Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Betty Gabriel
7.8
Get Out (2017)
လူမည်းအမျိုးသား ခရစ်တစ်ယောက် သူ့ချစ်သူ လူဖြူမလေး ရို့စ် ရဲ့မိဘအိမ်ကို သွားဖို့သူ့ချစ်သူက တောင်းဆိုလာတဲ့အခါမှာ သူ မငြင်းဆန်ဘဲ လိုက်သွားခဲ့ပါတယ်။ သူတို့နှစ်ယောက် အဲ့ဒီအိမ်ကို ရောက်သွားတဲ့အချိန်မှာတော့ ရို့စ် ရဲ့မိဘတွေက သူ့ကို ဖော်ဖော်ရွေရွေပဲ ဆက်ဆံပါတယ်......ဒါပေမဲ့ ထူးခြားတာ တစ်ခုကတော့အိမ်အကူတွေပါ ... ခရစ် လည်း ဒါကို သတိထားမိပါတယ် ဒီလိုနဲ့တစ်နေ့မှာတော့ သူတို့အိမ်မှာ နှစ်တိုင်းကျင်းပနေကျဖြစ်တဲ့ ပါတီပွဲတစ်ခုလုပ်ပါတယ် ... အဲ့ဒီမှာတော့ လွန်ခဲ့တဲ့ ၆လလောက်က ပျောက်ဆုံးခဲ့တဲ့ အန်ဒရီ ဟေးဝေ့ါသ် နဲ့ဆုံခဲ့ပါတယ် ... မြင်မြင်ချင်းမှာ သူလည်းမမှတ်မိပေမဲ့ နောက်ပိုင်း သတိထားမိလာတဲ့အခါမှာတော့ ... အာမီတေ့ဂျ် မိသားစုရဲ့ မသင်္ကာဖွယ်ရာတွေကို သူ ကြောက်လန့်လာပြီး ထွက်ပြေးဖို့ကြိုးစားပါတော့တယ် သူ အဲ့ဒီလို ထွက်ပြေးဖို့ကြိုးစားတာက အောင်မြင်ပါ့မလားသူ့ချစ်သူ ရို့စ်ကရော...... သူ့ရဲ့မိသားစုဝင်တွေဘက်ကဖြစ်မလား ဒါမှမဟုတ် သူ့ချစ်သူ ခရစ် ဘက်ကဖြစ်မလားဆိုတာကိုတော့ ဇာတ်လမ်းထဲမှာ ဆက်လက်ရှုစားနိုင်ပါတယ်Horror/Mystery/Thriller ...
movie
Get Out (2017)
2017
6.9
Human Capital (2019)
နာမည်ကြီး အီတလီရုပ်ရှင်ကားတစ်ကားကို remakeပြန်လုပ်ထားပြီးနာမည်ရှိသရုပ်ဆောင်တွေနဲ့ရိုက်ကူးထားတဲ့ Dramaကားတစ်ကားပါ။IMDb Rating 7.8နဲ့ tomatoesမှာ62%ရထားပါတယ်။တစ်ခုသောညတစ်ညမှာ အလုပ်ကနေအိမ်ကိုစက်ဘီးစီးပြီးပြန်လာတဲ့သူတစ်ယောက်ကားတိုက်ခံလိုက်ရပြီး ယာဉ်မောင်းကတော့ထွက်ပြေးသွားပါတယ်။အဲ့အမှုကိုစင်တာထားပြီး ဇာတ်ကားထဲမှာပါဝင်တဲ့ဇာတ်ကောင်တွေရဲ့ကာရိုက်တာ၊ အကျပ်အတည်း၊ စရိုက်တွေကို ချပြသွားပါတယ်။သာမာန်စီးပွားရေးသမားရဲ့ အထက်တန်းကျောင်းသူသမီးတစ်ယောက်နဲ့မီလီယံနာသူဌေးရဲ့သားဖြစ်သူတို့အတွဲကြောင့်မိသားစုနှစ်ခုတွေ့ဆုံသွားပြီး စီးပွားရေးကိစ္စတွေပါ ပါဝင်လာဖို့ဖြစ်သွားပါတယ်။နောက်တော့ သူတို့ဟာဒီယာဉ်တိုက်မှုနဲ့ပတ်သတ်လာတဲ့အခါမှာတော့ ....ဘာတွေဆက်ဖြစ်ပြီး ဘယ်လိုတွေရိုက်ကူးတင်ဆက်ထားတယ်ဆိုတာကိုကိုယ်တိုင်ပဲခံစားကြည့်ရှုလိုက်ပါ။ File Size : ( 911 MB , 334 MB) Quality : WEB-DL 720p Running Time : 1 hr 35 min Format : Mp4 Genre : Crime , Drama Subtitle : Myanmar Subtitle (Hard Sub) Translated ...
