Channel Myanmar

Ben Mendelsohn

Freaky Tales (2025) 6.9
Freaky Tales (2025)    Freaky Tales (2025)IMDb Rating (6.9) / Rotten Tomatoes (74%) ကပ္ပတိန်မာဗယ်ရုပ်ရှင်တို့ Masters of the Air စီးရီးတို့ရဲ့ ဖန်တီးရှင် Anna Boden နဲ့ Ryan Fleck တို့ ဖန်တီးထားတဲ့ အက်ရှင် ရုပ်ရှင်အသစ်ပါ။၁၉၈၇ မှာ အခြေပြုထားပြီး မတူညီတဲ့ ဇာတ်အိမ်လေးခုကို တစ်ခုနဲ့တစ်ခုချိတ်ဆက်ထားပြီး နောက်ဆုံးမှာ ပေါင်းစပ်သွားတဲ့ပုံကို ပြထားတာပါပဲ။ စိတ်ဝင်စားဖို့ကောင်းပါတယ်။ပီဒရို ပက်စကယ် ပါထားသလို လူတိုင်းကြိုက်တဲ့ မင်းသားကြီးတစ်ယောက်ကလည်း စပရိုက်အနေနဲ့ ဧည့်သည်သရုပ်ဆောင်ပေးထားပါတယ်။ ဘယ်သူလဲတော့ မှန်းကြည့်ပါ။ဇာတ်လမ်းအကျဉ်းပန့်လူငယ်တစ်စုက နာဇီလက်သစ် လူမိုက်အုပ်စုကို ပြန်တိုက်ရတဲ့ဇာတ်လမ်း၊ ရပ်ပါ မလေးနှစ်ယောက်က သူတို့ကို အရှက်ခွဲဖို့ခေါ်တဲ့ ရပ်ပါကို ပြန်အနိုင်ရွတ်တဲ့ ဇာတ်လမ်း၊အကြွေးတောင်းလူမိုက် ကလင့်က နောက်ဆုံးမှာ သူ့ရဲ့သမီးကို လူမိုက်တွေဆီက ပြန်သွားကယ်ရတဲ့ ဇာတ်လမ်း နဲ့ဘတ်စကတ်ဘောသမား စလီပီဖလွိုက်က ...
movie

Freaky Tales (2025)

2025
4K HEVC
Exodus: Gods and Kings (2014) 6.0
Exodus: Gods and Kings (2014) Exodus: Gods and Kings (2014)IMDb Rating (6.0)Director ကြီး Ridley Scott ရိုက်ကူးထားပြီး မင်းသား Christian Bale ခေါင်းဆောင် ပါဝင်ထားတဲ့ အီဂျစ်ခေတ် ရာဇဝင်ရုပ်ရှင်ကားကြီးပါ။ဒီကားလေးက ကျွန်တော်တို့ငယ်ငယ်တုန်းက animation ဇာတ်ကားတစ်ကားထွက်ခဲ့ဖူးပါသေးတယ်တော်တော်များများလဲ ကြိုက်ကြတဲ့ကားလေးတစ်ကားပါ အီဂျစ် အကြောင်းစိတ်ဝင်စားတဲ့လူတွေဆိုပိုသိမှာပါMyth တွေ ကြိုက်တဲ့လူတွေအတွက် ကြည့်လို့ကောင်းရုပ်ရှင်တကားပါပဲ။ဇာတ်လမ်းအကျဉ်းချုံးကိုပြောရမယ်ဆိုရင်တော့ ဟောစာတမ်းတစ်ခုကနေစရမှာပါအဲ့တုန်းက ဟီဘရူး(ဂျူး)လူမျိူးတွေကို အီဂျစ်ဘုရင်က ကျွန်အဖြစ်သိမ်းသွင်းထားတဲ့အချိန်ဖြစ်ပါတယ်ဟောစာတမ်းအရ နန်းလုခံရမှာစိုးလို့ အီဂျစ်ဘုရင်က ဟီဘရူးကလေးငယ်တွေအကုန်လုံးကို သတ်ခိုင်းခဲ့ပါတယ်ဒါပေမယ့် ကလေးငယ်တစ်ယောက်တော့လွတ်မြောက်သွားခဲ့ပြီး ဟီဘရူးလူမျိုးတွေကိုကျွန်အဖြစ်ကနေ လွတ်မြောက်အောင် စွမ်းဆောင်နိုင်မလားဆိုတာ...။ File size…(7.9 GB)/(2.9 GB )/(2.1 GB) Quality….BluRay 4K HEVC/ 1080p HEVC/ 720p Format…mkv/mp4 Duration….02:30:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Kaung Myat Thu
movie

Exodus: Gods and Kings (2014)

