Channel Myanmar
Ben Kingsley
Rules of Engagement (2000) 6.4
Rules of Engagement (2000) Rules of Engagement (2000)ဒီရက်ပိုင်း ပျင်းပျင်းနဲ့ဇာတ်ကားတွေ လိုက်ရှာကြည့်ရင်း အသိအစ်ကိုတစ်ယောက်ထည့်ပေးထားတဲ့ ထဲက ဇာတ်ကား တစ်ကား ကြည့်ဖြစ်လိုက်တယ် ကောင်းနိုး ကောင်းနိုးနဲ့ ဇာတ်ကားတွေ လိုက်ရှာကြည့်ရင်းကြည့်မိလိုက်တာက rules of engagement ဆိုတဲ့ကားဇာတ်လမ်းက စစချင်း အမေရိကန် ဗီယက်နမ် စစ်ပွဲထဲက တိုက်ပွဲတစ်ခုကနေ စတည်ထားတယ်စိတ်ထဲထင်လိုက်တာက စစ်ကားတစ်ကားပေါ့..စစ်ကားတွေလည်း မကြည့်ဖြစ်တာလည်း ကြာ နောက်ပြီး Marvel heroes ဇာတ်ကားတွေက မျက်စိတစ်ဖက်လပ်နဲ့ခပ်ကြမ်းကြမ်းဘဲကြီး Agents of shieldဒါရိုက်တာ Nick Fury အနေနဲ့လူသိများတဲ့ မင်းသား ကြီး Samuel L. Jackson တစ်ယောက်ဘယ်လိုပွဲထွက်လာမလဲသိချင်လို့ဆက်ကြည့်ဖြစ်လိုက်တယ်ကြည့်နေရင်း ကြည့်နေရင်းနဲ့ဇာတ်ကားက အသွင်ပြောင်းလာတယ် သေနတ်သံတွေ တစ်ဒိုင်းဒိုင်းပစ်တာမမြင်ရတော့ဘဲ စကားသံတွေပဲ အဆက်မပြတ်ကြားလာရတယ်။ရုပ်ဆိုးဆိုး အဘိုးကြီး နှစ်ယောက်ဦးဆောင်ထားတဲ့ကားစကားတွေချည်းပဲ ပြောနေလို့ဇာတ်ကားပေါ် အာရုံတစ်ချက် လွတ်မသွားစေရဘူး သေသပ်တဲ့ ဒိုင်ယာလော့တွေဖုံးကွယ်ထားတဲ့ မြုပ်ကွက်တွေ နဲ့ဘာဆက်ဖြစ်မလဲ ...
movie
Rules of Engagement (2000)
2000
4K HEVC
Exodus: Gods and Kings (2014) 6.0
Exodus: Gods and Kings (2014) Exodus: Gods and Kings (2014)IMDb Rating (6.0)Director ကြီး Ridley Scott ရိုက်ကူးထားပြီး မင်းသား Christian Bale ခေါင်းဆောင် ပါဝင်ထားတဲ့ အီဂျစ်ခေတ် ရာဇဝင်ရုပ်ရှင်ကားကြီးပါ။ဒီကားလေးက ကျွန်တော်တို့ငယ်ငယ်တုန်းက animation ဇာတ်ကားတစ်ကားထွက်ခဲ့ဖူးပါသေးတယ်တော်တော်များများလဲ ကြိုက်ကြတဲ့ကားလေးတစ်ကားပါ အီဂျစ် အကြောင်းစိတ်ဝင်စားတဲ့လူတွေဆိုပိုသိမှာပါMyth တွေ ကြိုက်တဲ့လူတွေအတွက် ကြည့်လို့ကောင်းရုပ်ရှင်တကားပါပဲ။ဇာတ်လမ်းအကျဉ်းချုံးကိုပြောရမယ်ဆိုရင်တော့ ဟောစာတမ်းတစ်ခုကနေစရမှာပါအဲ့တုန်းက ဟီဘရူး(ဂျူး)လူမျိူးတွေကို အီဂျစ်ဘုရင်က ကျွန်အဖြစ်သိမ်းသွင်းထားတဲ့အချိန်ဖြစ်ပါတယ်ဟောစာတမ်းအရ နန်းလုခံရမှာစိုးလို့ အီဂျစ်ဘုရင်က ဟီဘရူးကလေးငယ်တွေအကုန်လုံးကို သတ်ခိုင်းခဲ့ပါတယ်ဒါပေမယ့် ကလေးငယ်တစ်ယောက်တော့လွတ်မြောက်သွားခဲ့ပြီး ဟီဘရူးလူမျိုးတွေကိုကျွန်အဖြစ်ကနေ လွတ်မြောက်အောင် စွမ်းဆောင်နိုင်မလားဆိုတာ...။ File size…(7.9 GB)/(2.9 GB )/(2.1 GB) Quality….BluRay 4K HEVC/ 1080p HEVC/ 720p Format…mkv/mp4 Duration….02:30:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Kaung Myat Thu
movie
Exodus: Gods and Kings (2014)
2014
4K HEVC
The Dictator (2012) 6.4
