Channel Myanmar

B.N. Sharma

Hoshiar Singh (2025) 6.1
Hoshiar Singh (2025) Hoshiar Singh (2025)"တစ်မူထူးတဲ့ ကျောင်းဆရာလေး"ပန်ချာပီ စကားပြော ကျေးလက်ဟာသဇာတ်လမ်းလေးတစ်ပုဒ်ကို တင်ဆက်ပေးချင်ပါတယ်ဇာတ်လမ်းကတော့ ကျေးရွာလေးတစ်ရွာက ကျောင်းဆရာလေးရဲ့ဇာတ်လမ်းပါပဲဟိုရှီဒါဟာ မွေးကတည်းက အဖေနဲ့အမေ ထိန်းမနိုင်သိမ်းမရဖြစ်ခဲ့ပြီး ကျောင်းနေအရွယ်ရောက်တော့လည်း မေးခွန်းတွေပေါက်ပေါက်ရှာရှာ‌ မေးတတ်လွန်းလို ခဏခဏမိဘခေါ်ခံရ အိမ်ပြန်ရောက်ရင် အရိုက်ခံရနဲ့ပါတစ်နေ့မှာတော့ ဒီလိုမေးခွန်းတွေ မေးတတ်တဲ့ သူလိုမျိုး ကလေးတွေကို သမားရိုးဆရာတွေနဲ့ ကွဲပြားစွာ သင်ပေးနိုင်မယ့် ဆရာလုပ်မယ်လို ကြွေးကြော်ကာ ရွာကျောင်းလေးမှာ ပထမဆုံးတာဝန်ကျပါတယ်တာဝန်ကျတဲ့နေ့ကတည်းက စလို အလွဲလွဲအချော်ချော်ဖြစ်ပုံတွေ၊ စာသင်နည်းအသစ်အဆန်းတွေနဲ့အတူတူ ကျောင်းဆရာမ ချောချောလေးနဲ့ပါ ဘယ်လိုဇာတ်လမ်းဆက်မလဲ ဆိုတာကတော့ ။ ။အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ် File size… 2.1 GB / 1.2 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 13min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Hoshiar Singh (2025)

Raduaa Returns (2024) 5.4
Raduaa Returns (2024)   Raduaa Returns (2024)ဒီဇာတ်ကားလေးကတော့ 2024 ခုနှစ်ထဲမှာထွက်ရှိခဲ့တဲ့ Bollywood SciFi ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။မင်းသား Nav Bajwa အဓိကပါဝင်ထားပြီးတော့ ဒါရိုက်တာနဲ့ ဇာတ်ညွှန်းကိုလည်း Nav ကပဲ ရိုက်ကူးရေးသားထားပါတယ်။ဇာတ်လမ်းအကျဉ်း2018 ကထွက်ရှိခဲ့တဲ့ Raduaa ရဲ့ sequel ဖြစ်ပြီးတော့ Nav တို့ မိတ်ဆွေလေးယောက် အချိန်ခရီးသွားစက်နဲ့ 1955 ကနေ သူတို့ရဲ့ အချိန် 2018 ကိုပြန်မရောက်လာပဲ 2255 ခုနှစ်ဆီကို ရောက်သွားခဲ့ပြီးသူတို့နေထိုင်ရာ အချိန်ကို ပြန်သွားနိုင်ဖို့အတွက် အဖြေရှာရင်း ဘယ်လိုပြဿနာတွေဖြစ်လာမလဲ နောက်ဆုံးမှာရော သူတို့ရဲ့ အချိန်ကို ပြန်သွားနိုင်မလားဆိုတာ စိတ်ဝင်စားဖွယ် စောင့်ကြည့်ရမယ့် ဇာတ်ကားလေးပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Nay ဖြစ်ပါတယ်။) File size… (2.6 GB) / (1.4 GB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Sci-Fi Duration….02:17:38 Subtitle….Myanmar Subtitle ...
movie

Raduaa Returns (2024)

