Channel Myanmar

Bradley Stryker

The Order (2024) 7.3
The Order (2024)  The Order (2024)IMDb Rating (7.3) / Rotten Tomatoes (90%) မင်းသားကြီး ဂျုလော နဲ့ နစ်ကလက်ဟော့တို့ပါဝင်ထားတဲ့ ဖြစ်ရပ်မှန် သမိုင်းနောက်ခံ Crime, Drama, Thriller ရုပ်ရှင်အသစ်ဖြစ်ပါတယ်။အမေရိကန် သမိုင်းမှာ နာမည်ကြီးအမဲစက်တွေဖြစ်တဲ့ ၁၉၈၀ ဝန်းကျင်လူဖြူကြီးစိုးရေးဝါဒီ၊ အစွန်းရောက် နာဇီလက်သစ်တွေရဲ့ ပြဿနာတွေကိုအခြေခံထားတာဖြစ်ပါတယ်။၁၉၈၀ ကျော်မှာ ပေါ်ပေါက်ခဲ့တဲ့ The Order ဆိုတဲ့ အစွန်းရောက် ဂျူးမုန်းတီးရေးအဖွဲ့ကို အက်ဖ်ဘီအိုင်နဲ့ ရဲတွေလိုက်လံ နှိမ်နင်းရပုံကို ပြသထားတာပါ။ ဇာတ်လမ်းအကျဉ်းအက်ဖ်ဘီအိုင်အေးဂျင့် ဟက်စ်ဟာ ဂျေမီဆိုတဲ့ ရဲသားလေးနဲ့ပေါင်းပြီး ဓားပြမှုတွေကို စုံစမ်းရာကနေ ဓားပြမှုတွေဟာ ရန်ပုံငွေစုတဲ့သဘောဖြစ်နေပြီးအကြီးအကျယ် အကြမ်းဖက်မဲ့ အစီအစဉ်တွေ တစ်နိုင်ငံလုံးကိုတိုက်ခိုက်မဲ့အစီအစဉ်တွေပါရှိနေတဲ့ အစွန်းရောက်အဖွဲ့ကို ခြေရာခံမိသွားပါတယ်။သူတို့ခြေရာခံနေစဉ်အတွင်းမှာပါ ဘဏ်ဓားပြမှုတွေ ဆက်တိုက်ဖြစ် လုပ်ကြံမှုတွေပါဖြစ်လာပြီး နောက်ဆုံး လက်နက်ကိုင် တော်လှန်ရေးအဆင့်အထိရောက်လာခါနီးမှာ အပြန်အလှန်တိုက်ပွဲတွေဖြစ်ပြီး ဖမ်းဆီးရပုံတွေကို ပြသထားတာပါ။၁၉၈၀ အထာတွေနဲ့ ဇာတ်လမ်းကောင်းကောင်း သရုပ်ဆောင်ကောင်းကောင်းကြည့်ချင်ရင် ...
movie

The Order (2024)

