Channel Myanmar

Bharath Srinivasan

Once Upon a Time in Madras (2024) 5.6
Once Upon a Time in Madras (2024) Once Upon A Time in Madras(2024) မဒရပ်စ်မှ ဇာတ်ရှုပ်များဒီတစ်ခါ CM Bollywood ပရိသတ်ကြီးကိုတင်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ တမီလ်သည်းထိပ်ရင်ဖို စိတ်ဝင်စားဖွယ် ဇာတ်လမ်းဇာတ်သွားလေးနဲ့ ရင်ခုန်စရာဇာတ်လမ်းလေးဖြစ်ပါတယ်ဇာတ်လမ်းအစမှာ အငြိမ်းစားစစ်အရာရှိကြီးတစ်ယောက်က ဘဝကို ငြိမ်းချမ်းစွာဖြတ်သန်းနေရင်း သူ့အိမ်က သရက်ပင်မှာသရက်သီး လာလာခိုးတဲ့ ရပ်ကွက်ထဲက ကလေးကို စိတ်တိုပြီး သေနတ်နဲ့ထုတ်ပစ်လိုက်တာ ကလေးကသေသွားပါတယ်...ကံကောင်းချင်တော့ သေနတ်ကျည်ဆံအလောင်းမှာမတွေ့လို့ အငြိမ်းစားကြီးလည်း အမှုမပတ်အောင် သေနတ်ကို မြစ်ထဲပစ်ချလိုက်ပါတယ်။အဲ့မှာပဲ မြစ်ကမ်းတစ်နေရာမှာ လူတစ်ယောက်က အဲ့သေနတ်ကိုဆယ်မိပြီး ဒဇာတ်လမ်းက အစပြုခဲ့တာပါ... ဒီအရှုပ်ထုပ်နဲ့တပြိုင်နက် ပိုက်ဆံအရေးတကြီးလိုအပ်နေတဲ့ လူတွေရဲ့ဇာတ်လမ်းကလည်း တစ်ပါထဲ ရောယောင်ပါဝင်လာပါတယ်... .ဒါတွေအကုန် ဘာတွေဆက်စပ်နေလဲဆိုတာ ပရိသတ်ကြီးပဲ ကြည့်ရှုရင်း အဖြေရှာနိုင်ဖို့ ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ကပဲ ဖြစ်ပါတယ် File size… 1.7 GB / 797 MB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 1m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team 
movie

Once Upon a Time in Madras (2024)

Jackpot (2013)
Jackpot (2013) Jackpot 2013 "လောင်းကြေး"အိန္ဒိယရဲ့ loving standardအမြင့်ဆုံးနေရာလည်းဖြစ် သာယာလှပတဲ့ကမ်းခြေတွေရှိတဲ့ အပန်းဖြေမြို့ ဂိုအာ အပန်းဖြေတဲ့နေရာဆိုတဲ့အတိုင်းပဲ ဂိုအာဟာ သာယာပြီးစည်ကားသလို ကာစီနိုဝိုင်းတွေလည်း အတော်များတဲ့နေရာဆိုလည်း မမှားပါဘူး။ဆိုတော့ ဖဲသမားတွေကျက်စားရာနေရာ လူချမ်းသာတွေ ငွေလာဖြုန်းတဲ့နေရာတစ်ခုဖြစ်သလို ဉာဏ်တိမ်ရင်တိမ်သလို ကလိမ်တွေကြားမှာ ငွေအထုပ်လိုက်ပျောက်သွားနိုင်တဲ့နေရာတစ်ဖြစ်လည်း ဘဝကိုလောင်းကြေးထပ်ရင်း ဖဲချပ်လှန်ရာကနေ ကံကြမ္မာပါ ကျွမ်းထိုးမှောက်ခုံဖြစ်စေမယ့်နေရာတစ်ခုပေါ့။ခြုံငုံပြောရရင် ဖဲနိုင်ဖို့ဆိုတာ ကံလည်းလိုသလို ဉာဏ်လည်းအတော်လိုတဲ့အရာတစ်ခုဖြစ်နေတော့ ဉာဏ်အားသန်သူတွေရဲ့ ဉာဏ်နီဉာဏ်နက် ဉာဏ်ရောင်စုံတွေကြားမှာ မနပ်တဲ့သူကတော့ ခံရတာလည်း ဒုနဲ့ဒေးပါပဲ။အခုဒီကားလေးထဲမှာလည်း ပိုကာဂုရုတစ်သိုက်က ပိုကာပြိုင်ပွဲမှာဝင်ပြိုင်ဖို့ ကြိုးစားရင်း ကလိမ်ဉာဏ်မျိုးစုံနဲ့ ဂျက်ပေါ့ကိုပေါ်တင်အလစ်သုတ်မလဲဆိုတာ ရှုစားကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ V ~ ToMo ~ Yunni ~ Alexတို့ပဲ ဖြစ်ပါတယ်) File size…1.7GB/ 889MB Quality…WEB DL 1080p /720p Format…mp4 Duration….2h 12m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by V ~ ToMo ~ Yunni ~ Alex
movie