The Dictator (2012) The Dictator (2012) IMDb - 6.4/10_____Rotten - 57%      ကြည့်ဖူးတဲ့သူကတော့ ဒီပုံလေးမြင်တာနဲ့ မှတ်မိမှာပါ။ အာဏာရှင် ကင်ဂျုံအီ၊ ကဒါဖီ တို့ကိုအခြေခံပြီး ဇာတ်ကောင်ဖန်တီးရိုက်ကူးခဲ့တဲ့ နိုင်ငံရေးသရော်တဲ့ ဟာသကားပါ။ ဒီကားထဲက အာဏာရှင် ဗိုလ်ချုပ်ကြီး အလာဒန် ဟာ နယူးယောက်ခ် ကုလအစည်းအဝေးကို လာတက်စဉ်မှာ ပြန်ပေးဆွဲခံလိုက်ရပြီး သူ့နေရာကို ပုံစံတူလူစားထိုးခံလိုက်ရပါတယ်။ရည်ရွယ်ချက်ကတော့ သစ္စာဖောက်ဦးလေးဟာ နိုင်ငံကိုဒီမိုကရေစီအဖြစ်ပြောင်းလဲပြီး ကိုယ်ကျိုးအတွက်စီးပွားရေးလုပ်ဖို့ပါပဲ။ ဘယ်သူမှမမှတ်မိတော့တဲ့ အလာဒန်တစ်ယောက် အခက်ခဲတွေကြားထဲကစွန့်စားပြီး သူ့နိုင်ငံကြီး ဒီမိုကရေစီမရဖို့အရေး သက်စွန့်ကြိုးပမ်းဆောင်ရွက်လာရတဲ့အခါမှာတော့.....File size…(1.6 GB)/(910 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:46:00 Genre...  Comedy  Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Htet Lin Kyaw 
movie
The Dictator (2012)
2012
A.I. Artificial Intelligence(2001) 7.1
A.I. Artificial Intelligence(2001) A.I. Artificial Intelligence(2001)အညွှန်း *********************************** IMDb....7.1,,,,Rotten....73 ဒါရိုက်တာ Steven Spielberg ဆိုတာနဲ့ ခင်ဗျားတို့ ဒီကားကိုနည်းနည်းတော့စိတ်ဝင်စားသွားမယ်ထင်တယ်....ဒီကားရိုက်တော့ သူကိုယ်တိုင်လည်း အော်စကာ ဆန်ကာတင်အဆင့်ပါခဲ့တယ်...ကျွန်တော်တို့တွေဟာ ရုပ်ရှင်ကြည့်သက်ရင့်လာတာနဲ့အမျှ ဇာတ်ကားကြည့်တဲ့နေရာမှာ အစပိုင်းနည်းနည်းကြည့်ပြီးတာနဲ့တစ်ကားလုံးမဟုတ်တောင်  ရှေ့ဆက်ဖြစ်နိုင်ခြေရှိတဲ့ဟာတစ်ချို့ကိုမှန်းဆနိုင်ပါတယ်...ဒါပေမယ့် ဒီကားကိုကြည့်မိရင် ခင်ဗျားတို့ ထင်ထားတာတခြားစီဖြစ်သွားနိုင်တယ်..ဘာလို့ဆို ၁၀မိနစ်လောက်စထားတဲ့ plotတစ်ခုဟာနောက်တစ်နေရာရောက်တော့ ခင်ဗျားတို့လုံးဝထင်မထားတဲ့ရှုထောင့်တစ်ခုကိုချိုးကွေ့လိုက်တယ်.....အချိုးအကွေ့ပေါင်းများစွာနဲ့ဒီကားကိုတည်ဆောက်ထားတယ်...ဒါကြောင့်လည်း Steven Spielberg ဟေ့ဆိုပြီးနာမည်ကြီးတာနေမယ်...ပြီးတော့ကျွန်တော်ပဲ စဉ်းစားဉာဏ်နဲ့ရေးသားမှုပိုင်းညံလေသလားမသိ ဒီကားကိုအညွှန်းဘယ်လိုရေးရမှန်းမသိဘူး...ကောင်းလားလို့မေးရင်တော့ ပြန်ဖြေလို့ရတယ်....ကျွန်တော်တို့တွေလေထဲကအောက်ဆီဂျင်ကိုရှူကြတယ်...တစ်ယောက်ယောက်က လေဘယ်မှာလဲပြဆိုရင် လက်ဆုပ်လက်ကိုင်ပြလို့မရဘူး...ဒီတော့လေမရှိဘူးလားဆိုတော့မဟုတ်ပြန်ဘူး လေဟာနေရာတိုင်းမှာရှိတယ်...ဒီလိုပဲ ဒီကားရဲ့ကောင်းကွက်ကဘာလဲ ဘယ်နေရာဘယ်အပိုင်းကကောင်းတာလဲ music ပိုင်းလား plotပိုင်းလား ..သရုပ်ဆောင်ပိုင်းလား နည်းပညာပိုင်းလား..ဆိုတော့ လေရှိလားဆိုတဲ့မေးခွန်းကိုဖြေသလိုပြန်တုန့်ပြန်ရမယ်ထင်တယ်....အယ် ဒေါင်းမဲ့သူတွေအတွက် ဆင်ခြင်လို့ရအောင်ပြောလို့ရတာတော့တော့ရှိတယ် ..အမိုက်စားအက်ရှင်ခန်းတွေ ...ဘီကီနီဝတ်အလှအပတွေ....၁၅၀၀ဖွဲ့ romantic ဆန်အကွက်တွေ မပါဘူး...File Size…(3GB) and (1.43GB) Quality…Blu-Ray 1080p, 720p Format…mp4 Duration…02:26:00 Subtitle…Myanmar Subtitle(Hardsub) Encoder…..Phyo Pyae Translated by Honest Abe
movie
A.I. Artificial Intelligence(2001)
2001
HEVC 1080p 5.1
Jules (2023) 7.1