2024
Get Fast (2024) 3.5
Get Fast (2024)  Get Fast (2024)IMDb Rating (3.5) ဇာတ်လမ်းအစမှာတော့ လူနှစ်ယောက်က လူနှစ်ယောက်ဆီကနေ ဓားပြတိုက်ကြရာကနေစပါတယ်။ဒီဇာတ်လမ်းထဲက မင်းသားကတော့ သူခိုးပါ။ Vic လို့ခေါ်တဲ့သူ့ရဲ့အဖော် အဘိုးကြီးတစ်ယောက်လည်းပါပါတယ်။ဓားပြတိုက်ကြရင်း သူနဲ့သူ့အဖော်တို့က ကွဲပြီး သူကပိုက်ဆံရလိုက်ပေမယ့် အဘိုးကြီးကတော့အဖမ်းခံလိုက်ရပါတယ်။တစ်ဖက်မှာလည်း အကျင့်ပျက်ရဲနှစ်ယောက်က ဒီပိုက်ဆံကိုလိုချင်တာကြောင့် နည်းအမျိုးမျိုးနဲ့လိုက်ဖမ်းပါတော့တယ်။တခြားတစ်ဖက်မှာလည်း သူတို့ပိုက်ဆံလုလာတဲ့လူနှစ်ယောက်ရဲ့ အလုပ်ရှင် သူဌေးမက သူ့ရဲ့ပိုက်ဆံတွေကိုပြန်လိုချင်နေပါတယ်။Vic ကသူ့လက်ထဲမှာအဖမ်းခံထားရတဲ့အပြင် ကံဆိုးချင်တော့ မင်းသားသတ်လိုက်တဲ့သူက သူ့ရဲ့မောင်ဖြစ်သူဖြစ်နေပါတယ်။ဒါ့အပြင် သူ့ဆီမှာအလုပ်လုပ်တဲ့ ကောင်းဘွိုင်ကြီးလည်းရှိပါသေးတယ်။မင်းသားအနေနဲ့ ထွက်ပြေးနေတုန်း ဘာမဆိုင်ညာမဆိုင်နဲ့ ကောင်လေးတစ်ယောက်ကို ဆွဲထည့်မိသလိုဖြစ်ပြီး ကောင်လေးကိုပါကာကွယ်ရပါတော့တယ်။ဆိုတော့ မင်းသားနဲ့ ကောင်လေးကတစ်ဖက်၊ ရဲနှစ်ယောက်က တစ်ဖက်၊ သူဌေးမနဲ့ကောင်းဘွိုင်ကတစ်ဖက်...မင်းသားကလည်း Vic ကိုကယ်ချင်တယ်။ရဲတွေကလည်း ပိုက်ဆံကိုလိုချင်တယ်။သူဌေးမကလည်း လက်စားချေ‌ချင်တယ်။ဒီကနေမှ သုံးပွင့်ဆိုင်ဇာတ်လမ်းဘယ်လိုဖြစ်မလဲဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာပဲဆက်လက်ရှု့စားလိုက်ကြပါဦး။ဒီဇာတ်လမ်းက အက်ရှင်အခန်းတွေကြီးပဲ အဆက်မပြတ်ပါတာမလို့ စကားပြောတာတွေပျင်းတယ်၊ ချတာပဲကြည့်ချင်တယ်ဆိုတဲ့သူတွေအတွက်ဇာတ်ကားကောင်းလေးတစ်ခုဖြစ်ပါတယ်။   (အညွှန်းနဲ့ဘာသာပြန်ကတော့ S4L ဖြစ်ပါတယ်။)File size…(1.9 GB) / (930 MB) Quality….WEB-Rip 1080p HEVC / ...
movie

Get Fast (2024)

2024
Vindicta (2023)
Vindicta (2023) Vindicta (2023)​ဟောလိုးဝင်းပွဲနီးလာတာနဲ့အမျှ သည်းထိတ်ရင်ဖိုကား​တွေ တဖွားဖွားထွက်လာတဲ့အထဲကမှ ကြည့်ရှူသူကို ဇာတ်လမ်းအဆုံးထိလည်းဆွဲ​ခေါ်နိုင်တဲ့အပြင် ရင်တထိတ်ထိတ်နဲ့လည်း ကြည့်ရမယ့် လျှို့ဝှက်သည်းဖိုဇာတ်ကား​တစ်ကား တင်ဆက်ပေးလိုက်ပါတယ်။~ ဇာတ်လမ်းအညွှန်း ~အထက်လူကြီး​တွေလာဘ်စားမှု​ကြောင့် ဆန္ဒပြပွဲ​တွေဖြစ်​နေတဲ့ မြို့​လေးတစ်မြို့မှာ ဆိုးဝါးတဲ့လူသတ်မှု​တွေဖြစ်​နေတဲ့အချိန် လု တစ်​ယောက် သူ့ရဲ့ ပထမဆုံး ​​ရှေးဦးသူနာပြုအလုပ်ဆင်းတဲ့​နေ့မှာပဲ မ​​မျှော်လင့်ထားတဲ့ လူသတ်မှု​တွေ ကြုံလာရတဲ့အခါ... တဖက်မှာလည်း ဒီကိစ္စ​တွေမတိုင်ခင် လွန်ခဲ့တဲ့ငါးနှစ်တုန်းက တိုက်​ဟောင်းတစ်ခုမီး​လောင်မှုမှာ မိသားစုတစ်စု မီးထဲပါသွားပြီး အဲဒီကိစ္စမှာ ပါဝင်တဲ့သူ​တွေ တစ်​ယောက်ပြီးတစ်​ယောက် ရက်စက်စွာ အသတ်ခံနေရပါတယ်။အသတ်ခံရတဲ့သူ​တွေနဲ့ ဖြစ်ရပ်ဆိုးမီး​လောင်မှုကြီးနဲ့ ဘယ်လိုပတ်သက်​နေလဲ... လူသတ်သမားက​ရော ဘာ​ကြောင့် သူတို့ကိုလိုက်သတ်​နေရတာလဲ... လု ဆီကို​ရော တိုက်တိုက်ဆိုင်ဆိုင် လူသတ်မှုကြီးက ​ရောက်ရှိလာတာလား... ဆိုတာ​တွေကို ရင်တထိတ်ထိတ်နဲ့ ဇာတ်လမ်းပြီးတဲ့အထိ ဆက်သာကြည့်လိုက်ကြပါတော့။(ဒီဇာတ်ကားနဲ့အညွှန်းကို DB မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.8GB, 845MB Quality - 1080p, 720p Format - mp4 Duration - ...
movie

