Channel Myanmar

Atul Kulkarni

Rang De Basanti (2006) 8.3
Rang De Basanti (2006) Rang De Basanti (2006)IMDb Rating (8.1) / Rotten Tomatoes (89%)ကဲ အခုတစ်ခါ တင်ဆက်ပေးမှာကတော့ IMDb rating (8.1/10) အထိ ရရှိထားတဲ့ အမီးရ်ခန်းနဲ့ ဆေ့ဖ်အလီခန်းရဲ့ညီမ ဆိုဟာအလီခန်းတို့ ပါဝင်သရုပ်ဆောင်ထားကြတဲ့ Political Drama အမျိုးအစား ဘောလိဝုဒ်ဇာတ်ကားလေးတစ်ကား ဖြစ်ပါတယ်။ 3 Idiots ရုပ်ရှင်မှာ အမီးရ်ခန်းနဲ့ တွဲဖက်ညီခဲ့တဲ့ ရာဂျူးတဖြစ်လဲ မင်းသား Sharman Joshi လဲ ပါဝင်ထားပါတယ်။ဇာတ်လမ်းအကျဉ်းကတော့... ဆူလ်ဆိုတဲ့ ဗြိတိသျှသူလေးဟာ အိန္ဒိယနိုင်ငံ ဗြိတိသျှအင်ပါယာလက်အောက်ရောက်‌ခဲ့စဉ် အရာရှိတစ်ယောက်အဖြစ် တာဝန် ထမ်းဆောင်ခဲ့ရတဲ့ ဗိုလ်ချုပ် မက္ကလင်းရဲ့ မြေးဖြစ်ပါတယ်။ မစ္စတာမက္ကလင်းဟာ သူတာဝန်ထမ်းဆောင်ခဲ့စဉ်က ဗြိတိသျှအင်ပါယာကို တော်လှန်ပုန်ကန်ခဲ့တဲ့ တော်လှန်ရေးတပ်သား ၅ဦးအကြောင်းကို သူ့ရဲ့ ဒိုင်ယာရီထဲမှာ ရေးသားခဲ့ပါတယ်။ဆူလ်ဟာ သူ့အဖိုးဒိုင်ယာရီထဲက တော်လှန်ရေးတပ်သား ၅ယောက်ဖြစ်တဲ့ ဘဂတ်ဆင်းဂ်၊ ချန်ဒရာရှေခရ်အာဇားဒ်၊ ရားဂ်ျဂုရု၊ ဒူရ်ဂါဘာဘီနဲ့ ...
movie

Rang De Basanti (2006)

2006
Jessie ( 2019 ) 7.0
Jessie ( 2019 ) 2019 မှာထွက်ခဲ့တဲ့ Horror | Thriller အမျိုးအစားဇာတ်လမ်းလေးပဲဖြစ်ပါတယ်ဇာတ်လမ်းလေးကတော့ စိတ်ဝင်စားစရာပါပဲပရော်ဖက်ရှင်သရဲတစ္ဆေလိုက်သူအဖွဲ့ဟာ ညီအမ ၂ယောက်မှာဖြစ်ပျက်နေတဲ့သဘာဝလွန်ကိစ္စတွေကိုသတိထားမိခဲ့ကြပါတယ်ဒါကြောင့် သူတို့တွေဟာ ညီမ၂ယောက်ရဲ့ ဆန်းကြယ်မှုကို အဖြေထုတ်ဖို့ကြိုးစားကြပါတယ်ကြိုးစားနေတဲ့နေရာကတော့ စွန့်ပစ်ခံထားရတဲ့ အိမ်တလုံးမှာပေါ့အဲ့အိမ်မှာပဲ သရဲလိုက်သူ အဖွဲ့ဟာ အေမီနဲ့ ဂျက်ဆီတို့၂ယောက်ကို မှတ်တမ်းရုပ်ရှင်ရိုက်ရင်းထူးဆန်းတဲ့အဖြစ်အပျက်တွေကို ခြေရာခံတဲ့နောက်မှာတော့ဘာတွေဆက်ဖြစ်မလဲဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ရအောင်Genre..... Horror, Drama, Thriller Quality…. 1080p WEB-DL | 720p WEB-DL File size… 1.33GB | 689MB Format… mp4 Duration…. 1h 46min Subtitle…. Myanmar Subtitle (Hardsub) Encoder ..... Aaron
movie

Jessie ( 2019 )

