Channel Myanmar

Blaine Gray

Willie and Me (2024) 5.0
Willie and Me (2024)  Willie and Me (2024)သူမနာမည်က ဂရေတာတဲ့ ဂျာမန်သူလေး…..ငယ်ငယ်ကတည်းက လင်ကံမကောင်းတဲ့အမေဖြစ်သူနဲ့ နေလာရတော့ မိဘမေတ္တာငတ်ရှာတဲ့ သူမအတွက်ကမ္ဘာတစ်ဖက်ခြမ်းက ဝီလီနယ်လ်ဆန်ဆိုတဲ့ နာမည်ကျော် အမေရိကန်ကန်းထရီးအဆိုတော်ရဲ့ သီချင်းတွေက သူမရဲ့အဖော်ပဲ။ဝီလီသီချင်းတွေက သူမဘဝကို နေပျော်စေသလို သူမအမေကိုလည်း နေပျော်စေချင်တဲ့အတွက် ရေဒီယိုမှာ ဝီလီသီချင်းတွေလာတိုင်း အမေ့ကို နားဆင်စေတယ်။ဒါပေမဲ့ သူ့အမေက သေကြောင်းကြံသွားတဲ့အခါ သူမဟာ ဝီလီရဲ့သီချင်းကို လုံးဝနားမထောင်တော့ဘူး။ အခုတော့ သူ့မဟာ အိမ်ထောင်အတည်တကျ သက်လတ်ပိုင်းအမျိုးသမီးလေးဖြစ်နေပါပြီ။အချစ်မခံခဲ့ရတော့ သူတို့အိမ်ထောင်ရေးမှာ အချစ်ဆိုတာ ရှိလား မရှိလားဆိုတာ သူမသိရှာ။သူ့ယောက်ျားကလည်း ဥစ္စာခြောက် မာနခဲ၊ တစ်နေ့တစ်နေ့ မယားဝတ္တရားကျေပွန်အောင်လုပ်ပြီး ဘဝကိုဖြတ်သန်းနေရာကနှစ်ပေါင်းများစွာကြာမှ ရုတ်တရက်ဆိုသလို ဝီလီရဲ့သီချင်းတွေက ရေဒီယိုမှာ ပြန်ပေါ်လာခဲ့တယ်။နောက်ဆုံးနှုတ်ဆက်ဖျော်ဖြေပွဲတဲ့ လက်စ်ဗီးဂတ်မှာ ကျင်းပမှာတဲ့။ဂရေတာတစ်ယောက် မီးစဟောင်းလေး ပြန်တောက်လောင်လာခဲ့တယ်။သူမ ...
movie

Willie and Me (2024)

2024
Evidence (2012) 5.1
Evidence (2012) ဒီဇာတ်ကားလေးကတော့ 2012 တုန်းကထွက်ထားတဲ့ sci-fi horror ဇာတ်ကားလေးတစ်ကားပါ။ ဇာတ်အိမ်ကိုဖွဲစည်းထားတာက သူ့ခေတ်သူ့ခါနဲ့ယှဉ်ရင်တောင် budget လိုပြောလိုရပါတယ်။ ဒါပေမဲ့ plot ပိုင်းတဲ့ သရုပ်ဆောင်တွေရဲ့ ပိုချသွားမှုတွေကကောင်းတာကြောင့် ကြည့်သင့်ကြည့်ထိုက်တဲ့အထဲပါတယ်လိုပြောလိုပါတယ်။ဇာတ်လမ်းအကျဉ်း သူငယ်ချင်းလေးယောက်ဟာ တောအုပ်တစ်ခုထဲမှာ အပန်းချေစခန်းချထွက်ဖို ဖြစ်လာခဲ့ပါတယ်။ ရောက်ရောက်ချင်းနေ့မှာတင်ပဲနေ့ခငကြောင်တောင်အချိန်မှာ ထူးဆန်းတာ တွေကို မြင်လိုက်ရတဲ့ကြောင့် ရောက်တဲ့နေ့ထဲက ငြိမ်းငြိမ်းချမ်းချမ်းမနေခဲ့ပါဘူး။ အဲဒါအပြင်ကို လေးယောက်က တစ်ယောက် တစ်စိတ်နဲ့ဆိုတော့ ဆုံးဖြတ်ချက်ချလိုက်တဲ့အခါတိုင်း စိတ်ဝမ်းကွဲတတ်ကြပါတယ်။ ဒါပေမဲ့ တတိယမြောက်နေ့မှာ သူတို စခန်းချတဲ့နေရာအထိ အမည်မသိသတ္တဝါတစ်ကောင်က လာရောက်ထိပါးတဲ့အခါမှာတော့...( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Mark ပါ )File size_(2.2GB)/(1.3GB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:20:00 Genre_Horror Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Mark
movie

Evidence (2012)