Vindicta (2023)

2023
Mercy (2023) 5
Mercy (2023) Mercy (2023)လောလောလတ်လတ် ပူပူနွေးနွေး အသစ်စက်စက်ထွက်ရှိထားတဲ့ အက်ရှင်ကားလေးပဲဖြစ်ပါတယ်။မစ်ရှဲလ်က အာဖဂန်နစ္စတန်မှာ စစ်မှုထမ်းခဲ့ပြီး အခုအချိန်မှာတော့ မာစီဆေးရုံမှာပဲ ဆရာဝန်အနေနဲ့ သားလေးနဲ့အတူ ဘဝကိုအေးအေးချမ်းချမ်းဖြတ်သန်းနေတာဖြစ်ပါတယ်။ တစ်နေ့မှာတော့ ကွင်းဂိုဏ်းလို့ခေါ်တဲ့ဂိုဏ်းက သားငယ်ရိုင်ယန်ကို FBI ကဖမ်းမိသွားခဲ့ပြီး ဂိုဏ်းကလူတွေက ပြန်ကယ်ဖို့ကြိုးစားရာကနေ သေနတ်ဒဏ်ရာနဲ့လူနာတွေ မစ်ရှဲလ်တို့ဆေးရုံကိုရောက်လာခဲ့ပါတယ်။ရိုင်ယန်ကိုကယ်ထုတ်ဖို့ သူ့အစ်ကို ရှောန်အပြင် သူ့အဖေ ပက်ဒီနဲ့ ကွင်းဂိုဏ်းသားတွေပါရောက်လာခဲ့ပြီး ဆေးရုံတစ်ခုလုံးကိုဓားစာခံလုပ်လိုက်တဲ့အပြင် သူ့သား ဘော်ဘီကိုပါ ဖမ်းလိုက်ချိန်မှာတော့ ဆေးထိုးအပ်ကိုင်တဲ့ မစ်ရှဲလ်တစ်ယောက် သေနတ်ပြန်ကိုင်ရ‌ပါတော့တယ်။အက်ရှင်ကားဆိုပေမယ့် အချိန်ပြည့်ဝုန်းဒိုင်းပစ်ခတ်နေတာမဟုတ်ဘဲ လိုအပ်မှပစ်ခတ်တာတွေရှိတာကြောင့် မျက်စိသိပ်မနောက်ရဘူးလို့ပြောနိုင်ပါတယ်။National Treasure, Transformers နဲ့ Enemy of the state အပြင် တခြားနာမည်ကြီးရုပ်ရှင်တွေမှာ ပါဝင်ထားတဲ့ မင်းသားကြီး Jon Voight အပြင် တခြားသရုပ်ဆောင်ကောင်းတွေပါဝင်တာကြောင့် အပျင်းပြေကြည့်ရှုဖို့ကောင်းတဲ့ အက်ရှင်ကားတစ်ကားလို့ ညွှန်းချင်ပါတယ်။(ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်)Size ...
movie

Mercy (2023)