Khufiya (2023) 6.1
Khufiya (2023) Kufiya (2023)IMDb-6/10ယောကျာ်ားက မိန်းမကို ပစ် သားသမီးကိုပစ်ပြီး အချစ်သစ်ရှာတဲ့သာမန် အိမ်ထောင်ရေးဇာတ်လမ်းတွေနဲ့ကွဲထွက်ပြီး မိန်းမက သူသိပ်ချစ်ရတဲ့အမျိုးသမီးအတွက် သူ့အိမ်ထောင််ရေးကိုစွန့်ခွာကွဲထွက်တဲ့ ဘောလိဝုဒ်ရုပ်ရှင်အသစ်တခုကို တင်ဆက်ပေးချင်ပါတယ်Netflix ကထုတ်လွှင့်လိုက်တဲ့ တဘူးရဲ့ Spy / Thriller ကားပါ ဒီကားက Amur Bhushan ရဲ့ Escape to Nowhere စာအုပ်ကိုအခြေခံပြီးရိုက်ကူးထားတာလို့ ပြောကြတာတွေလည်းရှိသလို ဒီကားရဲ့ ဒါရိုက်တာ Vishal Bhardwaj ကလည်း သူ့ဇာတ်လမ်းတွေမှာ ရှိတ်စပီးယားပြဇာတ်တွေထဲကနေ အလျဉ်းသင့်သလိုယူပြီး ထည့်သွင်းရိုက်ကူးတတ်သူလို့လည်းပြောကြပါတယ် ဒီကားထဲက စစ်ဆေးရေးတွေနာမည်ကိုက ဂျုးလီးယက်ဆီဇာတို့ ဘရူးတက်စ်တို့ ဖြစ်နေတာပါပဲဇာတ်လမ်းအညွှန်းကရစ်ရှနာ(တဘူး) တို့ စပိုင်အဖွဲ့ကလူတွေ စစ်ဆင်ရေးလုပ်တဲ့အချိန်မှာ ရန်သူဘက်ကအမြဲအသာစီးရနေပြီး စပိုင်အဖွဲ့ဝင်တွေပဲ အရင်ရှင်းပစ်ခံနေရတဲ့အချိန် ဟီနာဆိုတဲ့ စပိုင်တစ်ယောက်လည်း အဲဒီလိုအဖြစ်ဆိုးမျိုးကြုံလိုက်ရတယ်ဒီကိစ္စကိုစုံစမ်းဖို့အတွက် စပိုင်အဖွဲ့က ကရစ်ရှ်နာကိုတာဝန်ပေးလိုက်တယ် အလုပ်ကနေအနားယူတော့မဲ့ ကရစ်ရှ်နာတစ်ယောက် အဖွဲ့အတွက်အရေးကြီးဆုံးတာဝန်လည်းဖြစ် ချစ်ရသူသေရတဲ့ကိစ္စလည်းဖြစ်နေတော့ မနေသာပဲဝင်ပါရပြန်တယ်ဒီလိုအဖြစ်အပျက်တွေအတွက် အဖွဲ့ကနေအဓိကသံသယရှိသူက ရာဗီ သူကလည်း သူ့ကိုသိသွားကြမှန်းသိ‌တာနဲ့ ချက်ချင်းမိသားစုပါခေါ်ပြီး လစ်ပြေးတော့တာပဲ ဒါပေမဲ့သူကခိုင်းစေခံရသူသာသာပဲ သူ့နောက်ကွယ်မှာအဓိကတရားခံကရှိနေသေးတယ်စပိုင်တွေကိုတောင် အသာစီးယူပြီးရှင်းပစ်နိုင်နေတဲ့ရန်သူကိုအနိုင်ယူဖို့.... ခင်ပွန်းနဲ့ သားကိုဖုံးကွယ်ထားတဲ့ ချစ်ခြင်းတရားတစ်ခုအတွက်လက်စားချေဖို့... ဒါတွေကို ကရစ်ရှ်နာတစ်ယောက်အဆုံးထိအောင်မြင်အောင်လုပ်နိုင်သွားမလား ဆိုတာ မင်းသမီးချောသုံးယောက်ရဲ့အလှကို ရှူစားရင်းခံစားကြည့်ပါဦးအညွှန်းနှင့် ဘာသာပြန်သူတွေကတော့ ...
movie

Khufiya (2023)