Jackpot (2013)

2013
Ippadiku Kadhal  (2024) 5.3
Ippadiku Kadhal (2024) Ippadikku Kaadhal (2024) မေ့ဖျောက်မလွယ် IMDb- 5.4/10ဆယ်နှစ်လောက်ချစ်လာခဲ့ကြပြီးမှ အခက်အခဲတွေကြားထဲကနေ လက်ထပ်ခဲ့ကြတဲ့ ရှီဗာနဲ့ ရမ်ယာတို့အတွဲလေးဟာတော့ ကံဆိုးမိုးမှောင်ကျစွာနဲ့ လက်ထပ်တဲ့ညမှာပဲ ကားအက်စီးဒန့်ဖြစ်ပြီးတော့ ရမ်ယာလေးဟာ လူ့လောကကြီးထဲကနေ ထွက်ခွာသွားခဲ့ပါတယ်။ဒဏ်ရာပြင်းထန်ခဲ့တဲ့ ရှီဗာကတော့ တဖြည်းဖြည်းသက်သာလာခဲ့ပေမဲ့ စိတ်ထဲက ဒဏ်ရာကတော့ မပျောက်ကင်းနိုင်သေးပါဘူး။ ဒီလိုနဲ့ ဆေးရုံဆင်းပြီးနောက်မှာ သူ့ရဲ့စိတ်တွေ လန်းဆန်းပြီး စိတ်ခံစားချက်တွေ သက်သာအောင် သူငယ်ချင်းဖြစ်သူက ရှီဗာကို ချန်းနိုင်းကိုခေါ်သွားပြီး သူနဲ့အတူတူအလုပ်လုပ်စေပါတယ်။ နေရာအသစ် မြင်ကွင်းအသစ် အလုပ်အသစ်နဲ့အတူ ရှီဗာဟာလည်း တော်တော်လေး လန်းဆန်းလာခဲ့ပါတော့တယ်။နောက်ပြီး အန်ဂျနာဆိုတဲ့ကောင်မလေးတစ်ယောက်၊ အချစ်ကိုယုံကြည်ပြီး ပုံအပ်ခဲ့ပေမဲ့ သူယုံကြည်တဲ့သူ့ချစ်သူက သူ့ရဲ့ ရေချိုးအဝတ်စားလဲနေတဲ့ ဗီဒီယိုကို အင်တာနက်ပေါ်တင်လိုက်ရာကနေ သူ့ကို ဘယ်သူမှ မသိတဲ့ ချန်နိုင်းကို ထွက်လာခဲ့ရင်း ဘဝသစ်စခဲ့သူတစ်ယောက်။ဒီလို ဘဝအခက်အခဲတွေရှိနေတဲ့ သူတို့နစ်ယောက် တိုက်ခန်းတစ်ခုတည်းမှာ အိ မ်နီးချင်းတွေဖြစ်ရာက ခင်မင်သွားကြရင်းနဲ့ အချင်းချင်း ရိုင်းပင်းကူညီကြရင်း သူတို့ရဲ့ ခင်မင်မှုကနေ ဘယ်လိုဇာတ်လမ်းလေးတွေ ဖြစ်ပေါ်လာမလဲဆိုတာကို ကြည့်ရှုခံစားရမဲ့ ဒရာမာဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်။(အညွှန်းနဲ့ ဘာသာပြန်ကတော့ Yunni~BpL~V~Alex~ToMo တို့ပဲဖြစ်ပါတယ်)(CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ...
movie