2023
Crawlspace (2022) 5.7
Crawlspace (2022) အပ်ကျသံကအစအကုန်သိနိုင်တဲ့မြို့ငယ်လေးတစ်မြို့က ရောဘတ်ဆိုတဲ့ပိုက်ပြင်သမားလေးတစ်ယောက်...သူ့ရဲ့သဘောမနောကောင်းမှုတွေကို မိန်းမဖြစ်သူကနားပူနားဆာလုပ်လို့ ပိုက်ပြင်ဖို့ဆိုပြီးထွက်သွားခဲ့ပါတယ်။သူပြင်ရတဲ့ပိုက်နေရာက အိမ်ရဲ့အောက်မြေအောက်ခန်းငယ်လေးထဲမှာ..တွားသွားပြီးသွားမှရတဲ့နေရာလေးပေါ့။ဒီလိုနေရာထဲဝင်ပြီးပိုက်ပြင်နေရာက မထင်မှတ်ထားတဲ့ပြဿနာတစ်ခုနဲ့ကြုံတွေ့သွားရတဲ့အခါမှာတော့...ဒီကားလေးကတော့ စိတ်လှုပ်ရှားသဲထိပ်ရင်ဖိုကားတွေကြိုက်သူတွေအတွက် ရွှေးချယ်လို့ကောင်းမယ့် Rated R , Thriller ကားသစ်လေးပဲဖြစ်ပါတယ် ။File Size__(1.6GB) / (800MB) Quality__WEBRip_1080p, 720p IMDb Rating__5.7/10 Format__mp4 Duration__01:30:00 Type__Thriller Subtitle__Myanmar Subtitle (Hardsub) Translated by Chit Tee Encoded by Naing Aung Latt
movie

Crawlspace (2022)

Cold Pursuit (2019) 6.5
Cold Pursuit (2019) ဒီတစ်ခေါက်တော့CMပရိသတ်ကြီးအတွက် လတ်တလောထွက်ရှိလာတဲ့ဇာတ်လမ်းလေးတစ်ပုဒ်ကိုတင်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းလေးနာမည်က Cold Pursuit (2019)ပါ။နာမည်ကျော်မင်းသားကြီး Liam Neeson ကအဓိကခေါင်းဆောင်မင်းသားအနေနဲ့ သရုပ်ဆောင်ထားပါတယ်။Drama Thriller Actionကားလေးတစ်ကားဖြစ်တဲ့ ဒီကားလေးကတော့Imdb Rating 6.4/10 Rotten Tomatoes 69%ရရှိထားတာမလို့စိတ်ဝင်စားစရာအက်ရှင်ကားလေးတွေကိုမျှော်လင့်နေတဲ့ပရိသတ်ကြီးအဖို့ အကြိုက်တွေ့စေမှာပါ။ဇာတ်လမ်းအကျဉ်းလေးကိုလဲပြောပြချင်ပါသေးတယ်။နဲလ် ကော့စ်မန်းဆိုတဲ့ လူကြီးက ချစ်မြတ်နိုးရတဲ့ ဇနီးသည်ရယ်သားတစ်ယောက်ရယ်နဲ့ ဘဝကို လမ်းတွေပေါ်က နှင်းရှင်းပေးတဲ့ အလုပ်ကိုလုပ်ရင်းအေးဆေးစွာနေထိုင်လာခဲ့သူပါ။ကီးဟိုးမြို့ရဲ ့တစ်နှစ်တာ စံပြနိုင်ငံသားဆုပါရရှိခဲ့တဲ့အထိ အေးချမ်းစွာအများအကျိုးဆောင်ရင်းနေလာခဲ့ပေမယ့်တစ်နေ့မှာ ဂြိုဟ်ဆိုးဝင်လာပါတော့တယ်။သူ့သားလေး အသတ်ခံလိုက်ရတာပါပဲ။ဆေးစစ်ချက်အရ ဆေးလွန်ပြီးသေတယ်လို့ပြောကြပေမယ့်သားဖြစ်သူမူးယစ်ဆေးမစွဲတာ သူအသိဆုံးပါ။သူ့သာသေဆုံးမှူနောက်ကွယ်က ဖြစ်ရပ်တွေကိုလိုက်စုံစမ်းရင်းသူဘာတွေသိလာခဲ့ရသလဲ?သားဖြစ်သူကို ဘယ်သူကဘာ့ကြောင့်သတ်လိုက်တာလဲ?သူကရော ဘယ်လိုအကွက်ချကာ လက်စားချေမလဲ?ဆိုတဲ့မေးခွန်းတွေနဲ့ စိတ်လှုပ်ရှားစွာ အဆုံးထိ မပျင်းမရိကြည့်ရှုရမယ့်ဇာတ်ကားလေးပါ။ဇာတ်လမ်းကောင်းလေးတွေကိုမျှော်လင့်နေတဲ့ CMပရိတ်သတ်ကြီးအတွက်ဒီကားလေးက အကြိုက်တွေ့စေမှာအမှှန်ပါပဲ...File Size : (974 MB) & ( 355 MB)Quality : 1080p HC HDRIPRunning Time : 1 hr 59 minFormat ...
movie

