Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Brad William Henke
6.4
(18+) Choke (2008)
Choke (2008) IMDb - 6.4/10R-ratedဖြစ်တဲ့အတွက် ၁၇နှစ်အောက်ကလေးတွေ လက်ရှောင်ပေါ့။ ဒါရိုက်တာက Clark Gregg၊ မင်းသားကြီး ဟယ်ရီဆန်ဖို့ဒ်ရဲ့ What Lies Beneath (2000)ရုပ်ရှင်ကို ရေးခဲ့တဲ့ဆရာ။ မင်းသားက Sam Rockwell။ဇာတ်လမ်းအကျဉ်းပြောရရင် ငယ်ငယ်ကတည်းက မွေစားမိဘတွေ တစ်ယောက်ပြီးတစ်ယောက်ဆီကနေ ထွက်ပြေးခဲ့တဲ့သူ။ ဘာလို့ထွက်ပြေးလဲ၊ အမေအရင်းက လာလာခေါ်ပြီး ပညာတွေပေးနေလို့။ဘယ်လိုပညာလဲ၊ ဒီကမ္ဘာကြီးဆိုတာ တိရစ္ဆာန်ဥယျာဉ်လိုပဲ အကျဉ်းထောင်တစ်ခု၊ တိရစ္ဆာန်တွေနဲ့ ငါတို့ကြားက ကွာခြားမှုက တိုင်တွေနောက်မှာရှိနေရတာနဲ့ ရှိမနေရတာပဲဆိုပြီး လမ်းသစ်ဖောက် ဘ၀အသစ်ကိုလျှောက်ဆိုတဲ့အမေ။အရွယ်ရောက်လာတဲ့အချိန် အမေဖြစ်သူ အယ်လ်ဇိုင်းမားရောဂါနဲ့ စိတ်ကျန်းမာရေးဆေးရုံတင်ထားရတဲ့အချိန်။ သူ့အလုပ်အကိုင်က ရှေးခေတ်ကိုသရုပ်ဖော်တဲ့နေရာမှာ သရုပ်ဆောင်နေရတာ။ အမေ့ဆေးဖိုးလောက်ငှဖို့ ရောက်လေရာစားသောက်ဆိုင်မှာ အစာနင်ချင်ယောင်ဆောင်ပြီး လာကူပေးသူတွေဆီက ထောက်ပံ့ပေးကြေးရအောင် ဟန်ဆောင်တယ်။နောက်ပြီး တွေ့သမျှမိန်းမနဲ့အတူနေတဲ့ လိင်စိတ်စွဲလန်းနေတဲ့ဘဲ။ ဒီလိုနဲ့ စိတ်ကျန်းမာရေးဆေးရုံက သူ့အမေကိုကုသပေးနေတဲ့ ဒေါက်တာမလေးနဲ့တွေ့တဲ့နောက်မှာ သူ့ဘ၀ တစ်ဆစ်မက နှစ်ဆစ် သုံးဆစ်ချိုးပြောင်းလဲသွားတဲ့အခါမှာတော့...။(အညွှန်းနဲ့ဘာသာပြန်ကတော့ Zeoဖြစ်ပါတယ်။) File size… 3.9 GB / 1.8 GB Quality…Bluray 1080p ...
