Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Brendon Zub
7.0
Sugarplummed (2024)
Sugarplummed (2024)IMDb Rating (7.0) Rating ကြမ်းတဲ့ Holiday Romance ကားလေးက Chrismas ရဲ့ လှပမှု၊ လွတ်လပ်မှု၊ ပျော်ရွှင်မှု၊ စိတ်လှုပ်ရှားမှု၊ တို့ကို ကြည့်ရှုသူတွေအနေနဲ့ အနုပညာရသမြောက်စွာခံစားနိုင်ရန်မင်းသမီး Maggie Lawson နဲ့ Janel Parrish တို့က တွဲဖက်ညီညီ တင်ဆက်ထားတဲ့ ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ဇာတ်လမ်းအညွန်းမှာတော့ အမ်မလီက ခရစ်စမတ်ကို နှစ်တိုင်းလိုလို အစီအစဉ်တကျ ကျင်းပဖို့ ကြိုးစားခဲ့ပြီး၊ မိသားစုဝင်တွေကို နီးစပ်စေချင်ခဲ့တာပါ။အဲ့တာကြောင့် မျှော်လင့်ထားတဲ့ ခရစ်စမတ်ဖြစ်လာစေဖို့ Sugarplummed လို့ခေါ်တဲ့ ရုပ်ရှင်ကမ္ဘာက ဇာတ်ကောင်တစ်ဦးဆီ အကူအညီပေးဖို့ ဆုတောင်းခဲ့တယ်။ဒါပေမယ့် Sugarplummed လို့ခေါ်တဲ့ ရုပ်ရှင်စည်းကမ်းတွေက လက်တွေ့ကမ္ဘာမှာတော့ ပြဿနာတွေ ဖြစ်စေတာကို အမ်မလီ တစ်ယောက် မသိခဲ့ဘူး။အဲ့လိုနဲ့ အမ်မလီ နဲ့ Sugarplummed တို့က အခက်အခဲတွေကြားထဲက အမ်မလီလိုချင်တဲ့ ရုပ်ရှင်ဆန်ဆန် ခရစ်စမတ်ကို ...
movie
Sugarplummed (2024)
2024
6.2
Cut, Color, Murder (2022)
Cut, Color, Murder (2022)အခု မိတ်ဆက်ပေးမယ့်ဇာတ်ကားကတော့ Arrow, Lucifer နဲ့ Timeless တို့လို စီးရီးမျိုးတွေမှာ လက်စွမ်းပြခဲ့တဲ့ ဒါရိုက်တာ Stacey N. Harding ကရိုက်ကူးပေးထားပြီး မင်းသမီး Julie Gonzalo ကနေ ဇာတ်ဆောင်မင်းသမီးအဖြစ်ပါဝင်သရုပ်ဆောင်ထားပြီး ဒရာမာမင်းသား Ryan Mc Partlin နဲ့ Nathan Witte ကနေ ဇာတ်ပို့အဖြစ် ပါဝင်ပံ့ပိုးပေးထားတာဖြစ်ပါတယ်။ဒီဇာတ်ကားကိုတော့ အာလီ ရိဒ်ဆိုတဲ့ အမျိုးသမီးတစ်ဦးအပေါ်ဇာတ်အိမ်တည် ရိုက်ကူးထားတာပါ။ အာလီဟာ ဆံသပညာရှင်အဖြစ်လုပ်ကိုင်နေတဲ့ မုဆိုးမလေးတစ်ယောက်ပေါ့။ သူနေတဲ့ ဂိုးလ်ဒန်းပိခ်မှာ သူ့ညီမနဲ့အတူ ကိုယ်ပိုင်ဆိုင်ခန်းလေးနဲ့ အလှပြင်ဆိုင်ဖွင့်ထားကြတာပေါ့။ တစ်မြို့လုံးကလည်း သူတို့ကကောင်းဆုံးဆိုတာကို သိလို့ သူတို့ဆိုင်ကိုပဲ လာပြီးအားပေးကြပါတယ်။ အာလီကလည်း သူ့ခင်ပွန်းအသတ်ခံလိုက်ရပြီးကတည်းက မြို့မှာကိစ္စတစ်ခုခုရှိလာပြီဆိုရင် အပျော်တမ်းစုံထောက်အနေနဲ့ အမှုတွေကို ရဲတွေနဲ့အတူ လိုက်ဖြေရှင်းပေးလေ့ရှိတဲ့သူပါ။ တစ်နေ့တော့ သူတို့မြို့မှာ နှစ်စဉ်ကျင်းပလေ့ရှိတဲ့ မယ်ရွေးပွဲစဖို့ ...
movie
Cut, Color, Murder (2022)
2022
6.8
A Winter Princess (2019)
ဥရောပအလယ်ပိုင်းက မထင်မရှားနိုင်ငံတစ်ခုက တော်ဝင်မင်းသမီးလေး ကာလီဟာ သူရဲ့ နန်းတွင်းတော်ဝင်အရေးအရာတွေကနေ တစ်နှစ်တိတိ ခွင့်ယူပြီး နိုင်ငံရပ်ခြားက ရေခဲတောင်အပန်းဖြေရိပ်သာတစ်ခုမှာ ပွဲစီစဉ်သူအဖြစ် တိတ်တဆိတ် ၀င်ရောက်လုပ်ကိုင်နေပါတယ်..။ မွေးကတည်းက ပြဌာန်းလိုက်ပြီးသား ဘ၀တစ်ခုကနေ ခဏတာ သွေဖည်ပြီး ကိုယ်တိုင် ဘာလုပ်နိုင်တယ်ဆိုတာကို ရှာဖွေဖို့ရာ စိတ်အားထက်သန်နေတဲ့ ကာလီလေးဟာ တကယ်တမ်းမှာတော့ လုံလောက်တဲ့ အခွင့်အရေးမျိုးကို တစ်နှစ်အတွင်းမှာ မရရှိခဲ့ရှာပါဘူး။ ပြန်ရမယ့်ရက်နီးလာခါမှ ကြုံတောင့်ကြုံခဲပွဲတော်ကြီးတစ်ခုကို စီစဉ်ပေးရဖို့ဖြစ်လာပါတယ်..။ သာမန်သူအဖြစ် ကိုယ်စွမ်းကိုယ်စနဲ့ ကြိုးစားပြချင်တဲ့ ကာလီလေး ဒီအခွင့်အရေးကို အမိအရ ဆုပ်ကိုင်နိုင်မှာလား..။ ဒါ့အပြင် သူနဲ့ အတူ လက်တွဲလုပ်ကိုင်ရမယ့် တွဲဖက် ကိုလူချောတစ်ယောက်လည်း ပါလာပါတယ်။ သူ့ရဲ့ ကွယ်ဝှက်ထားတဲ့ မင်းသမီးဆိုတဲ့ ဂုဏ်ပုဒ်တစ်ခုကိုရော အဆုံးထိ လျှို့ဝှက်သွားနိုင်မှာလား..။ ရေခဲပြင်ကျယ်ကြီးတွေ နှင်းပွင့်နင်းမှုံတွေနဲ့ အေးစိမ့်စိမ့် ပတ်ဝန်းကျင်နောက်ခံကို ကြည်နူးငွေ့လေးဟပ်ပြီး ကြည့်ရှုကြရမယ့် ရိုမန့်ကားလေးတစ်ကားပါ။ ဒီရုပ်ရှင်ကားကို ဘာသာပြန်ပြီး အညွှန်းရေးပေးထားတာကတော့ Sane Khet ဖြစ်ပါတယ်
movie
A Winter Princess (2019)
2019