Cold Pursuit (2019)

2019
Max 2: White House Hero (2017) N/A
Max 2: White House Hero (2017) တိရိစ္ဆာန်ချစ်တဲ့သူတွေအတွက် ၂၀၁၇ ထွက် ခွေးကားကောင်းကောင်းလေးပါ။ ဒီဇာတ်ကားထဲမှာ မာက်စ် ဟာ စစ်ဖက်ဆိုင်ရာဗုံးရှာဖို့အတွက် အထူးလေ့ကျင့် သင်ကြားပေးထားတဲ့ ခွေးလေးတစ်ကောင်ပါ။ စစ်တပ်တွေ တစ်တပ်ပြီးတစ်တပ်ပြောင်း တာဝန်ထမ်းဆောင်နေတဲ့ခွေးလေးပါ။ အမေရိကန်အစိုးရအနေနဲ့ နျူကလီယားလက်နက်တွေ ထိန်းချုပ်လျော့ပါးရေး အတွက် လုပ်ကိုင်နေတာဖြစ်တဲ့အတွက် ရှရှားနဲ့စေ့စပ်ညှိုနှိုင်းရေးတွေလုပ်နေပါတယ် ။ ဒီညှိုနှိုင်းရေးအတွက် ရှရှားသမ္မတကိုယ်တိုင် အမေရိကန်ကို တစ်ပတ်တိတိ လာရောက်လည်ပတ်ရင်းနဲ့ စေ့စပ်ညှိုနှိုင်းကြမှာဖြစ်ပါတယ်။ ဒီအချိန်မှာပဲ အိမ်ဖြူတော်ရဲ့ ဗုံးရှာတဲ့ခွေးမလေး “ချာလီ”ဟာ မီးဖွားခွင့်ယူသွားလို့ “မာက်စ်”ဟာ အစားထိုးတာဝန်ယူဖို့  အိမ်ဖြူတော်ကို ရောက်လာပါတယ်။ အမေရိကန် သမ္မတအသစ် မှာ “တီဂျေ” လို့ခေါ်တဲ့ဆယ်ကျော်သက်အရွယ် သားလေးတစ်ယောက် ရှိသလို ရှရှားသမ္မတမှာလည်း အဲလက်ဇန်းဒါးလို့ခေါ်တဲ့ဆယ်ကျောက်သက် သမီးလေးတစ်ယောက်ရှိပါတယ်။ နှစ်နိုင်ငံညှိုနှိုင်းရေးကို နှောင့်ယှက်ဖျက်ဆီးချင်သူနေတွေကလည်း ရှိနေပါတယ်။ ဒီနှောင့်ယှက်ဖျက်ဆီးမှုကို ဆယ်ကျော်သက်ကလေး ၂ ယောက်ရယ် ခွေးတစ်ကောင်ရယ် ဘယ်လိုဖြေရှင်းကြမလဲဆိုတာကတော့ ဇာတ်ကားထဲမှာ ဆက်လက်ကြည့်ရှုလိုက်ကြပါ။ ကလေးသရုပ်ဆောင် ၂ ယောက်ရဲ့ ချစ်စရာကောင်းပြီးသရုပ်ဆောင်ပိုင်နိုင်မှုနဲ့  ခွေးလေးရဲ့ လိမ္မာပါးနပ်မှုကြောင့် ဒီကားလေးဟာ ကြည့်ပြီးရင်းကြည့်ချင်လောက် အောင်ကို ...
movie


2017