Channel Myanmar

Bonnie Wong

An Abandoned Team (2024) 5.9
An Abandoned Team (2024) တစ်သက်လုံး ဘုကလန့်လူ့ဂွစားအနေနဲ့ ဖြတ်သန်းလာခဲ့တဲ့ ရန်ချွင်းကျားဟာ တောင်ပေါ်မှာ မတော်တဆဖြစ်ခဲ့ပါတယ်။ ကံကောင်းစွာနဲ့ ခွေးလေခွေးလွင့်ရှောင်းနန်က ကယ်တင်ပေးခဲ့ပြီး တိရစ္ဆာန်ပရဟိတလုပ်သူ ယွဲ့နာ့က သတိထားမိတဲ့အတွက် အန္တရာယ်က လွတ်မြောက်နိုင်ခဲ့ပါတယ်။ရှောင်းနန်က ဦးလေးကျားကို ခင်တွယ်တဲ့အတွက် ဖြည်းဖြည်းချင်း ဒီလူအိုရဲ့ စိတ်နှလုံးကို ဖွင့်ပေးနိုင်ခဲ့ပါတယ်။ ဦးလေးချွင်းနဲ့ ယွဲ့နာ့တို့ဟာလည်း မိတ်ဆွေတွေ ဖြစ်သွားကြပါတယ်။ ယွဲ့နာ့ရဲ့ အကူအညီနဲ့ ဦးလေးကျားဟာလည်း သမီးဖြစ်သူနဲ့ နှစ်ပေါင်းများစွာ ဖုံးကွယ်ထားတဲ့ အထင်လွှဲမှုတွေကို ဖြေရှင်းနိုင်ခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲ အနီးနားမှာ ခွေးလေခွေးလွင့်တွေကို တမင်အဆိပ်ခတ်နေသူလည်း ရှိနေပါတယ်။ ခွေးကလေးတွေ အဆိပ်ဘေးက လွတ်မြောက်နိုင်ပါ့မလား...... ရန်ချွင်းကျားကရော ဘယ်လိုကြောင့် အခုလို လူ့ဂွစားဖြစ်လာခဲ့တာလဲ...... ယွဲ့နာ့ကရော ချစ်ရသူနဲ့ သူချစ်ရဲ့ လုပ်ငန်းကြားမှာ ဘယ်လိုရွေးချယ်မှုတွေ လုပ်လိမ့်မလဲ..ဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။ Filesize : 1.26 GB / 747 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Drama Runtime : 1h 47 ...
movie

An Abandoned Team (2024)

Everyphone Everywhere ( 2024 ) 6
Everyphone Everywhere ( 2024 ) ဒီဇာတ်ကားလေးကတော့ အထက်တန်းကျောင်းသူငယ်ချင်း(၃)ယောက်က သူတို့ပေးခဲ့ကြတဲ့ကတိအတိုင်း (၂၅)နှစ်ကြာတဲ့အခါ ပြန်တွေ့ကြတဲ့အကြောင်းဇာတ်လမ်းလေးဖြစ်ပါတယ်။အခုခေတ်နေရာတိုင်း လူတိုင်းမှာဖုန်းတွေရှိကြတယ်။ ဒါပေမယ့် တစ်ယောက်နဲ့တစ်ယောက်အသုံးပြုပုံခြင်းမတူကြဘူး။ သူငယ်ချင်းတစ်ယောက်ချင်းစီရဲ့ပြဿနာနဲ့ဇာတ်ကြောင်းလေးတွေပြရင်း လက်ကိုင်ဖုန်းတွေပေါများလာတဲ့ခေတ်မှာ လူငယ်တွေကြားမှာဖြစ်တတ်တဲ့ပြဿနာတွေ၊ ဖုန်းမရှိတဲ့အခါ အဆင်မပြေဖြစ်ရပုံတွေကိုမီးမောင်းထိုးပြသွားပါတယ်။((၂၅)နှစ်ကြာမှပြန်တွေ့ကြတဲ့ သက်လတ်ပိုင်းဖြစ်နေပြီဖြစ်ကြတဲ့ သူတို့တွေက ဘယ်လိုတွေပြောင်းလဲသွားကြပြီလဲ ဘာတွေကမပြောင်းလဲပဲအရင်အတိုင်းဖြစ်နေဦးမလဲဆိုတာ အတိတ်ခံစားချက်တွေကိုတမ်းတရင်းကြည့်ရမယ့်ဇာတ်လမ်းလေးဖြစ်ပါတယ်။ Filesize : 1.28 GB / 642 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Drama Runtime : 1h 31 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK  
movie