Jules (2023) Jules (2023)~ IMDb - 7.1/10, Rotten Tomatoes - 83% ~ဂြိုဟ်သားတစ်ကောင် အဘိုးကြီးတစ်ယောက်ရဲ့ အိမ်နောက်ဖေးကို ပန်းကန်ပြားပျံ ပျက်ကျပြီးရောက်လာတယ်။ အဘိုးကြီးက တစ်ယောက်တည်းနေရတာဖြစ်ပြီး သူ့အိမ်ထဲ ပန်းကန်ပြားပျံပျက်ကျပြီး ဂြိုဟ်သားရောက်နေတယ်ဆိုတာလည်း သူတို့မြို့လေးက ဘယ်သူမှ မယုံပါဘူး။ အဘိုးကြီးကလည်း အသက်ရလာတော့ မှတ်ဉာဏ်လည်း ယိုယွင်းလာပြီး သူ့သမီးကတောင် စိတ်ပူနေရတာမို့ ပိုမယုံကြတာပါ။ ဒါပေမဲ့ သူ့ရဲ့ အသိ အဘွားကြီးတစ်ယောက်က အိမ်လာရင်း ဂြိုဟ်သားနဲ့မတော်တဆ တွေ့သွားတယ်။ နောက်ထပ် အဘွားကြီးတစ်ယောက်လည်း ထပ်တွေ့သွားရင်း သူတို့သုံးယောက်ပေါင်းပြီး ဂြိုဟ်သားကို ပြန်ပို့နိုင်ဖို့ ကူညီကြတဲ့အကြောင်းပါ။ ဟာသ၊ ဒရာမာ၊ Sci-Fi အမျိုးအစားဖြစ်ပြီး ဖျော်ဖြေရေးအတွက် သင့်တော်တဲ့ ရုပ်ရှင်တစ်ခုပါ။ ဇာတ်သိမ်းကတော့ မချင့်မရဲဖြစ်စရာပါပဲ။ ကိုယ်သာဆို ဒီလိုမလုပ်ဘူးဆိုပြီး တွေးမိစရာမျိုးပေါ့။ဒီရုပ်ရှင်ဟာ Little Miss Sunshine ရဲ့ ပရိုဂျူဆာ ...
movie
Jules (2023)
2023
Sexy Beast(2000) 7.3
Sexy Beast(2000)   အင်္ဂလန်နိုင်ငံရဲ့ ဂန်းစတာလောကကနေ အနားယူပြီးတော့ စပိန်နိုင်ငံတောင်ပိုင်း ကမ်းခြေမြို့လေးမှာ မိန်းမနဲ့အခြေချပြီး လာနှပ်နေတဲ့ဂယ်လ်... အတိတ်ကအရိပ်မည်းတွေကနေ ရှောင်လွှဲလို့မရနိုင်ခဲ့တော့ တစ်ရက်မှာ အလုပ်ရှင်ဟောင်း ဒေါန်က သူ့ဆီကိုရောက်ပြီး ဘဏ်ဖောက်ဖို့အလုပ်တစ်ခုကို ကမ်းလှမ်းပါတော့တယ်။ မိန်းမဖြစ်သူကလည်း မလုပ်စေချင်၊ ကိုယ်တိုင်ကလည်းမလုပ်ချင်၊ အလုပ်ရှင်ဖြစ်သူကလည်း လူတစ်ကိုယ်စိတ်နှစ်မျိုး၊ သဘောကောင်းလိုက်၊ထဖောက်လိုက်လူမျိုးဆိုတော့ အလုပ်ကိုယတိပြတ်ငြင်းဖို့ ခက်ခဲနေပါတယ်။ ဒီတော့ ဒေါန်ရဲ့ကမ်းလှမ်းချက်ကိုလက်ခံရမလား၊ စွန့်စားပြီးပဲငြင်းလိုက်မလား၊ ဘာတွေဆက်ဖြစ်မလဲဆိုတာကတော့ တကယ်ပဲစိတ်၀င်စားဖို့ကောင်းပါတယ်။ မင်းသားဂယ်လ်နဲ့ ဒေါန်တို့သရုပ်ဆောင်တာ ပီပြင်လွန်းတာကြောင့် တချက်တချက် ကိုယ်တိုင်ပါ ဂယ်လ်နေရာကနေ လိုက်စိတ်ပူသောကရောက်‌ရတဲ့ ခံစားချက်‌မျိုးတွေပါရတာကြောင့် တကယ်ကြည့်သင့်တဲ့ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ File size…1.48GB / 428.1 MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 29m Genre .....  Crime , Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Jaka
movie
Sexy Beast(2000)
Maurice (1987) 7.7
Maurice (1987) Maurice (1987)~ IMDb - 7.7/10, Rotten Tomatoes - 87% ~ချစ်ခြင်းမေတ္တာဆိုတာ နေရာဒေသမရွေး၊ အချိန်အခါမရွေး၊ ယောကျ်ား မိန်းမ မရွေးရှိတတ် ဖြစ်ပေါ်တတ်ကြတယ်။ လိင်တူချင်း ချစ်ကြိုက်ဖို့၊ မေတ္တာမျှဝေဖို့ အတင်းကြပ်ဆုံး နိုင်ငံတွေထဲမှာ အင်္ဂလန်နိုင်ငံဆိုတာ ထိပ်ဆုံးမှာ ရပ်တည်နေတာဖြစ်ပါတယ်။ ဒုတိယ ကမ္ဘာစစ်မတိုင်ခင်အချိန်တွေမှာ အင်္ဂလန်နိုင်ငံတော်ကြီးမှာ လိင်တူချစ်ကြိုက်မိခဲ့ရင် သေဒဏ်ဆိုတဲ့ ကြီးလေးတဲ့ ပြစ်ဒဏ် ပေးခံရပါတယ်။ဒီလိုအချိန်ကာလမျိုးမှာပဲ Maurice တစ်ယောက် Right Person၊ Wrong Time ဆိုတဲ့ အခြေအနေမျိုးကို ရောက်ရှိခဲ့တယ်။ အမျိုးသားတစ်ဦးကို ချစ်မိတာဟာ အမျိုးသမီးတစ်ဦးကို ချစ်ကြိုက်ရတာထက် ပိုပြီး စိတ်ပင်ပန်းရတယ် တွေ​ဝေရတယ် စွန့်လွှတ်ရဲရတယ်။ ဒါကို Maurice တစ်ယောက်ကြုံခဲ့ရတယ်။ အချိန်ကာလ၊ မိသားစု၊ ပတ်ဝန်းကျင် အစရှိတာတွေအကုန်လုံးကို အံတုပြီး ကျောင်းနေဘက် သူငယ်ချင်း Clive ...