2014
4K HEVC
Knowing (2009) 6.2
Knowing (2009) Knowing (2009)~ IMDb - 6.2/10, RT - 35%, Meta - 41% ~ဒီကားက ကျွန်တော်တို့ ကလေးဘဝကတည်းက ရင်းနှီးခဲ့ပြီးသားကားပဲ။ တော်တော်လည်းကောင်းခဲ့တဲ့ကားပေါ့။ အဲဒီကာလတွေက ဒီမှာ နစ်ကေ့ဂ် တော်တော်ပေါ်ပြူလာဖြစ်ခဲ့တဲ့ကာလလို့ပြောရမယ်။ အဲဒီတုန်းက နစ်ကေ့ဂ် ကော်လက်ရှင်အခွေတွေဆိုလည်း Knowing က အမြဲပါတတ်တယ်။ အဲဒီတုန်းက ကျွန်တော်တို့ ကမ္ဘာပျက်တဲ့ကားတွေ သိပ်မကြည့်ခဲ့ရသလို ဒီကားက ကမ္ဘာပျက်တဲ့ကားပေမဲ့ ပဟေဠိတွေနဲ့ စိတ်ဝင်စားဖို့ကောင်းနေတာရော အဲဒီမတိုင်ကာလမှာ နာမည်ကြီးခဲ့တဲ့ နိုင်ငံခြား ရှေ့ဖြစ်ဟောဆရာမတစ်ယောက်ပြောတာတွေနဲ့ ခပ်ဆင်ဆင်တွေဖြစ်နေလို့လားမသိ တော်တော်လေး စိတ်ဝင်စားဖို့ကောင်းခဲ့တယ်။ တော်တော်ကြာလို့ မေ့သွားမှ ခုခေတ်တွေမှာ ပြန်ကြည့်တော့လည်း ဒီကားက မဟောင်းသေးပါဘူး။ ကောင်းတုန်းပဲ။ သက်တမ်းနု နှစ်ချို့ဝိုင်တစ်ခွက်လို့ ပြောရင်လည်းရတယ်။ သရုပ်ဆောင်တွေကတော့ နစ်ကေ့ဂ်အပြင် Rose Byrne ပါတယ်။ Ben Mendelsohn ပါတယ်။ Rose ...
movie

Knowing (2009)

4K HEVC
To Catch a Killer (2023) 6.6
To Catch a Killer (2023) To Catch a Killer (2023)ဒီရုပ်ရှင်ကတော့ အခု ၇၆ ကြိမ်မြောက် Cannes ရုပ်ရှင်ပွဲတော်မှာ ဒိုင်တစ်ဦးအဖြစ်ပါဝင်သွားမယ့် Damián Szifron ရဲ့ ပထမဆုံးအင်္ဂလိပ်စကားပြော ရုပ်ရှင်ပါ။နှစ်သစ်ကူးည ဘော်လ်တီမောမြို့မှာ တစ်မြို့လုံးကလူတွေ ပျော်ပါးကခုန်နေကြတုန်း ဘယ်ကမှန်းမသိတဲ့ ကျည်ဆန်တွေကြောင့် လူတွေအစုအပြုံလိုက် အသက်ဆုံးရှုံးသွားတယ်။ ဒီလို အစုလိုက်အပြုံလိုက်လူသတ်မှုအတွက် စုံစမ်းစစ်ဆေးဖို့ စုံထောက်ကြီး လမာ့ခ်က တာဝန်ပေးခံရတယ်။အယ်လနောကတော့ သာမန်ရဲတပ်သား။မူးယစ်ဆေးသုံးစွဲမှုကြောင့် FBI ကပယ်ချခံထားရပေမယ့် လမာ့ခ်က သူ့ရဲ့ပါရမီကိုမြင်တာကြောင့် လူယုံတော်အဖြစ် သူ့ဘေးမှာထားပြီး ဒီအမှုကို အတူဖော်ထုတ်ကြတယ်။သေနတ်သမားကလည်း တကယ့်ဆရာကြီး။ တစ်ယောက်ကို တစ်ချက်တည်းအပြတ်ပစ်သွားတာ။ ဘာသဲလွန်စမှ မချန်ဘူး။ လူမျိုးဘာသာမရွေးသုံးဆောင်နိုင်တဲ့ အာလူးကြော်လိုပဲ တန်းတူညီမျှအကုန် ပစ်သတ်သွားတယ်။အဲဒီတော့ ဘာကြောင့်ဒီလိုလုပ်ရသလဲဆိုတဲ့အကြောင်းကိုလည်းမသိ။ ဘယ်သူမှန်းလဲမသိ။တစ်ယောက်တည်းလှုပ်ရှားသလား အဖွဲ့လိုက်လှုပ်ရှားသလားဆိုတာကိုလည်းမသိ။မသိတာတွေချည်းစုံနေတဲ့အချိန်မှ ပစ်ခတ်မှုတစ်ခု ကုန်တိုက်မှာထပ်ဖြစ်သွားတယ်။လက်သည်ကတော့ တစ်ယောက်တည်းပဲ။သေနတ်သမားကလည်း ခြေရာဖျောက်ကောင်းတဲ့လူ။ ကုန်တိုက်မှာလည်း လူတွေအများကြီးကိုသတ်ပြီး လွတ်သွားပြန်တယ်။ဒီလောက်တောင်လုပ်တာ မမိရကောင်းလားဆိုပြီး စုံထောက်လမာ့ခ်ကော အယ်လနောကော အဖြုတ်ခံလိုက်ရပါလေကော။ ...
movie

To Catch a Killer (2023)