Everyphone Everywhere ( 2024 )

YUM Investigation ( 2023 ) 6
YUM Investigation ( 2023 ) CM ကနေ ဒီတစ်ခါတင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ ခေတ်သစ်အပနှင်တဲ့ကားလေးပဲဖြစ်ပါတယ် ဇာတ်လမ်းလေးကို ပြောပြရမယ်ဆိုရင် ရှောင်ထိုက်လန်ဆိုတဲ့ အသက်၃၀ အရွယ် လူငယ်တစ်ယောက်က မျှော်လင့်ချက်မဲ့ပြီး ဦးတည်ချက်ပျောက်ကာ အလုပ်တော့ပုံမှန်သွားနေခဲ့သူတစ်ဦးပါတစ်နေ့ ထောင်းပေါင်ကနေ ဓါးတစ်လက်ကို မှာလိုက်မိရာကနေ ဇာတ်လမ်းစလာခဲ့ပါတယ် သူမှာလိုက်တဲ့ဓါးထဲမှာ ဝိညာဉ်ရှိနေပြီး ဓါးက သူ့ကို စကားပြောပြီး စေခိုင်းပါတော့တယ် အဲ့လိုနဲ့ သူ့ရဲ့နေ့စဉ်ဘဝကိုပါ ဝင်ပါလာတော့ အလုပ်ကနေ ထုတ်ခံလိုက်ရတော့တာပေါ့အဲ့ကနေမှ အားလျန် ရှီကျီ ပက်ထရစ် စတဲ့ သဘာဝလွန် အရည်ချင်းတွေပိုင်ဆိုင်ထားတဲ့ လူငယ်၃ဦးနဲ့ ဖွဲ့စည်းထားတဲ့ ယင်မျက်လုံးစပိုင်အဖွဲ့ထဲကို ဝင်ရောက်မိသွားပါတော့တယ်တစ်နေ့ ဖျင်အန်းအဆောက်ဦးကိုဖျက်သိမ်းဖို့ အိမ်ခြံမြေကုမ္ပဏီတစ်ခုက ပယောဂဆရာ တစ်ဦးကို ငှားပြီး ဆန့်ကျင်သူခေါင်းဆောင်ကို အဆုံးစီရင်သွားအောင် လုပ်ခဲ့ပါတယ် အဲ့အဆောက်ဦးမှာ နေထိုင်ကြတဲ့ ကောင်မလေး ၂ယောက်က သူတို့အဖွဲ့ကို ငှားခဲ့ပြီး သူတို့ရဲ့ သရဲနှင်တဲ့လုပ်ငန်းကို စတင်ပါတော့တယ်ဒီအမှုက သူတို့ထင်ထားသလောက် မရိုးရှင်းဘဲ စုန့်ခေတ်ထဲက သရဲပျိုးထောင်တဲ့ပညာတွေပါ ဆက်နွယ်လာပါတော့တယ် သူတို့သိလိုက်ရတဲ့ သဲလွန်စ တစ်ခုကတော့ ဆန့်ကျင်သူအဖွဲ့ထဲမှာ သူလျှိုရှိနေတာပါပဲ ကဲ အဲ့တော့ သူတို့‌၄ယောက် ဘယ်လိုမျိုး အတွင်းသူလျှိုကို ဖော်ထုတ်မှာလဲ အဲ့သူကရော သူတို့ထင်သလောက်ရိုးရှင်းနေမှာလားဆိုတာကို ခုဘာသာပြန်တင်ဆက်ပေးလိုက်တဲ့ ကားလေးမှာ ကြည့်ရှုလို့ရပါတယ်နော် Filesize : 1.16 GB ...
movie

