Channel Myanmar

Balaji Sakthivel

Kudumbasthan (2025) 7.0
Kudumbasthan (2025) Kudumbasthan (2025)"အိမ်ထောင်ဦးစီး" \================================ အသစ်ထွက်ထားတဲ့ တမီလ်စကားပြော မိသားစုဟာသရုပ်ရှင်လေးကိုပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ ဇတ်လမ်းကတော့ ဇာတ်မြင့်ကောင်လေး နာဗင်းန်နဲ့ ဇာတ်နိမ့်ကောင်မလေးဗန်နီလာကိုကောင်လေးရဲ့သူငယ်ချင်း ယစ်ထုပ်ကြီးတွေက မိဘသဘောမတူဘဲ လက်ထပ်ပေးလိုက်ရာကနေစပါတယ်။ သူတို့နှစ်ယောက် လက်ထပ်ပြီးတဲ့အခါနာဗင်းန်ရဲ့မိဘတွေအိမ်မှာနေကြပါတယ်။ ဒါပေမဲ့ နာဗင်းန်ရဲ့အမေက ယောက္ခမအများစုရဲ့ထုံးစံ ချွေးမဖြစ်တဲ့ ဗန်နီလာကို ကြည့်မရပါဘူး။အဲဒီလို မိန်းမနဲ့ အမေကြား လိုက်ညှိပေးရင်းဗျာများနေတဲ့အပြင် အစ်မရဲ့ယောက်ျားဖြစ်တဲ့ ယောက်ဖဖြစ်သူနဲ့လည်း မတည့်တဲ့နာဗင်းန်ဟာအလုပ်မှာပါပြဿနာတက်ပြီး အလုပ်ပြုတ်သွားတဲ့အချိန် ဖိအားပေါင်းစုံခံစားရပုံကို တမင်ရယ်ရအောင် ရိုက်ကူးတင်ဆက်ထားတဲ့ မိသားစုဟာသရုပ်ရှင်လေးပဲဖြစ်ပါတယ်...။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။) File size…2.7 GB / 1.2 GB Quality…WEB DL 1080p HEVC /720p Format…mkv/mp4 Duration….2h 34min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Kudumbasthan (2025)

Sorgavaasal (2024) 7
Sorgavaasal (2024) Sorgavaasal (2024) "ကောင်းကင်တံခါးဝ"IMDb 6.9အသစ်ထွက်ရှိထားတဲ့ တမီးလ် အကျဉ်းထောင် ဒရာမာရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်အိန္ဒိယနိုင်ငံက နာမည်ကျော် ရေဒီယိုတင်ဆက်သူနဲ့ သရုပ်ဆောင် RJ Balaji နဲ့ မင်းသမီး Saniya Iyappan တို့ပါဝင်တာဖြစ်ပြီး ဇာတ်လမ်းအကျဉ်းကတော့ ဒီဇင်ဘာလ ၂၀ ရက်နေ့မှာ လူ ၄၅ ယောက်သေဆုံး၊ အကျဉ်းသား ၆ ယောက် လွတ်မြောက်သွားတဲ့ ရုန်းရင်းဆန်ခတ်ဖြစ်ရပ်ကို စုံစမ်းစစ်ဆေးရန် အရာရှိတစ်ယောက်ရောက်လာပါတယ်အဖြစ်အပျက်အားလုံးနောက်ကွယ်မှာ လူသတ်မှုနဲ့ ထောင်ကျခဲ့တဲ့ ပါသီဘန်ဆိုတဲ့ ကောင်လေးရှိတယ်လို့ ပြောဆိုကြပြီး ဆစ်ဂါဆိုတဲ့ ထောင်တွင်းလူမိုက်တစ်ယောက်နဲ့ ပါသီတို့ပတ်သက်နေတယ်လို့လည်း ဆိုပါတယ်ပုံပန်းအသွင်အပြင်အရ လူသတ်သမားလို့ ထင်စရာမရှိဘဲ ပါသီဘန်ကတကယ်ပဲ ပြစ်မှုကျူးလွန်ခဲ့တာလား အပြစ်မရှိဘူးလား အကျဉ်းထောင်တွင်းက ဘဝအချိုးအကွေ့တွေကို ပရိသတ်ကြီးဆက်လက်ကြည့်ရှုကြပါဦးအညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ် File size… 1.9 GB / 981 MB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 15m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated ...
movie