Ippadiku Kadhal (2024)

2024
Samara (2023) 7.9
Samara (2023) Samara (2023) "ဇာတ်ရှုပ်" =====================IMDb 8.6အန်တိုနီဆိုတဲ့ ရဲအရာရှိဟာ နှင်းတွေဖုံးလွှမ်းနေတဲ့ အစွန်အဖျားဒေသက မြို့လေးတစ်မြို့ကို တာဝန်ထမ်းဆောင်ဖို့ ရောက်လာခဲ့ပါတယ်။ အဲဒီမြို့လေးမှာ လူတွေဟာ ထူးဆန်းတဲ့ပုံစံနဲ့ တစ်ယောက်ပြီးတစ်ယောက် သေနေပါတယ်။ အန်တိုနီဟာ အဲဒီ လူတွေသေနေရတဲ့အကြောင်းအရင်းကို ဖြေရှင်းဖို့ကြိုးစားရာကနေ ဇီဝစစ်ပွဲဖြစ်လာနိုင်တဲ့ နောက်ကွယ်ကကိစ္စတွေကို ဖော်ထုတ်မိကုန်ပါတော့တယ်။ဒီ Samara ဆိုတဲ့ရုပ်ရှင်ဟာဆိုရင် ဒါရိုက်တာ Charles Joseph ရဲ့ ပွဲဦးထွက် သိပ္ပံစိတ်ကူးယဉ် သည်းထိတ်ရင်ဖိုရုပ်ရှင်ပဲဖြစ်ပါတယ်။ ရုပ်ရှင်ထဲမှာပါဝင်တဲ့ သရုပ်ဆောင်တွေက ပရိသတ်တွေအတွက် အမြင်စိမ်းနေနိုင်ပေမဲ့ ဇာတ်လမ်းက စပိုင်ဇာတ်လမ်းဆန်ဆန်နဲ့ ဇာတ်အိမ်ခိုင်တဲ့အတွက် ပရိသတ်တွေ သဘောကျနိုင်မယ့် ရုပ်ရှင်လေးတစ်ခုပါပဲ...။( ဒီရုပ်ရှင်ရဲ့ အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni, V, BpL နဲ့ Zwe Yan တို့ပဲဖြစ်ကြပါတယ်။ )( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood) File size… 2.1GB ...
movie

Samara (2023)