2023
Starred Up(2013) 7.3
Starred Up(2013) Starred Up(2013)==============ဒီကားလေးကတော့ british director David Mackenzie ရိုက်ကူးထားတာပါ။ဇာတ်လမ်းကတော့ လူကြီးထောင်ကို ပြောင်းလာတဲ့ Eric Loveလို့ခေါ်တဲ့ ၁၉ နှစ်အရွယ် လူငယ်တစ်ယောက်ရဲ့ အကြောင်းပါ။ဖြစ်ချင်တော့ အဲ့ဒီထောင်မှာပဲ သူ့အဖေဖြစ်သူ Neville ဟာလည်းအကျဉ်းသားအဖြစ် ရှိနှင့်နေပြီးသား ဖြစ်နေပါတယ်။ ဒေါသကြီးပြီးစိတ်ဆတ်တတ်တဲ့ လူငယ်တစ်ယောက်အနေနဲ့ ဆိုးပေ့ကြမ်းပေ့ဆိုတဲ့ယောကျ်ားတွေကြားမှာ ရှင်သန်ဖို့ ဘယ်လို ရုန်းကန်ရမယ်၊အဖေဖြစ်သူမှာလည်း သူ့သားဒီထောင်ထဲမှာ အခြေကျနိုင်ဖို့အတွက်ဘယ်လိုကြိုးစားပြီး ကူညီပေးမယ် ဆိုတာတွေကို အမုန်းတရားတွေ၊ဒေါသတွေကြားက သားအဖနှစ်ယောက်ရဲ့ မေတ္တာတရားကိုပါ မြင်တွေ့ရမှာပါ။Eric Love အဖြစ် သရုပ်ဆောင်ထားတဲ့ မင်းသားဖြစ်သူJack O’Connell ရဲ့ ပီပီပြင်ပြင် သရုပ်ဆောင်ချက်တွေ၊ခပ်ကြမ်းကြမ်း action တွေနဲ့ စကားအသုံးအနှုန်းတွေအပြင်အုတ်နံရံ၊ သံတိုင်တွေကြားက ကြမ်းတမ်းတဲ့ ဘ၀တွေကိုစိတ်လှုပ်ရှားစရာကောင်းအောင် ရိုက်ပြထားတာဖြစ်ပါတယ်။ File size…1.31GB / 538MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 46m Genre ..... Crime , ...
movie

Starred Up(2013)

Killing Them Softly (2012) 6.2
Killing Them Softly (2012) Killing Them Softly (2012) ==================== IMDb Rating - 6.2/10 Rotten Tomatoes - 74%ဒီရုပ်ရှင်ကို ဘာလို့ကြည့်ဖြစ်ခဲ့လဲဆိုရင် ဖြေရမယ့် အဖြေက တစ်ခုတည်းရှိမယ်။ ဘရက်ပစ်ပဲ။ ပုံမှန်အားဖြင့်ဆိုရင်တော့ ဇာတ်ကားတစ်ကားကို ကြည့်သင့်လားဆိုတာ ဒါရိုက်တာကြည့် ဆုံးဖြတ်ကြတာများပေမဲ့ ကိုယ်သဘောကျတဲ့ သရုပ်ဆောင်တစ်ယောက်ရဲ့ သရုပ်ဆောင်ပုံကို မြင်ရမှာကိုလည်း ထည့်တွက် ဆုံးဖြတ်ကြတာပဲမလား။ ဒီကားဟာ ဒီအချက်အတွက်တော့ စိတ်မပျက်စေခဲ့ဘူး။ဘရက်ပစ်ဟာ မျှော်လင့်ထားတဲ့အတိုင်း သူ့ကိုမြင်နေကျ သူ့ဟန်အတိုင်းပဲ ပေါ်လာခဲ့တယ်။ ဇာတ်လမ်းကတော့"မနူးမနပ်လူမိုက်ကလေးတွေက ဝါရင့်လူမိုက်ကြီးတွေကို ကတုံးပေါ်ထိပ်ကွက် လုပ်ဖို့ ကြံတဲ့အကြောင်းပါပဲ။ ဒီဇာတ်အိမ်ကို အမေရိကန် ဘဏ္ဍာရေးပျက်ကပ်ခေတ်မှာတည်ပြီး အဲ့ဒီကာလက သတင်းတွေ မိန့်ခွန်းတွေကို တစ်ချိန်လုံးနီးပါး နောက်ခံအသံထည့်ထားတယ်။ ထည့်ထားရတဲ့အကြောင်းရင်းက ဘာလဲ ဒီမနူးမနပ် လူမိုက်တွေရဲ့အဖြစ်နဲ့ ဘဏ္ဍာရေးပျက်ကပ်ကို သရော်ချင်တာလား ဘာလားတော့ စီးပွားရေးပျက်ကပ်နဲ့ပက်သက်ပြီး ဂဃနဏမသိလို့ ညဏ်မမှီဘူး။ မှီတဲ့သူတွေအတွက် ပိုသဘောကျချင်စရာ ကောင်းလောက်မယ်။ခပ်ကြမ်းကြမ်း ရွဲ့ရွဲ့ စကားတွေပြောနေမယ့် ဘရက်ပစ်အပြင် Goodfellasထဲက Ray Liottaလည်းပါတယ်။ Cogan's Tradeဆိုတဲ့ ဝတ္တုကိုပြန်ရိုက်ထားပြီး ကားကောင်းတွေ ...
movie

Killing Them Softly (2012)