Sorgavaasal (2024)

Nandhan (2024) 7.9
Nandhan (2024) Nandhan 2024 "ကျေးရွာအုပ်ချုပ်ရေးမှူး" IMDb - 8.9/10အသစ်ထွက်ရှိလာတဲ့ ကျေးလက်အငွေ့အသက်အပြည့်နဲ့ ဇာတ်အနိမ့်အမြင့်တွေခွဲခြားခံရတဲ့ အဖိနှိပ်ခံလူတန်းစားတစ်ရပ်ရယ် ရာထူးလိုချင်သူတွေကြားက ပြဿနာတွေ နောက်ပြီး နင်းပြားတွေရဲ့ဘ၀ ဖိနှိပ်ခံရမှုတွေကိုမီးမောင်းထိုးပြထားတဲ့ တမီးလ်ရုပ်ရှင်ကို တင်ဆက်ပေးလိုက်ပါတယ်။ဗာနန်ဂန်ကူဒီကျေးရွာမှာ ရွာသူကြီးနေရာအတွက် ရွေးကောက်ပွဲလုပ်ဖို့စီစဉ်နေကြပါတယ်။ စီစဉ်နေကြပါတယ်လို့ ပြောပေသိ ဆယ်စုနှစ်တစ်ခုလောက်အုပ်စိုးခဲ့တဲ့ ဇာတ်မြင့်က ရွာသူကြီး ကိုပူလင်ဂမ်ကပဲဆက်လက်တင်မြှောက်ခံရဖို့များနေပါတယ်။ဒါပေမဲ့ သတ်မှတ်ချက်တစ်ခုကြောင့် ရွာသူကြီးနေရာ ဝင်အရွေးခံလို့မရတဲ့အချိန်မှာတော့ သူ နှိမ်ချပြီး အောက်တန်းစားလို့သတ်မှတ်ထားတဲ့ သူ့အိမ်က အိမ်အကူ ကိုဇ်ပါနန်ကို ရွာသူကြီးနေရာပေးဖို့ ကြံစည်တဲ့အခါမှာတော့။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်) File size… 2.4 GB / 1.17 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….1h 50m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK  Translated by CM Bollywood Team
movie

Nandhan (2024)

Idi Minnal Kadhal (2024) 7.5
Idi Minnal Kadhal (2024) Idi Minnal Kadhal (2024) လမ်းမထက်က ဘဝများစွာလမ်းမပေါ်မှာ နေ့စဉ်သွားလာနေတဲ့လူတွေလည်းအများကြီး ။ ဖြတ်သန်းနေတဲ့ ယာဉ်ပေါင်းကလည်းအမျိုးအစားအစုံ ။ ဒီလိုရှုပ်ထွေးများပြားလွန်းတဲ့လမ်းမပေါ်မှာ ယာဉ်တစ်စီးနဲ့ လူတစ်ယောက် ၊ ယာဉ်အချင်းချင်း ထိခိုက်ပျက်စီးသေကြေကြတာ မဆန်းပေမဲ့ မတော်တဆမှုတစ်ခုကြောင့် ထိခိုက်သွားတဲ့ဘဝတွေက တစ်ခု တစ်မိသားစုမက....။အိပ်မက်တွေအပြည့်နဲ့ အနာဂတ်အတွက်လျှောက်လှမ်းကြမဲ့ ချစ်သူနှစ်ဦး တစ်နေ့မှာ လူတစ်ယောက်ကို ကားနဲ့ဝင်တိုက်မိခဲ့တယ် ။ ကိုယ့်ကြောင့် လူတစ်ယောက်သေရတယ်ဆိုတဲ့ အပြစ်တင်စိတ်က တစ်ဖက် အသင့်ဖြစ်နေတဲ့အနာဂတ်ခရီးကတစ်ဖက် သူတို့ဘယ်လမ်းကို ရွေးချယ်ကြမလဲ...။သေသွားတဲ့လူမှာလည်း အဖေကိုခင်တွယ်ရှာတဲ့သားတစ်ယောက်နဲ့ကျန်နေခဲ့တယ် ဒီအက်ဆီးဒင့်နဲ့ပတ်သတ်ပြီး နောက်ထပ်ဆက်နွှယ်လာတဲ့သူတွေ ကံကြမ္မာက အခိုက်အတန့်တစ်ခုမှာ ဘဝများစွာရဲ့ အနာဂတ်ကိုတစ်ဆစ်ချိုးပြောင်းလဲလိုက်ပေမဲ့ ဒီလူတွေက ကံစီမံရာအတိုင်းပဲနေလိုက်ကြမလား ကံကြမ္မာကို ကိုယ်တိုင်ဖန်တီးရင်ဆိုင်ကြမလားဆိုတာတော့.....အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ CM Bollywood Team မှပဲဖြစ်ပါတယ် File size…2.2GB / 953MB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 11m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team 
movie

