Channel Myanmar

Bob Jbeili

Friendly Fire (2024) 7.4

Friendly Fire (2024)

2024
[18+] My Boyfriend is a Sex Worker (2024)
[18+] My Boyfriend is a Sex Worker (2024)  My Boyfriend is a Sex Worker (2024) My Boyfriend Is A Sex Worker 1-2 ဟာ The IdeaFirst Company နဲ့ Viva Films တို့ပူးတွဲထုတ်လုပ်တဲ့LGBTQ+ anthology “Open Secrets” ရဲ့နောက်ဆုံးနှစ်ကားဖြစ်ပါတယ်။Bigayan,Pwede G, Pwede B,Table for 3 အစရှိတဲ့ဇာတ်ကားတွေကိုတော့တင်ဆက်ပေးပြီးသားဖြစ်ပါတယ်။ဇာတ်လမ်းအားလုံးဟာ တစ်ခုချင်းအဆက်အစပ်မရှိတဲ့ သီးခြား BL ဇာတ်လမ်းတွေဖြစ်ပါတယ်။ဒီဇာတ်ကားမှာတော့ Gio ဆိုတဲ့ အွန်လိုင်းပေါ်က adult content creator ကောင်လေးတစ်ယောက်နဲ့ချစ်ကျွမ်းဝင်မိတဲ့Ace ဆိုတဲ့လူငယ်လေးတစ်ယောက်အကြောင်းပါ။ဖြစ်ချင်တော့ Ace မိဘတွေဟာ ဒိတ်ဒိတ်ကြဲချမ်းသာတဲ့ အရှိန်အဝါအသိုင်းအဝိုင်းကြီးနိုင်ငံရေးမိသားစုတွေဖြစ်နေတာပါပဲ။ပုံရိပ်ကိုအထိခိုက်မခံနိုင်သလိုရှေးရိုးလည်းစွဲတဲ့ Ace အမေကြီးနဲ့သူတို့ဘယ်လိုရင်ဆိုင်ကြမလဲ?Gio အနေနဲ့ Ace ရဲ့စည်းစိမ်ဂုဏ်ဒြပ်တွေကိုမက်မောလို့မဟုတ်ပဲ အချစ်စစ်မှန်ပါတယ်ဆိုတာ ဘယ်လိုသက်သေထူကြမလဲ?ပတ်ဝန်းကျင်ရဲ့မုန်တိုင်းတွေကို သူတို့ကြံ့ကြံ့ခံရင်ဆိုင်နိုင်ကြပါ့မလားဆိုတာတွေကိုဟာသနှောပြီးတင်ဆက်ထားပါတယ်။ထိုင်းတို့၊ဟောင်ကောင် ထိုင်ဝမ်တို့က BL ကားနုနုရွရွလေးတွေကိုရိုးလာပြီဆိုရင် အပြောင်းအလဲအဖြစ်အမှောင်ကြီးမှောင်ပြထားတဲ့ “Open ...
movie

[18+] My Boyfriend is a Sex Worker (2024)