2024
Bina Band Chal England (2023) 6.3
Bina Band Chal England (2023) Bina Band Chal England (2023) "အင်္ဂလန်မှဖူးစာ"ဒီတစ်ခါမှာတော့ ပန်ချာပီ အချစ်ဟာသဇာတ်လမ်းတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ပါတယ်ဂူမန်က ဂူလင်းဆိုတဲ့ကောင်မလေးနဲ့ UK မှာ စတွေ့ကာ ချစ်သူတွေ ဖြစ်လာကြတာဖြစ်ပြီး ကောင်မလေးမိဘတွေက UK မှာနေတဲ့ အရာရှိမျိုးရိုးဖြစ်ကာ ဂူမန့်မိဘတွေကတော့ ပန်ဂျာ့ဘ်ပြည်က ကျေးလက်တောင်သူတွေပါဂူမန်က သူ့မိဘတွေဟာ စာမတတ်တဲ့ကျေးလက်နေသူတွေ ဖြစ်တယ်ဆိုတာကို ယောက္ခမလောင်းကိုမပြောဘဲ ဖုံးကွယ်ထားပြီး ရွာကမိဘနှစ်ပါးကို သူလက်ထပ်တော့မယ့်အကြောင်း ဖုန်းဆက်လှမ်းပြောလိုက်တဲ့အခါမှာရွာကမိဘတွေက UK က သားဖြစ်သူ ပြန်မလာခင်မှာပဲ ဆွေမျိုးတွေအကုန်လိုက်ဖိတ်ပြီး အိမ်ကိုခေါ်ထားပြီးသားဖြစ်နေတော့ ဘယ်လိုအလွဲတွေဆက်ကြုံရမှာလဲ ကြည့်ရှုလိုက်ပါဦးအညွှန်းနဲ့ ဘာသာပြန်ကတော့ KKKZ ~ Star ~ ToMo ~ Cym မှ ဖြစ်ပါတယ် File size… 2.5 GB / 1.25 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 3m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by KKKZ ~ Star ~ ToMo ...
movie

Bina Band Chal England (2023)

Jeonde Raho Bhoot Ji (2024) 5.3
Jeonde Raho Bhoot Ji (2024) Jeonde Raho Bhoot Ji 2024 ကိုလူလည်ရဲ့အရှုပ်တော်ပုံဘာကိုမှ အယုံအကြည်မရှိပါဘူးဆိုတဲ့ လခေဟာ ငွေကိုတော့ ဘုရားလိုမှတ်ပြီး ကိုးကွယ်ပါသတဲ့။ ငွေကို ဖြတ်လမ်းနဲ့လိုချင်သူပီပီ ကြိုးစားရတာထက် လိမ်စားရတာကမှ မြင့်မြတ်သလိုလို ခံယူထားတဲ့ ဘုရားစူးကောင်ဇိုးလေးပေါ့။လုပ်တဲ့အလုပ်ကိုကြည့်ပြန်တော့လည်း MLMကုမ္ပဏီက အောင်မြင်ရေးဝါဒဖြန့်ချိရေးအလုပ်၊ တော်ကီဖြောင့်တဲ့သူ့အတွက်တော့ အတော်လေးအလုပ်ဖြစ်တဲ့အလုပ်ဆိုပေမဲ့ မိဘတွေကတော့ ရေပေါ်ဆီ ပေါ့ပေါ့နေ ပေါ့ပေါ့စား သားတော်မောင်အတွက် ‌ရင်လေးနေတာပေါ့။တစ်နေ့ ထုံးစံအတိုင်း အောင်မြင်ရေးတွေတရားဟောလာပြီးအပြန်မှာ ပူဂျာဆိုတဲ့ ဆရာမလေးကိုမြင်လို့ ငေးနေရင်းကနေ ပူဂျာက မိဘနှစ်ပါးကလည်းမရှိ၊ အစ်ကိုဖြစ်သူကလည်းရူးသွားတာဖြစ်ပြီး၊ လစာကောင်းတဲ့ဆရာမအလုပ် အမွေအိမ်ကြီးနဲ့ အမွေတွေကိုပါ တစ်ယောက်တည်းရမယ့်သူဆိုတာသိသွားပြီး ရွှေတွင်းကြီးကို အပိုင်ရအောင်ကြံဖို့ အစီအစဉ်ချပါတော့တယ်။ဒါပေမဲ့ အပြင်ပန်းကမြင်နေရတဲ့ ဣန္ဒြေရှင်ဆရာမလေး ပူဂျာက သူထင်သလောက် မရိုးရှင်းတာကို လက်ထပ်ပြီးမှ သိလိုက်ရချိန်မှာတော့(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team မှပဲဖြစ်ပါတယ်) File size… 1.5 GB / 775 MB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….1h 52m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Jeonde Raho Bhoot Ji (2024)

