Channel Myanmar

Bo Huang

Crazy Alien ( 2019 ) 6.2
Crazy Alien ( 2019 ) တရုတ်မှာတောင်5ပတ်မြောက်ရုံတင်နေဆဲဇာတ်ကားဖြစ်ပြီး ဝင်ငွေအားဖြင့်လည်း ၂ ရက်အတွင်းမှာ 100 Milions ရရှိထားတဲ့ နောက်ဆုံးထွက်ဇာတ်ကားအသစ်ပဲဖြစ်ပါတယ်..ကြားထဲမှာလည်း အပတ်စဉ်တိုင်းမှာ China Box Office ရဲ့ Top 10 ဝင်ငွေအကောင်းဆုံး ကားအဖြစ် 5 ပတ်ပတ်တိတိရပ်တည်နေဆဲဖြစ်ပါတယ်ဇာတ်လမ်းအညွှန်းလေးကိုတင်ဆက်ပေးလိုက်ပါမယ် တရုတ်ပြည်ရဲ့မျောက်လေ့ကျင့်ပေးသူတစ်ယောက်ဆီကို တခြားဂြိုလ်ပေါ်က ဂြိုလ်သားတစ်ကောင်ဟာ သူတို့ရဲ့ DNA Ball ကို လူသားတွေနဲ့ လဲလှယ်ရာကနေ မှားယွင်းမှုဖြစ်ပြီး ကမ္ဘာပေါ်ကိုပြုတ်ကျလာခဲ့တယ်..ဖြစ်ချင်တော့ သူဟာ မျောက်ကလေးနဲ့ပေါင်းစပ်သွားတယ်..ဒါကို မျောက်လေ့ကျင့်ပေးသူက ဂြိုလ်သားကိုမျောက်တစ်ကောင်လိုကျင့်ပေးနေပါတော့တယ်ဒီလိုနဲ့ဂြိုလ်သားလေးဟာ သူ့စွမ်းအားတွေပြန်ရလာတဲ့အချိန်မှာတော့ ဘာတွေဘယ်လိုဆက်ဖြစ်ကြမလဲ Quality : WEB-DL 1080p , 720p Format : mp4 Genres : Comedy , Science Fiction Runtime : 1h 56 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Phyo Zaw Encoded by LK  
movie

Crazy Alien ( 2019 )

2019
Journey to the West: Conquering the Demons (2013) 6.8
Journey to the West: Conquering the Demons (2013) Journey to the West Conquering the Demons (2013)IMDb Rating (6.7) / Rotten Tomatoes (94%)ဒီရုပ်ရှင်ကို Stephen Chow က ဒါရိုက်တာအဖြစ်ရော တွဲဖက်ပရိုဂျူဆာအဖြစ်ပါ ဖန်တီးရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်ကြောင်းကတော့ အနောက်ဖက်သို့ခရီးသွားခြင်း ဒဏ္ဍာရီကို အခြေခံထားပြီး ကျမ်းစာသယ်တဲ့ ခရီးစဉ်မစတင်မီ ဆရာတော်ထန်စန်းကျန့်ဆိုပြီးဖြစ်မလာခင် သူ့ရဲ့တပည့်၃ယောက်ဖြစ်လာမယ့် ဝူခုန်းတို့ ပါကျဲတို့ မိစ္ဆာဘဝဖြစ်စဉ်နဲ့ မိစ္ဆာတွေကို နှိမ်နင်းတဲ့အကြောင်းကိုရိုက်ကူးထားတာပါ။ဇာတ်လမ်းလေးကတော့ မြစ်ဘေးကရွာတစ်ရွာမှာ ငါးမိစ္ဆာကြီးတစ်ကောင်သောင်းကျန်းနေတာကို ထန်စန်းကျန့်ကနှိမ်နင်းဖို့ကြိုးစားရာကနေစတင်ပါတယ်... မိစ္ဆာကိုမသတ်ဘဲ မေတ္တာနဲ့အစွဲချွတ်ချင်တဲ့သူ့ရဲ့လမ်းစဉ်ဟာ ထင်သလောက်မအောင်မြင်ပါဘူး... သူက လောကကြီးကိုကယ်တင်ဖို့ရာ ကြီးမားတဲ့မေတ္တာတရားကသာ အခရာလို့ သိထားပေမယ့် အစွမ်းမရှိတဲ့ သာမန်လူဖြစ်နေတော့ အခက်အခဲတွေအများအပြားနဲ့ စမ်းတစ်ဝါးဝါးဖြစ်နေခဲ့ပါတယ်။ဆိုတော့ကာ ထန်စန်းကျန့်ကိုအစွမ်းထက်အောင် ဘယ်သူကအလင်းပြမလဲ....လာပါပြီ မမရှုကြည်(Shu Qi)ပါပဲခင်ဗျာ....ထန်းစန်းကျန့်အဖြစ် မင်းသား Wen Zhang ရော မင်းသမီးရှုကြည်ရော အတိုင်အဖောက်ညီတာမလို့  ဒီရုပ်ရှင်က Rating မြင့်မားတဲ့ ...
movie

