Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Billy West
6.5
Tom and Jerry: The Fast and the Furry (2005)
တွမ်နဲ့ဂျယ်ရီ ပရိသတ်တွေအနေနဲ့ ဒီAnimationကို မသိသူ အတော်လေးရှားမှာပါ။Fast & Furious theme ပုံစံမျိုးနဲ့ ရိုက်ကူးထားတဲ့ ဒီဇာတ်ကားဟာ ကျွန်တော်တို့ငယ်စဉ်က အတော်ကိုကြိုက်ခဲ့ရတဲ့ ဇာတ်လမ်းဖြစ်သလိုဇာတ်ကွက် တွေကိုပါ အလွတ်ရတဲ့အထိ ထပ်ခါတလဲလဲကြည့်ခဲ့ဖူးတဲ့ animationပဲ ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ အိမ်ပိုင်ရှင်ရဲ့နှင်ထုတ်ခြင်းကို ခံလိုက်ရတဲ့ တွမ်နဲ့ဂျယ်ရီတို့နှစ်ယောက်ဇိမ်ခံစံအိမ်ကြီးကို ပထမဆုအနေနဲ့ ပေးမယ့် ဟောလိဝုဒ်က ကားပြိုင်ပွဲကြီးရဲ့ ကြော်ငြာကိုမြင်ပြီး ပြိုင်ဖို့ လုပ်ကြပါတော့တယ်။ပြိုင်ပွဲကျင်းပတဲ့ စတူဒီယိုဘက်ကလည်း တွမ်ရဲ့ဉာဏ်နီဉာဏ်နက် များတဲ့ပုံစံနဲ့ဉာဏ်ပြေးတဲ့ ဂျယ်ရီရဲ့ပုံစံကို သဘောကျပြီး ပြိုင်ပွဲမှာ ဝင်ပြိုင်ခွင့် ပေးလိုက်ပါတယ်။သူတို့နှစ်ကောင် ကြောင့်ပဲ အဲဒီကားပြိုင်ပွဲ အစီအစဉ်က ကြည့်ရှုနှုန်းတွေ ထိုးတက်လာတဲ့နောက် စတူဒီယိုဘက်က လောဘတက်ပြီးမူလပန်းတိုင်အစား ပန်းတိုင်တွေ တစ်ခုပြီးတစ်ခုပြောင်းပြီး ပြိုင်ပွဲရှည်အောင် လုပ်ပါတော့တယ်။အဲဒီလို ပြိုင်ဆိုင်မှု ပြင်းထန်ပြီး ကြမ်းတမ်းလှတဲ့ ပြိုင်ပွဲကြီးမှာ တွမ်နဲ့ဂျယ်ရီ နှစ်ကောင် လူတွေနဲ့ရင်ဘောင်တန်းပြီးဘယ်လိုမျိုး ကား အလန်းစားတွေနဲ့ ယှဉ်ပြိုင်သွားမှာလဲ၊တခြားသူတွေကို အသာရအောင် ဘယ်လိုဉာဏ်များကြဦးမလဲ၊ပြိုင်ပွဲကြီးမှာဘယ်သူအနိုင်ရပြီး ...