movie
Human Capital (2019)
5.6
Adopt a Highway (2019)
အားလုံးနဲ့ရင်းနှီးနေလောက်မယ့် မင်းသားကြီး Ethan Hawkeရဲ့Dramaကားသစ်တစ်ကားပါ။အမေရိကားမှာ 1994ကပြဌာန်းလိုက်ပြီးအဲ့အချိန်ကပြည်နယ်တစ်ချို့မှာလက်ခံကျင့်သုံးခဲ့တဲ့ ဥပဒေတစ်ခုရှိတယ်ပေါ့။အဲ့တာကတော့ Three Strike Lawလို့ခေါ်ပါတယ်။လူတစ်ယောက်က အဲ့ဥပဒေကိုကျင့်သုံးတဲ့ပြည်နယ်တစ်ခုမှာပြစ်မှုနှစ်ကြိမ်ကျူးလွန်ပြီးတတိယမြောက်ပြစ်မှုကိုကျူးလွန်လိုက်မယ်ဆိုရင်အဲ့အမှုကဘယ်လောက်ပဲသေးငယ်ပါစေနှစ်ရှည်ထောင်ဒဏ်ကျခံရမှာပါ။ဒီလိုနဲ့ဇာတ်ကားထဲကဇာတ်ကောင်ကမူးယစ်ဆေးလေးတစ်အောင်စ လက်ဝယ်တွေ့ရှိပြီးထောင်အနှစ်နှစ်ဆယ်ကျသွားပါတယ်။ထောင်ထဲဝင်သွားတုန်းက လူငယ်တစ်ယောက်ပေါ့ပြန်ထွက်လာတဲ့အချိန်မှာ သူသိပ်လိုက်မမှီနိုင်တော့ဘူး။သူ့ကိုဖေးမပြီးတွယ်တာမယ့်သူလည်း တစ်ယောက်မှမရှိတော့ဘူး။ဘဝမှာဘာလုပ်လို့လုပ်ရမှန်းမသိ၊ဘာအတွက်ရှင်သန်နေမှန်းမသိတာကမှတကယ်လမ်းပျောက်တာဆိုတာကို ခံစားမိစေတယ်။The Shawshank Redemptionထဲက"Brooks was here"ဆိုတာလေးကိုတောင်သတိရသွားမိတယ်။ဒီလိုနဲ့ တစ်ညမှာ သူအလုပ်လုပ်တဲ့ဆိုင်ရဲ့နောက်ဖက် အမှိုက်ပုံးထဲမှာ စွန့်ပစ်ခံထားရတဲ့ကလေးလေးတစ်ယောက်ကိုတွေ့လိုက်ရတယ်။တွယ်တာစရာမရှိတဲ့လူတစ်ယောက်စွန့်ပစ်ခံကလေးတစ်ယောက်ကိုတွေ့လိုက်တဲ့အချိန်မှာတော့......ဇာတ်လမ်းကအရှိန်တက်နေရင်းနဲ့ ကြည့်ရှုသူတွေအတွက်မျှော်လင့်ထားသလိုထိချက်ပြင်းပြင်းနဲ့ဇာတ်သိမ်းတစ်ခုမဟုတ်ခဲ့လို့လားတော့မသိratingတွေ အရမ်းကြီးမကောင်းခဲ့ပေမယ့်တကယ်မြောပြီးခံစားနိုင်မယ့် ဒရမ်မာကားတစ်ကားပါ။ File Size : ( 762 MB ...
