Channel Myanmar

Brenda Blethyn

Little Voice (1998) 7.0
Little Voice (1998)  Little Voice (1998)IMDb Rating (7.0) / Rotten Tomatoes (80%) ဒီတစ်ခါမှာတော့ Musical Film တစ်ခုဖြစ်တဲ့ Little Voice ဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးချင်ပါတယ်။Jane Harrocks, Brenda Blethyn, Micheal Caine နဲ့ Ewan Mcgregor တို့လိုနာမည်ကျော်သရုပ်တွေပါဝင်ထားပြီး ဒါရိုက်တာကတော့ Mark Hermanပါ။Oscar Nominee အပါအဝင် ရုပ်ရှင်ဆုပေးပွဲအသီးသီးမှာလည်းဆန်ကာတင်တွေဝင်ခဲ့ပါတယ်။ဇာတ်လမ်းအကျဥ်းအယ်လ်ဗီ(ခေါ်) လစ်တဲဗွိုက်စ်ဟာ အရှက်အကြောက်ကြီးပြီး အိမ်ထဲကအိမ်ပြင်တောင်မထွက်တဲ့အိမ်တွင်းပုန်းလေးပါ။စကားလည်းအရမ်းနည်းပြီး အိမ်မှာအတူနေတဲ့အမေဖြစ်သူနဲ့တောင် စကားဆယ်ခွန်းပြည့်အောင်မပြောပါဘူး။ဒါကြောင့်မို့ အာကြမ်းလျှာကြမ်းအမေဖြစ်သူရဲ့ဆူပူကြိမ်းမောင်းအပြစ်တင်တာကိုအမြဲခံရပါတယ်။အမေဖြစ်သူကတော့ သူမနဲ့ဆန့်ကျင်ဘက်ပါ အပျော်မက်တယ် သွက်လက်တယ် အိမ်ကိုမကပ်ပါဘူး။အမေဖြစ်သူအပြင်ထွက်တိုင်း အိမ်မှာတစ်ယောက်တည်းကျန်ခဲ့ရတဲ့အယ်လ်ဗီလေးကတော့ အထီးမကျန်ပါဘူး ဆုံးသွားတဲ့သူ့အဖေစုဆောင်းထားတဲ့သီချင်းခွေအဟောင်းကြီးတွေကိုအဖော်ပြုပြီး သီချင်းတွေနဲ့ပျော်မွေ့နေတတ်ပါတယ်။သီချင်းတွေကိုချစ်တဲ့အပြင် အဲ့သီချင်းတွေကိုလည်း မူရင်းအဆိုရှင်ကဲ့သို့သီဆိုနိုင်စွမ်းရှိပါတယ်။တစ်ရက်မှာ သူ့အမေဟာ ချစ်သူဖြစ်သူ "ရေးဆေး"ဆိုတဲ့ အနုပညာပါရမီပါတဲ့ရွက်ပုန်းသီးလေးတွေကိုစင်တင်ပြီး အေးဂျင့်လုပ်တဲ့သူကို အိမ်ကိုအလည်ခေါ်လာရာကနေ "အယ်လ်ဗီ"ရဲ့သီချင်းဆိုသံကိုကြားသွားပြီး ပါရမီရှင်ဆိုတာကိုသိသွားပါတယ်။အနုပညာလောကက အေးဂျင့်ပီပီ "ရေးဆေး"ဟာ အယ်လ်ဗီကိုငွေတွင်းကြီးလို့သတ်မှတ်ပြီး နာမည်ကြီးဖြစ်အောင်စင်တင်ဖို့လုပ်ပါတော့တယ်။ရှက်တတ်ကြောက်တတ်တဲ့အယ်လ်ဗီတစ်ယောက် လူအများရှေ့ကစတိတ်စင်ပေါ်မှာ ဖျော်ဖြေရဲပါ့မလား ...
movie

Little Voice (1998)