Mississippi Grind (2015) 6.4
Mississippi Grind (2015)  Mississippi Grind (2015)ဓာတ်ဗူးရိုင်ယန်ကြီးပါတဲ့ကားပါ။ ရိုင်ယန်နဲ့တွဲဖက်ပါဝင်ထားသူကတော့ The outsider စီးရီး၊ Rogue one: a starwars story တို့ထဲက ဖြစ်ပါတယ်။လောင်းကစား စွဲလမ်းနေတဲ့ဂျယ်ရီဟာ အလေအလွင့်ခရီးသွားတစ်ယောက်ဖြစ်တဲ့ လောင်းကစားဝါသနာအိုး ကားတစ်စ် နဲ့ ပိုကာပွဲတစ်ခုမှာတွေ့ပြီး ရင်းနီးသွားကြပါတယ်။ဂျယ်ရီဟာ အကြွေးရှင်ရဲ့ ချိန်းခြောက်မှုကိုခံလာပြီးနောက် ကားတစ်စ်ပြောခဲ့ဖူးတဲ့ သူငယ်ချင်းဟောင်းတစ်ယောက်ရဲ့အိမ်က ကြေးမြင့်ပိုကာပွဲမှာသွားကစားနိုင်ဖို့ ကားတစ်စ်ကို အကူအညီတောင်းပါတော့တယ်။ ကားတစ်စ်ရဲ့ သူငယ်ချင်းဟောင်းဆီမရောက်ခင် ခရီးစဉ်တစ်လျှောက်မှာ တွေ့သမျှပိုကာပွဲတွေကိုဝင်ကစားရင်း ငွေအလုံအလောက်ရအောင် ကြိုးပမ်းကြရာမှာ ဂျယ်ရီရဲ့လောင်းကစားအတောမသတ်နိုင်တဲ့စိတ်ကြောင့် ပါသမျှပြောင်မလား... ပန်းတိုင်ကိုရောက်ကြပါ့မလားဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရမှာဖြစ်ပါတယ်။ ဘဝသင်ခန်းစာတွေရစေမယ့် သဘာဝကျကျကားမျိုးနှစ်သက်ရင် ရိုင်ယန်ရဲ့ပရိတ်သတ်တစ်ယောက်ဆိုရင် ဒီကားလေးကိုကြည့်စေချင်ပါတယ်။ Quality__1080p , 720p IMDb Rating__6.4/10 Format__mp4 Duration__01:50:00 Type__Comedy , Drama Subtitle__Myanmar Subtitle (Hardsub) Translated by Pyi T Nyein Encoded by Naing Aung Latt
movie

Mississippi Grind (2015)

Babyteeth 2019 6.9
Babyteeth 2019 ဆယ်ကျော်သက် ကောင်မလေး မီလာ။ အဆင်မပြေတဲ့ မိဘတွေကြားမှာ ကြီးပြင်းလာရတဲ့ ဒီကောင်မလေးမှာ မကြာခင် သေရတော့မယ်ဆိုတဲ့ ရောဂါဆိုးကြီးကလည်း ရှိနေပြန်ပါသေးတယ်။ တစ်ရက်တော့ မီလာက အိမ်ပေါ်ကနှင်ချထားတဲ့ မောစက်နဲ့ စဆုံမိတယ်။ မီလာဟာ သူ့မိဘတွေကို အရွဲ့တိုက်ဖို့အတွက် လူပေလူတေ ဆေးသမားဖြစ်တဲ့ မော့စက်ကို ရည်းစားအနေနဲ့ အိမ်ကို ခေါ်လာခဲ့တယ်။ ဒါပေမဲ့ မီလာဟာ မော့စက်ကို အမှန်တကယ် ချစ်မြတ်နိုးမိသွားတဲ့အခါမှာတော့ မြန်မြန်သေချင်လှပါပြီလို့ ဖြစ်နေခဲ့တဲ့ သူ့စိတ်တွေက ရှင်သန်ချင်စိတ်ဘက်ကို ယိမ်းလာပါတော့တယ်။ ဒီတော့ ဆေးသမားဖြစ်တဲ့ မော့စက်က မီလာ့ကို တကယ်ပြန်ချစ်ပါ့မလား။ မီလာကရော ရောဂါဆိုးကြီးဒဏ်ကနေ လွတ်မြောက်ပါ့မလားဆိုတာကို ကြည့်ရှူခံစားကြည့်လိုက်ကြပါဦးနော်။ Quality – 720p  blurayrip Duration - 1 hr 58 min Subtitle – Myanmar Hardsub Format – Mp4 Genre : Drama, Comedy Translator ...
movie