movie
Maurice (1987)
1987
Night at the Museum: Secret of the Tomb (2014) 6.2
Night at the Museum: Secret of the Tomb (2014) Night at the Museum: Secret of the Tomb (2014) IMDb - 6.2/10_____Rotten - 47%   ၂၀၀၆ ကတည်းက စတင်အောင်မြင်ခဲ့တဲ့ အမေရိကန်ဟာသဇာတ်လမ်းရဲ့ တတိယမြောက် ဇာတ်လမ်းတွဲဖြစ်သလို နောက်ဆုံးဇာတ်လမ်းလည်းဖြစ်တဲ့ ဇာတ်ကားသစ်အကြောင်း ပြောပြချင်ပါတယ်။၁၉၃၈ တုန်းက ရှေးဟောင်းသုတေသနပညာရှင်အဖွဲ့ဟာ အဖိုးတန်ရှေးဟောင်းပစ္စည်းတစ်ခုကိုရှာဖွေဖို့ အီဂျစ်ဂူသင်္ချိုင်းတစ်ခုကို တူးဖော်ပါတယ်။ ဂူသင်္ချိုင်းထဲကိုကောင်လေးတစ်ယောက် ပြုတ်ကျရာကနေ သူ့ဖခင်နဲ့ အခြားရှေးဟောင်းသုတေသန ပညာရှင်တွေကို လမ်းကြောင်းရှာပေးနိုင်ခဲ့ပြီး ဖာရိုဘုရင်ရဲ့ ကမ္ပည်းထိုးထားတဲ့ရွှေချပ်ပြားကိုရှာတွေ့ခဲ့ပါတယ်။ အဲဒီနောက်တော့ ရွှေကမ္ပည်းပြားကို နှစ်ပေါင်းများစွာထိန်းသိမ်းထားပါတယ်။ယနေ့ခေတ် နယူးယောက်မြို့က သဘာဝသမိုင်းပြတိုက်ကြီးမှာ အခမ်းအနားကြီးတစ်ခုလုပ်နေပြီး ဒေါက်တာမက်ပီး တက်ရောက်လာတာကို ပြတိုက်လုံခြုံရေးဖြစ်တဲ့ လာရီဒါလေကတွေ့ပါတယ်။ Night at the  Museum အရင်ဇာတ်ကားတွေအတိုင်းပဲ ပြတိုက်က အရုပ်တွေ အသက်ဝင်ပြီး သူတို့အသက်ရှင်စဉ်ကနေခဲ့တဲ့ ပုံစံအတိုင်းနေရင်း ပြတိုက်ထဲမှာ ဖြစ်ချင်တိုင်းဖြစ်နေပါတယ်။  အီဂျစ်ဂူသင်္ချိုင်းထဲက ရွှေကမ္ပည်းပြားက နယူးယောက်သဘာဝသမိုင်းပြတိုက်ထဲမှာ ထိန်းသိမ်းထားတာဖြစ်ပြီး အဲဒီပစ္စည်း ...