Idi Minnal Kadhal (2024)

2024
Paramporul (2023) 9.2
Paramporul (2023) Paramporul (2023) - ငွေရဲ့ကျေးကျွန်များ IMDb - 9.3/10ဘဝမှာ အလိုအပ်ဆုံးအရာကဘာလဲလို့ မေးလာခဲ့ရင် အချစ်လို့ဖြေတဲ့လူရှိမယ်။ မိသားစု၊ ပျော်ရွှင်မှု၊ မေတ္တာ အစရှိသဖြင့် အမျိုးမျိုးဖြေကြပါလိမ့်မယ်။ ဒါပေမဲ့ ဘယ်သူတွေဘာဖြေဖြေ ကျွန်တော်တို့တွေဟာ ငွေဆိုတဲ့အရှင်သခင်ကို နေ့စဉ်ခစားနေရဆဲဆိုတာကိုတော့ ဘယ်သူမှမငြင်းနိုင်ကြပါဘူး။ဇာတ်လမ်းအကျဉ်းအာဒီဟာ သားကြီးတစ်ယောက်ပီပီ ရောဂါသည်းနေတဲ့ ညီမဖြစ်သူကို ဆေးကုပေးချင်စိတ်ပြင်းပြနေပါတယ်။ ဖြစ်ချင်တော့ အာဒီဟာ လွန်ခဲ့တဲ့ ၇ နှစ်ကအထိ ဆာဂူနမ်ဆိုတဲ့ ရှေးဟောင်းရုပ်တုရောင်းဝယ်ရေးက ဆရာတစ်ဆူရဲ့လူယုံဖြစ်ခဲ့တော့ မျိုးမျိုးမြတ်မြတ်စားရပေမဲ့ ဆာဂူနမ်ကလည်းသေ အလုပ်လက်မဲ့လည်းဖြစ် ဆေးကုသစရိတ်ကလည်းထောင်းဖြစ်နေတော့ အာဒီတစ်ယောက် အကြံအိုက်နေပါပြီ။ အာဒီတစ်ယောက် ဘာလုပ်နေမှန်းမသိတဲ့ မိသားစုဝင်တွေကလည်း စိတ်ပူလို့တစ်ဖုံ အားမရလို့တစ်ဖုံ ဆူပူရေရွ‌တ်နေကြတာပေါ့။ဒီလိုနဲ့ အကြံကုန်ဂဠုန်ဆားချက်အာဒီတစ်ယောက် တွေ့ရာအိမ်တစ်အိမ်ဝင်အခိုးမှာ ကျားရှေ့‌မှောက်လျက်လဲပြီး အင်စပက်တာမိုင်သရီရန်ရဲ့အိမ်ကိုမှ တည့်တည့်ဝင်ခိုးမိတော့ ဖမ်းခံလိုက်ရပါတော့တယ်။ ထောက်လှမ်းရေးဘက်ကရထားတဲ့ သဲလွန်စကနေ ရှေးဟောင်းရုပ်တုရောင်းဝယ်ရေးအကြောင်းစစ်‌ဆေးမေးမြန်းရာက ကံဆုံဖို့ဖြစ်လာတဲ့ သူတို့နှစ်ယောက် ကုဋေချီတန်တဲ့ ရုပ်တုရောင်းဝယ်ရေးမှာ ပါဝင်ပတ်သက်ဖို့ဖြစ်လာတဲ့အခါ...တာဝန်သိစိတ်နဲ့ မျိုးရိုးစဉ်ဆက်‌ကောင်းစားနိုင်တဲ့ မက်လောက်စရာ ငွေပမာဏကြား လွန်ဆွဲနေတဲ့ရဲအရာရှိနဲ့ ညီမဖြစ်သူကို သေခင်းတံခါးဝက ငွေထုပ်နဲ့ပေါက်ပြီးပြန်ဆွဲမယ့်အာဒီတို့ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ ကြည့်ရှုခံစား အားပေးကြပါဦး။(အညွှန်းနဲ့ ဘာသာပြန်ကတော့ Alex ~ KKKZ ~ Aditi ...
movie