2024
[18+] Expensive Candy (2022) 7.2
[18+] Expensive Candy (2022) Expensive Candy (2022)~ IMDb - 7.2/10, MyDramaList - 7.4/10 ~ရီနာတို ခေါ် တိုတိုဟာ သမိုင်းဆရာတစ်ယောက်ဖြစ်ပြီး အသက်သုံးဆယ်ကျော်တဲ့အထိ အချစ်အကြောင်းသိဖို့‌နေနေသာသာ လူပျိုရည်တောင်မပျက်သေးတဲ့ ရိုးရိုးအေးအေးသမားလေးပါ။ အရွယ်ရောက်ပြီး အမြီးမပေါက်နိုင်တဲ့သားဖြစ်သူအတွက် စိတ်ပူနေတဲ့မိခင်ဖြစ်သူက တစ်နေ့တော့ မုန့်ဖိုးပေးပြီး ကောင်မလေးတစ်ယောက်နဲ့မုန့်ထွက်စားခိုင်းပါတယ်။ ကျောင်းမှာကျောင်းသားတွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေက စနောက်ကြသလို မိခင်ကပါ ဒီကိစ္စမှာပါလာတော့ စိတ်လေနေတဲ့ တိုတိုဟာ ခြေဦးတည့်ရာလျှောက်သွားရင်း သူ့အမေပေးတဲ့မုန့်ဖိုးနဲ့ ဝယ်စားဖြစ်ခဲ့ပါတယ်။ မုန့်တော့မဟုတ်ပါဘူး။ ကန်ဒီဆိုတဲ့ ဈေးကြီးကြီး ဇိမ်မယ်လေးတစ်ယောက်ကိုပါ။တစ်ခါမှ မိန်းမအတွေ့အကြုံမရှိဖူးတဲ့အပြင် သူ့ရဲ့ပထမဆုံးအတွေ့အကြုံကလဲ အရမ်းလှ အရမ်းတောင့်ပြီး ဒီကိစ္စမှာ အရမ်းကျွမ်းကျင်တဲ့ပညာသည်တစ်ယောက်ဖြစ်နေတဲ့အလျောက် တိုတိုတစ်ယောက် အရူးအမဲသားကျွေးမိသလိုဖြစ်တော့တာပါပဲ။ ဒီလိုနဲ့ တစ်လလုံးလုပ်မှ ၇၀၀၀ ကျော်ရတဲ့ကျောင်းဆရာလေးဟာ တစ်ရှော့ကို ခုနှစ်ရာတန်တဲ့ကန်ဒီကို အခွင့်အရေးရရင်ရသလိုတွေ့ဖို့ နည်းမျိုးစုံနဲ့ကြိုးစားပါတော့တယ်။ တစ်သက်လုံး မက်စရာလို့မထင်ခဲ့ရတဲ့ငွေကို သူဟာ နည်းလမ်းပေါင်းစုံနဲ့ရှာပါတယ်။ သူ့ရဲ့ အန္တိမရည်မှန်းချက်က ကန်ဒီကိုတွေ့ရဖို့ပါပဲ။ ...
movie

[18+] Expensive Candy (2022)

2022
[18+] Us x Her (2022)
[18+] Us x Her (2022) Us x Her (2022)ဒေ့ဗ်ဟာ တစ်ချိန်က ဘတ်စ်ကတ်ဘောလက်ရွေးစင်တစ်ယောက်ဖြစ်ခဲ့ပြီး ချစ်သူ မာရီကို လက်ထပ်ကာ အောင်မြင်ပျော်ရွှင်တဲ့ အိမ်ထောင်တစ်ခုကို ပိုင်ဆိုင်ခဲ့ပါတယ်။ ဒါပေမယ့်လဲ ဒူးဒဏ်ရာကြောင့် အနားယူပြီးတဲ့နောက်ပိုင်း လုပ်သမျှစီးပွားရေးတွေကလဲ ကိုဗစ်မွှေလို့ တစ်ခုပြီးတစ်ခုအရှုံးပေါ်၊ ဇနီးသည်ဖြစ်သူ မာရီကလဲ ကိုယ်ဝန်ပျက်ကျခဲ့တဲ့နောက်မှာတော့ သူတို့အိမ်ထောင်ရေးမှာ မုန်တိုင်းထန်စပြုလာပါတယ်။ ဒေ့ဗ်ကိုယ်တိုင်လဲ ဒူးဒဏ်ရာကြောင့် မှီဝဲရတဲ့ဆေးတွေကြောင့် မူးယစ်ဆေးစွဲသလိုဖြစ်နေပြီး ဇနီးဖြစ်သူနဲ့ မပြည့်ဝတဲ့ဆန္ဒတွေကို တစ်ချိန်က သူ့ပရိသတ်၊ သူ့အပေါ် အရူးအမူးစွဲလန်းနေရှာတဲ့ ကောင်မလေးတစ်ယောက်နဲ့ ထွက်ပေါက်ရှာလိုက်မိတဲ့နောက်မှာတော့ ပြဿနာတွေရဲ့ အထွတ်အထိပ်ကိုရောက်ဖို့ ဖြစ်လာပါတော့တယ်။ကောင်မလေးဖြစ်တဲ့ လီလာဟာ သူလိုသလိုသုံးပြီး ပစ်ထားလိုက်တဲ့အချိန်မှာ ငြိမ်ခံမနေပဲ ဇနီးဖြစ်သူ မာရီဆီကတစ်ဆင့် သူတို့အိမ်ထောင်ရေးထဲ တတိယမြောက်လူအဖြစ် ဝင်ရောက်လာခဲ့ပါတယ်။ လင်လုဖက်အနေနဲ့မဟုတ်ပဲ သူ့ဇနီးရဲ့ချစ်သူအဖြစ်ပါ။ ပုံမှန်ယောက်ျားတွေ အတော်များများအတွက် စိတ်ကူးယဉ်အိပ်မက်ဖြစ်နိုင်မယ့် သီရိစံဇာတ်ကို ဒေ့ဗ်ဟာ သူ့ဇနီးသည်နဲ့အတူ ကြည်ကြည်ဖြူဖြူ သုံးပါးသွားခွင့်ရတော့မှာဖြစ်ပေမယ့် မပြေလည်နိုင်တဲ့ပြဿနာတွေက ဘာတွေဖြစ်လာမလဲ...? ဇနီးသည်မာရီက ...
movie

