Channel Myanmar

Bijou Thaangjam

Chilli Chicken (2024) 7.2
Chilli Chicken (2024) Chilli Chicken (2024) "ပူစပ်စပ် ဘ၀ခါးခါး"အိန္ဒိယနိုင်ငံက ရွှေ့ပြောင်းလုပ်သားတွေရဲ့ဘ၀ကို စိတ်၀င်စားစရာကောင်းအောင် ရိုက်ကူးထားတဲ့ ဒရာမာဇာတ်လမ်းတစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။"Chilli Chicken" ဆိုတာ အိန္ဒိယမှာတော့ ဆန့်ကျင်ဘက်ဖြစ်တဲ့ အိန္ဒိယနဲ့တရုတ်ဟင်းကို ပေါင်းစပ်ထားတဲ့ စားစရာတစ်မျိုးပါ။ အဲဒါကြောင့် ဒီဇာတ်လမ်းနာမည်ဟာ ရွှေ့ပြောင်းလုပ်သားတွေရဲ့ဘ၀ကို အဲဒီလို မတူညီတဲ့အရာ‌တွေ ပေါင်းစပ်မှုအဖြစ် တင်စားမှည့်ခေါ်ထားတာ ဖြစ်ပါတယ်။‌ဇာတ်လမ်းကတော့ ဒေသခံတစ်ယောက်ပိုင်တဲ့ စားသောက်ဆိုင်လေးတစ်ခုမှာ အလုပ်လုပ်ကြတဲ့ အိန္ဒိယရွှေ့ပြောင်းလုပ်သားတွေရဲ့ ဘ၀အဖုံဖုံ၊ နေ့စဉ်ရင်ဆိုင်ရတဲ့ စိန်ခေါ်မှုတွေ၊ ဘာသာစကားအခက်အခဲတွေနဲ့ လူမျိုးရေးခွဲခြားဆက်ဆံမှုတွေကို အခြေခံရိုက်ကူးထားတာပါ။လုပ်သားတွေရဲ့ဘ၀ ခက်ခဲရတဲ့ကြားထဲ သူတို့လုပ်နေတဲ့ဆိုင်ကလည်း အခြေအနေသိပ်ကောင်းလှတာမဟုတ်ပါဘူး။ ရှေ့ဆက်ဖို့ အတော်လေးရုန်းကန်နေရတဲ့ အနေအထားပါ။အဲဒါကြောင့် အခက်အခဲကြားကနေ ဘယ်လိုရင်ဆိုင်ကျော်ဖြတ်ကြမလဲ၊ ဘယ်လိုအလှည့်အပြောင်းတွေ ကြုံရဦးမလဲဆိုတာကို ဆက်လက်ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။အလှည့်အ‌ပြောင်းတွေနဲ့ ဒရာမာဇာတ်လမ်းဆိုပေမဲ့ ဟာသလေးတွေပါ နှောထားတာမို့ ပျင်းစရာမဟုတ်ဘဲ ခပ်မြူးမြူးလေး ကြည့်ရှုရမှာပါ။(ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood team ပါ။) File size…1.8 GB / 978 MB Quality…WEB DL 1080p HEVC / 720p Format…mkv/mp4 Duration….2h 3m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by ...
movie

Chilli Chicken (2024)

