Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Batu Ying
5.9
He Is My Brother ( 2023 )
အော်တစ်ဆင် Austin ဆိုတာ ကလေးဘဝမှာ ဦးနှောက်အာရုံကြောဖွံဖြိုးမှု ဆိုင်ရာနှောင့်နှေးတဲ့ ချို့ယွင်းချက်ဖြစ်ပါတယ်။ ဒီလိုလူတွေဟာ သာမန်နေ့စဉ်ဘဝမှာလိုက်လျောညီထွေဖြစ်အောင် ဘယ်လိုကြိုးစားရတယ် သူတို့တွေကိုဘယ်လိုဖေးမသင့်တယ်ဆိုတာကို ရိုက်ကူးထားတဲ့ ညီအကိုသံယောဇဉ်ကားလေးပဲဖြစ်ပါတယ်။အော်တစ်ဆင်ဝေဒနာရှင်အစ်ကိုတစ်ယောက်ကို စောင့်ရှောက်ရင်း ကြိုးစားရုန်းကန်နေရတဲ့ လူငယ်လေးတစ်ယောက်ရဲ့ ဘဝဟာဘယ်လိုတွေခက်ခဲနေခဲ့သလဲ…… သူကသူ့အစ်ကိုကြောင့်ဘဝကြီးဟာတက်လမ်းမရှိ ပိတ်လှောင်ခံနေရတယ်လို့ ခံစားနေခဲ့ရတယ်……တကယ်တမ်းပြဿနာကြုံလာတော့ သူတို့ဟာအချင်းချင်းမှီခိုနေကြတာပဲဖြစ်ပြီး အစ်ကိုဆိုတာသူရဲ့အိမ်ပဲဆိုတာနားလည်လိုက်ရပါတော့တယ်…… Filesize : 1.10 GB / 656 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Drama Runtime : 1h 10 min Subtitle : Myanmar Subtitle ( Hardsub ) Translated & Reviewed By Nu Mon Encoded by LK
movie
He Is My Brother ( 2023 )
5.8
Li Bai’s Adventure in Chang An ( 2019 )
ဒါကတော့ ထန်ခေတ်ကနာမည်ကြီး ကဗျာဆရာဖြစ်တဲ့လီပိုင်ကို ဓားသမားတစ်ယောက်အဖြစ်သူရဲကောင်းဆန်ဆန် ရိုက်ပြထားတဲ့ဇာတ်ကားဖြစ်ပါတယ်။ဒီကားမှာတော့ လီပိုင်ကို ကဗျာပါရမီအပြင် ဓားစွမ်းပါထက်တဲ့ ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်အဖြစ်ပုံဖော်ထားပါတယ်။ လီပိုင်က သေရည်လေးသောက်လိုက် ကဗျာလေးရေးလိုက် မိန်းကလေးတွေကိုကျီစယ်လိုက်နဲ့ ပေါ့ပေါ့ပါးပါးနေရတာကို ကြိုက်တဲ့သူတစ်ယောက်ဖြစ်ပေမယ့် မတရားမှုနဲ့ကြုံလာရင်တော့ တရားတဲ့ဘက်ကနေ ဝင်ပါတတ်တဲ့သူတစ်ယောက်ဖြစ်တယ်။သူကရာထူးရာခံတွေကိုစိတ်မဝင်စားပေမယ့် သူငယ်ချင်းဖြစ်သူကြောင့် ချန်အန်းမြို့တော်ကိုအတူလိုက်လာခဲ့တယ်။ သူ့ရဲ့စူးစမ်းလိုစိတ်ကြောင့် မထင်မှတ်ပဲ ပြဿနာအရှုပ်အထွေးကြားထဲရောက်သွားပြီး တိုင်းပြည်ရေးအတွက် အန္တရာယ်ကြုံလာတဲ့အခါ မနေသာပဲ တရားမျှတတဲ့ဘက်ကနေ တိုင်းပြည်အပေါ်တာဝန်ကျေသွားတဲ့ဇာတ်လမ်းပဲဖြစ်ပါတယ်။ Filesize : 887 MB / 532 MB Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Adventure Runtime : 1h 9 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie
Li Bai’s Adventure in Chang An ( 2019 )
6.1
True and False Jigong ( 2023 )
“မိစ္ဆာတွေကို နှိမ်နင်း / အားနည်းသူတွေကိုကူညီပေးပြီး ပြည်သူတွေရဲ့ အချစ်ကို ရရှိနေသူ ၊ မသေမျိုးကျင့်စဥ်ရရှိဖို့ ကျင့်ကြံနေသူ ၊ တောင်ပေါ်မှာပဲ သီတင်းသုံးနေထိုင်တတ်သူ ဘုန်းတော်ကြီး - ကျိကုန်း”“ရုပ်ဆိုးလွန်း၍ အားလုံးက မိစ္ဆာတစ်ကောင်လိုသတ်မှတ်ခြင်းခံနေရသူ ၊ ဆိုးဝါးလွန်းတဲ့ မျက်နှာကြောင့် အားလုံးရဲ့ အပယ်ခံဖြစ်ပြီး အ ထီးကျန်နေရသူ ၊ ပြည်သူတွေရဲ့ ချစ်ခြင်းကို ခံရဖို့ ကြိုးစားနေသူ - ဟွမ်ယွမ်”လွန်ခဲ့တဲ့ အနှစ် ၂၀ က ဘုန်းတော်ကြီး ကျိကုန်းဟာ မြွေမိစ္ဆာမောင်နှမကိုနှိမ်နှင်းရင်း အစ်ကိုဖြစ်သူကို သတ်ပစ်ခဲ့မိပါတယ် ။ ကျန်တဲ့ မိစ္ဆာညီမလေးကိုတော့ အမှားတွေပြန်လည်ပြင်ဆင်ပေးဖို့ လွှတ်လိုက်ပေမဲ့ တကယ်တမ်းမှာတော့ အဲဒီမိစ္ဆာမဟာ အစ်ကိုဖြစ်သူအတွက် လက်စားပြန်ချေဖို့ ကြိူးပန်းနေခဲ့ပါတယ် ။ဒီလိုနဲ့ နှစ် ၂၀ ကုန်ဆုံးလာခဲ့ပြီး ပိုင်ရွှိန်မြို့တော်မှာထူးဆန်းတဲ့ ကိစ္စတွေဖြစ်ပေါ်လာခဲ့ပါတော့တယ် ။ ဒါတွေကို ဖြေရှင်းဖို့ အတွက် ဘုန်းတော်ကြီး ကျိကုန်းဟာ ပိုင်ရွှိန်မြို့တော်ကိုရောက်လာခဲ့ပေမဲ့ ၎င်းမြို့တော်မှာ သူနဲ့ ချွတ်စွပ်တူတဲ့ နောက်တဲ့ ကျိကုန်းတစ်ယောက်ကိုတွေ့လိုက်ရပါတော့တယ် ။❏ ဘုန်းတော်ကြီး ကျိကုန်းတစ်ယောက်ဘယ်လိုရင်ဆိုင်မလဲ ...
movie
True and False Jigong ( 2023 )