1998
Pride & Prejudice (2005) 7.8
Pride & Prejudice (2005) Pride & Prejudice (2005)IMDb Rating (7.8) / Rotten Tomatoes (87%)မင်းသမီး Keira Knightley ကို စတင်နာမည်ကြီးစေခဲ့တဲ့ရုပ်ရှင်ဖြစ်သလို အသက် ၂၀ အရွယ်လေးမှာ ရိုက်ထားတာမလို့ ဒီကားထဲမှာ အရမ်းချစ်စရာကောင်းနေတာ မြင်တွေ့ရမှာပါ။ မင်းသားကြီး Matthew Macfadyen နဲ့အတူ တခြားနာမည်ကြီးမင်းသမီးတွေဖြစ်ကြတဲ့ Rosamund Pike, Carey Mulligan,Jena Malone တို့လဲပါဝင်ထားပါတယ်။၁၈၁၃ ခုနှစ်တုန်းက Jane Austen ရေးသားခဲ့တဲ့ ဝတ္ထုတစ်ပုဒ်ဖြစ်ပြီးတော့ ပြဌာန်းစာအုပ်တွေမှာလည်း ဖော်ပြခြင်းခံရတဲ့ နာမည်ကျော်ဝတ္ထုလေးကို 2005 ခုနှစ်မှာ ဒါရိုက်တာ Joe Wright က ဇာတ်လမ်းအဖြစ်အသက်သွင်းခဲ့တဲ့ဇာတ်ကားလေးပါ.. Drama အချစ်ဇာတ်လမ်းအေးအေးလေးတစ်ပုဒ်ဖြစ်ပေမယ့် စိတ်ဝင်စားစရာလေးပါ...ဇာတ်လမ်းလေးက ၁၈ရာစုနှောင်းပိုင်းဂျော်ဂျီယန် အင်္ဂလန်ခေတ် တစ်နည်းအားဖြင့်ပြောရရင် အတန်းစားခွဲတဲ့ခေတ်ပေါ့ ..အဲ့ခေတ်မှာအခြေတည်ထားပါတယ်...သာမန်လူတန်းစားဖြစ်ကြတဲ့ Bennet မိသားစုက သမီးတွေချည်းပဲ၅ယောက်မွေးထားတော့ သူတို့အမေရဲ့ဘဝမှာတစ်ခုတည်းသောမျှော်မှန်းချက်က သူ့သမီးတွေကိုလူချမ်းသာယောက်ျားတွေနဲ့ အိမ်ထောင်ပြုခိုင်းဖို့ပဲပေါ့..အဓိကဇာတ်ဆောင်မင်းသမီးဖြစ်တဲ့ Elizabeth (Keira Knightly) ကညီအစ်မတွေတည်းမှာ ခပ်သွက်သွက်နဲ့ စိတ်ထဲရှိရာထုတ်ပြောရဲတဲ့ မိန်းကလေးပေါ့..တစ်နေ့မှာသူတို့မြို့ကို ...
movie

Pride & Prejudice (2005)

2005
4K HEVC
Atonement (2007) 7.8
Atonement (2007) AtonementIMDb (7.8)/ Rotten Tomatoes (83%)James Mcavoy ,Keira Knightley, Lady Bird (ဝါ) Saoirse Ronan နဲ့ Benedict Cumberbatch တို့လို နာမည်ကြီးမင်းသားမင်းသမီးတွေ အစုံအလင်နဲ့ရိုက်ကူးထားတဲ့ဇာတ်ကားပါ။အဆုံးသတ် မတိုင်ခင် အထိတော့ ဒီ ဇာတ်လမ်းလေး တစ်ပုဒ်လုံးက သိပ်မထူးခြားသလိုပါပဲ။ ဒီဇာတ်လမ်းရဲ့ ထူးခြားချက်ကို ကျွန်တော် ချရေးခဲ့ရင်လည်း spoil ပြီးသား ဖြစ်သွားပါမယ်။အချိန်ကာလအားဖြင့် Dunkrik မဖြစ်မှီ..... အထက်တန်းလွှာ အမျိုးသမီးတစ်ယောက်နဲ့ အိမ်ဖော်တစ်ယောက်ရဲ့သား.....ချစ်ကြိုက်မိခဲ့ကြတယ်...။ မှားယွင်းသွားတဲ့ စာတစ်စောင်က မထင်မှတ်ပဲ ယူလာခဲ့တဲ့ ဂြိုလ်ဆိုးတွေကြားမှာ..သူတို့ ဝေးသွားခဲ့ကြတယ်...။စစ်တပ်ထဲ ရောက်နေတဲ့ ကောင်ကလေးနဲ့... အိမ်ကနေ ပြေးထွက်ခဲ့တဲ့ ကောင်မလေး.. စစ်မထွက်မှီမှာ ပြန်တွေ့ကြတဲ့အချိန်... နေသာ လေလာမဲ့ တစ်နေ့တော့ကို သူတို့ ပြန် ယုံကြည်မျှော်လင့်ခဲ့ကြတယ်...။ စစ်ရဲ့ အနိဋ္ဌာရုံတွေကြားကနေ ဒဏ်ရာအထပ်ထပ်နဲ့ မျှော်လင့်နေတဲ့ ...
movie

Atonement (2007)