movie
(18+) Choke (2008)
7.3
Split ( 2016 )
1975 ခုနှစ်က အမေရိက မှာတကယ်ဖြစ်ပျက်ခဲ့တဲ့Billy Milligan ဆိုတဲ့လူတစ်ဦးရဲ့ဖြစ်ရပ်မှန်ကို ပြန်လည်ရိုက်ကူးတင်ဆက်ထားတဲ့ရုပ်ရှင်ဇာတ်လမ်းကောင်းတစ်ခုဖြစ်ပါတယ်Wanted ရုပ်ရှင်ကားဖြင့် နာမည်ကြီးလာသောJames McAvoy ရဲ့ မျက်နှာပုံစံ မျက်နှာထားအမျိုးမျိုးကိုစိတ်ကျေနပ်လောက်စရာ မြင်တွေ့ရမှာဖြစ်ပြီးဇတ်လမ်းပုံစံကတော့ ကိုယ်ရည်သွေး စိတ်အမျိုးမျိုးဖြစ်တည်နေတဲ့စိတ်ရောဂါ ဝေဒနာရှင် လူငယ်လေး နေရာကနေ စတင်ထားပါတယ်...ကယ်ဗင် ဟာ ကိုယ်ရည်သွေး စိတ် အမျိုးမျိုး ဖြစ်ပေါ်တက်သောရောဂါရှိသဖြင့် စိတ်ရောဂါကု ဆရာဝန်ဖြစ်သူနှင့်အပတ်တိုင်း တစ်ကြိမ်စီ ပြသနေရသူဖြစ်ပါတယ်....သူ့ရဲ့ ပုံမှန်ဘ၀ မှာတော့ အလွန်တော်တဲ့လူငယ်လေး ဖြစ်ပြီး သူ့ရဲ့ မသိစိတ်ထဲတွင်တော့ဒင်းနစ် ၊ ပတ်ထရစ်ရှာ ၊ ဟတ်ဝစ် ၊ ဘယ်ရီ အစ ရှိသောနာမည်များစွာဖြင့် ယောင်္ကျား မိန်းမ ကလေး အစရှိသောကိုယ်ရည်သွေး စိတ်ခွဲပေါင်းများစွာ ရှိနေပါတယ်စိတ်ရောဂါကု ဆရာဝန် အနေဖြင့် ထို စိတ်များ အပြင်ထွက်မလာအောင်ထိန်းချုပ် ကုသပေးနေခဲ့သော်လဲပဲ ကယ်ဗင် ၏ မူလ စိတ်အခြေအနေကိုအနိုင်ယူကာ ကိုယ်ရည်သွေး ...
movie
Split ( 2016 )
2016
4K HEVC
7.6
Fury(2014)
Fury(2014) Blu-Ray 1080p 5.1 CH,720P IMDB rating .....7.6 ၁၉၄၅ ခုနှစ်၊ ဧပြီလ။ ဒုတိယကမ္ဘာစစ် ဥရောပစစ်မြေပြင်။ အင်အားကြီးစစ်နိုင်ငံဖြစ်တဲ့နာဇီ ဂျာမနီနိုင်ငံအား အမေရိကန်မှ နောက်ဆုံးထိုးစစ်ဆင် တိုက်ခိုက်နေတဲ့အချိန်။ အမေရိကန်စစ်တပ် တပ်မဟာ ၆၆၊ တပ်ခွဲ ၂မှ တပ်ကြပ်ကြီး ကော်လီရာ ( Collier ) က ယင်းစစ်မြေပြင်မှာ ဖျူရီ (fury) လို့ခေါ်တဲ့တင့်ကား ကိုဦးဆောင်ကာ တိုက်ပွဲဝင်နေသူဖြစ်ပါတယ်။ ဖျူရီ ရဲ့ တခြားတပ်ဖွဲ့ဝင်တွေဖြစ်တဲ့ သေနတ်သမား ဘိုင်ဘယ် (Bible) ၊လက်နက်ကြီးကျည်ဖြည့်တာဝန် ကွန်းအက်စ် (Coon-Ass) ၊ တင့်ကားမောင်းသူ ဂေါ်ဒို (Gordo) တို့ဟာ စစ်စကတည်းက တွဲဖက်ညီညီ နဲ့တိုက်ပွဲဝင်ခဲ့ကြတဲ့ ဝါရင့်စစ်သားတွေပဲဖြစ်ပါတယ်။အလန်းစားတင့်တိုက်ပွဲတွေတွေ့ရမြင်ရမှာဖြစ်သလို၊ရဲဘော်ရဲဘက်စိတ်၊စစ်အတွင်း လူသားအချင်းချင်း တစ်ယောက်နဲ့တစ်ယောက်သဘောထားတွေကိုအကောင်းဆုံးရိုက်ပြနိုင်တဲ့ကားဖြစ်ပါတယ်... ခံစားကြည့်လိုက်ပါဦးFile Size : (2.7GB)၊(950MB) Quality : Blu-Ray 1080p 5.1 CH,Blu-Ray ...