movie
Night at the Museum: Secret of the Tomb (2014)
2014
Gandhi (1982) 8.0
Gandhi (1982) Gandhi (1982)============IMDb Rating - 8.0/10ခေတ်သစ် Civil Disobidence အယူအဆကို ဖန်တီး‌ဖော်ထုတ်ခဲ့တာကတော့ အိန္ဒိယလွတ်လပ်ရေးဖခင်ကြီး မဟတ္တမဂန္ဒီ လို့ဆိုပါတယ်။၊Civil Disobedience Movementရဲ့ သက်ရောက်မှုကို သိပ်အယုံအကြည်မရှိတဲ့လူတွေ ရှိကောင်းရှိပါလိမ့်မယ်။ဂန္ဒီလုပ်ခဲ့တဲ့ CDMရဲ့ သက်ရောက်မှုဟာ တစ်စတစ်စနဲ့ ဗြိတိသျှတို့ရဲ့ ကြီးမားလှတဲ့ အင်ပါယာကြီးကိုတောင် အတော်လေး အထိနာစေခဲ့ပါတယ်။ သူရဲ့ဝါဒကတော့ ရှင်းပါတယ်။ အကြမ်းမဖက်ဘူး မပူးပေါင်း မနာခံဘူး။အကြမ်းမဖက်တာက အ‌ပြောတော့လွယ်ပါတယ် တစ်ဖက်က အကြမ်းဖက်လို့ ကိုယ့်အသားနာလာရင် သွေးရူးသွေးတန်းနဲ့ ပြန်အကြမ်းဖက်မိနိုင်‌ခြေသိပ်များပါတယ်။ အထူးသဖြင့် အကြမ်းမဖက်လို့ ရနိုင်မယ့် အကျိုးကျေးဇူးကို မသိရင်ပေါ့။ပြောရရင် CDMရဲ့ နောက်ဆက်တွဲအကျိူးကျေးဇူးကို မသိရင်ပေါ့။ ဂန္ဒီလက်ကိုင်ထားခဲ့တဲ့ဝါဒဟာ Civil Disobidenceပါပဲ။ CDMနဲ့ ပက်သက်ပြီး ဒီရုပ်ရှင်မှာ ဖြစ်ရပ်မှန် သာဓကတွေအများကြီးပါပါတယ်။CDMကို ဒီရုပ်ရှင်သာမကြည့်ခဲ့မိရင် ဒီလောက်အထိစွမ်းမယ်လို့ လုံး၀ဥဿုံ ထင်ချင်မှလည်းထင်မိမှာပါ။ မိတ်ဆွေတို့ကိုတော့ မဆိုလိုဘူးပေါ့။ ဒါကျွန်တော့်ရဲ့တုံးအမှုပါပဲ။ဂန္ဒီပြောသလိုပါပဲ "သူတို့ ကျုပ်တို့ကို ကြိုက်တာလုပ်လို့ရပါတယ်။ ဒါပေမဲ့ ကျုပ်ရဲ့ နာခံမှုကိုတော့ ကျုပ်မပေး မချင်းသူတို့မရနိုင်ပါဘူး"CDMဟာ အင်အားချင်းမတုံ့ပြန်နိုင်တဲ့လူတွေအတွက် အကောင်းဆုံးလက်နက်ပါပဲ။မိတ်ဆွေ ဒီထက်နားလည်သွားမှာတွေအများကြီး ပိုပါပါသေးတယ်။ ဒါပေမဲ့ ကျွန်တော် မပြောပြတတ်ပါဘူး။ မပြောချင်တာ မဟုတ်ပါဘူး။နိုင်ငံရေးနဲ့ပက်သက်ပြီး ကျွန်တော် ဘာမှနားလည်တဲ့လူတော့ မဟုတ်ပါဘူး ဒါပေမဲ့ သေချာတာက ခင်ဗျား ဒီရုပ်ရှင်ကိုကြည့်ပြီး CDMအစစ်ရဲ့ သက်ရောက်မှုကို ကောင်းကောင်းကြီးသိသွားမှာပါ။ ဒါပါပဲ။ CDMနဲ့တစ်နိုင်ငံလုံး ပက်သက်နေတဲ့အချိန်မှာ ဒီရုပ်ရှင်ကို ကြည့်ဖြစ်အောင်ကြည့်လိုက်ကြပါ။ ကြည့်ကြစေချင်ပါတယ်။ ဒါကျွန်တော့်ရဲ့ စိတ်‌စေတနာအမှန်ပါပဲ။တစ်ခါတလေကျ ဒီကမ္ဘာကြီးမှာ ကျွန်တော်တို့ ဘာမှမတတ်နိုင်ပါဘူးလို့ ထင်ကောင်းထင်ရတဲ့ နေ့တွေရှိမယ်။ ကိုယ့်ဖြစ်တည်မှုရဲ့ သိမ်ဖျင်းသေးနုပ်မှုကို စိတ်ပျက်အားငယ်မိတဲ့နေ့တွေရှိမယ်။တစ်ခါတလေ ဒီကမ္ဘာကြီးက အဓိပ္ပာယ်မရှိပါဘူးလို့တွေးမိတဲ့ အခါတွေများမှာ အဓိပ္ပာယ်ရှိခဲ့တဲ့လူတစ်ယောက်ရဲ့ ဘ၀အကြောင်းကို သိထားတာဟာ ကျွန်တော်တို့ ဘာမှမတတ်နိုင်ဘူးထင်ရတဲ ကမ္ဘာကြီးမှာ မျှော်လင့်စရာကလေးတွေ ကျန်သေးကြောင်း အသိပေးကောင်းပေး နိုင်ပါလိမ့်မယ်။တကယ်လို့်များ မိတ်ဆွေစိတ်ပျက်အားငယ်မိရင် ဂန္ဒီပြောဖူးတဲ့စကားလေးတစ်ခုကို သတိရလိုက်ပါ။ " ...