YUM Investigation ( 2023 )

Mad Fate (2023) 6.4
Mad Fate (2023)  Mad Fate (2023)============"ကံလမ်းကြောင်းက ခင်းပြီးသားပေမဲ့ လျှောက်လှမ်းမဲ့ပုံစံကို ရွေးချယ်လို့ရတယ်" လူငယ်လေးတစ်ယောက်ရဲ့ဇာတာကိုကြည့်ပြီးနောက် လူသတ်‌ပြီး‌ထောင်ကျကိန်းရှိနိုင်တဲ့အတွက် ‌ဗေဒင်ဆရာကအရမ်းထိတ်လန့်သွားပြီး ကူညီပေးချင်စိတ်တွေပေါ်သွားတယ်။ အကြောင်းကတော့ အဲ့လူငယ်လေးက မကောင်းတဲ့နက္ခတ်တွေနဲ့ယှဉ်ပြီးမွေးဖွားလာတဲ့အတွက် လူသတ်ချင်စိတ်တွေအမြဲဖြစ်ပေါ်လေ့ရှိပြီး ကံအညံ့တွေနဲ့ပဲကြုံရမှာပဲဖြစ်တယ်။‌ အစက‌တော့ ဒါတွေကိုမယုံသလိုလိုနဲ့ ဂျစ်ကန်ကန်ဖြစ်ခဲ့ပေမဲ့ ထောင်မကျချင်တဲ့ဆန္ဒလေးတစ်ခုကြောင့် ဗေဒင်ဆရာဖြစ်သူကိုအကူအညီတောင်းလာပါတော့တယ်။ သူတို့နှစ်ယောက် ကံကြမ္မာကိုဘယ်လိုပြောင်းလဲကြမလဲ ပြောင်းလဲလို့ရောရပါ့မလားဆိုတာကြည့်ရှုရမဲ့ ဟောင်ကောင်ဇာတ်ကားလေးပဲဖြစ်ပါတယ်။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Khant Sett Naing ပါ )File size_(1.6GB)/(750MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:49:00 Genre_Mystery, Thriller Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Khant Sett Naing
movie

Mad Fate (2023)