Babyteeth 2019

Slow West (2015) 6.9
Slow West (2015) Slow West (2015)==============IMDb Rating - 6.9/10#Unicode2015 ခုနှစ်ကထွက်ရှိခဲ့ပြီး Rating 6.9/10 ရရှိထားတဲ့ ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ဒီဇာတ်ကားမှာ ပါဝင်တဲ့ အဓိကသရုပ်ဆောင်တွေကတော့ X-Men ပရိတ်သတ်တိုင်း အလွတ်ရအလွတ်မှတ်မိနေတဲ့ Magneto (Michael Fassbender) နဲ့ အသားမဲမဲနဲ့ nightcrawler အဖြစ်သရုပ်ဆောင်ခဲ့တဲ့ Kodi Smit-McPhee တို့ပဲဖြစ်ပါတယ် . Kodi ကိုတော့ လူတွေက သိပ်သတိထားမှတ်မိမယ်မထင်ပါဘူး။ဇာတ်လမ်းလေးကတော့ Jayဆိုတဲ့ ဆယ်ကျော်သက်လေးက စကော့တလန်ကနေ အမေရိကန်ကိုသူ့ရဲ့ ချစ်ရတဲ့ ကောင်မလေးကို လိုက်အရှာထွက်ခဲ့တယ်။ အဲ့မှာ Silasနဲ့ တွေ့ပြီး အကူအညီတောင်းရင်းဆက်ရှာတဲ့အခါမှ ကောင်မလေးက ဖမ်းဝရမ်းထုတ်ထားလို့ ပြေးနေတဲ့ သူဖြစ်မှန်း Silasက သိသွားတဲ့အခါ Silasတစ်ယောက် Jayနဲ့ ဘယ်လို ဆက်လုပ်ကြမလဲ။ Jayကလဲ သူ့ကောင်မလေးက သူထင်ထားသလို့ မဟုတ်မှန်းသိတဲ့အခါ ဘာဆက်လုပ်ကြမလဲဆိုတာ စိတ်ဝင်စားဖွယ် ကြည့်ရှူရမှာဖြစ်ပါတယ်။(ဒီဇာတ်ကားရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ ...
movie

Slow West (2015)

2015
Spies in Disguise (2019) 6.8
Spies in Disguise (2019) unicodeကာတွန်းကား ကောင်းကောင်းကြည့်ချင်တဲ့ သူတွေအတွက် လာပါပြီ။ရယ်လည်းရယ်ရတယ် ဇာတ်လမ်းလည်းမိုက်တယ်။အသံသရုပ်ဆောင်ထားသူတွေကတော့ မပြောရင်တောင်အသံကြားတာနဲ့ သိမယ့် ၂ ယောက်ပါပဲ။ဝယ်လ် စမစ်သ် ရယ် တွမ် ဟော်လန် ရယ်ပါ။တကယ်လိုက်ဖက်တဲ့ သူတွေပါပဲ။ဝယ်လ်စမစ်သ်က လန့်စ်စတာလင်ဆိုတဲ့ အရမ်းတော်တဲ့ စပိုင်တစ်ယောက်။သူက အရမ်းတော်ပေမယ့် တစ်ကိုယ်တော်ပဲ လှုပ်ရှားတတ်တဲ့သူ။တွမ်ဟော်လန်ကတော့ ဝေါ်တာ ဘက်ကက် ဆိုတဲ့ ဉာဏ်ကြီးရှင်တီထွင်သူအူကြောင်ကြောင် ကောင်လေး အဖြစ် အသံသရုပ်ဆောင်ထားပါတယ်။ဝေါ်တာရဲ့ တီထွင်ချက်တွေကိုအေဂျင်စီမှာ ဘယ်သူမှ အထင်မကြီးတဲ့အပြင် လန့်စ်ကိုပါပြဿနာ သွားလုပ်မိလို့ အလုပ်ဖြုတ်ခံလိုက်ရတော့တယ်။ဒါပေမယ့် လန့်စ်နဲ့ မျက်နှာတူလူဆိုးတစ်ယောက်ကြောင့် လန့်စ် တစ်ယောက် အထင်လွဲခံရပြီးထွက်ပြေးရတဲ့အခါမှာ မလွှဲမရှောင်သာ ဝေါ်တာနဲ့ပူးပေါင်းပြီးအလွဲလွဲအချော်ချော်နဲ့ လူဆိုးကို အမိဖမ်းဖို့ ကြိုးစားရပါတော့တယ်။File Size : ( 948 MB , 345 MB ) Quality : BluRay 720p Running Time : 1 hr ...
movie

Spies in Disguise (2019)

The King (2019) 7.4
The King (2019) Rating 7.6 ရရှိထားတဲ့ဒီရုပ်ရှင်ကိုတော့ ကမ္ဘာကျော် ရှိတ်စပီးယားရဲ့Henry V ပြဇာတ်ကနေ ပြန်လည်ရိုက်ကူးထားတာပါ။ဒီပြဇာတ်ကို ရုပ်ရှင်တွေထဲမှာ ခဏခဏ ဖော်ပြတတ်ကြပါတယ်။ရှားလော့ဟုမ်းစီးရီးထဲမှာတောင် ရှားလော့ ဆေးကွဲပြီး ရွတ်သွားတာဟင်နရီဘုရင်ရဲ့ မိန့်ခွန်းပါပဲ။ဇာတ်လမ်းအကျဉ်းကတော့ အင်္ဂလန်တိုင်းပြည်မှာစကော့တွေ ဝေလတွေ သူပုန်ထပြီး ဖရိုဖရဲ ဖြစ်နေချိန်၊စတုတ္ထမြောက်ဟင်နရီ ဘုရင် နတ်ရွာစံပြီး သူ့ရဲ့ သားဖြစ်သူပဉ္စမမြောက် ဟင်နရီ ဘုရင် နန်းတက်လာချိန်၊တိုင်းပြည်ကို ငြိမ်သက်အောင် ကြိုးစားရပုံပါ။Henry V ဟာ အဖေနဲ့အဆင်မပြေလို့ နန်းတော်မှာလည်းမနေအရက်သောက် ပျော်ပါးပြီးနယ်ဖျားမှာ နေခဲ့သူဖြစ်လို့ ဘယ်သူမှ မထင်မကြီးထားကြပါဘူး။ကြိုးစားနေဆဲမှာပဲ ပြင်သစ်နဲ့ ပဍိပက္ခဖြစ်ပြီး စစ်ဖြစ်လာခဲ့ပါတယ်။ဒီစစ်ပွဲဟာပဲ ဟင်နရီဟာ အင်္ဂလန်ရဲ့ ထိုက်တန်တဲ့ဘုရင်ဖြစ်ကြောင်း သက်သေပြဖို့ ဖြစ်လာပါတော့တယ်။ File Size ...
movie