2007
Charlotte (2021) 6.4
Charlotte (2021) Charlotte (2021)~ IMDb - 6.4/10, Rotten Tomatoes - 71% ~Loving Vincent ဆိုတဲ့ အန်နီမေးရှင်းကားကိုမှ ဗန်ဂိုးရဲ့ ပန်းချီဟန်တွေနဲ့ ပေါင်းစပ်ထားတဲ့ ရုပ်ရှင်ကို သိကြမယ်ထင်ပါတယ်။ ဒီရုပ်ရှင်ဟာလည်း ထိုနည်းလည်းကောင်း ရုပ်ရှင်ပါ။ Charlotte လို့ခေါ်တဲ့ ဒုတိယကမ္ဘာစစ်ကာလတုန်းက ဂျာမန်ဂျူးအစပ် ပန်းချီဆရာမလေးရဲ့ ဂျာမန်တွေဒဏ်ကိုခံနေရတဲ့ကြားက မာစတာပိစ်လက်ရာတစ်ခုကို ဖန်တီးတဲ့အကြောင်းကို ရိုက်ပြထားတာပါ။ ကျွန်တော့်လို Loving Vincent ကို အသည်းစွဲကြိုက်တဲ့လူတွေတော့ ဒီရုပ်ရှင်ကိုလည်း သဘောကျကြမှာပါ။Charlotte ဟာ သူ့မိသားစုရဲ့ ရင်နာစရာဇာတ်ကြောင်းကို ပန်းချီကားတစ်ထောင်ကျော်နဲ့ ပုံဖော်ရေးဆွဲခဲ့ပြီး "ဘဝလေလား ပြဇာတ်လေလား" လို့ ပန်းချီတစ်ထောင်ကျော်လုံးကို တစ်စုတည်းအဖြစ် သတ်မှတ် နာမည်ပေးလိုက်ပါတယ်။ အဲဒီပန်းချီကားစုကို ပထမဆုံး ဂရပ်ဖစ်နိုဗယ်အဖြစ် သတ်မှတ်ခဲ့ကြပါတယ်။ သူဟာ ပျော်စရာတွေထက် ဝေဒနာတွေက အနုပညာပိုစစ်တယ်လို့ ယူဆခဲ့ပြီး သူ့မိသားစုရဲ့ ဝေဒနာတွေကို ...
movie

Charlotte (2021)

2021
Pooh’s Heffalump Movie (2005) 6.4
Pooh’s Heffalump Movie (2005) [Unicode]အိမ်မှာနေရတာ ပျင်းဖို့ကောင်းတယ်ဗျာကျွန်တော်နဲ့ တူတူ ငယ်ငယ်တုန်းကကြည့်ခဲ့တဲ့ ကာတွန်းလေး ပြန်ကြည့်ရင်း 2005 ခေတ်ကို ပြန်သွားကြတာပေါ့များပြားလှတဲ့ Pooh ဇာတ်ကားလေးတွေထဲကမှ အခုတစ်ခေါက် တင်ဆက်ပေးမှာကတော့ Pooh’s Heffalump movie လေးပဲဖြစ်ပါတယ်2005 ခေတ်ကကားဆိုတော့ အရောင်ထွက်ကတော့ဒီခေတ်လို လင်းရှင်းနေတာမျိုးမဟုတ်ဘဲ မှိန်မှိန်လေးနဲ့ပေါ့ဗျာကျွန်တော်ကတော့ အဲ့လို ကာလာလေးတွေနဲ့ ကာတွန်းကားတွေကို ပိုသဘောကျတယ်ဗျကျွန်တော်တို့ ငယ်ငယ်က နေဖို့ စိတ်ကူးယဉ်ခဲ့ဖူးတဲ့ တောအုပ်လေးထဲက နေချင်စရာ သစ်သားအိမ်လေးတွေကလည်းလုံးဝ ငယ်ဘဝကို ပြန်လွမ်းစေပါတယ်ဇာတ်လမ်းလေးကတော့Pooh တို့ဘော်ဒါ လေးယောက် တောအုပ်ထဲမှာနေကြရင်း တစ်ရက်ကျတော့ Heffalump တွေကို သွားဖမ်းဖို့ ဖြစ်လာပါတယ်Heffalump တွေကို သူများပြောတာပဲကြားဖူးပြီး ဆိုးရွားတဲ့ကောင်လေးတွေလို့ ထင်ထားရာကတကယ်ကြုံလာတော့ အထင်နဲ့အမြင် ဘယ်လိုလွဲနေမလဲHeffalump တွေကရော သူတို့ကို ဘယ်လိုထင်နေလဲဆိုတာ ချစ်စရာဇာတ်လမ်းလေးနဲ့ ကြည့်ရှူရမှာပါHeffalump ပေါက်စ Lumpy လေးရဲ့ ချစ်စရာကောင်းတဲ့ သီချင်းဆိုသံလေးတွေကလည်း ဇာတ်ကားလေးကို ပိုပြီး အသက်ဝင်သွားစေတယ်ဗျအားလုံးက ...
movie

Pooh’s Heffalump Movie (2005)