[18+] Us x Her (2022)

2022
Ang Pambansang Third Wheel (2018) 6.7
Ang Pambansang Third Wheel (2018) Ang Pambansang Third Wheel (2018)~ IMDb Rating - 6.7/10 ~ဒီတစ်ခေါက်မှာတော့ သူငယ်ချင်းအတွဲတွေကြား တစ်ကိုယ်တည်း၊ အထီးကျန်၊ ကြောင်တောင်တောင်၊ သနားစရာ၊ ရည်းစားမရှိ၊ အချစ်ရေးမှာကံမကောင်း ဖြစ်နေတဲ့ တတိယဘီးလေးတွေအတွက် ဖိလစ်ပိုင်ကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားနာမည် Ang Pambansang Third Wheel (National Third Wheel) နဲ့အညီ ဒီဇာတ်ကားရဲ့ အဓိကဇာတ်ကောင် ထရီနာဟာ သူငယ်ချင်းအတွဲတွေကြား တစ်ကိုယ်တည်းသမားဖြစ်နေရသူပါ။ ရည်းစား ၃ ယောက်ထားခဲ့ဖူးပေမယ့် ဖောက်ပြန်ခံရလိုက်၊ စနှိုက်ကြော်ဇာတ် သွင်းခံရလိုက်နဲ့ အချစ်ရေးမှာ ကံဆိုးသူမောင်ရှင်ပေါ့။ အဲဒါတွေကြောင့် ဖူးစာဖက်ကိုထိုင်ပဲစောင့်နေတော့မယ်လို့ ဟစ်ကြွေးထားပါတယ်။ လုပ်ငန်းခွင်မှာလည်း အဆူခံထိနေကျ ကောင်မလေးပါပဲ။ဒီလိုနဲ့ တစ်ရက်မှာ သူ့ရုံးမှာ အလုပ်လာလျှောက်တဲ့ နီယိုဆိုတဲ့ အမျိုးသားတစ်ယောက်နဲ့ဆုံခဲ့ရပါတယ်။ နီယိုက ထရီနာရဲ့ ဖူးစာဖက်ဖြစ်နိုင်ပ့ါမလား၊ သူတို့နှစ်ယောက် ဘာတွေကျော်ဖြတ်ရဦးမှာလဲ၊ နီယိုက ထရီနာ့ကို တကယ်ချစ်ရဲ့လား၊ ...
movie

