထံသို့ တိဗက်ဗုဒ္ဓဘာသာဘုန်းကြီးများမှ လာရောက်တွေ့ဆုံပြီး ဘူတန်နိုင်ငံသို့လိုက်ခဲ့ရန် မိဘများထံ ခွင့်ပန်တဲ့ဇာတ်လမ်းကို ရိုက်ပြထားပါတယ်။တိဗက်ဆရာတော်များရဲ့ နောက်ဘဝရှိသည် ဆိုတာကို အယုံအကြည်မရှိသူ ဂျက်ဆီရဲ့ဖခင်က အထင်အမြင်လွဲမှုတွေရှိနေပေမယ့် သူရဲ့လုပ်ဖော်ကိုင်ဖက် သူငယ်ချင်း အက်စီးဒင့်ဖြင့် သေဆုံးသွားတဲ့အခါ စိတ်ပြေလက်ပျောက်သဘောဖြင့် သားဖြစ်သူနှင့် ဘူတန်နိုင်ငံသို့ လိုက်သွားခဲ့ရာမှ...ဘူတန်နိုင်ငံရှိ စေတီအကြောင်းတွေ တိဗက်ဘုန်းတော်ကြီးများရဲ့ ဘာသာရေးအယူအဆများအကြောင်းတွေကို ဗဟုသုတရဖွယ် ရိုက်ပြထားပါတယ်....ဒီဇာတ်ကားမှာ ကျွန်တော်တို့နိုင်ငံရဲ့ ဗုဒ္ဓဘာသာထုံးတမ်းစဉ်လာများနဲ့ တိဗက်ဗုဒ္ဓဘာသာထုံးတမ်းစဉ်လာတို့၏ အနည်းငယ်ကွဲပြားမှုများကိုလည်း ဗဟုသုတဖြစ်ဖွယ် လေ့လာခွင့်ရမှာ ဖြစ်ပါတယ်..ဒါ့အပြင် ဗုဒ္ဓဘာသာ တိဗက်ဘုန်းကြီးများရဲ့ "မမြဲခြင်းသဘော"ကို နက်ရှိုင်းစွာ နှလုံးသွင်းတတ်ပုံနဲ့ ကြောက်ရွံ့တုန်လှုပ်ခြင်းကင်းစွာ "သေခြင်းတရား"ကို ရင်ဆိုင်နိုင်တဲ့ စိတ်ဓာတ်ကိုလဲ ချီးကျူးဂုဏ်ယူ တွေ့မြင်ရမှာပါ...ဗုဒ္ဓဘာသာရဲ့ အနှစ်သာရတစ်ခုဖြစ်တဲ့ သေခြင်းတရားကို မကြောက်လန့်ဘဲ ရင်ဆိုင်နိုင်တဲ့ နှလုံးသွင်းမှန်မှုသဘောကို အနောက်နိုင်ငံသားများကပါ လေးစားချီးကျူ းရတာ အမှန်ပါပဲ....ဒီဇာတ်ကားရဲ့ ...
movie
Little Buddha (1993)
1993