movie
Adopt a Highway (2019)
2019
5.6
Unfriended: Dark Web (2018)
ဒီဇာတ်ကားလေးကတော့ ၂၀၁၄ Unfriended ရဲ့ အဆက် horror ဇာတ်ကားတစ်ကားပါ သို့ပေမယ့် ပါဝင်တဲ့ ကာရိုက်တာတွေတော့ မတူကြပါဘူးဇာတ်လမ်းအကျဉ်းအကြောင်းကို မပြောခင် ဒီဇာတ်ကားတစ်ကားလုံးကို ကွန်ပျူတာ Screen ပေါ်ကနေမြင်ရတဲ့ပုံစံမျိုးနဲ့ ရိုက်ကူးထားတာဖြစ်လို့ မျက်စိမယဉ်သူတွေအဖို့ ကြည်ရတာရှုပ်နေလောက်မယ်ဆိုတာ စကားခံထားပါရစေဇာတ်လမ်းအကျဉ်းကတော့ တစ်ယောက်တစ်နေရာစီမှာ နေကြတဲ့ သူငယ်ချင်းတစ်အုပ် ညဆိုSkype နဲ့ စကားစမြည်ပြော ဂိမ်းတွေဆော့ကြပါတယ်မိုင်တီယာဆိုတဲ့ ဂိမ်းထွင်တဲ့ အိုင်တီသမားကောင်လေးရယ် သူ့ချစ်သူ ဆွံအနားမကြားကောင်မလေး အမာယာရယ်နာရိနဲ့ဆယ်လီနာတို့ Lesbian အတွဲရယ် လန်ဒန်က အိုင်တီ geek ဒေမွန်ရယ် အူကြောင်ကြောင် အေဂျေရယ်ပေါ့ပြသနာက မိုင်တီယာတစ်ယောက်ကော်ဖီဆိုင်တစ်ဆိုင်က ပိုင်ရှင်မဲ့လက်တော့ပ်တစ်လုံးကိုဘုမသိ ဘမသိယူလာရာကစတာပါပဲအဲ့လက်တော့ပ်ထဲက တရားမဝင် အင်တာနက်dark web တွေပေါ်က ရာဇဝတ်ဂိုဏ်းရဲ့အဖွဲ့ဝင်တစ်ဦးပိုင်တာပါလူသတ်ဖို့ဝန်မလေးတဲ့ ထိုသူက သူ့လက်တော့ပ်ကို ပြန်လိုချင်လာတဲ့အခါ...ဘာတွေဆက်ဖြစ်လဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှုလိုက်ပါနော်IMDB rating 5.6 ရရှိထားပါတယ် (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ မေမြတ်သူ ပါ) File Size : (750 ...
movie
2018
7.5
Upgrade (2018)
Upgrade (2018) IMDb - 7.5/10_____Rotten - 88% CM Fan တွေ အခုတလော အက်ရှင်ကား ကောင်းကောင်းလေး ကြည့်ချင်နေတဲ့ ဆုတောင်းလေး ပြည့်ပါပြီနော်... IMDb 7.5 ရရှိထားတဲ့ သိပ္ပံအက်ရှင် အမျိုးအစား ဖြစ်တဲ့ Upgrade ဆိုတဲ့ ရုပ်ရှင်ကားလေးပါ ဇတ်လမ်းလေးက စိတ်ဝင်စားဖို့ အတော်လေးကောင်းတယ်ဗျ... ဇတ်လမ်းပုံစံက ခေတ်မှီနေတဲ့ အလယ်အလတ် သိပ္ပံခေတ်ပုံစံ နဲ့ စ ပြထားပါတယ်... ဂရေး ဟာ သူဝါသနာပါတဲ့ စက်ပြင်တဲ့ အလုပ်နဲ့ တစ်နေကုန် ကိုယ်ပိုင်ဝပ်ရှော့လေးထဲမှာ ကားတွေကို ထိုင်ပြင်နေတက်သူဖြစ်ပြီး သူ့မိန်းမ ဖြစ်သူ အက်ရှာ ကတော့ မြို့ရဲ့ အကြီးဆုံး ကိုယ်လက် အင်္ဂါဖြည့်ဆည်းပေးတဲ့ ရိုဘော့ စက်ရုံက ဝန်ထမ်းတစ်ဦးဖြစ်ပါတယ် တစ်ရက်မှာတော့ ဂရေး ဟာ အက်ရှာ ကိုခေါ်ပြီး သူ့ဆီ အလုပ်အပ်သူထံ သွားခဲ့ပါတယ်... အက်ရှာ မသိခဲ့တာကတော့ ဂရေး ကို ကားပြင်ဖို့ အလုပ်အပ်သူဟာ သူမ လေးစားနေခဲ့တဲ့ ပြိုင်ဘက် လုပ်ငန်းက ပိုင်ရှင်ဖြစ်သူ အဲရွန်ကင်း ဖြစ်နေတာပါပဲ ဂရေး နဲ့ အက်ရှာ ကို အဲရွန်ကင်းက သူတီထွင်ထားတဲ့ ရှေ့ပြေး ချပ်စ်ပြား တစ်ခုကို ပြသခဲ့ပါတယ် အဲ့ဒီအရာက လူတစ်ယောက်ရဲ့ ဦးနောက်ထက် ပိုမိုကောင်းမွန်တဲ့ အရာလို့ ထုတ်ဖော်ပြောခဲ့ပေမယ့် ဂရေးကတော့ စိတ်မဝင်စားဟန်ဖြင့် အက်ရှာကို ခေါ်ပြီး ပြန်လာတဲ့လမ်းမှာ ...
movie
Upgrade (2018)
2018