Channel Myanmar

Barron Boedecker

Alien Hunt (2024) 4.3
Alien Hunt (2024)   Alien Hunt (2024)အမ်မလီဟာ မြို့ကြီးပြကြီးက အလုပ်မှာအဆင်မပြေတာကြောင့် နယ်မှာရှိတဲ့ သူ့အိမ်ကိုခဏပြန်လာရင်းအစ်ကိုတစ်သိုက်နဲ့အတူတောအုပ်ထဲကိုစိတ်ပြေလက်ပျောက်အမဲလိုက်ခရီးထွက်ခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲ သူတို့သွားမယ့်တောအုပ်ထဲမှာ အမျိုးသားအစောင့်တပ်ဖွဲ့အမည်ခံ သိပ္ပံပညာရှင်တစ်ယောက်နဲ့သူ့လက်ပါးစေအမျိုးသမီးဆာဂျင်တစ်ယောက်တို့ဟာ လျှို့ဝှက်သိပ္ပံစမ်းသပ်မှုတစ်ခုကိုလုပ်ဆောင်နေပြီးတောအုပ်ထဲဝင်လာတဲ့သူတွေကို သူတို့လျှို့ဝှက်ချက်ကိုသိသွားမှာစိုးလို့ နူတ်ပိတ်ရှင်းပစ်တတ်ပါတယ်။အမ်မလီဟာ အစ်ကိုတစ်သိုက်နဲ့အတူ တောအုပ်ထဲအရောက်မှာတော့ သူတို့လိုက်စရာ အမဲတိရိစ္ဆာန်တစ်ကောင်တစ်မြီးမှမတွေ့ရပဲ အန္တရာယ်ကြီးအင်အားကြီးတဲ့ အမည်မသိသတ္တဝါတစ်ကောင်နဲ့အပြန်အလှန်အမဲလိုက်တမ်းကစားရဖို့ဖြစ်လာပါတော့တယ်။(အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ပဲဖြစ်ပါတယ်။)File size…(1.9 GB) / (780 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Duration….01:21:18 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Alias
movie

Alien Hunt (2024)

2024
The Bigfoot Trap (2023)
The Bigfoot Trap (2023) The Bigfoot Trap (2023)ဒီဇာတ်လမ်းထဲမှာဆိုရင်ဖြင့် အမေရိကတိုက်တစ်ဝှမ်း အယူသီးတဲ့သူတွေကို လိုက်အင်တာဗျူးပြီး သူတို့ဘယ်လိုမိုက်မဲကြောင်းကို ဗီဒီယိုလုပ်ပြီး အရှက်လိုက်ခွဲတဲ့ ဂျော့ရှ်ဆိုတဲ့ သတင်းထောက်တစ်ယောက်ရှိပါတယ်။ တစ်နေ့မှာ သူ့အလုပ်ရှင်က Bigfoot ကို ရှာတွေ့တော့မယ်လို့ ကြုံးဝါးနေတဲ့ ရက်ဒ်ဆိုတဲ့ လူဆီကို အလိမ်ဖော်ဖို့အတွက်ဆိုပြီး လွှတ်လိုက်ပါတယ်။အစပိုင်းမှာတော့ ဂျော့ရှ်က ဒီလူလိမ်နေတာပဲဆိုပြီးတော့ သူရလာသမျှသဲလွန်စတွေကို လိုက်ပြီးအဖျက်အမှောင့်လုပ်ပါတော့တယ်။ ဒါပေမဲ့ တစ်နေ့ကျ ဂျော့ရှ်ဟာ ရက်ဒ်ရဲ့ သူငယ်ချင်းကို မတော်တဆသတ်မိသွားပါတယ်။ အဲဒီအချိန်ကစပြီး ဂျော့ရှ်တစ်ယောက်ကံဆိုးမိုးမှောင်တွေကျ အဖြစ်ဆိုးပေါင်းများစွာနဲ့ ဆက်တိုက်ကြုံတွေ့ခဲ့ရပါတယ်။ နောက်ဆုံးမှာ ဂျော့ရှ်ဟာ တကယ်ရှိနေခဲ့တဲ့ Bigfoot ကို ရှာမတွေ့သွားပေမဲ့လည်း လူ့ဘဝရဲ့ အဓိပ္ပါယ်ကို အသက်နဲ့ရင်းပြီးသိသွားခဲ့ရပါတယ်။ဒီဇာတ်ကားရဲ့နာမည်ကို The Bigfoot Trap ဆိုပြီးနာမည်ပေးထားပေမဲ့ Bigfoot နဲ့ ပတ်သက်တဲ့အကြောင်းအရာတွေအပြင် လက်တွေ့ဘဝ သင်ခန်းစာတွေကိုပါ ထည့်ပေးထားပါတယ်။ လူတွေဟာ ကိုယ့်ရဲ့ ကံဇာတာမြင့်နေတဲ့အချိန်မှာ အောက်ခြေလွတ်သွားတတ်ကြပါတယ်။ လောကဓံတရားကို ...
movie

The Bigfoot Trap (2023)

2023