Paltan (2018) 5.2
Paltan (2018) Paltan (2018) IMDb - 5.2/10တောင်းဆိုမှုတွေကြောင့် အဟောင်းထဲက အကောင်းစားရုပ်ရှင်တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။Om Shanti Om (2007)က ဗီလိန်လူချောကြီး အာဂျွန်ရမ်ပယ်လ်၊ နွားရုပ်ကလေးလုပ်ပေးတဲ့ အစ်ကိုကြီးအဖြစ် သရုပ်ဆောင်ခဲ့တဲ့ Ramaiya Vastavaiya (2013)က ဆိုနူးဆွတ်၊ ထာ၀ရထက်တစ်ရက်ဆိုပြီး နာမည်ကြီးခဲ့တဲ့ Sanam Teri Kasam(2016)က မင်းသားဟာရှ်ဗာဒန်ရိန်း မင်းသားကြီး တိုက်ဂါးရှရော့ဖ် စတဲ့ ဒိတ်ဒိတ်ကြဲမင်းသားတွေ ပါဝင်ထားတဲ့ ရုပ်ရှင်။1967ခုနှစ်က တရုတ်နဲ့ အိန္ဒိယစစ်တပ်ကြား နယ်စပ်ကပဋိပက္ခ။ တပ်စုအသစ်တစ်ခုရောက်လာတိုင်း မော်စီတုန်းရဲ့ မော်ဝါဒက စစ်သေနကနည်းဗျူဟာတွေနဲ့ ရန်လာစကြတဲ့ တရုတ်စစ်တပ်ကို စိတ်ဓာတ်ရေးရာအရ ပြန်အနိုင်ယူဖို့ကြိုးစားကြတဲ့ တပ်စုအသစ်။ပြတ်သားတဲ့ ဗိုလ်ချုပ်ရောက်လာချိန်မှာ နှစ်ဖက်တပ်တွေ အခြေအနေတင်းမာကုန်ပြီး တစ်ဘက်နဲ့ တစ်ဘက် စစ်မြှူနေကြပုံကို အသည်းတလှပ်လှပ်နဲ့ခံစားကြည့်ရှုကြရမှာပါ။(အညွှန်းနဲ့ဘာသာပြန်ကတော့ Yunni ~ V ~ KKKZ ~ Linn ~ Thaw တို့ပဲဖြစ်ပါတယ်) File size… 3.2 GB / 1.6 GB Quality…WEB ...
movie

Paltan (2018)

Lakadbaggha(2023) 6.5
Lakadbaggha(2023) Lakadbaggha 2023 IMDb - 6.3/10Zee5 ကနေအသစ်ထွက်ရှိထားတဲ့ အိန္ဒိယမှုခင်းအက်ရှင်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ သရုပ်ဆောင်တွေအနေနဲ့က Asur ဇာတ်လမ်းတွဲမှာရဲမေအဖြစ် သရုပ်ဆောင်ထားတဲ့ မင်းသမီးချောရီဒီး နဲ့ အက်ရှင်ကားတွေဆိုပိုင်နိုင်လှတဲ့ မင်းသားအန်ရှုမန်က အာဂျွန်အဖြစ်ပါဝင်ထားပါတယ်။ ခပ်သွက်သွက်အက်ရှင်တွေနဲ့ တိရစ္ဆာန်ချစ်တတ်တဲ့သူတွေ ပိုပြီးအကြိုက်တွေ့စေမှာပါ။ဇာတ်လမ်းအကျဉ်း အာဂျွန်ဟာ တိရစ္ဆာန်လေးတွေကိုချစ်တတ်တဲ့ သာမန်စာပို့သမားတစ်ယောက်ပါ။ တစ်နေ့မှာတော့ သူ့ခွေးလေးပျောက်သွားတာကိုလိုက်ရှာရင်း တရားမဝင်တိရစ္ဆာန်မှောင်ခိုလုပ်ငန်းတစ်ခုကို တွေ့သွားခဲ့တယ်။ အဲ့ထဲမှာတော့ ရှားပါးအိန္ဒိယမျိုးစိပ်(Hyena)ဆိုတဲ့ ခွေးမျိုးစိပ်ကိုအဓိကထားမှောင်ခိုကြတယ်။ ဒါကိုသိတဲ့ အာဂျွန်ဟာ လူသိမခံဘဲ စေတနာ့ကင်းသမားတစ်ယောက်လို အသွင်ယူပြီး တားဆီးဖို့ကြံစည်ပေမဲ့ ဥပဒေဘောင်အတွင်းကလုပ်တာမဟုတ်တာကြောင့် ရဲတွေကသူ့ကိုအကြမ်းဖက်သမားလို့ ခေါင်းစဉ်တပ်လိုက်တဲ့အခါမှာ‌တော့ အာဂျွန်ဟာခွေးလေးတွေကိုကယ်တင်ပြီး မှောင်ခိုလုပ်ငန်းကို တားဆီးနိုင်ပါဦးမလားဆိုတာ ကြည့်ရှူရမှာဖြစ်ပါတယ်။အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ Moon~BpL~Cherry~V~ThaikSan~Zwe တို့ပဲဖြစ်ပါတယ်။ File size…2.01 GB / 900MB Quality…1080p WEB DL / 720p Format…mp4 Duration….2h 9m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Moon~BpL~Cherry~V~ThaikSan~Zwe
movie

Lakadbaggha(2023)

2023