movie
Gandhi (1982)
1982
Locked Down (2021) 5.0
Locked Down (2021) Locked Down (2021)================IMDb Rating - 5.0/10 ဒီ Locked Down ဆိုတဲ့ကားလေးက ကြည့်ရှူသူတွေကို ဇာတ်လမ်းခပ်အေးအေး Cast အလန်းစားတွေနဲ့ ဖြည်းဖြည်းချင်းရင်ထဲထည့်သွားစေမဲ့ကားလေး ဒီကားလေးကိုကြည့်ပြီးရင် Covid ကြောင့် ဖြစ်ရတဲ့အခြေအနေတချို့ကို ကွက်ကွက်ကွင်းကွင်းမြင်လာနိုင်မယ်။ဇာတ်လမ်းအကျဉ်းအရတော့ တဖြည်းဖြည်းယိုယွင်းပျက်စီးလာတဲ့ အိမ်ထောင်ရေးကြောင့် ခွာပြဲရတော့မဲ့ Linda နဲ့ Paxton ဟာCovid Lockdown ကြောင့် တစ်အိမ်တည်းမှာ ပိတ်မိနေကြတယ်။ ဘ၀ကိုအရိုင်းဆန်ဆန်ဖြတ်သန်းခဲ့တဲ့ Paxton နဲ့ တော်ပြီးထက်မြက်တဲ့ Linda တို့ အချိုးအကွေ့တစ်ခုမှာ ဆုံခဲ့ကြပေမဲ့ Paxton တစ်ယောက်ကတော့ တစ်ညမှာ သူလုပ်လိုက်တဲ့အမှားတစ်ခုကြောင့်ဒီလိုတွေ သူဘ၀ဆက်တိုက် ကံဆိုး‌နေရတာလို့ ထင်နေတယ်။ Linda ဆိုတဲ့အမျိုးသမီးလေးကလည်း အပြင်ပန်းကကြည့်ရင် အလုပ်အကိုင်ကောင်း ၀င်ငွေကောင်းပေမဲ့ စိတ်ဖိစီးစရာ စိတ်ရှုပ်စရာတွေအပြည့်ရှိနေတာကို အတူနေတဲ့ သူ့ရည်းစား Paxton မပြောနဲ့ တစ်ဦးတစ်လေတောင်မသိ၊ ဒီလိုနဲ့ ကံကြမ္မာကြောင့်ပဲလိုဆိုရမလား သူတို့ရဲ့ ...
movie
Locked Down (2021)
2021
Intrigo: Death of an Author (2020) 5.6
Intrigo: Death of an Author (2020) Intrigo: Death of an Author (2020)=========================#Unicodeဒီဇာတ်လမ်းအစပျိုးထားပုံက ဘာသာပြန်စာရေးဆရာတစ်ဦးဖြစ်တဲ့ ဟင်နရီက ဝေးလံခေါင်ဖျားဒေသကအဲလက်စ်ဆီကိုရောက်လာပြီး  သူရေးထားတဲ့ စာအုပ်အကြောင်းကိုပြောပြတာကနေ အစချီထားတယ်၊သူပြောပြတဲ့ ဇာတ်လမ်းအကြောင်းအရာတွေဟာ သူကိုယ်တိုင်ရဲ့အကြောင်းတွေလား ဆိုတာ အဲလက်စ်ကသုံးသပ်နေရင်း နားထောင်နေရင်း . ဇာတ်လမ်းလှည့်ကွက်တွေဟာ မြင့်တတ်လာသထက် မြင့်တတ်လာပါတယ်၊ဇာတ်လမ်းရဲ့နောက်ဆုံးအဆုံးသတ်ကတော့ ကြည့်ရှုသူရဲ့ရင်ထဲကိုထိစေမယ်လို့တော့ မျှော်လင့်မိပါသေးတယ်။ #Zawgyiဒီဇာတ်လမ်းအစပျိုးထားပုံက ဘာသာပြန်စာရေးဆရာတစ်ဦးဖြစ်တဲ့ ဟင်နရီက ဝေးလံခေါင်ဖျားဒေသကအဲလက်စ်ဆီကိုရောက်လာပြီး သူရေးထားတဲ့ စာအုပ်အကြောင်းကိုပြောပြတာကနေ အစချီထားတယ်၊သူပြောပြတဲ့ ဇာတ်လမ်းအကြောင်းအရာတွေဟာ သူကိုယ်တိုင်ရဲ့အကြောင်းတွေလား ဆိုတာ အဲလက်စ်ကသုံးသပ်နေရင်း နားထောင်နေရင်း . ဇာတ်လမ်းလှည့်ကွက်တွေဟာ မြင့်တတ်လာသထက် မြင့်တတ်လာပါတယ်၊ဇာတ်လမ်းရဲ့နောက်ဆုံးအဆုံးသတ်ကတော့ ကြည့်ရှုသူရဲ့ရင်ထဲကိုထိစေမယ်လို့တော့ မျှော်လင့်မိပါသေးတယ်။(ဒီဇာတ်ကားကို ဘာသာပြန်ရေးသားပေးသူကတော့ Z Naing Z Nianh ပဲဖြစ်ပါတယ်။) Quality – 720p  WEB-RIPDuration – 1 hrs 46 minsSubtitle – Myanmar HardsubFormat – Mp4Genre : ...