movie
Tom and Jerry: The Fast and the Furry (2005)
2005
6.4
Dinosaur (2000)
Dinosaur (2000)IMDb Rating (6.4) / Rotten Tomatoes (65%) ဆုတွေအများကြီးရထားတဲ့ဝက်ဝက်ကွဲအောင်မြင်ခဲ့တဲ့ နာမည်ကြီး live-action အင်နီးမေးရှင်း ဇတ်ကားကောင်းတစ်ခု..ကမ္ဘာပေါ်မှာ ဒိုင်နိုဆောတွေဟာ လွန်ခဲ့တဲ့နှစ်သန်းပေါင်း ၂၄၅ နှစ်ကပေါ်လာခဲ့ပြီးလွန်ခဲ့တဲ့ နှစ် ၆၆သန်းမှာမျိုးတုန်းပြီးပျောက်ကွယ်သွားခဲ့ပါတယ်။ဒိုနိုဆောဆိုတဲ့နာမည်ဟာ ဂရိဘာသာစကားကနေဆင်းသက်လာပြီးကြောက်စရာကောင်းတဲ့ အိမ်မြှောင်ကြီးလို့အဓိပ္ပါယ်ရပါတယ် ။ဒိုင်နိုဆောတိုင်းကတော့ ကြောက်စရာကောင်းနေတာမဟုတ်ပါဘူး။ ရုပ်ကြွင်းတွေကနေဖော်ထုတ်ချက်အရ ဒိုင်နိုဆောတွေဟာတစ်ကယ်ရှိခဲ့တဲ့သတ္တဝါတွေဖြစ်ပြီး မျိုးစိပ် ၇၀၀ နဲ့ အမည်အတိအကျပေးနိုင်တာ မျိုးစိပ် ၃၀၀ ရှိပါတယ်။လီးမာကောင်လေးတွေကတော့ မျောက်နဲ့တူပေမယ့် မျောက်မဟုတ်ပါဘူး ။သူ့ကို လူ မျောက် မျောက်ဝံတွေနဲ့အတူ ပရိုင်းမိတ်အုပ်စုထဲပဲထည့်ထားပါတယ် လီးမာတွေကဒိုင်နိုဆောတွေမျိုးမတုန်းခင် လွန်ခဲ့တဲ့နှစ် ၆၅ကနေ၇၅သန်းအတွင်းပေါ်လာခဲ့တယ်လို့ဆိုကြပါတယ်။ ဇတ်လမ်းအကျဥ်းလွန်ခဲ့နှစ်ပေါင်း၆၅သန်းခန့်ကလီးမာသတ္တဝါလင်မယား”ယာ”နဲ့“ပလီယို”ကတစ်နေ့မှာဒိုင်နိုဆောဥတစ်လုံးကိုတွေ့လို့ လွှင့်ပစ်မယ်လုပ်တုန်း မလွှင့်ပစ်နိုင်ပဲ ဥထဲကနေဒိုနိုဆောလေးပေါက်လာတဲ့အခါ သူတို့ရဲ့မွေးစားသားလေး “အလက်ဒါ” ဖြစ်လာပါတယ် ။အလက်ဒါလေးကအသီးအရွက်စား ဂျက်ကာဆောရပ်စ် အမျိုးအစားဒိုင်နိုဆောလေးပါ။သူက iguanodonမျိုးထဲပါပါတယ်။ပလီယိုတို့မှာ“ဇင်နီ”ဆိုတဲ့သားတစ်ယောက်နဲ့ “ဆူရီ” ဆိုတဲ့သမီးလေးတစ်ယောက်ရှိပါတယ်။အလက်ဒါလေးအရွယ်ရောက်လာပါတယ်။လီးမားလေးတွေနဲ့ဆော့ကစားပျော်ရွှင်နေပါတယ် ။တစ်ခါမှတော့ တစ်ခြားဒိုင်နိုဆောတွေကိုသူမတွေ့ဖူးသေးပါဘူး။ဇင်နီလေးကလည်းကြင်ဖက်ရှာဖို့ကြိုးစားပေမယ့် မရရှာပါဘူး။ အဲဒီနေ့မှာပဲကောင်းကင်က ဥက္ကာခဲတွေ မီးလုံးတွေကျလာပြီးတစ်တောလုံးပျက်စီးမီးလောင်တော့” ယာ”တို့ ...
movie
Dinosaur (2000)
2000
5.5
Joe’s Apartment (1996)
ဂျိုးဟာ အိုင်အိုဝါနယ်သားလေးတစ်ယောက်ဖြစ်ပြီး အလုပ်ရှာဖို့ရည်ရွယ်ချက်နဲ့နယူးယောက်ကိုတက်လာခဲ့တာဖြစ်ပါတယ်။ ရောက်ကတည်းက မြို့ကြီးသားတွေပညာပြတာကို အလီလီခံနေရပြီး အိမ်ကိုငွေပြန်ပို့ဖို့နေနေသာ တစ်ချိန်လုံး သူ့အမေဆီကပဲ ချေးနေရပါတယ်။ နေဖို့ထိုင်ဖို့အတွက် ကျောတစ်ခင်းစာနေရာလိုက်ရှာရင်း ဆင်းရဲသားရပ်ကွက်ထဲက တစ်ခုတည်းကျန်နေတဲ့ တိုက်ကြီးတစ်လုံးက အခန်းတစ်ခန်းကိုစျေးချိုချိုနဲ့ရခဲ့ပါတယ်။တကယ်တော့ သူရသွားတဲ့တိုက်ခန်းနေရာကို လွှတ်တော်အမတ် ဒေါ်ဂါတီက ထောင်ကြီးတစ်လုံးတည်ဆောက်ဖို့ရည်ရွယ်နေတာ ဖြစ်ပြီး နေထိုင်သူတွေကိုလူဆိုးတွေနဲ့ခြိမ်းခြောက်မောင်းထုတ်လေ့ရှိပါတယ်။ဂျိုးရောက်အပြီးမကြာခင်မှာပဲ သူ့ကိုခြိမ်းခြောက်ဖို့လာတဲ့ လူဆိုးနှစ်ယောက်ကို တိုက်ခန်းထဲမှာရှိတဲ့ ဂျိုးရဲ့အခန်းဖော်တွေက ပညာပြလွှတ်လိုက်တဲ့အတွက် အလဲလဲအကွဲကွဲထွက်ပြေးသွားကြရပါတယ်။ အဲ့ဒီအခန်းဖော်တွေကတော့ သူ့အရင်အစဉ်အဆက်နေထိုင်ခဲ့ကြတဲ့ ပိုးဟပ်တွေဖြစ်ပြီး အဲ့ဒီပိုးဟပ်တွေအကုန်လုံးက စကားပြောတတ်ပါတယ်။ သူတို့လိုပဲ ညစ်ပတ်ပျင်းရိတဲ့ ဂျိုးကို ချက်ချင်းသဘောကျသွားပြီး ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ဖို့ ကမ်းလှမ်းလာချိန်မှာတော့..။ဂျိုးတစ်ယောက်ပိုးဟပ်တွေနဲ့အတူယှဉ်တွဲနေထိုင်နိုင်သွားမလား? သူတို့တိုက်ခန်းနေရာကိုလိုချင်နေတဲ့ လွှတ်တော်အမတ်နဲ့ တပည့်လူဆိုးတစ်သိုက်ကိုဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲ? အစရှိတာတွေကို ဇာတ်ကားထဲမှာဆက်ပြီး အဖြေရှာလိုက်ကြပါ။တစ်ကားလုံးခွီနေရတဲ့ဇာတ်ကားဖြစ်ပါတယ်။( ဘာသာပြန််ပြီး အညွှန်းရေးသားထားသူကတော့ alias ပါ )File size_(2GB)/(1GB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:20:00 Genre_Comedy, Fantasy, Sci-Fi Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by alias
movie
Joe’s Apartment (1996)
7.7
Scooby-Doo on Zombie Island (1998)
Scooby-Doo on Zombie Island (1998)~ IMDb - 7.7/10, Rotten Tomatoes - 88% ~2019 က ထွက်ခဲ့တဲ့ Return to Zombie Island ရဲ့ပထမပိုင်း 1998 က လက်ရာဟောင်းတစ်ခုပါ။ နောက်ပိုင်းလက်ရာထက်တော့ နည်းနည်းခေတ်ဟောင်းဆန်ပေမဲ့ ဒီအပိုင်းထဲက ဖုတ်ကောင်တွေက သူတို့အမြဲဖြေရှင်းခဲ့သလို မျက်နှာဖုံးစွပ်နဲ့ လူဆိုးတွေမဟုတ်ဘဲ တကယ့် ဖုတ်ကောင်အစစ်တွေပါ။ ဒီလောက်ဆို စိတ်၀င်စားစရာကောင်းနေပါပြီ။~ ဇာတ်လမ်းအကျဉ်း ~စကူဘီတို့ အဖွဲ့သားတွေဟာ လျှို့ဝှက်ဆန်းကြယ်မှုတွေ ဖြေရှင်းတိုင်း နောက်ဆုံးမှာ လူတွေအယောင်ဆောင်တာပဲ ဖြစ်နေတဲ့အတွက် ငြီးငွေ့လာကြပြီး ကိုယ်စီ လမ်းခွဲလို့ အဆင်ပြေရာအလုပ်တွေ ခွဲလုပ်ကြပါတယ်။ ဒက်ဖနီက သူ့ကိုယ်ပိုင် တီဗီရှိုးမှာ ခြောက်လှန့်တတ်တဲ့နေရာတွေအကြောင်း ရိုက်ကူးတင်ဆက်ရာကနေ Season 2 အတွက် နေရာရှာတာက ဇာတ်လမ်းစပါတယ်။ ဒီတစ်ခါမှာတော့ တကယ်သရဲအစစ်ခြောက်တဲ့နေရာကို လိုချင်တာပါ။ဒီလိုနဲ့ ...
movie
Scooby-Doo on Zombie Island (1998)
1998