Journey to the West: Conquering the Demons (2013)

2013
The Island (2018) 6.4
The Island (2018) ဒီဇာတ်ကားအကြောင်းကိုပြောရမယ်ဆို ရင် ကိုယ့်ပေါင်ကိုယ်လှန်ထောင်းသလိုဖြစ်နေမယ်လို့တွေးမိပါတယ် ဘာလို့များလဲ ကျွန်တော်လဲလူသားတစ်ယောက်ပဲကိုး.. ကျွန်တော်တို့လူသားတွေက ဂုဏ်တွေ ပညာတွေနဲ့ စောင့်ထိန်းရမယ့် စည်းကမ်းတွေနဲ့ဒီလောကကြီးထဲမှာနေထိုင်နေရတာမဟုတ်လား လူတိုင်းမှာ မကောငး်စိတ်ဆိုတာရှိစမြဲပဲလေ အဲ့လိုမကောငး်တဲ့စိတ်ကိုပဲ အသိပညာနဲ့ စည်းမျဉ်းတွေကထိန်းချုပ်ထားတာမဟုတ်လား လူတွေရဲ့မကောင်းတဲ့စိတ်ဆိုတာဘယ်လိုအချိန်မှာပေါ်ထွက်လာတတ်လဲ အတ္တ မာနနဲ့ အကောက်ကြံမှုတွေကဘယ်လိုအချိန်မှာပေါ်ထွက်လာတတ်လဲ ရှင်းပါတယ် စိတ်ကွယ်ရာအရပ် သို့မဟုတ် ဥပဒေကင်းလွတ်တဲ့အရပ်မှာဘွင်းဘွင်းကြီးထွက်ပေါ်လာတတ်တယ်မဟုတ်လား ဒီဇာတ်ကားကလဲဒီသဘာဝကို အထင်းသားမြင်ရအောင်ရိုက်ပြထားပါတယ် .. ဇာတ်ကားစစချင်းမှာ ကုမ္ပဏီတစ်ခုက ဝန်ထမ်းတွေကိုနှစ်ပတ်လည်အနေနဲ့ ပင်လယ်ကမ်းခြေကိုအလည်အပတ်ပို့ပေးပါတယ် ကမ္ဘာ့အပြင်ဘက်ကဥက္ကာခဲအန္တရာယ်ကိုလျစ်လျူရှုပြီး ပင်လယ်ထဲအလည်အပတ်ထွက်လာတဲ့သူတို့ဟာ ဥက္ကာခဲကြောင့်ဆူနာမီနဲ့ရင်ဆိုင်ခဲ့ရပြီး ကျွန်းတစ်ကျွန်းပေါ်သောင်တင်ခဲ့ပါတော့တယ် သူတို့နဲ့အတူ ပရော်ဖက်ဆာ တစ်ယောက်ကပါဝင်ခဲ့ပြီးပရော်ဖက်ဆာရဲ့တွက်ချက်မှုက လောကကြီးတစ်ခုလုံး ဥက္ကာခဲကြောင့်ပျက်သုဉ်းသွားပြီး ရှင်ကျန်သူဆိုလို့သူတို့သာကျန်တော့ကြောင်းအဖြေထွက်လာပါတော့တယ် ဒီတော့.. စည်းလုံးမှုတွေလဲပြိုကွဲ နောက်ဆုံးကျန်ခဲ့တဲ့လူသားမျိုးနွယ်ရဲ့ ခေါင်းဆောင်နေရာကိုလဲလိုချင်တပ်မက်လာတဲ့အခါ.. မင်းသားခေါင်းဆောင်းထားတဲ့ ဘီလူးရဲ့ပကတိမျက်နှာဟာ ထိုကျွန်းပေါ်မှာပေါ်ပေါက်လာပါတော့တယ်.. အတ္တတွေ တပ်မက်မှုတွေနဲ့ လူတစ်စုကျွန်းပေါ်မှာဘယ် လိုအသက်ရှင်သွားမလဲဆိုတာ ကိုယ်တိုင်ပဲဆက်လက်ကြည့်ရှုလိုက်ပါ.. ဒီဇတ်ကားကို Wai Zin က ဘာသာပြန်ပေးထားပြီး အညွှန်းကို လဲ ကိုယ်တိုင်ရေးပေးထားပါတယ်
movie

The Island (2018)

2018