The King (2019)

2019
Robin Hood (2018) 5.3
Robin Hood (2018) Robin Hood (2018)_____IMDb - 5.3/10    Robinhood အကြောင်း သင်ဘယ်လောက်သိလဲ???????? လူချမ်းသာတွေဆီက အသပြာခိုးယူပြီး ဆင်းရဲတဲ့သူတွေကိုဝေငှပေးတတ်တဲ့ သူခိုးတစ်ယောက်........လို့ အကြမ်းဖျဉ်းသိထားကြမှာပါ........... Robinhood လို့ပြောရင် မြှားပစ်ကျွမ်းကျင်သူတစ်ယောက် ဆိုတာလဲ မျက်လုံးထဲပြေးမြင်မိမှာပေါ့ ဒါပေမယ့် အထက်က ဆိုခဲ့တဲ့ အချက်တွေကြောင့်တော့ သူဟာ ရော်ဘင်ဟုဒ်ဆိုပြီး နာမည်တွင်ခဲ့တာ မဟုတ်ပါဘူး ..................... သင် ငယ်ငယ်က သိခဲ့တဲ့ တောပုန်းကြီး ရော်ဘင်ဟုဒ်ရဲ့ အကြောင်းတွေကို မေ့ပစ်လိုက်ပါတော့ သင် သူ့အကြောင်းကို သိပြီးသားလို့ ထင်နေတယ်ဆိုရင်တော့ မှားသွားပါလိမ့်မယ်....... သင်သိထားပြီးတဲ့ သူ့ရဲ့ဇာတ်လမ်းဟာ အိပ်ယာဝင်ပုံပြင်တစ်ပုဒ် ပါပဲ ဒီဇာတ်ကားလေးကတော့ အိပ်ယာဝင်ပုံပြင်တစ်ပုဒ်တော့ မဟုတ်ပါဘူး အသပြာတွေခိုးယူခဲ့ရုံသက်သက်နဲ့တော့ သူဟာ ရော်ဘင်ဟုဒ်ဆိုပြီး နာမည်တွင် ကျန်ရစ်မှာ မဟုတ်ပါဘူး သူ့ကို ရာဇဝင်မှာ ကဗျည်းတွင်စေခဲ့တဲ့ ပြည်သူတွေအတွက် ကိုယ်ကျိုးစွန့် လုပ်ရပ်တွေကို ဒီဇာတ်ကားမှာတွေ့ရမှာပါ..... ဒီဇာတ်ကားမှာ ရော်ဘင်ဟုဒ်ရဲ့ တခြားထူးခြားတဲ့ အကြောင်းအရာတွေလည်း ပါဝင်နေပါတယ် ....... ရော်ဘင်ဟုဒ်ဆိုတဲ့ တောပုန်းတစ်ယောက်မဖြစ်ခင်က သူ့ဘဝဇာတ်ကြောင်း အခြေအနေကိုလည်း ပြောပြထားပါသေးတယ်...... လော့စ်လေကို ဟုဒ်အဖြစ် ပြောင်းလဲ ပေးခဲ့တဲ့ သူ့ရဲ့ဆရာနဲ့အတူ သူ လေ့ကျင့်ခဲ့ရတဲ့ ခက်ခဲထူးခြားတဲ့ မြှားပစ်သင်ခန်းစာတွေ........ သူကြုံတွေ့ခဲ့ရတဲ့ နိုင်ငံရေးအခြေအနေတွေ....... သူကြုံတွေ့ခဲ့ရတဲ့ ဘာသာရေးဆိုင်ရာ စစ်ပွဲတွေ........ စသဖြင့် သူ့ရင်ဆိုင်ခဲ့တဲ့ အခက်အခဲတွေ ...
movie

Robin Hood (2018)