2023
Love (2023) 5
Love (2023) Love (2023) ===========အလုပ်မှန်သမျှ အရှုံးပေါ်နေတဲ့ အဂျေးနဲ့ ဖခင်ရဲ့ ကုမ္ပဏီမှာ အလုပ်ဝင်လုပ်နေတဲ့ ဒီဗီယာတို့ဟာ မိဘတွေက တွေ့ခိုင်းလို့ ကော်ဖီဆိုင်တစ်ခုမှာ ဒိတ်ကျရင်း တစ်ယောက်နဲ့တစ်ယောက် သဘောကျသွားကာ ချစ်သူတွေဖြစ်သွားခဲ့ကြပါတယ်။Love ဆိုတဲ့ ခေါင်းစဉ်အတိုင်း သူတို့တွေဟာ ကြည်နူးစရာအချစ်တစ်ခုကို ပိုင်ဆိုင်ခဲ့ကြပေမဲ့ အဲဒါဟာ ရုပ်ရှင်အစ ငါးမိနစ်လောက်ပါပဲ။သူတို့လက်ထပ်ပြီး နှစ်ချီကြာလာတဲ့ထိ အဂျေးဟာ ပြောင်းလဲမလာခဲ့ဘဲ အရက်သမားလုံးလုံးဖြစ်ကာ ကိုယ်ဝန်လွယ်ထားရတဲ့ ဒီဗီယာနဲ့ ပြဿနာတက်ရင်း လက်လွန်ခြေလွန်ဖြစ်ကြတဲ့နောက်မှာတော့...။Love ဆိုတဲ့ အချစ်ကားမဟုတ်တဲ့ အချစ်ကားလေးကို ပရိသတ်တွေအတွက် စီအမ်ကနေ တင်ဆက်ပေးလိုက်ပါတယ်...။ ( ဒီရုပ်ရှင်ရဲ့ အညွှန်းနဲ့ ဘာသာပြန်ဆိုသူတွေကတော့ V, BpL, YH, Yunni နဲ့ Zwe Yan တို့ပဲဖြစ်ကြပါတယ်။ ) File size…1.4GB  / 700MB Quality…1080p WEB DL / 720p Format…mp4 Duration….1h 43m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by V~ BpL~ YH~ Yunni ~ Zwe Yan
movie

Love (2023)

2023
Hunt (2023)
Hunt (2023) Hunt (2023)=============မကြာသေးခင်မှထွက်ရှိထားပြီး Rating ကောင်းလှတဲ့ တယ်လဂူဇာတ်ကားတစ်ကားနဲ့မိတ်ဆက်ပေးပါရစေ။ ပါဝင်သရုပ်ဆောင်သူအရမ်းမများပေမယ့် plot အသားပေးရိုက်ထားတဲ့ဇာတ်ကားလေးဖြစ်ပါတယ်။Bromance ခိုင်မာလှတဲ့ ဟိုက်ဒရာဘတ်ရဲဌာနရဲ့ ရဲမှူးချုပ်ဖြစ်တဲ့မိုဟန်၊ ဒုတိယရဲမှူးချုပ်တွေဖြစ်တဲ့ အာဂျွန်နဲ့ အာဟန်တို့ဟာ ဌာနတစ်ခုတည်း တာဝန်ထမ်းဆောင်ပြီး သိပ်ကိုရင်းနှီးကြတဲ့မိတ်ဆွေတွေဖြစ်ပါတယ်။တစ်ရက်မှာ အာဟန်ဟာ နိုင်ငံတော်ကပေးတဲ့ ဂုဏ်ပြုဆုပေးပွဲမှာ ဆုယူပြီးမိန့်ခွန်းပြောနေတုန်း စနိုက်ပါနဲ့ လုပ်ကြံခံလိုက်ရပါတယ်။ ဒီတော့ မိတ်ဆွေနှစ်ယောက်ဖြစ်တဲ့ အာဂျွန်နဲ့မိုဟန်တို့ဟာ သူတို့မိတ်ဆွေအသတ်ခံရမှုကိုဖော်ထုတ်ဖို့ အသည်းအသန်ကြိုးစားပါတော့တယ်။ တစ်ညမှာ အာဂျွန်ဟာ အမှုမှန်ကိုဖော်ထုတ်လိုက်နိုင်ခဲ့ပေမယ့် ကားတိမ်းမှောက်မှုဖြစ်ခဲ့ပြီး အတိတ်မေ့သွားပါတော့တယ်။ဒီလိုနဲ့ အာဂျွန်တစ်ယောက်နဲ့ မိုဟန်ရဲ့ လမ်းညွှန်မှုတွေနဲ့အတူ အမှုကို အစကပြန်လိုက်ရပါတော့တယ်။ ရက်ပိုင်းအနည်းငယ်အတွင်း မွန်ဘိုင်းမြို့ကိုပြောင်းရတော့မယ့် အာဂျွန်တစ်ယောက် သူ့မိတ်ဆွေအသတ်ခံရမှုရဲ့တရားခံကို အချိန်မှီ ဖမ်းမိနိုင်ပါ့မလား။တရားခံကဘယ်သူများဖြစ်နေမလဲဆိုတာကတော့ မေးခွန်းပေါင်းများစွာနဲ့ Plot twist ကောင်းလှတဲ့ဇာတ်ကားဖြစ်တာမို့ အချိန်ပေးကြည့်ရှုရတန်မဲ့ဇာတ်ကားအဖြစ်ညွှန်ပေးလိုက်ရပါစေ။အာဂျွန်အဖြစ်သရုပ်ဆောင်ထားတဲ့ မင်းသား Sudheer Babu ဖို့ ဇာတ်ကောင်သစ်ဖြစ်နေပေမယ့် ပီပြင်လှတဲ့သရုပ်ဆောင်မှုတွေကိုမြင်တွေ့ရမဲ့အပြင် ချီးကျူးမှုများစွာခံထားရတဲ့ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ File size…2.02GB/ 928MB Quality…1080p WEB DL / 720p Format…mp4 Duration….2h 12m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Haruko
movie