Jatt Nuu Chudail Takri (2024) 5
Jatt Nuu Chudail Takri (2024) Jatt Nuu Chudail Takri 2024 ချစ်ရပါသောမာယာရှင်IMDb-5.0/10အိမ်ထောင်သည်သူငယ်ချင်းများကြားက လူလွတ်အမောင်ဂျာလာလူကတော့ သူငယ်ချင်းတွေကို ကွာရှင်းဖို့တိုက်တွန်းတတ်တဲ့ အဖွဲ့ထဲကဇိုးတစ်ကောင်ပေါ့။တိုတောင်းလှတဲ့ဘဝကြီးမှာ စုန်းမနဲ့တူတဲ့ မာယာများတဲ့ မိန်းမဆိုတာ တစ်ယောက်တည်းထားရတာ မတန်ဘူး လိုက်ပွဲလေးတွေနဲ့ပျော်ပါးရမှာဆိုပြီး ဂျင်းသိပ်ကောင်းလို့ သူငယ်ချင်းတွေလည်း သူနဲ့စော်ကြူရင်း မိန်းမဆီမှာ အတွယ်ခံရတာပေါ့။ဒီလိုနဲ့ အလံနီကောင်ဆိုးလေး ဂျာလာလူရဲ့ဘဝထဲက ရာနီဆိုတဲ့မိန်းမချောလေး ‌ ဝင်ရောက်လာပြီးတော့ အိပ်မက်ထဲအထိပါစိုးမိုးပြီး တစ်ကိုယ်တော်ဝါဒီကို ချေချွတ်ပြီးသကာလမှာ၊ ရာနီက တကယ်ပဲ စုန်းမလေးဖြစ်နေတာကို တစ်စတစ်စ သတိထားမိလာချိန်မှာတော့....(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team မှပဲဖြစ်ပါတယ်) File size… 2.3 GB / 1.2 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 35m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Jatt Nuu Chudail Takri (2024)

Jatt & Juliet 3 (2024) 5.8
Jatt & Juliet 3 (2024) Jatt & Juliet 3 2024 ချစ်ရတဲ့မမIMDb -5.8/10Blu rayရဲ့ ပထမဆုံး ပန်ချာပီရုပ်ရှင်ဖြစ်လာသလို အအောင်မြင်ဆုံးပန်ချာပီRom-comတစ်ကားဖြစ်တဲ့ Jatt & Juliet 3 ထပ်မံထွက်ရှိလာပါပြီ။ ဒီတစ်ခါမှာတော့ ရှေ့နှစ်ကားလို ကနေဒါမဖူးစာပဲ ယူကေမှာ မစ်ရှင်လုပ်မယ့် မမနဲ့မောင်စုံတွဲကိုမြင်ရမှာပါ။ကိုယ့်ထက်ရာထူးကြီးတဲ့ စီနီယာမမကိုမှ အပိုင်ကြံချင်တဲ့ကောင်ဇိုးလေး အရာရှိလက်သစ်လေးနဲ့ ကိုယ့်ကိုနာခံတဲ့အငယ်လေးကိုမှလိုချင်တဲ့ စီနီယာအရာရှိချုပ်မမ သူတို့နှစ်ယောက် တစ်ယောက်နဲ့တစ်ယောက် ရေလာမြောင်းပေးလုပ်ရင်း ပင်လယ်ကြီးဖြစ်လာချိန်မှာမှ ယူကေမှာ မစ်ရှင်လုပ်ရဖို့ အကြောင်းဖန်လာချိန်မှာတော့ အလွဲလေးများနဲ့ မောင်နဲ့မမတို့ရဲ့ ချစ်ဇာတ်လမ်းလေးကို ဆက်လက်ရှုစားကြပါဦးခင်ဗျာ။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamမှပဲဖြစ်ပါတယ်) File Size...2.75 GB / 1.25 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 15m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Jatt & Juliet 3 (2024)