Everything Under Control (2023) 5
Everything Under Control (2023)   Everything Under Control ( 2023 ) ============================  ဒီဟောင်ကောင်ရုပ်ရှင်ကတော့ အက်ရှင်နဲ့ဟာသနဲ့ ဟော်ရာနဲ့ကို ရောစပ်ထားတဲ့ ရုပ်ရှင်ပါပဲ။ ဟောင်ကောင်ရုပ်ရှင်ဟောင်းတွေရဲ့ အငွေ့အသက်ကို ပြန်ရအောင်ထည့်ထားသလို တစ်ကားလုံးဟာသမြောက်အောင် လက်တွေ့မကျခြင်းတွေ ပတ်လည်ဝိုင်းပြထားတဲ့ ရုပ်ရှင်လို့ပြောလည်း မမှားဘူး။ ဂန်းစတားတွေ ရတနာတွေ လျှို့ဝှက်ဆန်းကြယ်နေရာတွေ ပဟေဠိဆန်တဲ့လူတွေ သရဲတွေစသဖြင့် ဒီရုပ်ရှင်မှာ ပါဝင်တဲ့  Elementsတွေက စုံလင်တယ်။ စုံတာတွေအကုန်လုံးကို အရွှန်းဖောက်ပြီး ပြထားတော့ ဟာသကားကြည့်ချင်တဲ့ လူတွေအတွက် အဆင်ပြေမယ့် ရုပ်ရှင်ဖြစ်ပါလိမ့်မယ်။ဇာတ်လမ်းကတော့  လုံခြုံရေးကုမ္ပဏီတစ်ခုမှာ ဝန်ထမ်းလုပ်နေတဲ့လူတွေကနေစတယ်။ သူတို့ကုမ္ပဏီ လုံခြုံရေးလိုအပ်နေတဲ့လူတွေကို ကာကွယ်ပေးသလို တန်ဖိုးကြီးပစ္စည်းတွေကိုလည်း ပို့ဆောင်ပေးတယ်။ ဒီတစ်ခါတော့ သူတို့တွေကို အထက်ကတန်ဖိုးကြီးစိန်တွေကို ပို့ဆောင်ခိုင်းလိုက်တယ်။ ထူးတာက သူတို့က ဘယ်လူဆိုးနဲ့မှ မကြုံဖူးတော့ ဒီဘက်ခေတ်မှာ ဘာလူဆိုးမှ မရှိတော့ဘူး ဟန်ပြလုပ်ရတာသက်သက်လို့ ထင်နေကြတာပဲ။ ဒါပေမဲ့ တကယ့်ဂန်းစတားတွေက သူတို့ကားကိုတားပြီး စိန်တွေကို ဓားပြတိုက်ဖို့လုပ်ခဲ့တယ်။ ...
movie

Everything Under Control (2023)

A Moment of Romance (1990) 7.4
A Moment of Romance (1990) A Moment of Romance (1990)~ IMDb rating - 7.4/10 ~" ဒီတိုတောင်းလွန်းတဲ့ ဘဝမှာတောင် မင်းထွက်သွားတဲ့နားပဲ ကိုယ်ရပ်တန့်နေခဲ့တယ်။ မချစ်ခဲ့မိရင် အကောင်းသားလို့ နောင်တမရချင်တာကလည်း ငါတို့ရဲ့ ရိုးရှင်းစွာတုံးအခဲ့ခြင်းတွေပေါ့။ အရှိန်အဟုန်တွေ ဘယ်လောက်ပြေးပြေး အလှမ်းဝေးလွန်းတဲ့မြစ်ကို တို့မရောက်နိုင်ခဲ့။ မင်းမျက်ရည်စတွေ ငါတို့ရဲ့နေ့တွေ အကုန်မြန်လွန်းတဲ့ ခန်းခြောက်မြစ်တွေ ဖြစ်စေ...။ မိုးသားထဲ ပျံသန်းကြည့်ခဲ့ကြတယ်။ အရှိန်အဟုန်တွေ တို့ကိုခေါ်နိုင်စေသားပေါ့ အားလုံးမဲ့တဲ့ အရပ်ဆီ။ တိမ်တွေဟာ ရေမှုန်ကို မိုးသားထဲ သယ်ဆောင်နိုင်သွားလည်း ခဏတာ။ တစ်စစီ တစ်စစီ။ အသက်နဲ့ဆက်ဆက် ဘဝနဲ့ဆက်ဆက် ဒီအချစ်ရဲ့ အခိုက်တန့်လေး ကိုယ်လဲယူချင်ခဲ့တာ။ ဝေးလွန်းတယ်ဆိုပေမဲ့ လှမ်းကြည့်ရင် အစဉ်မြင်ဆဲ..."မင်းသားက အန်ဒီလောင်ဆိုတော့ ဒီရုပ်ရှင်က ၁၉၉၀ ဝန်းကျင်မှာ အန်ဒီလောင်အရိုက်များခဲ့တဲ့ တခြားဇာတ်တွေလိုပဲ အပေအတေ ဂိုဏ်းစတားလူငယ်လေးနဲ့ ဂိုဏ်းအရှုပ်အထွေးတွေကြားက ညီအစ်ကိုသံယောဇဉ်နဲ့ ချစ်ခြင်းရဲ့ကားပါပဲ။ ...
movie