movie
Intrigo: Death of an Author (2020)
2020
Lucky Number Slevin (2006)
Lucky Number Slevin (2006) Lucky Number Slevin 2006===================IMDB rating – 7.7 / 10#Unicodeဒီဇာတ်ကားကတော့ Thriller , Drama , Action ပဲဖြစ်ပါတယ် မြင်းလောင်းပြိုင်ပွဲတစ်ခုကနေအစပြုပြီးတော့ မိသားစုတွေအကုန်အသတ်ခံရတယ် အဲ့ဒါကိုမကျေနပ်လို့ပြန်လက်စားချေတာပါ ဇာတ်ညွှန်းကိုအများကြီးမရေးတော့ပါဘူး ဇာတ်ကားမှာ Trick တွေအများကြီးပါလို့ပါ ပြောလိုက်ရင် ဇာတ်လမ်းအရသာ ပျက်သွားမှာသေချာပါတယ် ဇာတ်လမ်းကောင်းလားမကောင်ဘူးဆိုတာ Rating ကသက်သေပါပဲ ဇာတ်ကောင်တွေကတော့ နာမည်ကြီးမင်းသားကြီး Bruce Willis, Chinese-American သရုပ်ဆောင် Lucy liu အော်စကာဆုရှင် ဂရမ်မီဆုရှင် စတဲ့ဆုတွေရထားတဲ့ Ben Kingsley , နောက်တစ်ယောက်ကတော့ လူတိုင်းသိတဲ့ Morgan Freeman စတဲ့နာမည်ကြီးသရုပ်ဆောင်တွေပါတဲ့အတွက် ထပ်ညွှန်းဖို့တောင်မလိုတော့ပါဘူး မင်းသားကြီး Bruce Willis ကတော့ အခုနောက်ပိုင်းထွက်တဲ့ကားတွေမှာ သိပ်မအောင်မြင်ပေမယ့် အရင်တုန်းကရိုက်တဲ့ဇာတ်ကားတွေမှာ သိတဲ့အတိုင်းပါပဲ အဲ့တော့ ပေးလိုက်ရတဲ့အချိန်နဲ့ ထိုက်တန်တဲ့ဇာတ်ကားကောင်းတစ်ကားမို့လို့တင်ဆက်ပေးလိုက်ပါတယ်။#Zawgyiဒီဇာတ်ကားကတော့ Thriller , Drama , Action ပဲဖြစ်ပါတယ် မြင်းလောင်းပြိုင်ပွဲတစ်ခုကနေအစပြုပြီးတော့ မိသားစုတွေအကုန်အသတ်ခံရတယ် အဲ့ဒါကိုမကျေနပ်လို့ပြန်လက်စားချေတာပါ ဇာတ်ညွှန်းကိုအများကြီးမရေးတော့ပါဘူး ...
movie
2006
The Physician (2013) 7.2
movie
The Physician (2013)
2013
Night Hunter (2019) 5.8
Night Hunter (2019) The Nomis ကို​တော့ဒါရိုက်တာ David Raymond မှရိုက်ကူးထားပြီး Thriller အမျိုးအစားဖြစ်ပါတယ်။ Social Network ကို အသံ ဆယ်​ကျော်သက်အရွယ် အမျိုးသမီးငယ်​လေးများ ဆက်တိုက်​ပျောက်ဆုံးမှု မှုနဲ့ဇာတ်လမ်းကို စတင်ထားပါတယ်။ တရားခံဟု သံသယရှိသူ တစ်ဦး ကို ဖမ်းဆီးမိလာ​သော်လည်း စိတ်​ဝေဒနာရှင် တစ်ဦးဖြစ်​နေပြန်ပါတယ်။ တရားခံအစစ်မိ ဖမ်းမိလာတာလား တကယ့်အစစ်က အခြားတစ်​ယောက်လား ပျောက်ဆုံးသွားတဲ့အမျိူးသမီးလေးတွေကရော ဘာဖြစ်သွားကြလဲ ပျောက်သွားတာကလည်း ဘာလို့ ဆယ်ကျော်သက်အမျိူးသမီးလေးတွေဖြစ်နေတာလဲ တရားခံမှာရည်ရွယ်ချက်ရှိလားတကယ့်ရည်ရွယ်ကရော ဘာလည်း စသည်ဖြင့် မြှုပ်ကွက်များစွာဖြင့်ကား​ကောင်းတစ်ကားဖြစ်ပါတယ်။ IMDb ratingအ​နေဖြင့် 5.8/10 ရှိပြီး Triller ကြိုက်သူများအတွက် ကား​ကောင်းတစ်ကားဖြစ်ပါတယ်File size…(1.55 GB) and (725.26 MB) Quality…1080p Web-dl H264 FGT Format…mp4 Duration…1h 38min Subtitle….Myanmar Subtitle (Hardsub) Encoder…sithu Translator...Htet Htet Myint
movie
Night Hunter (2019)
2018
Spider in the Web (2019) 5.0
