Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Binnu Dhillon
5.3
Jeonde Raho Bhoot Ji (2024)
Jeonde Raho Bhoot Ji 2024 ကိုလူလည်ရဲ့အရှုပ်တော်ပုံဘာကိုမှ အယုံအကြည်မရှိပါဘူးဆိုတဲ့ လခေဟာ ငွေကိုတော့ ဘုရားလိုမှတ်ပြီး ကိုးကွယ်ပါသတဲ့။ ငွေကို ဖြတ်လမ်းနဲ့လိုချင်သူပီပီ ကြိုးစားရတာထက် လိမ်စားရတာကမှ မြင့်မြတ်သလိုလို ခံယူထားတဲ့ ဘုရားစူးကောင်ဇိုးလေးပေါ့။လုပ်တဲ့အလုပ်ကိုကြည့်ပြန်တော့လည်း MLMကုမ္ပဏီက အောင်မြင်ရေးဝါဒဖြန့်ချိရေးအလုပ်၊ တော်ကီဖြောင့်တဲ့သူ့အတွက်တော့ အတော်လေးအလုပ်ဖြစ်တဲ့အလုပ်ဆိုပေမဲ့ မိဘတွေကတော့ ရေပေါ်ဆီ ပေါ့ပေါ့နေ ပေါ့ပေါ့စား သားတော်မောင်အတွက် ရင်လေးနေတာပေါ့။တစ်နေ့ ထုံးစံအတိုင်း အောင်မြင်ရေးတွေတရားဟောလာပြီးအပြန်မှာ ပူဂျာဆိုတဲ့ ဆရာမလေးကိုမြင်လို့ ငေးနေရင်းကနေ ပူဂျာက မိဘနှစ်ပါးကလည်းမရှိ၊ အစ်ကိုဖြစ်သူကလည်းရူးသွားတာဖြစ်ပြီး၊ လစာကောင်းတဲ့ဆရာမအလုပ် အမွေအိမ်ကြီးနဲ့ အမွေတွေကိုပါ တစ်ယောက်တည်းရမယ့်သူဆိုတာသိသွားပြီး ရွှေတွင်းကြီးကို အပိုင်ရအောင်ကြံဖို့ အစီအစဉ်ချပါတော့တယ်။ဒါပေမဲ့ အပြင်ပန်းကမြင်နေရတဲ့ ဣန္ဒြေရှင်ဆရာမလေး ပူဂျာက သူထင်သလောက် မရိုးရှင်းတာကို လက်ထပ်ပြီးမှ သိလိုက်ရချိန်မှာတော့(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team မှပဲဖြစ်ပါတယ်) File size… 1.5 GB / 775 MB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….1h 52m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Jeonde Raho Bhoot Ji (2024)
6
Gaddi Jaandi Ae Chalaangaan Maardi (2024)
Gaddi Jaandi Ae Chalaangaan Maardi 2023 လက်ဖွဲ့ကားစိတ်ညစ်ညူးစရာ အလုပ်တက်ရက်ကြီးမှာ CM Bollywood Teamက ပရိသတ်ကြီးကို ဟာဒယရွှင်ဆေးတိုက်ကျွေးဖို့ ပန်ချာပီဟာသကားကောင်းလေးတစ်ကားတင်ဆက်ပေးလိုက်ပါပြီ။ ဒီကားလေးထဲမှာတော့ ပစ္စည်းတွေ စားစရာတွေလိုပဲ သားတွေကို ဈေးတင်ရောင်းမယ့် ကပ်စေးနည်းဖေဖေကြီးနဲ့ ခမည်းခမက်တွေကြားက အလွဲလေးတွေကို ရှုစားရမှာပါ။ချွေးမကိုမကြည့်ဘူး ခန်းဝင်ပစ္စည်းပဲကြည့်မယ် ချွေးမမှာလက်မပါလာတာအရေးမကြီးဘူး ခန်းဝင်ပစ္စည်းလျော့လို့တော့မရဘူးဆိုတဲ့ လာ့ဘ်ဆင်းဂ်တစ်ယောက် သားတွေကို အိမ်ထောင်ချပေးရမယ့်အချိန်ရောက်ရင် သတို့သမီးတွေကို ခန်းဝင်ကြိုက်ဈေးပေးရင် ရော့ခန်းဝင်ပစ္စည်း ရော့ငါ့သားလုပ်တတ်တဲ့သူပါ။ ဖြစ်ချင်တော့ သားကြီးဘိုလာကို မင်္ဂလာဆောင်ပေးချိန်မှာ သတို့သမီးဘက်က ဘိုလာ 8 တန်းကျ ပညာမတတ်ဆိုတာသိသွားပြီး ခန်းဝင်ပစ္စည်းထဲထည့်ပေးရမယ့် ဆိုင်ကယ်နဲ့ကုတင်က ပါမလာတော့ပါဘူး။ဒီတော့ တစ်ပြားကနေ နှစ်ပြားရအောင်ပွတ်နေတတ်တဲ့ လာ့ဘ်ဆင်းဂ်တစ်ယောက် ဒီဆိုင်ကယ်ကို ကြိတ်မနိုင်ခဲမရဖြစ်နေတာ ဘိုလာတို့သားလေး ကျောင်းနေအရွယ်ရောက်တဲ့အထိပါပဲ။ သားကြီးမှာ ဆုံးရှုံးခဲ့ရတာကို သားငယ်ဟက်ပီးအလှည့်ကျ ဆတိုးပြန်ယူဖို့ လုပ်ထားတာပေါ့လေ။ဒီလိုနဲ့ ခန်းဝင်ပစ္စည်းတောင်းလို့ကောင်းအောင် ၃၀၀၀၀ တန် MBA အောင်လက်မှတ်နဲ့ သူဌေးသမီးကိုထောင်ဖမ်းမယ့် လာ့ဘ်ဆင်းတို့နဲ့ ခန်းဝင်ပစ္စည်းတွေထဲ ကားကြီးတစ်စီးပါ ထည့်ပေးမှာဆိုတဲ့ ဟက်ပီးသဘောကျနေတဲ့ ပူဂျာတို့မိသားစုနဲ့တွေ့တဲ့အခါမှာတော့....(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ...
movie
Gaddi Jaandi Ae Chalaangaan Maardi (2024)
2023
7.4
Carry on Jatta 3 (2023)
Carry on Jatta 3 (2023) IMDb-7.5/10ဂျက်တာတို့ သူငယ်ချင်းသုံးယောက်ရဲ့ အမွှေစိန်ကားလေး သုံးကားမြောက်ထွက်ရှိလာပါပြီ။ ရှေ့နှစ်ကားလို ပေါ့ပေါ့ပါးပါး ရယ်ရယ်မောမောနဲ့ကြည့်ရမယ့် ဟာသဇာတ်မြူးလေးပါပဲ။ သူတို့တွေပဲ သရုပ်ဆောင်ထားကြပေမယ့် တစ်ကားထဲသပ်သပ်ကြည့်လို့ရပါတယ်။ဂျက်စ်က ရှေ့နေကြီးဒီလွန်ရဲ့ မိတဆိုးသားလေး။မိန်းမယူချင်တာ ပြာယာခတ်နေပေမယ့် အဖေလုပ်သူကို မလွန်ဆန်နိုင်တာကြောင့် ချစ်ရတဲ့အမျိုးသမီးလေးကို အဖေနဲ့မိတ်ဆက်ပေးပေမယ့် အနှောင့်အယှက်တွေကြောင့် အဖေဖြစ်သူကသဘောမတူ။ အဖေဖြစ်သူသဘောတူဖို့အရေး ဘော်ဒါဘော်ကျွတ်နဲ့တိုင်ပင်တဲ့အခါ ဘယ်လောက်ဆိုးနေပါစေ သူ့ထက်ဆိုးတဲ့တစ်ယောက်နဲ့တွေ့ရင် ကောင်းတယ်ထင်သွားမှာပဲဆိုတဲ့စိတ်နဲ့ ချွေးမအတုရှာကြတဲ့အခါမှာတော့။သူတို့ရှာလိုက်တဲ့ ချွေးမအတုကလည်း ဘော်ဒါအရင်းကြီးရဲ့မိန်းမ ကလေးတစ်ယောက်အမေဆိုတော့။ ဘယ်လိုတိုင်တွေပတ်ပြီး ဘယ်လိုတွေဇာတ်သိမ်းကြမလဲဆိုတာ ဟီးဟီးဟားဟားနဲ့ အပျင်းတော်ပြေစေကြောင်းရယ် တင်ဆက်ပေးလိုက်ပါတယ်ခင်ဗျ။ (အညွှန်းနဲ့ဘာသာပြန်တွေက Saii~V~Cherry~YH~Dee~Zwe Yanတို့ပဲဖြစ်ပါတယ်) File size…9.9GB / 3GB / 1.36GB Quality…1080p WEB DL /720p Format…mp4 Duration….2h 16m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Saii~V~Cherry~YH~Dee~Zwe Yan
movie
Carry on Jatta 3 (2023)
2023
4K HEVC