A Moment of Romance (1990)

1990
Blind Detective(2013) 6.5
Blind Detective(2013) Blind Detective(2013)(Zawgyi)အမိုက်စားဇာတ်လမ်းမို့ BluRay 1080 5.1ch ပါပြုလုပ်ပေးထားပါတယ်...ခေတ်မှီတိုးတက်တဲ့နည်းပညာတွေအကူအညီနဲ့ ရုပ်ရှင်ကားတွေဟာလည်း ပိုမိုအရောင်အသွေးစုံလင်လာလို့ ပရိတ်သတ်တွေအတွက်လည်း ရသအပြည့်အဝခံစားလာရတယ်... သို့ပေမယ့် ဒီဘက်ခေတ် တရုတ်ရုပ်ရှင်တွေဟာ အရင်ကားတွေကို မမှီတဲ့အပြင် ဆေးဆိုးပန်းရိုက်ရုပ်တွေကိုပဲ ဦးစားပေးလာသလိုခံစားရတယ်....ကောင်းတဲ့ကားတွေရှိပေမယ့် ကျွန်တော်တို့အကြိုက်ဖြစ်တဲ့ကားတွေတော့ နည်းလာတယ်ဆိုတာ လက်မခံချင်လည်း လက်ခံရမှာပဲ..... ဒါ့ကြောင့်ပဲ အရင်ခေတ်က ထွက်ရှိခဲ့တဲ့ Blind Detective (2013) ကားကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်...စိတ်ဝင်စားဖွယ်မှုခင်းကားဖြစ်သလို နာမည်ကြီးမင်းသားဖြစ်တဲ့ Andy Lau ကည်း မျက်ကန်းစုံထောက်အဖြစ်သရုပ်ဆောင်ထားတယ်.... တကယ့်အမှုကြီးတွေကို မျက်ကန်းတစ်ယောက်ဟာ ဘယ်လိုစုံထောက်မလဲဆိုတာကို စိတ်ဝင်စားဖွယ်ရာတွေ့ရမှာပါ... သူ့ရဲ့ဆက်စပ်တွေးခေါ်ပုံတွေက ဇာတ်လမ်းရဲ့ အဓိကအသက်ဖြစ်သလို ဟာသလေးတွေ ကြည်နူးဖွယ်ရာအချစ်ဇာတ်အိမ်လေးလည်းပါသမို့ခံစားကြည့်ကြပါဦးလို့.......ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Ba Chit ပဲဖြစ်ပါတယ်...(Unicode)အမိုက်စားဇာတ်လမ်းမို့ BluRay 1080 5.1ch ပါပြုလုပ်ပေးထားပါတယ်...ခေတ်မှီတိုးတက်တဲ့နည်းပညာတွေအကူအညီနဲ့ ရုပ်ရှင်ကားတွေဟာလည်း ပိုမိုအရောင်အသွေးစုံလင်လာလို့ ပရိတ်သတ်တွေအတွက်လည်း ရသအပြည့်အဝခံစားလာရတယ်... သို့ပေမယ့် ဒီဘက်ခေတ် တရုတ်ရုပ်ရှင်တွေဟာ အရင်ကားတွေကို မမှီတဲ့အပြင် ဆေးဆိုးပန်းရိုက်ရုပ်တွေကိုပဲ ဦးစားပေးလာသလိုခံစားရတယ်....ကောင်းတဲ့ကားတွေရှိပေမယ့် ကျွန်တော်တို့အကြိုက်ဖြစ်တဲ့ကားတွေတော့ နည်းလာတယ်ဆိုတာ လက်မခံချင်လည်း လက်ခံရမှာပဲ..... ဒါ့ကြောင့်ပဲ အရင်ခေတ်က ထွက်ရှိခဲ့တဲ့ Blind ...
movie

Blind Detective(2013)

2013