Spider in the Web (2019) ဒီကားကတော့ မင်းသားကြီးben kingsleyရဲ့ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်ဆီးရီးယားမှာဓါတုဓါတ်ငွေ့တွေနဲ့စစ်ပွဲဖြစ်နေတဲ့အချိန်ဘ်ာဂျီယံရဲ့လျှို့ဝှက်စစ်ဆင်ရေးနဲ့အတူဓါတ်ငွေ့သေနတ်ကိုရှာပုံတော်ဖွင့်ကြပါတယ်အဲဒီအချိန်မှာပဲသူ့ရဲ့ခေါင်းဆောင်ဗိုလ်ချုပ်ကိုဆီးရီးယားဘက်ကပြန်ပေးဆွဲသွားတဲ့အခါမှာ ဗိုလ်ချုပ်ကိုလည်းလိုက်ရှာရင်းတစ်ဖက်မှာလည်းခိုင်းတဲ့ပစ္စည်းကိုရှာပေးရပါတယ်ဒါပေမယ့်လည်း အဲဒီလိုလိုက်ရှာရင်းဗိုလ်ချုပ်ပြောခဲ့ဖူးတဲ့မိန်းမတစ်ယောက်နဲ့တွေ့ဆုံမိတဲ့အခါမှာပြီးတော့သူ့ကိုနောက်ကနေအမြဲလိုက်ပြီးစောင့်ကြည့်နေတဲ့သူကသူ့တစ်ချိန်ကအချစ်ဆုံးသူငယ်ချင်းရဲ့သားဖြစ်နေတဲ့အခါမှာနောက်ဆုံးမှာဒါတွေအားလုံးကိုချုပ်ကိုင်ထားတဲ့သူကိုသိလိုက်ရတဲ့အချိန်ဘာတွေဆက်ဖြစ်မလဲဆိုတာကြည့်လိုက်ပါဦးနော် Unicode==================ဒီကားကတော့ မင်းသားကြီးben kingsleyရဲ့ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်ဆီးရီးယားမှာဓါတုဓါတ်ငွေ့တွေနဲ့စစ်ပွဲဖြစ်နေတဲ့အချိန်ဘာ်ဂျီယံရဲ့လျှို့ဝှက်စစ်ဆင်ရေးနဲ့အတူဓါတ်ငွေ့သေနတ်ကိုရှာပုံတော်ဖွင့်ကြပါတယ်အဲဒီအချိန်မှာပဲသူ့ရဲ့ခေါင်းဆောင်ဗိုလ်ချုပ်ကိုဆီးရီးယားဘက်ကပြန်ပေးဆွဲသွားတဲ့အခါမှာ ဗိုလ်ချုပ်ကိုလည်းလိုက်ရှာရင်းတစ်ဖက်မှာလည်းခိုင်းတဲ့ပစ္စည်းကိုရှာပေးရပါတယ်ဒါပေမယ့်လည်း အဲဒီလိုလိုက်ရှာရင်းဗိုလ်ချုပ်ပြောခဲ့ဖူးတဲ့မိန်းမတစ်ယောက်နဲ့တွေ့ဆုံမိတဲ့အခါမှာပြီးတော့သူ့ကိုနောက်ကနေအမြဲလိုက်ပြီးစောင့်ကြည့်နေတဲ့သူကသူ့တစ်ချိန်ကအချစ်ဆုံးသူငယ်ချင်းရဲ့သားဖြစ်နေတဲ့အခါမှာနောက်ဆုံးမှာဒါတွေအားလုံးကိုချုပ်ကိုင်ထားတဲ့သူကိုသိလိုက်ရတဲ့အချိန်ဘာတွေဆက်ဖြစ်မလဲဆိုတာကြည့်လိုက်ပါဦးနော် File Size : (1 GB , 391 MB)Quality :  WEB-DL 720pRunning Time : 1 hr 53 minFormat : Mp4Genre : ThrillerSubtitle : Myanmar Subtitle (Hard Sub)Translated by PhueEncoded by Moe Myint Lwin
movie
Spider in the Web (2019)
2019
The Red Sea Diving Resort (2019) 6.2
The Red Sea Diving Resort (2019) The Red Sea Diving Resort (2019) ဆိုတဲ့ ဒီ စပိုင်ဇာတ်ကားလေးက တကယ့်အဖြစ်အပျက်ကို အခြေခံပြီး ရိုက်ကူးထားတာပါ။ 'အီသီယိုပီးယားနိုင်ငံက ဂျူးလူမျိုးတွေ ပြည်တွင်းစစ်ကြောင့် ဒုက္ခရောက်ရတဲ့အတွက် အစ္စရေးနိုင်ငံကို ထွက်ပြေးခဲ့ရပါတယ်။အစ္စရေးထောက်လှမ်းရေး မော့ဆက် က နိုင်ငံတကာက အေးဂျင့်တွေနဲ့ ဖွဲ့စည်းထားတဲ့အဖွဲ့ကို အစ္စရေးအေးဂျင့်တစ်ယောက်ဖြစ်တဲ့ အာရီ လီဗင်ဆင်က ဦးဆောင်ပြီးထွက်ပြေးလာကြတဲ့ စစ်ဘေးရှောင်ဒုက္ခသည်တွေကို ကူညီပေးတဲ့အကြောင်းလေးပါ။ကယ်ပုံကလည်း ဆန်းပါတယ်။သူတို့ အေးဂျင့်တစ်စုက အီသီယိုပီးယားနိုင်ငံနဲ့ ကပ်နေတဲ့ ဆူဒန်နိုင်ငံမှာ Red Sea Diving Resort ဆိုတဲ့ ဟိုတယ်ကို ဖွင့်ပြီးအဲဒီကနေ ဒုက္ခသည်တွေကို ရေလမ်းကနေ အစ္စရေးရေတပ်အကူအညီနဲ့ လွတ်မြောက်အောင် ကူညီပေးနေတာပါ။အထူးလေ့ကျင့်ထားတဲ့ လုပ်ကြံသတ်ဖြတ်ရေးသမား အေးဂျင့်တွေက ဟိုတယ်မှာ ဝန်ဆောင်မှုပေးနေရင်းဒုက္ခသည်တွေကို ထွက်ပြေးလွတ်မြောက်အောင် ဘယ်လိုကူညီခဲ့ကြလဲဆိုတာ ရင်တစ်မမ ...
movie
2019