2018
Untogether(2018) 6.0
Untogether(2018) Untogether(2018)IMDb..7.0ဒီကားက စာရေးဆရာမနဲ့ ဂျာနယ်လစ်ဖြစ်တဲ့ Emme Forrestရဲ့ ကိုယ်တိုင်းရေး ကိုယ်တိုင်ရိုက်တဲ့ ပွဲဦးထွက်ကားပါ။ဇာတ်လမ်းကတော့ နည်းနည်းဆန်းပြားတဲ့ ဘဝလေးခုအကြောင်းပါ။ စာရေးတဲ့အလုပ်မှာ တကယ်ပါရမီပါတဲ့ စာအုပ်တစ်အုပ်ထုတ်ထားပြီး အဆိုပါစာအုပ်ကို ဘာသာပေါင်းများစွာ ပြန်ဆိုခံထားရတဲ့ စာရေးဆရာမတစ်ယောက်ရယ်... သူ့ ကိုယ်တွေ့ဖြစ်ရပ်ကို ဇာတ်လမ်းရေးရင်း Best sellerဖြစ်သွားတဲ့ ဆရာဝန်တစ်ယောက်ရယ်ရဲ့ အချစ်ဇာတ်လမ်းနဲ့.... ရော့ခ်ကာဟောင်း ဆေးသုတ်သမားလုပ်နေတဲ့ လူလတ်ပိုင်း လူအိုတစ်ယောက်ရယ်... ၂၃နှစ်အရွယ်ဂျူးဘာသာရေးသက်ဝင်ယုံကြည်တဲ့ Beauty Spa မှာအလုပ်လုပ်တဲ့ကောင်မလေး တစ်ယောက်ရယ်ရဲ့ အချစ်ဇာတ်လမ်းတို့ကို ဇာတ်ကောင်များကြားက Chemistryကို သေချာတည်ဆောက်သွားပြီး ဘဝလေးခုကြားက သမားရိုးမကျသလိုလို သမားရိုးကျနေတဲ့ အဖြစ်အပျက်အချို့အကြောင်းကို မရိုးရှင်းလှတဲ့ဇာတ်အိမ်ဆန်းဆန်းကလေးထဲ ဆန်းဆန်းပြားပြား Dialougeတွေနဲ့ ပစ်ထည့်သွားပါတယ်။ ကျွန်တော်တို့မဟုတ်တဲ့ လူတွေရဲ့အကြောင်း ဘဝတွေရဲ့အကြောင်း အချစ်ဇာတ်လမ်းတွေအကြောင်းကို ခံစားချက်များစွာအတွက်.... ခံစားကြည့်မယ်ဆိုရင် ခံစားလို့ကောင်းမဲ့ Dramaကားကောင်းလေးဖြစ်ပါတယ်။Fifty Shades ကားတွေရဲ့ Lead Actor Jamie Donanကိုသုံးထားတဲ့အပြင် ဒီကားထဲက Main Cast ညီအမကိုလည်း တကယ့်ဘဝမှာ ညီအစ်မအရင်းတွေဖြစ်တဲ့ Lola and Jemima Kirkeတို့ကိုသုံးထားပါတယ်။ ဒီရုပ်ရှင်ရဲ့ ဇာတ်ညွှန်းနဲ့ဒါရိုက်တာဖြစ်တဲ့ Emma Forrestဟာ ဂီတဂျာနယ်လစ်ဖြစ်တဲ့အတွက် ဒီကားမှာ သီချင်းများစွာ ဂီတအဖွဲ့များစွာကို Refယူထားတဲ့အပြင် သီချင်းများစွာကိုသုံးထားပါတယ်။ R rateဖြစ်တဲ့အတွက် Eroticအခန်း အနည်းငယ်ပါပါမယ်။ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ WiRa Aungပဲဖြစ်ပါတယ်...File Size : (850 MB) and (300 MB) Quality ...
movie

Untogether(2018)

2018
Adore(2013) 6.2
Adore(2013) Adore(2013)IMDb....6.2ဒီဇာတ်ကားမှာတော့ မင်းသမီးချောကြီး (၂)လက်ဖြစ်တဲ့  Naomi Watts,နဲ့ Robin Wright  တို့ အဓိက ပါဝင်ထားကြပါတယ်....Lil နဲ့ Roz တို့ နှစ်​​ယောက်​က သာယာလှပတဲ့ ကမ်​း​ခြေမြို့​လေးတစ်​မြို့မှာ အိမ်​နီးချင်​း​တွေ အဖြစ်​ ​နေထိုင်​ကြတဲ့ အချစ်​ဆုံး သူငယ်​ချင်​း​နှစ်​​ယောက်​ပါ..ဘယ်လိုအခက်အခဲတွေပဲရှိရှိ သူတို့ဟာ ကမ်းခြေမှာ အပန်းဖြေလိုက်ရုံနဲ့ စိတ်အမောတွေပြေသွားကြပုံပါပဲ...တစ်ယောက်အကြောင်းတစ်ယောက်သိတဲ့ သူတို့ (၂)ယောက်ဟာ အားနည်းချက်တွေကိုအပြန်အလှန်နားလည်းပေးကြလို့ အသက်အရွယ်ရလာသည့်အထိ သိပ်ချစ်တဲ့သူငယ်ချင်းတွေအဖြစ်ရှိနေတုန်းပါပဲ....ဒီလိုနဲ့ သူတို့ ၂ယောက်ဟာ အိမ်ထောင်တွေကျလို့ သားတစ်ယောက်ဆီလည်းရလာတယ်...သူတို့သား​တွေကလည်​း အ​မေနှစ်​​ယောက်​ချစ်​ကြသလို ချစ်​ကြတဲ့ သူငယ်​ချင်​း​တွေ ဖြစ်​လာပါတယ်​...ဒီမိသားစု(၄)ယောက်ဟာ ခွဲမရဘူးလို့တောင်ပြောလို့ရပါတယ်...သို့ပေမယ့် သားတွေအရွယ်ရောက်လာတဲ့အခါမှာတော့ခံစားချက်တွေလည်းပြောင်းလဲကုန်တယ်ထင်ပါရဲ့...ခံစားချက်ဆိုတာမျိုးဟာ စည်းတွေဘောင်တွေနဲ့ကန့်သတ်လို့ရလား..သူတို့ဖြစ်နေတဲ့ဟာတွေရောမှန်ရဲ့လား....ဒါတွေကို ကျွန်တော်တော့မသိဘူး ...ခင်ဗျားတို့လည်း ဒီကားကိုကြည့်ပြီး ဘယ်လိုဆုံးဖြတ်မှာလဲ သိချင်မိတယ်...ကိုင်းခံစားကြည့်လိုက်ပါဦးဗျို့...မှတ်ချက်...မိသားစုနဲ့အတူမကြည့်သင့်တဲ့အခန်းတွေပါလို့ သတိချပ်စေချင်ပါတယ်...File Size : (900 MB) and (300 MB) Quality : Blu-Ray 720p Format…mp4 Duration…01:52:00 Genre : Drama, Romance Subtitle : Myanmar Subtitle (Hard ...
movie