2023
4K HEVC
Wild Dog(2021) 6.1
Wild Dog(2021) Wild Dog (2021) =====================imdb 6.1/2.4kနာမည်ကြီးတေလဂူးမင်းသားကြီး Nagarjuna Akkineniအဓိကသရုပ်ဆောင်ထားတဲ့ အက်ရှင်ကားကောင်းတခုတင်ဆက်ပေးချင်ပါတယ်...ဘယ်လောက်တောင်ကြမ်းသလဲဆိုရင် TV-MAရိတ်တင်ရတဲ့ထိပါပဲ.....ဇာတ်လမ်းအကျဉ်းကတော့ အကြမ်းဖက်နိုမ်နင်းရေးအရာရှိ ဗီဂျေးဟာ အကြမ်းဖက်နိုမ်နင်းရာမှာ ကြမ်းတမ်းရက်စက်လွန်းတာကြောင့် Wild Dog (ခွေးရိုင်းကြီး)လို့နာမည်ပြောင်ပေးရတဲ့ထိ ဆိုးဝါးလှပြီး ဌာနကလည်း သူ့ကို ရုံးထိုင်အလုပ်ပြောင်းပေးခဲ့ပါတယ်... ဒါပေမယ့် တနေ့မှာတော့ နိုင်ငံတွင်း အကြမ်းဖက်ဗုံးဖောက်ခွဲမှုတွေ စိပ်လာပြီး အကြမ်းဖက်သမားတွေဟာ နိုင်ငံရဲ့လုံခြုံရေးကို ထိပါးစော်ကားလာတာကြောင့် ဌာနက သူ့ကို ပြန်လည်ရာထူးပေးအပ်ပြီး အမှုလိုက်ခိုင်းပါတော့တယ်....ဗီဂျေးဒီတခါဆုံတွေ့ရမယ့်ရန်သူက အင်မတန်ကောက်ကျစ်ဉာဏ်များပြီး ဖောက်ခွဲရေးပိုင်းဆရာတဆူဖြစ်တာကြောင့် ဗီဂျေးတစ်ယောက် ဘယ်လိုဘယ်ပုံ စွန့်စားပြီး ဉာဏ်ပညာရော ခွန်အားရော ပြိုင်ဆိုင်သွားလဲဆိုတာကို ဇာတ်လမ်းအစဆုံးထိ မလွှတ်တမ်းကြည့်ရှုချင်သွားမယ့် ရုပ်ရှင်ကောင်းတပုဒ်ပဲဖြစ်ပါတယ် File size…2.11GB / 1GB Quality…1080p UHD WEB DL / 720p Format…mp4 Duration….2h 25m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Moment
movie

Wild Dog(2021)

2021
Raees (2017) 7.4
Raees (2017)  IMDb Rating (7.0)မင်းသားကြီးရှရွတ်ခန်းကို  မှောင်ခိုဂိုဏ်းခေါင်းဆောင်အဖြစ် တမူထူးခြားစွာ မြင်ရမှာပါ။အိန္ဒိယနိုင်ငံ ဂူဂျာရတ်ပြည်နယ်ဆိုတာ အရက်ကင်းစင်တဲ့နယ်မြေအဖြစ်သတ်မှတ်ထားပြီး အရက်ရောင်းဝယ်ရင် ထောင်ဒဏ် ၁၀ နှစ်ထိ ပြစ်ဒဏ်ချမှတ်ထားပါတယ်....ဒီလိုအခြေအနေတွေကြောင့် အရက်မှောင်ခိုရောင်းဝယ်ရေးလုပ်ငန်းတွေ ကြီးထွားလာပါတော့တယ်....ဒီလိုဖြစ်လာရတာကလဲ ဂူဂျာရတ်ပြည်နယ်က ရာအီးစ်ဆိုတဲ့ ဒုစရိုက်သမားတစ်ယောက်ကြောင့်ဖြစ်လာတာ။အချိန်က ၁၉၈၀ နဲ့ ၁၉၉၀ ကြားကာလ ...ငယ်ငယ်ကတည်းက မှောင်ခိုလောကနဲ့ ရင်းနှီးပြီး ရာအီးစ်ဟာ အရွယ်ရောက်လာတဲ့အခါမှာလည်း မှောင်ခိုလောကမှာ လုပ် ငန်းအကြီးအကျယ်လုပ်ကိုင်သူ တစ်ယောက်ဖြစ်လာပါတယ်...သူများနဲ့မတူ ထူးခြားတာက သူဘယ်လောက်ပဲဆိုးသွမ်းပါစေ ဒေသခံတွေကတော့ သူ့ကို သဘောကျကြပါတယ်။ ဘာကြောင့်လဲဆိုရင် သူက သူ့မွေးရပ်မြေကို ထောက်ပံ့ကူညီမှုတွေပေးထားလို့ပဲ ဖြစ်ပါ တယ်။ရာအီးစ်ရဲ့ လုပ်ရပ်တွေကို ဖော်ထုတ်မယ့်သူကတော့ ရဲအရာရှိ ဂျိုင်ဒီးပ်အမ်ဘာလာမက်မူဒါ ဖြစ်ပြီး သူကတော့ အမှုမှန်ပေါ်ပေါက်ရေးအတွက် လူဆိုးဂိုဏ်းသားတွေကို အမှန်အကန်ဖော်ထုတ်ဖမ်းဆီးသူ ဖြစ်ပါတယ်။ မှောင်ခိုရာဇာ ရာအီးစ်က ပြည်နယ်အုပ်ချုပ်မှုပိုင်းမှာပါ ဝင်ဖို့ကြိုး ပမ်းလာတဲ့အခါမှာ ရဲအရာရှိဂျိုင်ဒီးပ်နဲ့ ရာအီးစ်တို့ ထိပ်တိုက်တွေ့ ...
movie

