Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Bae Doona
5.3
Jupiter Ascending (2015)
Jupiter Ascending (2015)ဒီဇာတ်ကားကတော့ အကာသသိပ္ပံအက်ရှင်ဇာတ်ကားတစ်ကားဖြစ်ပြီး ဒါရိုက်တာ Wachowskis ကရိုက်ကူးထားတာပါ။သရုပ်ဆောင်တွေအဖြစ် Mila Kunis, Channing Tatun, Sean Bean, Eddie Redmayne, Douglas Booth တို့ပါဝင်ထားပါတယ်။ဇာတ်လမ်းအကျဉ်းလူသားတွေကို နတ်ဘုရားတွေကအုပ်စိုးတဲ့အနာဂါတ်ကာလမှာဖြစ်ပါတယ်။Jupiter Jones ဟာကံမကောင်းတဲ့ ရုရှားပြောင်းရွှေ့အခြေချနေထိုင်သူတစ်ဦးဖြစ်ပြီး အလုပ်အကိုင်အဖြစ် အိမ်သာတွေကိုသန့်ရှင်းရေးလုပ်ပြီး အသက်မွေးပါတယ်။ဂျူပီတာဟာ နက္ခတ်တာရာကြည့်မှန်ပြောင်းဝယ်ဖို့ ငွေလိုသဖြင့် သူ၏အစ်ကိုဝမ်းကွဲ အကြံပေးချက်ကြောင့် မမျိုးဥကို ဆေးခန်းတစ်ခုမှာသွားရောင်းပါတော့တယ်။ဆေးခန်းမှာ မထင်မှတ်ထားတဲ့တိုက်ခိုက်ခံရမှုတွေကြားမှ ကယ်တင်ရှင်တစ်ဦးပေါ်လာကာ သူမသည် တော်ဝင်သွေးဖြစ်ကြောင်း သိလိုက်ရပါတော့တယ်။သူမ၏ ဇစ်မြစ်က သူမကို ဘယ်လိုအန္တရယ်ဖြစ်စေနိုင်မလဲ၊ သူမကို ဘာကြောင့်အန္တရာယ်ပြုချင်နေရတာလဲ စသည်တို့ကို ကြည့်ရှုခံစားရမည့် ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Eunice ဖြစ်ပါတယ်။)File size…(1.7 GB) / (1 GB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Action, Adventure, Sci-Fi Duration….02:08:26 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated ...
movie
Jupiter Ascending (2015)
2015
7.1
Take Care of My Cat (2001)
Take Care of My Cat (2001)သူငယ်ချင်းငါးယောက်ဖြစ်တဲ့ ဟယ်ဂျူး၊ ထယ်ဟီး ၊ ဂျီယောင်း၊ ဘီရူးနဲ့ အွန်ဂျိုးတို့ဟာ အင်ချွန်းဆိုတဲ့ မြို့ငယ်လေးရဲ့ အထက်တန်းကျောင်းမှာတည်းက ခင်မင်ခဲ့ကြတာဖြစ်ပါတယ်။ဒါပေမဲ့လည်း အထက်တန်းပြီးလို့ တစ်နှစ်ကြာတဲ့အခါ တစ်ယောက်တစ်လမ်းစီ လျှောက်ကြရပါတယ်။ မိသားစုအလုပ်ကိုလုပ်သူကလုပ် ကုမ္ပဏီမှာလုပ်သူကလုပ် လမ်းဘေးမှာ လက်ဝတ်ရတနာလေးတွေ ရောင်းသူကရောင်း အလုပ်မရှိလို့ အလုပ်ရှာသူကရှာပြီး ဘဝကြီးကိုလျှောက်လမ်းကြပါတယ်။အဲ့ဒီလို ဘဝရဲ့တာဝန်တွေကို ခက်ခက်ခဲခဲလျှောက်လှမ်းကြရင်း တစ်ယောက်နဲ့တစ်ယောက် ပုံမှန်တွေ့ဖြစ်အောင်လည်း ကြိုးစားကြပေမယ့် ဘဝကြီးထဲရောက်တဲ့အခါ ကျောင်းတုန်းကဘယ်လောက်ပဲ ခင်ခဲ့ပါစေ တစ်ယောက်နဲ့တစ်ယောက် အမြင်ချင်းကွဲပြားလာကြပါတယ်။ဒီသူငယ်ချင်းတွေရဲ့ အခက်အခဲတွေ အမြင်တွေနဲ့ ကိုယ့်ဘဝကိုယ် ဘယ်လိုရုန်းကန်ကြရပုံတွေကို ကြည့်ရှုခံစားရင်းကျောင်းတုန်းကသူငယ်ချင်းတွေကိုလည်း အမှတ်ရစေမယ့်ဇာတ်ကားကောင်းလေးတစ်ကားပဲ ဖြစ်ပါတယ်(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ APPပါ။)File Size : 2.8GB, 1.1GB, 578MB Quality ...