Ang Pambansang Third Wheel (2018)

2018
[18+] The Escort Wife (2022) 7.7
[18+] The Escort Wife (2022) [18+] The Escort Wife (2022)~ IMDb rating - 7.7/10 ~ပတ်ထရစ်ရှာဟာတစ်ချိန်က သာယာတဲ့အိမ်ထောင်ကိုပိုင်ဆိုင်ခဲ့ပေမယ့် ကိုယ်ဝန်ပျက်ကျပြီးတဲ့နောက် ခင်ပွန်းသည်ရဲ့ စိမ်းကားအေးစက်သွားတဲ့ဆက်ဆံရေး၊ လျစ်လျူရှုမှုကိုရင်ဆိုင်နေရသလို ကိုယ်ဝန်ပျက်ကျတဲ့ဒဏ်နဲ့ Work from home ကာလရှည်လုပ်နေရတဲ့အတွက်ငြီးငွေ့နေပါတယ်။ငြီးငွေ့မှုကိုဖြေဖျောက်တဲ့အနေနဲ့ညဘက်မှန်ဘီလူးနဲ့ဟိုကြည့် ဒီကြည့် ကြည့်ရာကနေ သူ့မီးဖိုချောင်နဲ့တည့်တည့်တိုက်ခန်းက မိန်းမငယ်တစ်ယောက်ဟာ ညစဉ်ညတိုင်း လူမထပ်စေရပဲ တစ်ယောက်ဆင်းတစ်ယောက်တက် ပျော်ပါးနေတာကို တွေ့မြင်လိုက်ရပါတော့တယ်။ ဒီမြင်ကွင်းဟာ ခင်ပွန်းရဲ့အယုအယနဲ့ကင်းကွာနေတဲ့ သူ့ကိုသွေးဆူစေတယ်၊ ရာဂတွေကိုရုန်းကြွလာစေတယ်။ သူ့ခင်ပွန်းကိုအမျိုးမျိုးမြူဆွယ်ပေမယ့် အတော်ကြီးကို စိတ်ကင်းပြတ်နေပုံရတဲ့အတွက်အကြောင်းမထူးပါဘူး။ ဒီလိုနဲ့သူချောင်းကြည့်နေကျ တိုက်ခန်းက မိန်းမငယ်ရဲ့အချစ်တော်တွေထဲမှာ သူ့ခင်ပွန်းကိုမြင်တွေ့လိုက်ရတဲ့အခါမှာတော့...ယောက်ျားတွေကို အမုန်းကြီးမုန်း အငြိုးအတေးကြီးသွားတဲ့ ပတ်ထရစ်ရှာဟာ သူ့ခင်ပွန်းသည်နဲ့တကွ တစ်ခြားသော ဖောက်လွဲဖောက်ပြန်ယောက်ျားတွေကိုပါ ပညာပေးကလဲ့စားချေဖို့အကွက်ကျကျစီစဉ်ပါတော့တယ်။ သူ့ကလဲ့စားရဲ့ပထမဆုံးအဆင့်ကတော့ သူကိုယ်တိုင်အော်ဖာလိုက်ဖို့ပါပဲ။ နောက်ဆက်တွဲကလဲ့စားတွေကို ရင်သိမ့်တုန်ဆက်လက်ရှုစားကြပါ။Miss Philippines Earth 2019 မမကြီး Janelle Tee က ပတ်ထရစ်ရှာအဖြစ်ခေါင်းဆောင်ပါဝင်ထားပြီး ညိုပြာ ...
movie

[18+] The Escort Wife (2022)