Raees (2017)

2017
Junglee (2019) 6.0
Junglee (2019) ဖိုက်တင်အက်ရှင်တွေမှာ လန်းတဲ့ ကွန်မန်ဒို၁,၂တို့ရဲ့မင်းသား Vidyut ကို ပရိသတ်များ ရင်းနှီးပြီးသားဖြစ်မှာပါ။ကဲ အညွန်းလေး စလိုက်ရအောင်ပါ။ရာ့ခ်ျဟာ တိရစ္ဆာန်ဆရာဝန်တစ်ယောက်ပါ။တိရစ္ဆာန်တွေအကြောင်းကို ကောင်းကောင်းသိပြီးတိရစ္ဆာန်တွေကို ချစ်မြတ်နိုးသူပေါ့။တနေ့မှာ ဖခင်ဆီက ဖုန်းဝင်ခဲ့ပါတယ်။မကိုင်တဲ့ကြားက ဆင်စခန်းကို ပွဲတော်အမီပြန်ခဲ့ဖို့ ဖခင်ဖက်မှ အသံသတင်းစကားလေး ပို့ထားခဲ့တယ်။အဲ့ဒီမှာ ဖခင်ကို သူစိတ်နာကြောင်း စပြီးမြင်လိုက်ရပါတယ်။ဖခင်နဲ့သူ့ကြား ဘယ်အကြောင်းတွေများ ရှိနေခဲ့တာလဲ။ဖခင်ရှိတဲ့ မွေးရပ်မြေ ချန်ဒရီကာ ဆင်စခန်းကိုသူသွားသင့်ကြောင်းဆုံးဖြတ်ပြီး လိုက်သွားရာမှာနယ်မြို့ကျဉ်းလေး ကားဂိတ်တစ်ဝန်းမှာ မုဆိုးတွေနဲ့ အတူ မျက်နှာဖြူတစ်ချို့သေနတ်တွေနဲ့ မြင်ရမှာပါ။မုဆိုးတွေဟာ နိုင်ငံခြားသားတွေနဲ့ ပေါင်းပြီးမှောင်ခိုလုပ်ငန်းတစ်ခုကို လုပ်ကိုင်နေကြပါတယ်။ဟုတ်ပါတယ်။ဆင်စွယ်တွေ ရောင်းဝယ်ဖောက်ကားခြင်းပါ။ဒီအဖွဲ့ဟာ ချန်ဒရီကာ ဆင်စခန်းမှဆင်တစ်ကောင်ရဲ့ အစွယ်ကို ပြစ်မှတ်ထား လိုက်ရာမှာတော့....မင်းသားဟာ ဒုစရိုက်သမားတွေဆီကဆင်လေးကို ဘယ်လိုကယ်တင်မလဲဆိုတာကိုအက်ရှင်ကောင်းတွေနဲ့အတူကိုယ်တိုင် ခံစားကြည့်ရှုကြပါဦးဗျာ။ (အညွန်းနဲ့ ဘာသာပြန်ကတော့ Myint Thu နဲ့ Nyi Nyi Koe တို့ ညီအစ်ကိုပါ) File Size :(950 MB ) and (440 MB) Quality ...
movie