movie
Take Care of My Cat (2001)
2001
6.9
A Girl at My Door (2014)
[Unicode]IMDb Rating - 6.9/10သင်က Psychological Drama တွေကိုနှစ်သက်တဲ့သူဆိုရင်တော့ ဒီကားကိုအကြိုက်တွေ့နိုင်ပါတယ်။ Lesbianတစ်ယောက်နဲ့ ၁၄နှစ်အရွယ်ကောင်မလေးရဲ့ကြားကချစ်ခြင်းမေတ္တာအကြောင်းရိုက်ကူးထားတာဖြစ်တဲ့အပြင် ဒွိဟဖြစ်စေတဲ့ဆက်ဆံရေးကိုရိုက်ကူးထားတာကြောင့် Low Budgetရိုက်ကူးရေးဖြစ်ခဲ့တဲ့အပြင် ပါဝင်ခဲ့နဲ့ Bae Doonaနဲ့ Kim Sae Ronတို့ ၂ယောက်လုံးက အနုပညာကြေးမယူဘဲရိုက်ကူးပေးခဲ့တဲ့ကားလည်းဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ရဲအရာရှိတစ်ဦးဖြစ်တဲ့"လီယောင်းနမ်"ဟာ သူ့ရဲ့လိင်စိတ်တိမ်းညွှတ်မှုကြောင့် အထင်လွဲခံရပြီး ဆိုးလ်ကနေကမ်းခြေမြို့လေးဆီ ရာထူးရွှေ့ပြောင်းခံခဲ့ရပါတယ်။ မြို့ကိုရောက်တဲ့အခါ ၁၄နှစ်အရွယ် "ဒိုဟီး"ကို ပထွေးနဲ့အဘွားကအမြဲနှိပ်စက်နေတာကို စပြီးတွေ့မြင်ခဲ့ရပါတယ်။"ဒိုဟီး"ကို ပထွေးကထပ်ပြီးနှိပ်စက်မှာကိုစိုးရိမ်တဲ့အတွက်ကြောင့် "ယောင်းနမ်"က နွေရာသီကျောင်းပိတ်ရက်အတွင်းမှာ သူ့အိမ်မှာလာနေဖို့ "ဒိုဟီး"ကိုခေါ်ထားခဲ့ပါတယ်။ဘဝတစ်လျှောက်လုံး သူ့ကိုဂရုစိုက်တဲ့သူမရှိခဲ့တဲ့"ဒိုဟီး"ကို "ယောင်းနမ်"ကမိသားစုဝင်တစ်ယောက်လိုဆက်ဆံတဲ့အခါ သူ့ကိုခင်တွယ်လာပါတယ်။ ဒီလိုနဲ့ကလေးမလေးရဲ့အကြောင်းတွေကိုပိုပြီးသိလာရတဲ့အခါမှာတော့ ရိုးအတဲ့ သာမန်ကလေးမလေးမဟုတ်တာကိုသိလာရပါတယ်။တစ်ဖက်မှာလည်း ပထွေးရဲ့လုပ်ငန်းမှာ တရားမဝင်လုပ်သားတွေကိုခိုင်းတာကြောင့်ပထွေးကိုဖမ်းတဲ့ကိစ္စနဲ့ပတ်သက်ပြီး ရဲအရာရှိဖြစ်သူယောင်းနမ်နဲ့ အချေအတင်ဖြစ်လာပါတယ်။သူ့အလုပ်ကိုထိခိုက်လာတဲ့အတွက် ပထွေးက"ယောင်းနမ်က ဒိုဟီးနဲ့လိင်ပိုင်းဆိုင်ရာပတ်သက်မှုရှိပါတယ်"ဆိုပြီး တိုင်ချက်ပြန်ဖွင့်တဲ့အခါမှာတော့Lesbianတစ်ယောက်ဖြစ်တဲ့ယောင်းနမ်ကဒိုဟီးကို စိတ်သန့်သန့်နဲ့စောင့်ရှောက်ခဲ့တယ်ဆိုတာကိုဘယ်လိုသက်သေပြမှာလဲ ဒီလိုပြစ်မှုကြောင့်ပဲနယ်ပြောင်းခံရတဲ့ယောင်းနမ်နဲ့ စိတ်ဒဏ်ရာရှိတဲ့ဒိုဟီးတို့ကြားမှာဘာတွေဆက်ဖြစ်သွားမလဲ မထင်ထားတဲ့ထွက်ဆိုချက်တွေကြားမှာ ယောင်းနမ်တစ်ယောက် ပြစ်မှုကနေလွတ်မြောက်နိုင်မလားဆိုတာကို ဒီဇာတ်ကားမှာဆက်လက်ကြည့်ရှုနိုင်ပါပြီ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Ingyin San ပါ) [Zawgyi]IMDb Rating - ...
movie
A Girl at My Door (2014)
6.9
Air Doll (2009)
[Unicode]Air Doll 2009ဂျပန် Mangaကို ပြန်လည်ရိုက်ကူးထားပြီး ကိုရီးယားမင်းသမီး ဘယ်ဒိုနာပါဝင်သရုပ်ဆောင်ထားတဲ့ ဒီကားလေးကတော့ လေထိုးအရုပ်မလေးတစ်ခုရဲ့ လူသားတွေရဲ့ နေထိုင်မှုပုံစံကို စူးစမ်းလေ့လာရာမှ လူ့ဘဝ လူ့ခံစားချက်တွေအကြောင်းကို သိစေနိုင်မယ့် ဇာတ်ကားလေးပါ။လူ့ဘဝဆိုတာ ပျော်ရွှင်စရာ ဝမ်းနည်းစရာတွေအချစ်အမုန်းတွေနဲ့ ပြည့်နှက်နေတယ်ဆိုတဲ့ အကြောင်းကို ဒီကားလေးမှာပုံဖော်ထားပုံကတော့ဟီဒီအိုဆိုတဲ့ လူတစ်ယောက်ဟာ လေထိုးအရုပ်မလေး တစ်ရုပ်ကို သူရဲ့ရည်းစားဟောင်း နာမည်အတိုင်း နိုဇိုမီလို့ပေးထားပြီး sex ကိစ္စအတွက်သာမက ကိုယ်တိုင်အစစအရာရာ ဆင်ယင်ပြုလုပ်ပေးကာ အဖော်တစ်ယောက်လို ဆက်ဆံနေထိုင်ခဲ့ရာကနိုဇိုမီ(လေထိုးအရုပ်မလေး)ဟာ တနေ့မှာ နှလုံးသားတစ်စုံကို ပိုင်ဆိုင်ခဲ့ပြီး လူတစ်ယောက်လို အသိစိတ်နဲ့အသက်ဝင်လာခဲ့ပါတော့တယ်။နိုဇိုမီဟာ လူတွေအကြောင်းကို သိချင်ပြီး လူတွေရဲ့ခံစားချက်မျိုးစုံကို စူးစမ်းချင်တာကြောင့် လူလိုဝတ်ဆင်ကာ အပြင်လောကကို ခိုးထွက်ရင်း ပတ်ဝန်းကျင်ကလူတွေဆီကနေ သင်ယူနေထိုင်ခဲ့ပါတယ်။အဲ့လိုနဲ့တနေ့ အခွေဆိုင်တစ်ခုမှာ သူမအလုပ်ရသွားပြီး ဆိုင်ပိုင်ရှင် ဂျူနီချီကို ချစ်မိခဲ့ပါတယ်။ဂျူနီချီက သူမကို လူ့လောကအကြောင်း သင်ကြားပေးခဲ့ပြီး ရုပ်ရှင်တွေအကြောင်း သင်ယူလေ့လာရင်း လူတွေခံစားချက်ကိုပါ တဖြည်းဖြည်း သဘောပေါက်လာအောင် ...