2022
(18+) Boy Bastos (2022) 7
(18+) Boy Bastos (2022) Boy bastos 2022 Comedy/ 18+၂၀၂၂ ခုနှစ်ထွက် အင်ဒိုဟာသကားကောင်းလေးတစ်ကားလေးနဲ့မိတ်ဆက်ပေးရမယ်ဆိုရင်ဖြင့် Boy bastos ဆိုတဲ့ကားလေးကိုပဲရှေ့ဆုံးမှာထား ညွှန်းပေးရပါလိမ့်မယ်။ အင်ဒို၊ ဖိလစ်ပိုင်ကားလေးတွေဟာအာရှမျက်လုံးကြည့်ပျော်၊ရှုကောင်းရှိလှတာမို့ နောက်ပိုင်းခေတ်စားလာတယ်ဆိုရင်လည်း မှားမယ်မထင်ပါဘူး။ဟာသကားကောင်းလေးဆိုပေမဲ့ ၁၈ ယောက်ပြည့်မှကြည့်ရမယ့်အခန်းတွေကလည်းရှင်းရှင်းလင်းလင်း သုံးလေးခန်းလောက်ပါ၊ ရိုးတိုးရိတ်တိတ်လေးတွေလည်းခဏခဏပါတာမလို့ မိသားစုနဲ့ကြည့်ဖို့မသင့်တော်ဘဲ ၁၈ ယောက်ပြည့်မှကြည့်ရမယ့်ကားမျိုးလေးပါ။ ဘောလိဝုဒ်နဲ့ K drama ဖက်ကနေ အာရှကားလေးတွေဖက်ပြောင်းကြည့်ပြီး အမောပြေအပန်းပြေ၊ ဟိုဟိုဒီဒီလည်းကြည့်ချင်တဲ့အခါ ကြည့်ရမယ့်ကားကောင်းလေးပါ။ ဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင် ငယ်စဉ်ကတည်းက အဖေနဲ့အမေကွဲကွာသွားတဲ့မိသားစုတစ်စုမှာရှင်သန်နေထိုင်ခဲ့ရတဲ့ ဖီးလစ်ဆိုတဲ့ကောင်လေးတစ်ယောက်။ တစ်ဦးတည်းသောသားဖြစ်ရတဲ့ကြားအဖေဖြစ်သူက မိသားစုကိုပစ်ထား၊ အမေဖြစ်သူက ဂျပန်မှာသာအခြေချနေတဲ့အခါအဒေါ်ဖြစ်သူနဲ့သာ ကြီးပြင်းနေရတဲ့ဒီ‌ကောင်လေးဟာ မဆိုလည်း ယင်မမပြောနဲ့၊ခြင်မသွေးစုပ်တာတောင် မခံရဖူးတဲ့ကောင်လေးပါ။ သူ့အိမ်မှာခြင်လုံဇကာတွေတပ်ထားတာကိုး။ဒီလိုရိုးအလှတဲ့ကောင်လေးကို ကေတီ‌ဆိုတဲ့ ကျောင်းဆရာမ လုံးကြီးပေါက်လှလေးနဲ့ကေသီဆိုသူအတန်းဖော်အပျိုချော်လေးကြား၊ နာမည်တူ အလှပဂေးလေးနှစ်ယောက်ကြားဗျာများရတဲ့အခါ၊ ဆရာမကေတီရဲ့အတိတ်ဇာတ်ကြောင်းတွေ၊ အပျိုချောလေးကေသီရဲ့အကြပ်ကိုင်မှုတွေ၊ ပေါတောတောသူငယ်ချင်းနှစ်ယောက်နဲ့ကြောင်တောင်တောင်ဖီးလစ်တို့ကြား ဘယ်လိုမျိုး ဟာသအလွဲလေးတွေခံစားရမယ်၊၁၈ အပေါင်းအခန်းတွေ ဘယ်လိုနေမယ်ဆိုတာကတော့ Boy bastos 2022 ကားလေးထဲမှာပဲ ခံစားရင်ခုန်ပေးလှည့်ပါဦးခင်ဗျား။  File size…1.6GB / ...
movie

(18+) Boy Bastos (2022)

2022