Jatt & Juliet (2012) 7.5
Jatt & Juliet (2012) Jatt And Juliet (2012)"ကနေဒါ ဖူးစာ" ==============================နာမည်ကြီး ပန်ချာပီမင်းသား ဒီလ်ဂျစ်ဒိုဆန်ဂျ်ရဲ့ ၂၀၁၂ ခုနှစ်က ထွက်ရှိခဲ့တဲ့ ဟင်ဒီစကားပြော အချစ်ဟာသရုပ်ရှင်လေးကို တင်ဆက်ပေးချင်ပါတယ်။ဒီရုပ်ရှင်ဟာဆိုရင် သူ့ခေတ် သူ့အခါက အောင်မြင်မှုတွေရရှိခဲ့တဲ့အတွက် နောက်ဆက်တွဲ ရုပ်ရှင် နှစ်ကားထိထွက်ရှိထားပြီး IMDb မှာလည်း 7.5 ထိ ရိတ်တင်းရထားပါသေးတယ်။ဇာတ်လမ်းကတော့.. ဘိုစာကို နကန်းတစ်လုံးမှမသိဘဲ ကနေဒါကိုသွားပြီး ကနေဒါမှ အဖြူမလေးနဲ့ အိမ်ထောင်ပြုအခြေချချင်နေတဲ့ ဖာတယ်ဆင်းဂ်နဲ့ ဖက်ရှင်ဒီဇိုင်နာဖြစ်ချင်လို့ ကနေဒါကို ကျောင်းလာတက်တဲ့ ပူဂျာဆိုတဲ့ အိမ်ထောင်ပြုခါနီးကောင်မလေး။သူတို့နှစ်ယောက် ကနေဒါမှာ တွေ့ဆုံကြပြီး အစပိုင်းမှာ တစောင်းစေးနဲ့ မျက်ချေးလို အချင်းချင်း ရန်ဆောင်ခဲ့ကြပေမဲ့ တဖြည်းဖြည်းချင်း ငြိတွယ်လာကြပုံကို ပေါ့ပေါ့ပါးပါးနဲ့ ဟာသနှောပြီး တင်ဆက်ထားတဲ့ရုပ်ရှင်လေးဖြစ်လို့ ချ န်နယ်မြန်မာ Bollywood Team ကနေ ညွှန်းဆို ဘာသာပြန်ပြီး တင်ဆက်ပေးလိုက်ပါတယ်...။ File size…3.2GB / 1.4GB Quality…WEB DL 1080p HEVC / 720p Format…mkv/mp4 Duration….2h 20m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated ...
movie

Jatt & Juliet (2012)