Paramporul (2023)

2023
Maaveeran (2023) 7.5
Maaveeran (2023) Maaveeran (2023) IMDb-7.5/10ခဏခဏတောင်းဆိုနေကြတဲ့ Maaveeranဆိုတဲ့ ကြီးမြတ်သောသူရဲကောင်းဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါပြီ။ အက်ရှင်မင်းသားချော ရှီဗက်ကာသီကီရန် အဓိကနေရာကပါဝင်ထားပြီး တွဲဖက်သရုပ်ဆောင် ဟာသမင်းသားကြီး ယိုဂီဘာဘူနဲ့အတူ တောင်ပိုင်းစတား မင်းသားကြီးဗီဂျေးစည်သူပတီကနေ နောက်ခံစကားပြောတဲ့သူအနေနဲ့ ပါဝင်ထားပါတယ်။ဇာတ်လိုက်က ဆပ်တရာ။ဆပ်တရာက မထင်မရှားကာတွန်းဆရာ။ဘယ်လောက်ထိမထင်ရှားလဲဆို သတင်းစာတစောင်မှာ ရှဲဒိုးရေးပေးရတာ။(ရှဲဒိုးဆိုတာ သူကသာရေးရတာ နာမည်ခံထားတာကတယောက်။) နောက်ပြီး ငကြောက်။"ရန်လိုလာရင် အရှုံးပေးနှလုံးအေးစေ၏"ဆိုတဲ့စကားကို လက်ကိုင်ထားပြီး ဘာနေနေ "နေပါစေ ထားလိုက်ပါ ပြီးသွားမှာပဲ"ဆိုပြီးနေတဲ့သူ။နိုင်ငံရေးသမားတွေရဲ့ အမြတ်ထုတ်နိုင်ငံရေးကစားတဲ့လှည့်ကွက်တွေကြောင့်နဲ့ ဘိုးစဉ်ဘောင်ဆက်နေလာတဲ့ အိမ်လေးတွေကိုစွန့်ထားခဲ့ရပြီး သူတို့ချပေးတဲ့တိုက်ခန်းမှာသွားနေကြရတယ်။ လက်နဲ့ထိရင်ကြွေဆိုတဲ့အတိုင်း သံတချောင်းရိုက်ရုံနဲ့ နံရံပြိုကျပြီး ဘေးအခန်းနဲ့တသားတည်းဖြစ်မဲ့တိုက်ခန်းမှာနေကြရင်း တနေ့မှာတော့....။ ဇာတ်လိုက်ကျော်ငကြောက်ကြီး ခေါင်းမှာဒဏ်ရာရပြီး သူတို့ရဲ့ကံကြမ္မာတွေဘယ်လိုအလှည့်အပြောင်းဖြစ်သွားမလည်းဆိုတာ ဇာတ်ကွက်ဇာတ်လမ်းခပ်ဆန်းဆန်းနဲ့ရှုစားကြရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ V~YH~Zwe~Cherry~Moon~BpLတို့ပဲဖြစ်ပါတယ်) File size…2.8GB / 1.25GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 43m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by V~YH~Zwe~Cherry~Moon~BpL
movie