movie
Air Doll (2009)
7.0
Barking Dogs Never Bite (2000)
[Unicode]Barking Dogs Never Bites (2000)IMDb rating - 7/10ဒီကားကတော့၂၀၀၀ပြည့်နှစ်မှာထွက်ရှိခဲ့တဲ့ Dark comedy filmအမျိုးအစားဖြစ်ပါတယ်။ "ယွန်းဂျူ "က အလုပ်မရှိတဲ့ဘွဲ့ရပညာတတ်တစ်ယောက်ဖြစ်ပြီး တိုက်ခန်းတွဲတစ်ခုမှာ ကိုယ်ဝန်ဆောင်သည်သူ့မိန်းမနဲ့ အတူနေထိုင်ပါတယ်။ ယွန်းဂျူက တက္ကသိုလ်ပါမောက္ခရာထူးကိုရဖို့အတွက် အသည်းအသန်ကြိုးစားနေရသူပါ။အလုပ်ရဖို့စိတ်ရှုပ်နေရတဲ့အချိန်မှာ ခွေးဟောင်သံကိုခဏခဏကြားရတာကြောင့် စိတ်အနှောင့်အယှက်ဖြစ်လာပါတယ်။ ဟောင်သံပိုင်ရှင်ကိုလိုက်ရှာရင်း ရှီဇူးခွေးတစ်ကောင်ကိုတွေ့တော့ အဲဒီခွေးပဲလို့ထင်ကာ ဖမ်းပြီးခေါင်မိုးပေါ်ကနေလွှတ်ချဖို့ကြံပါတယ်။ ဒါပေမဲ့ မအောင်မြင်တာကြောင့် မြေအောက်ခန်းထဲက ဘီရိုထဲမှာသော့ခတ်ထားခဲ့ပါတယ်။ အဲဒီခွေးကို အစောင့်တစ်ယောက်က သတ်ပြီး ချက်ပြုတ်စားလိုက်တာကိုလည်း မထင်မှ တ်ဘဲတွေ့လိုက်ရပါတယ်။ဒီလိုနဲ့သူတို့တိုက်မှာ ခွေးတွေတစ်ကောင်ပြီးတစ်ကောင်ပျောက်လာပါတယ်။"ဟွန်းနမ်"ကတော့ တိုက်ခန်းကြီးကြပ်ရေးရုံးက အတွင်းရေးမှုးတစ်ယောက်ပါ။ ခွေးပျောက်ကြော်ငြာတွေကပ်ဖို့ သူတို့ရုံးမှာ ခွင့်ပြုချက်လာတောင်းတာများလာတာကို သူလည်းသတိထားမိလာပါတယ်။တစ်နေ့ကျတော့ ဟွန်းနမ်က အဝေးကြည့်မှန်ပြောင်းနဲ့ကြည့်နေတုန်း လူတစ်ယောက်ကခွေးကိုခေါင်မိုးထပ်ကနေပစ်ချလိုက်တာကိုမြင်ပြီး လိုက်ဖမ်းဖို့ကြိုးစားပေမဲ့ မမိခဲ့ပါဘူး။ ခွေးပျောက်ကြော်ငြာတွေကပ်ပေမဲ့ အဲဒီနောက်ပိုင်းမှာလည်း ခွေးတွေကဆက်ပျောက်နေဆဲပါပဲ။ခွေးတွေကဘာကြောင့်ပျောက်နေရတာလဲ။ အလုပ်မရှိလို့ စိတ်ညစ်နေတဲ့ယွန်းဂျူက ခွေးသတ်ရတာကိုသဘောကျပြီး ဆက်တိုက်သတ်နေတာလား။ အစောင့်က ခွေးသားစားဖို့အတွက်သတ်တာလား။ ဘယ်လိုအကြောင်းကြောင့်လဲဆိုတာကို ဇာတ်ကားထဲမှာဆက်လက်ရှုစားနိုင်ပါပြီ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Ingyin San ...
movie
Barking Dogs Never Bite (2000)
HEVC 1080p 5.1