Gaddi Jaandi Ae Chalaangaan Maardi (2024) 6
Gaddi Jaandi Ae Chalaangaan Maardi (2024) Gaddi Jaandi Ae Chalaangaan Maardi 2023 လက်ဖွဲ့ကားစိတ်ညစ်ညူးစရာ အလုပ်တက်ရက်ကြီးမှာ CM Bollywood Teamက ပရိသတ်ကြီးကို ဟာဒယရွှင်ဆေးတိုက်ကျွေးဖို့ ပန်ချာပီဟာသကားကောင်းလေးတစ်ကားတင်ဆက်ပေးလိုက်ပါပြီ။ ဒီကားလေးထဲမှာတော့ ပစ္စည်းတွေ စားစရာတွေလိုပဲ သားတွေကို ဈေးတင်ရောင်းမယ့် ကပ်စေးနည်းဖေဖေကြီးနဲ့ ‌ခမည်းခမက်တွေကြားက အလွဲလေးတွေကို ရှုစားရမှာပါ။ချွေးမကိုမကြည့်ဘူး ခန်းဝင်ပစ္စည်းပဲကြည့်မယ် ချွေးမမှာလက်မပါလာတာအရေးမကြီးဘူး ခန်းဝင်ပစ္စည်းလျော့လို့တော့မရဘူးဆိုတဲ့ လာ့ဘ်ဆင်းဂ်တစ်ယောက် သားတွေကို အိမ်ထောင်ချပေးရမယ့်အချိန်ရောက်ရင် သတို့သမီးတွေကို ခန်းဝင်ကြိုက်ဈေးပေးရင် ရော့ခန်းဝင်ပစ္စည်း ရော့ငါ့သားလုပ်တတ်တဲ့သူပါ။ ဖြစ်ချင်တော့ သားကြီးဘိုလာကို မင်္ဂလာဆောင်ပေးချိန်မှာ သတို့သမီးဘက်က ဘိုလာ 8 တန်းကျ ပညာမတတ်ဆိုတာသိသွားပြီး ခန်းဝင်ပစ္စည်းထဲထည့်ပေးရမယ့် ဆိုင်ကယ်နဲ့ကုတင်က ပါမလာတော့ပါဘူး။ဒီတော့ တစ်ပြားကနေ နှစ်ပြားရအောင်ပွတ်နေတတ်တဲ့ လာ့ဘ်ဆင်းဂ်တစ်ယောက် ဒီဆိုင်ကယ်ကို ကြိတ်မနိုင်ခဲမရဖြစ်နေတာ ဘိုလာတို့သားလေး ကျောင်းနေအရွယ်ရောက်တဲ့အထိပါပဲ။ သားကြီးမှာ ဆုံးရှုံးခဲ့ရတာကို သားငယ်ဟက်ပီးအလှည့်ကျ ဆတိုးပြန်ယူဖို့ လုပ်ထားတာပေါ့လေ။ဒီလိုနဲ့ ခန်းဝင်ပစ္စည်းတောင်းလို့ကောင်းအောင် ၃၀၀၀၀ တန် MBA အောင်လက်မှတ်နဲ့ သူဌေးသမီးကိုထောင်ဖမ်းမယ့် လာ့ဘ်ဆင်းတို့နဲ့ ခန်းဝင်ပစ္စည်းတွေထဲ ကားကြီးတစ်စီးပါ ထည့်ပေးမှာဆိုတဲ့ ဟက်ပီးသဘောကျနေတဲ့ ပူဂျာတို့မိသားစုနဲ့တွေ့တဲ့အခါမှာတော့....(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ...
movie

Gaddi Jaandi Ae Chalaangaan Maardi (2024)

2023
Kade Dade Diyan Kade Pote Diyan (2024) 6
Kade Dade Diyan Kade Pote Diyan (2024) ဒီဇာတ်ကားကတော့ IMDbမှာ rating 6.1 အထိ ရရှိထားတဲ့ ကားလေးပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ ဂိုဂဲနဲ့ ကာမာလ်ဟာ တစ်ယောက်ကို တစ်ယောက် အရမ်းချစ်ကြပြီးတော့ လက်ထပ်ချင်နေကြတဲ့ ချစ်သူတွေပဲဖြစ်ကြပါတယ်၊ ဒါပေမဲ့လည်း ကာမာလ်ရဲ့ အဘွားကတော့ သူတို့နှစ်ယောက်လက်ထပ်မှာကို သဘောမတူချင်ဘူးတဲ့။အဲဒီတော့ ဂိုဂဲက ကာမာလ်ရဲ့ အဘွားဖြစ်သူ သေသွားပါစေဆိုပြီးတော့ ဆုတောင်းလိုက်တာ အဘွားက တကယ်ပဲ သေသွားပါတော့တယ်။ သူ့ဆုတောင်း တကယ်ပြည့်သွားတဲ့အချိန်မှာ ဂိုဂဲက လန့်သွားတာပေါ့။ အဲဒီလိုနဲ့ သူလည်း သူတို့နှစ်ယောက်ရဲ့ မင်္ဂလာပွဲအတွက် အဆင်ပြေပြီလို့ ထင်ခဲ့ပေမဲ့ အဘွားရဲ့ ဝိညာဥ်ကို ပြန်တွေ့လိုက်ရတော့ သူ့ကို မြင်နေရပါတယ်ဆိုတဲ့အကြောင်းကို တခြားသူတွေကို သက်သေပြဖို့ လုပ်ပါလေရော။ဒါပေမဲ့လည်း သူကလွဲပြီး တခြားဘယ်သူမှမမြင်ရတော့ ဒုက္ခရောက်နေတော့တာပေါ့။ အဲဒီလိုနဲ့ တစ်ရက်ကျတော့ ဂိုဂဲကို ဘုရားကျောင်းက ဘုန်းကြီးကနေ သူ့အဘိုးဝိညာဥ်ကို ခေါ်ပြီး အကူအညီတောင်းခိုင်းဖို့ အကြံပေးတော့ အကြံအတိုင်း လုပ်ဖြစ်လိုက်ရော။ ဒါပေမဲ့ ဖြစ်ချင်တော့ အဘိုးရဲ့ ဝိညာဥ်ကို မြင်ရတာက ကာမာလ်တစ်ယောက်ပဲ ဖြစ်နေတယ်တဲ့။ ဒီလိုအရှုပ်တွေ၊ အမှားတွေကြားကနေ ...
movie

