Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Ben Graham
5.3
Christmas at Keestone (2024)
Christmas at Keestone (2024)IMDb Rating (5.3) အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်သူ John ဟာ ဇနီးဖြစ်သူ သေဆုံးသွားတဲ့အတွက် ဇနီးဖြစ်သူကို လွမ်းဆွတ်တဲ့စိတ်နဲ့ပဲ အတိတ်မှာ ပိတ်မိနေသူတစ်ယောက်ပါ။ဇနီးဖြစ်သူကိုအမှတ်ရတဲ့စိတ်နဲ့ပဲအားလပ်ရက်ပိတ်ရက်တိုင်းမှာ Loretto နယ်ဘက်က နာမည်ကြီးအပန်းဖြေစခန်းတစ်ခုဖြစ်တဲ့ Keestone အပန်းဖြေစခန်းဘက်ကို နှစ်တိုင်း လာတည်းလေ့ရှိပါတယ် ။Madeline ကတော့ သူငယ်ချင်းဖြစ်သူ Whisper နဲ့အတူ အပန်းဖြေစခန်းမှာပဲအတူတူအလုပ်ဝင်လုပ်ရင်း ကွတ်ကီးလည်းဖုတ်ရောင်းပါသေးတယ်။သူဖုတ်သမျှကွတ်ကီးတိုင်းဟာ ဆွေမျိုးမေ့နိုင်လောက်တဲ့လက်ရာကိုပေးစွမ်းလို့ အပန်းဖြေစခန်းကိုလာတည်းသူတိုင်းရဲ့ လက်စွဲတော်ဆိုလည်းမမှားပါဘူး။ရိုးသားကြိုးစားတဲ့ မက်ဒလင်းနဲ့ ဇနီးဖြစ်သူကိုမမေ့နိုင်တဲ့ အတိတ်မှာပိတ်မိနေသူ ဂျွန်တို့နှစ်ယောက် keestone အပန်းဖြေစခန်းမှာ ဖူးစာဆုံတွေ့ဆုံကြုံကြိုက်ကြပြီး အချစ်ပန်းပွင့်များ ဘယ်လိုတွေ ပွင့်လန်းလာမလဲဆိုတာကို romantic နဲ့ comedy ရောနှောပြီး ကြည့်ရှုခံစားနိုင်မှာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Myat Noe Yamone ဖြစ်ပါတယ်။)File size…(1.4 GB) / (650 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy,Drama,Romance Duration….01:23:30 Subtitle….Myanmar ...
movie
Christmas at Keestone (2024)
2024
Pardoned by Grace (2023)
Pardoned By Grace (2023)ဒီကားကတော့ 2023 မှာထွက်ရှိထားပြီး ဖြစ်ရပ်မှန်ကို အခြေခံရိုက်ထားတဲ့ Pardoned By Grace ဆိုတဲ့ ဒရာမာကားလေးပဲဖြစ်ပါတယ်။~ ဇာတ်လမ်းအညွှန်း ~အသက်ကြီးလာတာနဲ့အမျှ ပိုပိုဆိုး ပိုပိုမိုက်လာလို့ အဖေကအစ ဘုရားကို ဆုတောင်းရင် သူ့သားဘယ်တော့မှ အိမ်ပြန်မလာပါစေနဲ့လို့ ဆုတောင်းရလောက်အောင် မိုက်တဲ့ စကော့ ဟိုင်းဘာဂါ...မြို့ကရဲတွေကအစ မှတ်မိနေရလောက်အောင် ပြစ်မှုတစ်ခုလွတ်တာနဲ့ နောက်ပြစ်မှုတစ်ခုလုပ်ဦးမှာပဲဆိုတဲ့အမြင်နဲ့ အမြဲနောက်ယောင်ခံလိုက်ဖမ်းရလောက်အောင် ဒုစရိုက်မှုမှာနာမည်ကြီးတဲ့စကော့ဟိုင်းဘာဂါ...ပြစ်မှုကျူးလွန်ပြီးတိုင်းလည်း သူလုပ်တဲ့ပြစ်မှုကို ငြင်းဆန်လေ့မရှိဘဲ တရားရုံးမှာ အပြစ်ရှိကြောင်း အမြဲဝန်ခံတာမို့ ရှေ့နေတွေလက်မမြောက်လိုက်ရတဲ့ စကော့ဟိုင်းဘာဂါ...တစ်နေ့ထောင်ကျနေတုန်း ဘာသာရေးသမား တစ်ယောက်နဲ့ စကားစပ်မိရင်း ဘာသာရေးလိုက်စားမိတဲ့အခါ လူတွေ အံ့သြလောက်အောင် ဘယ်လိုတွေပြောင်းလဲသွားလဲ... လူတစ်ယောက် ဘယ်လောက်ထိပြောင်းလဲနိုင်စွမ်းရှိ ကြောင်း... ဆိုတာကို ရိုက်ကူးပြသထားတဲ့ ဖြစ်ရပ်မှန် ဒရာမာကားလေးတစ်ကားပဲဖြစ်ပါတယ်။(ဒီဇာတ်ကားနဲ့အညွှန်းကို DB မှ ပြန်ဆို ရေးသားထားပါတယ်)Size - 2GB, 810MB Quality - ...
movie
Pardoned by Grace (2023)
2022