movie
Fury(2014)
2014
5.0
Inherit the Viper (2019)
unicodeဒီတစ်ခေါက်တော့ CM ပရိသတ်ကြီးအတွက်Crime Drama ကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းလေးနာမည်ကတော့ Inherit the Viper (2019)ပါ။ဇာတ်လမ်းအကျဉ်းလေးကတော့ ကွန်လေ မိသားစုဆိုတာမူးယစ်ဆေးရောင်းဝယ်ကာ အသက်ရှင်နေထိုင်ရတဲ့ မိသားစုပါ။ကစ်ပ်ဆိုတဲ့ အကိုကြီးရယ် ဂျိုဆီဆိုတဲ့ အမရယ်က မူးယစ်ဆေးရောင်းဝယ်ပြီးညီငယ်လေး ဘူးတ်ကိုတော့ ဒီကိစ္စတွေနဲ့ မပါတ်သတ်ခိုင်းပါဘူး။တစ်နေ့မှာတော့ထင်ရာစိုင်းတတ်တဲ့ လူရွယ်လေး ဘူးတ်ကဆေးတွေခိုးကာအရောင်းအဝယ်လုပ်ဖို့ကြိုးစားပါတော့တယ်။ဒါပေမယ့် ထင်ထားသလိုဖြစ်မလာပဲ ပြဿနာတွေတက်လာတဲ့အခါကွန်လေမိသားစု ဘယ်လိုဖြေရှင်းမလဲ?ဘာတွေဆက်ဖြစ်မလဲ?ဆိုတာ စိတ်ဝင်စားစရာပါ။မိသားစုထဲ စိမ့်ဝင့်ပျံ့နှံ့နေတဲ့ ဒီပြဿနာတစ်ခုကို ဘယ်လိုဖြေရှင်းထုတ်မလဲဆိုတာဇာတ်လမ်းအဆုံးထိ စိတ်ဝင်တစားကြည့်ရှုရမယ့်ကားလေးမလို့CM ပရိသတ်ကြီးအတွက်တင်ဆက်ပေးလိုက်ရပါတယ်။File Size : ( 786 MB , 255 MB )Quality : WEB-DL 720pRunning Time : 1 hr 30 minFormat : Mp4Genre : Crime , Drama , ThrillerSubtitle : Myanmar Subtitle ...
movie
Inherit the Viper (2019)
N/A
Cold Brook(2019)
Cold Brook(2019) အညွှန်း*********************(zawgyi)တချို့ရုပ်ရှင်တွေက ကော်ဖီတစ်ခွက်နဲ့တူပါတယ်…တစ်ခွက်လုံးကို ခွက်လိုက်ကျိုက်ချရတာမဟုတ်ဘဲနဲ့ တစ်ငုံချင်း အရသာခံသောက်သွားရတာမျိုးပေါ့ ဒီရုပ်ရှင်ကားဟာလည်း ဒီအတိုင်းပါပဲ…ဇာတ်လမ်းက အေးသလိုလိုနဲ့ ကော်ဖီပူပူနွေးနွေးလေးတစ်ခွက်ကို ဇိမ်ပြေနပြေ အရသာခံပြီးသောက်သလိုကြည့်မှ ခံစားသိရှိနိုင်မယ့် ဇာတ်ကားလေးတစ်ခုပါ…အိမ်နီးချင်းလည်းဖြစ် သူငယ်ချင်းတွေလည်းဖြစ်ကြတဲ့ တက်ဒ် နဲ့ဟေဒီ ဆိုတဲ့ လူလတ်ပိုင်း လူနှစ်ယောက်တို့ဟာ ကောလိပ်တစ်ခုက ပြတိုက်မှာ ပစ္စည်းတွေကို ပြုပြင်ထိန်းသိမ်းရတဲ့ အလုပ်လုပ်ပါတယ်…အိမ်မှာလည်းမိန်းမနဲ့ သားသမီးကိုယ်စီ ရှိကြသူတွေပေါ့ … သူတို့နှစ်ယောက်က ပြတိုက်မှာ လျှပ်စစ်မီးပြင်ဆင်တာတွေဘာတွေအတွက် ပြတိုက်ပိတ်ချိန်ရောက်မှ အိမ်ပြန်ရသလို တစ်ခါတလေ အရေးပေါ်ညကြီးသန်းခေါင် ခေါ်ယူရင်လည်း သွားရပါသေးတယ်…တစ်ရက် အလုပ်နောက်ကျတဲ့နေ့မှာ ပြတိုက်ပိတ်သွားလို့ လူတွေအားလုံးအိမ်ပြန်လို့ တံခါးတွေပိတ် တိတ်ဆိတ်သွားချိန်မှာ လူတစ်ယောက်ဟာ ပြတိုက်ထဲကျန်နေခဲ့တာကို တက်ဒ်နဲ့ ဟေဒီတို့တွေ့ပြီး အဲ့ဒီလူဟာ ရုတ်တရက် ထွက်ပြေးပျောက်ကွယ်သွားခဲ့တယ်…သူဟာ ဘယ်သူလဲ တံခါးပိတ်ထားတဲ့ပြတိုက်ထဲကို ဘယ်လိုရောက်လာတာလဲ ဆိုတဲ့ မေးခွန်းတွေနဲ့ ပရိသတ်ကို ဆွဲဆောင်ခေါ်ငင်သွားမယ့် ဇာတ်ကားကောင်းတစ်ကားဖြစ်ပြီး IMDb – ...