Adore(2013)

2013
Darkest Hour (2017) 7.4
Darkest Hour (2017) Darkest Hour (2017) IMDb - 7.4/10_____Rotten - 84% Won 2 Oscars. Another 51 wins & 77 nominations.  Gary Oldman တစ်ယောက် Darkest Hour ရုပ်ရှင်နဲ့ Golden Globe Best Actor Award ရသွားပြီ၊ Academy Awards မှာလဲ Best Picture နဲ့ Best Actor Nomination ဝင်ထားပြန်ပြီ။လူတိုင်းသိတဲ့ ဝင်စတန်ချာချီအကြောင်း ရိုက်ထားတဲ့ရုပ်ရှင်က ဘာလို့များ ဒီလောက်နာမည်ကြီးနေရတာလဲ?Darkest Hour ဟာ ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီအကြောင်းရိုက်ကူးထားတဲ့ရုပ်ရှင်ကားတစ်ကားဖြစ်ပေမယ့် ဝင်စတန်ချာချီရဲ့ ဘဝတစ်ခုလုံးကိုပြတာလဲမဟုတ်သလို ဒီကားထဲမှာ စစ်တိုက်တာတွေလဲ မပါပြန်ပါဘူး။ဒီရုပ်ရှင်မှာ အဓိကပြသွားတာကတော့ ချာချီ ဝန်ကြီးချုပ်ဘယ်လိုဖြစ်လာတယ်၊ ဂျာမနီရဲ့ကျူးကျော်စစ်ကြီးကို ပြန်အံတုနိုင်ဖို့ သူ့ရဲ့ပါတီ၊ လွှတ်တော်ထဲမှာတင် ဘယ်လောက်တောင် လုံးလည်ချာလည်လိုက်ခဲ့ရလဲဆိုတာတွေပါ။ဒီလောက်ရိုးရှင်းတဲ့ရုပ်ရှင်က ဘာလို့များ ဒီလိုဆုတွေအတွက် လျာထားခံရသလဲ?အဖြေကရှင်းပါတယ်။ ...
movie

Darkest Hour (2017)

2017
Una (2016) 6.4
Una (2016) ဒီတစ်ခါတော့Drama/Mysteryကားတွေကိုမှကြိုက်တဲ့သူတွေအတွက်အတွေးလေးတစ်ခုထင်ကျန်စေမယ့်စိတ်ထဲစွဲငြိစေနယ့်ဇာတ်ကားလေးတစ်ကားညွန်းပေးချင်ပါတယ်။ဇာတ်ရှိန်အေးအေးနဲ့ခေါ်သွားပေးမယ့်ကားမျိုးပါ။ဇာတ်လမ်းလေးကတော့အမျိုးသမီးငယ်လေးတစ်ယောက်သူ့ထက်အသက်တော်တော်ကြီးတဲ့လူကြီးတစ်ယောက်ဆီကိုလာခဲ့ရာတာစတာပါပဲ။သူဒီလိုလာခဲ့တယ်ဆိုတာလည်းအကြောင်းအရင်းရှိပါတယ်။အဲဒိအမျိုးသားကြီးမှာအတိတ်ကအမဲစက်ထင်စေမယ့်သူ့ကိုယ်ကိုသူခြောက်လှန့်နေတဲအကြောင်းအရင်းလေးရှိနေလို့ပါပဲ။အတိတ်ကဖြစ်ရပ်အနေနဲ့ဒီကိုရောက်လာတဲ့မိန်းမငယ်လေးတစ်ယောက်ဘာတွေဆက်စပ်မှုရှိနေမလဲဆိုတာတော့စိတ်ဝင်စားစရာပါ။စိတ်ခံစားချက်၂ခုကြားရောထွေးမှုတွေနဲ့ဒီကားလေးကိုအဓိကမောင်းနှင်ထားတာပါ။ကြည့်ရသူအဖို့အမြင်တမျိုးနဲ့ ရှုထောင်တမျိုးကနေချပြထားတဲ့ကားလေးပဲဖြစ်ပါတယ်။ဆိုတော့ဒီကောင်မလေးနဲ့အမျိုးသားကြီးတို့ကြားဘာသြနာတွေရှိနေမလဲ။ဘာလျှို့ဝှက်ချက်တွေရှိနေမလဲဆိုတာတော့ဇာတ်ကားလေးကိုရင်တမမနဲ့ဆက်လက်ရှုစားလိုက်ပါဦး။  (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်က မေသရဖီလွင်ပါ)  File Size : (700 MB) and (230 MB) Quality : 720p Bluray Running Time : 1hr 34min Format : Mp4 Genre :Drama Subtitle : Myanmar Subtitle (Hard Sub) Translated by May Tharaphi Lwin Encode by Thanhtike Zaw
movie

Una (2016)

2016