Maaveeran (2023)

2023
Good Night (2023) 8.4
Good Night (2023) Good Night 2023ဒီတစ်ခေါက်မှာတော့ IMDb - 8.3/10 ထိရရှိထားတဲ့ တမီးလ် မိသားစုဒရမ်မာကားကောင်းတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ သရုပ်ဆောင်တွေအနေနဲ့ Jai Bhim၊ Vikram Vedha ဇာတ်ကားတွေထဲက မင်းသား Manikandan နဲ့ မင်းသမီးချော Meetha တို့ကအတွဲညီညီသရုပ်ဆောင်ထားတာပါ။ဇာတ်လမ်းအကျဉ်း မိုဟန်တို့အိမ်ဟာ မိသားစု‌ဝင်တွေအများကြီးနဲ့ သိုက်သိုက်ဝန်းဝန်းရှိလှတဲ့ မိသားစုတစ်ခုပါ။ အချင်းချင်းစည်းလုံးကြပြီး တစ်ယောက် ပြဿနာတစ်ယောက်ဖြေရှင်းကြရင်းပေါ့။ သို့ပေမဲ့မိုဟန်မှာ မိသားစုဝင်တွေ သည်းမခံနိုင်လောက်အောင်ဆိုးတဲ့ အကျင့်တစ်ခုရှိပါတယ်။ အဲဒါကတော့ ဟောက်တတ်တာပါပဲ။အဲအကျင့်ကြောင့်လည်း စော်ငြင်းကောင်ဖြစ်နေရတဲ့သူပါ။ တစ်နေ့မှာ ယောက်ဖဖြစ်သူနဲ့ ရေပိုက်လိုက်ပြင်ရင်း အာနူးဆိုတဲ့သနားစရာကောင်မလေးနဲ့ တွေ့ဆုံပြီး၊ နှစ်ယောက်သားစုံမက်သွားကြတဲ့အခါ အာနူးခင်ဗျာ မိုဟန်ကိုသည်းခံနိုင်ပါဦးမလား၊ နှစ်ယောက်သား ဘယ်လိုနားလည်မှုယူကြမှာလဲ....သူတို့ခင်ဗျာညတိုင်း "Good Night " ဖြစ်နိုင်ပါဦးမလားဆိုတာ "Good Night"ဇာတ်ကားမှာပဲအဖြေရှာပြီး အပန်းဖြေကြည့်ရှုလိုက်ရအောင်ပါ။အညွှန်းနဲ့ ဘာသာပြန်ကတော့ Moon ~ ThaikSan ~ Zwe ~ V~ BpL~ တို့ပဲဖြစ်ပါတယ်။ File size…2.39GB / 1.12GB Quality…1080p  WEB DL /720p Format…mp4 Duration….2h 22m Subtitle….Myanmar ...
movie

Good Night (2023)