movie
Cold Brook(2019)
2018
4.3
Wounds (2019)
ယူတို့ရဲ့fifty shadesမင်းသမီးလေးပါဝင်တဲ့mystery and horrorကားကောင်းလေးတစ်ကားပါဒီကားရဲ့ဇာတ်လိုက်မင်းသားဝေလ်အလုပ်လုပ်တဲ့ဘားမှာရန်ပွဲဖြစ်တာကနေစတာပါပဲရန်ပွဲပြီးတော့ သူ့ဘားမှာလာသောက်နေတဲ့တက္ကသိုလ်ကျောင်းသားအုပ်စုဖုန်းကျန်ခဲ့ရာကနေဖုန်းထဲမှာလူတွေကိုသတ်ထားတဲ့ဗီဒီယိုတွေ သူ့ဆီကိုအဲဒီဖုန်းကတဆင့်အကူအညီတောင်းတဲ့စာတွေပို့တာတွေ နောက်ပိုင်းသူ့အိမ်ထိပါရောက်လာပြီးသူ့ကောင်မလေးကိုပါနှောင့်ယှက်တာတွေ ဒါတွေကိုသူဘယ်လိုအဖြေရှာမလဲလုပ်တဲ့သူကဘယ်သူဖြစ်နေမလဲ ဖမ်းမိနိုင်မလားဒီကြားထဲဘားကိုလာနေကျသူ့သူငယ်ချင်းနဲ့ပါခြေရှုပ်မိတဲ့အခါ ဘာတွေဆက်ဖြစ်မလဲဆိုတာ...... File Size : ( 934 MB , 354 MB)Quality : WEB-DL 720pRunning Time : 1 hr 35 minFormat : Mp4Genre : Drama , Horror , MysterySubtitle : Myanmar Subtitle (Hard Sub)Translated by PhueEncoded by Moe Myint Lwin
movie
Wounds (2019)
2019
6.6
Sherrybaby (2006)
ရှယ်ရီဆွမ်စန်က မှုးယစ်ဆေးဝါးသုံးစွဲမှုနဲ့ ထောင်ကျနေတာ သုံးနှစ်ရှိပါပြီ။ ဒါပေမဲ့ သူ့ရဲ့ရှစ်နှစ်သမီးလေး အလက်ဇစ်နဲ့ တစ်အိမ်တည်းနေခွင့်ရဖို့အတွက် မူးယစ်ဆေးဖြတ်ပြီး လူကောင်းတစ်ယောက်အဖြစ်နေထိုင်ဖို့ ဆုံးဖြတ်ထားခဲ့ပါတယ်။ စည်းကမ်းကျပ်တဲ့ထောင်အုပ်ဆီက အာမခံရဖို့မလွယ်ကူပေမယ့် အလက်ဇစ်က သူ့အစ်ကိုဘော်ဘီနဲ့ ဇနီးဖြစ်သူ လင်းနက်တို့အပေါ်အချစ်ကြီးစွဲလမ်းနေတာကိုမြင်ရခြင်းက သူမအတွက် ပိုပြီးခံစားရခက်စေပါတယ်။ မိဘနဲ့သားသမီးတို့ကြားက ချစ်ခြင်းမေတ္တာကို အပြည့်အဝခံစားရမှာဖြစ်ပြီး ဘယ်လောက်ဆိုးတဲ့ မိဘဖြစ်နေပါစေ သားသမီးအပေါ်ချစ်တဲ့စိတ်က တစ်ထောင့်တစ်နေရာမှာကျန်ရှိနေတတ်ကြောင်းနဲ့ အတိတ်ကဆိုးသွမ်းခဲ့သမျှကို မေ့ပစ်ပြီး သမီးဖြစ်သူနဲ့ ဘဝသစ်ပြန်စချင်နေတဲ့ မိခင်တစ်ဦးရဲ့ မေတ္တာတရားကို မြင်တွေ့ခွင့်ရမှာဖြစ်ပါတယ်။Translated By : Kay Khaing Tun Encoded By :XCode
movie
Sherrybaby (2006)
2006