Hunt (2023)

2023
Naduvan(2021) 8.1
Naduvan(2021) Naduvan (2021)Naduvan (နာဒူးဗန်) မြန်မာမှုပြုမယ်ဆိုရင်တော့ ဟန်ဆောင်မျက်နှာဖုံးကြားက လူများပေါ့သက်ရှိမျိုးစုံ ပြေးလွှားလှုပ်ရှားနေတဲ့ ဒီလောကဇာတ်ခုံကြီးမှာ လူဆိုတဲ့ သက်ရှိကတော့ခန့်မှန်းရအခက်ဆုံးပဲဆိုတာ အားလုံး အသိဖြစ်မှာပါဒါကြောင့်လည်း ရှေးလူကြီးတွေက စိန်ခဲကျောက်ခဲကား ခတ်ရလွယ်၏ လူကဲခတ်ဖိုခက်၏ ဟု ဆိုခဲ့ကြတယ်လေလူဆိုတာသူတိုကိုယ်ချင်တာရဖိုဆိုရင် ဟန်ဆောင်မျက်နှာဖုံးလေးတပ် မျက်နှာလေးခပ်ပြုံးပြုံး ဟန်ဆောင်တတ်ကြတဲ့အမျိုး မဟုတ်လားကာသစ်က သူငယ်ချင်း ရှီဗာနဲ့အတူလက်ဖက်ခြောက်စက်ရုံတည်ထောင်ထားတဲ့သူပါ အလုပ်မလုပ်တဲ့ သူငယ်ချင်းအစားစက်ရုံကိုဦးစီးလုပ်ကိုင်ရတော့ အရမ်းအလုပ်များသူဖြစ်တဲ့အလျောက် မိသားစုကိုပါ အချိန်မပေးနိုင်ဖြစ်နေတဲ့သူဒါမဲ့ သူ့သမီးလေးကိုအရမ်းချစ်တဲ့ဖခင်တစ်ယောက်လည်းဖြစ်တယ်ဂုရူရဲ့အဖေက စာမေးပွဲကျ အလေလိုက်ဖွန်ကြောင်နေတဲ့ ဂုရူကို ကာသစ်ဆီအလုပ်လုပ်ဖို လွှတ်လိုက်ပါတယ်တနေ့မှာ ဂုရူတစ်ယောက် လျှိဝှက်ချက်တစ်ခုကို သိသွားပြီးတော့ အဲ့လျှိဝှက်ချက်ကြောင့်ပဲ စိတ်ဆင်းရဲစရာကိစ္စတွေကြုံလာရပါတော့တယ် စိတ်ညစ်စရာကြုံနေရတဲ့ ဂုရူတစ်ယောက် စိတ်ထွက်ပေါက်ရဖိုအတွက် လုပ်ရင်းကနေ ဘယ်လိုတွေဆက်ဖြစ်မလဲသူသိထားတဲ့ လျှိဝှက်ချက်ကကောဘာလဲ???Naduvan(နာဒူးဗန်) ဆိုတဲ့ နာမည်လေးအတိုင်း သူတိုတွေရဲ့ အနားမှာရော ဘယ်သူတွေက ဟန်ဆောင်မျက်နှာဖုံးတွေတပ်ဆင်ပြီး သစ္စာဖောက်သွားကြမှာလဲ??...ဆိုတာ စိတ်ဝင်တစား စောင့်ကြည့်ရမှာ ဖြစ်ပါတယ်Review & Translated By Shwe ...
movie