2023
Viduthalai: Part I (2023) 8.5
Viduthalai: Part I (2023) Viduthalai Part I (2023)အသစ်ထွက်ရှိလာတဲ့ ဝါရင့်သရုပ်ဆောင် ဗီဂျေးစည်သူပတီ ပါ၀င်ထားတဲ့ တမီးလ်အက်ရှင်ကားလေးကိုတင်ဆက်လိုက်ပါတယ်... IMDb (8.5/10) နဲ့ Rotten Tomatoes (100%) ထိရရှိထားတာကြောင့် ရှယ်မိုက်တဲ့ တောင်ပိုင်းအက်ရှင်ကားတစ်ကားပါပဲ။ဇာတ်လမ်းကတော့...အိန္ဒိယတောင်ပိုင်းမှာ 1980 ခုနှစ်ကာလများဆီက စတင်ဖွဲ့စည်းခဲ့တဲ့ အစိုးရကိုဆန့်ကျင်တဲ့ တမီးလ်ပျောက်ကျားတပ်ဖွဲ့ တစ်ခုရှိခဲ့ပါတယ်၊အစိုးရက တမီးလ်ပြည်သူတွေကန့်ကွက်နေတဲ့ကြားက တောင်တန်းဒေသတစ်ခုမှာ မိုင်းတွင်းတူးဖို့ခွင့်ပြုမိန့်ပေးလိုက်ရာကနေ အဲ့ဒီဒေသမှာပဋိပက္ခတွေစတင်လာခဲ့ပြီး အခြေအနေတွေတင်းမာလာခဲ့တယ်။ဒါကို အစိုးရဘက်က မိုင်းတွင်းလုံခြုံရေးဆိုပြီး အထူးရဲတပ်ဖွဲ့တစ်ခုကိုပါ ထပ်မံအင်အားဖြည့်တင်းလိုက်ပေမယ့် ဒီအဖွဲ့ရဲ့မသမာမှုတွေကြောင့် ဒေသခံရွာသူရွာသားတွေနဲ့ပဋိပက္ခဟာ ပိုလို့သာဆိုးလာပါတော့တယ်။ ဒါကိုအစိုးရအနေနဲ့ပြေလည်အောင်မဖြေရှင်းနိုင်ဘဲ ရွာသားတွေနဲ့ပျောက်ကျားအဖွဲ့၀င်တွေကို ရှာဖွေဖမ်းဆီးဒဏ်ခတ်အရေးယူမှုတွေလုပ်လာတဲ့အခါမှာတော့....။ဇာတ်လမ်းဇာတ်ကွက်ကို စိတ်ကူးနဲ့ဖန်တီးထားပေမယ့် အဓိဇာတ်ကောင် ဗာသီယာကတော့ အပြင်မှာတကယ်ရှိခဲ့ဖူးတဲ့သူကို မှီငြမ်းပြီးရိုက်ကူးထားတာကြောင့် realistic ပိုဆန်တဲ့အရသာတွေကို ခံစားရမှာပါ။ File size…2.49GB / 1.12GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 30m Subtitle….Myanmar Subtitle(Hard Sub) Encoder….YK Translated by BpL~Yunni~Sai~Nyein
movie

Viduthalai: Part I (2023)

2023
Asuran (2019) N/A
Asuran (2019) (Unicode) Genre : Drama/ActionIMDb ratings : 8.9/10ဒီတစ်ခါတင်ဆက်ပေးလိုက်တဲ့ ဇာတ်ကားကတော့ သုံးဘဝဇာတ်ကား (Anegan),VIP 1+2 တို့နဲ့ မြန်မာပြည်က အိန္ဒိယပရိတ်သတ်တွေကို ညှို့ယူဖမ်းစားနိုင်ခဲ့တဲ့ Tamil မင်းသား Dhanush ရဲ့ ဇာတ်ကား ဖြစ်ပါတယ်။ယောက္ခမဖြစ်သူ Rajinikanth ရဲ့ ခြေရာကို နင်းတယ်လို့ ဆိုရအောင် Dhanush ဟာလည်း အောင်မြင်မှုတွေ ရရှိနေတဲ့ Tamil မင်းသားပါ။# အညွှန်းအိန္ဒိယနိုင်ငံဟာ ဗြိတိသျှလက်အောက်မှာ အချိန်ကြာမြင့်စွာ ရှိတဲ့ဖူးတဲ့အတွက် ဗြိတိသျှတွေ ထွက်ခွာသွားပြီးနောက်ပိုင်း ဆိုးမွေအဖြစ်နဲ့ပြဿနာပေါင်း သောင်းခြောက်ထောင် ကျန်ရစ် ခံစားခဲ့ရတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။ဒီလိုပြဿနာတွေကြားမှာမှ မြေရှင် ၊ အလုပ်သမားပြသနာတွေကလည်း ဖွံဖြိုးမှု နောက်ကျကျန်ရစ်တဲ့ ဒေသတွေမှာ အမြစ်စွဲနေပါတော့တယ်။ငွေကြေးဥစ္စာ ကြွယ်ဝသူက မရှိဆင်းရဲသားတွေကို ...
movie

Asuran (2019)

2019