Kade Dade Diyan Kade Pote Diyan (2024)

2024
Carry on Jatta 3 (2023) 7.4
Carry on Jatta 3 (2023) Carry on Jatta 3 (2023) IMDb-7.5/10ဂျက်တာတို့ သူငယ်ချင်းသုံးယောက်ရဲ့ အမွှေစိန်ကားလေး သုံးကားမြောက်ထွက်ရှိလာပါပြီ။ ရှေ့နှစ်ကားလို ပေါ့ပေါ့ပါးပါး ရယ်ရယ်မောမောနဲ့ကြည့်ရမယ့် ဟာသဇာတ်မြူးလေးပါပဲ။ သူတို့တွေပဲ သရုပ်ဆောင်ထားကြပေမယ့် တစ်ကားထဲသပ်သပ်ကြည့်လို့ရပါတယ်။ဂျက်စ်က ရှေ့နေကြီးဒီလွန်ရဲ့ မိတဆိုးသားလေး။မိန်းမယူချင်တာ ပြာယာခတ်နေပေမယ့် အဖေလုပ်သူကို မလွန်ဆန်နိုင်တာကြောင့် ချစ်ရတဲ့အမျိုးသမီးလေးကို အဖေနဲ့မိတ်ဆက်ပေးပေမယ့် အနှောင့်အယှက်တွေကြောင့် အဖေဖြစ်သူကသဘောမတူ။ အဖေဖြစ်သူသဘောတူဖို့အရေး ဘော်ဒါဘော်ကျွတ်နဲ့တိုင်ပင်တဲ့အခါ ဘယ်လောက်ဆိုးနေပါစေ သူ့ထက်ဆိုးတဲ့တစ်ယောက်နဲ့တွေ့ရင် ကောင်းတယ်ထင်သွားမှာပဲဆိုတဲ့စိတ်နဲ့ ချွေးမအတုရှာကြတဲ့အခါမှာတော့။သူတို့ရှာလိုက်တဲ့ ချွေးမအတုကလည်း ဘော်ဒါအရင်းကြီးရဲ့မိန်းမ ကလေးတစ်ယောက်အမေဆိုတော့။ ဘယ်လိုတိုင်တွေပတ်ပြီး ဘယ်လိုတွေဇာတ်သိမ်းကြမလဲဆိုတာ ဟီးဟီးဟားဟားနဲ့ အပျင်းတော်ပြေစေကြောင်းရယ် တင်ဆက်ပေးလိုက်ပါတယ်ခင်ဗျ။ (အညွှန်းနဲ့ဘာသာပြန်တွေက Saii~V~Cherry~YH~Dee~Zwe Yanတို့ပဲဖြစ်ပါတယ်) File size…9.9GB / 3GB / 1.36GB Quality…1080p WEB DL /720p Format…mp4 Duration….2h 16m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Saii~V~Cherry~YH~Dee~Zwe Yan
movie

Carry on Jatta 3 (2023)

2023
4K HEVC