Naduvan(2021)

2021
Spyder (2017) 7.0
Spyder (2017) ကြည်လင်တောက်ပပြီး စာအမှန်နဲ့ ခုမှ ထွက်လာလို့ဘာသာပြန်ပြီး တင်ဆက်ပေးလိုက်ပါတယ်။ဒီဇာတ်ကားကို "ဝန်ကြီးချုပ်မင်းသား"လို့ အများခေါ်တဲ့မင်းသားကြီး Mahesh Babu အဓိက ပါဝင်သရုပ်ဆောင်ထားပြီးခေတ်အခြေအနေ တစ်ခုကို အခြေခံ၊လူတွေရဲ့ အယူမှားတဲ့ စိတ်ကို ကွက်ကွက်ကွင်းကွင်းရိုက်ပြထားတဲ့ ရုပ်ရှင်ဇာတ်ကားပါ။<ဇာတ်လမ်းအညွှန်း>ရှီဗာဟာ NGO ထောက်လှမ်းရေးအရာရှိတစ်ယောက်ပါ။သူအလုပ်က အွန်လိုင်းပေါ်မှာ ပြောဆိုနေကြတဲ့Conversationတွေကို ကင်းထောက်ပြီး၊ဖုန်းခေါ်ဆိုမှုတွေမှာ အကူအညီလိုအပ်ကြောင်းသတိပေးချက်မြည်ရင် ဝင်နားထောင်ပြီး လိုအပ်သလို ကူညီဖို့ပါ။တနေ့မှာ သူဟာ ဖုန်းခေါ်ဆိုမှု တစ်ခု နားထောင်ခဲ့ရပါတယ်။မိန်းကလေးတစ်ယောက် အိမ်မှာ တစ်ယောက်တည်းဖြစ်နေချိန်သူ့သူငယ်ချင်းမလေးကို အတူလာအိပ်ပေးဖို့ ခေါ်တဲ့ဖုန်းခေါ်ဆိုမှု တစ်ခုပါ။ရှီဗာဟာ အကူအညီလိုအပ်နေတဲ့ မိန်းကလေးဆီသူငယ်ချင်းဖြစ်သူ ရဲမေကို သွားစောင့်ရှောက်ပေးဖို့ အကူအညီတောင်းခံလိုက်ပါတယ်။မနက်မိုးလင်းတော့ ထင်မှတ်မထားတဲ့ လူသတ်မှုကြီး တစ်ခုကိုကြားခဲ့ရပါတော့တယ်။ရက်စက်စွာ သတ်ဖြတ်သူ တရားခံကို စုံစမ်းရှာဖွေရင်းအန္တရာယ်အမျိုးမျိုး ရင်ဆိုင်ပြီး မိသားစုအတိုင်းအတာထိအန္တရာယ်ကို ကြုံတွေခဲ့ရပါတယ်။လူသတ်သမားနဲ့ NGO အေးဂျင့် ရှီဗာတို့အပြိုင်အဆိုင် အားပြိုင်ရာမှာကြောက်မက်ဖွယ် ရာဇဝတ်မှုတွေကို ဖန်တီးသူ ဘိုင်ရာ့ဗ်ဟာ သူ့ရာဇဝတ်မှုတိုင်းမှာ ရက်စက်သလောက် သေသပ်ပိရိလွန်းသူပါ။အဲ့ဒီလို ရာဇဝတ်သမားကို အစိုးရတရားဝင်မဟုတ်တဲ့ထောက်လှမ်းရေးအရာရှိ ...
movie

Spyder (2017)

2017