Junglee (2019)

2019
Aval (2017) 7.4
Aval (2017)  တာဝန်ကျရာ ဇာတ်ကားတစ်ကားကို စ,ရေးတော့မယ်လို့ ကြည့်လိုက်တော့ Kollywood(Tamil) ကားတစ်ကား ဖြစ်နေတယ်။ အမှန်တိုင်းပြောရရင် Tamilကားတွေဆို သိပ်အထင်မကြီးတတ်တော့ Google မယ်ဒီကားနာမည်လေး ရေးရှာကြည့်တော့ BEST KOLLYWOOD MOVIES OF 2017 မှာ နံပါတ် ၂ ချိတ်ထားသလို Rating တွေအနေနဲ့ကလည်း IMDB - 7.2/10 နဲ့ Rotten Tomatoes - 100% အပြည့်ဆိုပဲ ဒီအချက်ကြောင့် ဒီဇာတ်ကားကို ကြည့်ချင်စိတ်ဖြစ်လာပြီး အလုပ်တွေပြီးလို့ အားတဲ့အချိန်ကလည်း ည၁၁ထိုး၊ မနက်ထိ မဆိုင်းတော့ပဲ လက်တော့လေးဖွှင့်ကာ ရုပ်ရှင်ကားကို စကြည့်မိပါတော့တယ်ကုလားကားသာ ပြောတယ် စလာတော့ ၁၉၃၅ ခုနှစ်၊ ကိုလိုနီခေတ်က တရုတ်သားအမိနှစ်ယောက်နဲ့ သူတို့အိမ်ကိုပြပြီး ပျော်ရွှင်နေတဲ့ သားအမိနှစ်ယောက်ရဲ့ အိမ်မှာ ရုတ်တရက်ဆိုသလို အော်ငြီးသံကြီးတစ်ခုနဲ့ ၂၀၁၆ကို မောင်းနှင်သွားပါတော့တယ်။၂၀၁၆ ခုနှစ် အေးချမ်းတဲ့ဆောင်းရာသီလေးမယ် အိမ်လေးတစ်လုံးထဲက ညားခါစဇနီးမောင်နှံနှစ်ဦးရဲ့ အပျော်တွေကို ကျွန်တော်တို့ဆီ မျှဝေလိုက်ပြီး ဘေးခြံကို မိသားစု အသစ်တွေပြောင်းလာတာကို အသိပေးလိုက်ပါတယ်။ဇနီးမောင်နှံနှစ်ယောက်အတွက်ကတော့ အိမ်နီးချင်းအသစ်တွေ ရမှာဖြစ်သလို ယောက်ျားအလုပ်သွားတဲ့အချိန် ပြင်းခြောက်ခြာက်ဖြစ်နေမယ့် ဇနီးသည်အတွက်တော့ပိုပျော်ရွှင်ရမယ့် လက္ခဏာပါပဲထင်ထားတဲ့အတိုင်းပါပဲ ဘေးအိမ်ကို ပြောင်းလာတဲ့ ...
movie

Aval (2017)

2017
The Ghazi Attack (2017) 7.6
The Ghazi Attack (2017) IMDb rating 8.3 ရထားတဲ့ ဘောလိဝုဒ် စစ်ကာကြီး တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ် စစ်ကားကို စောင့်မျှော်နေတဲ့ ပရိတ်သတ်ကြီးအတွက်တော့ လက်လွတ်မခံ သင့်တဲ့ဇာတ်ကားကြီး တစ်ကား ဖြစ်ပါတယ်ဗျပြီးတော့ ဒီဇာတ်ကားက အိန္ဒိယ နဲ့ ပါကစ္စတန် ၂ နိုင်ငံကြားက ဖြစ်ရပ်မှန် သမိုင်ကြောင်းကို အခြေခံပြီးရိုက်ကူးထားတာပါ ဇာတ်လမ်း အကျဉ်းလေး ကတော့ 1971 မှာ အိန္ဒိယ နဲ့ ပါကစ္စတန် စစ်ဖြစ် ကြတဲ့အခါမှာ ပါကစ္စတန်ရေတပ်က ပါကစ္စတန်အရှေ့ပိုင်းကနေ ၀င်ရောက် တိုက်ခိုက်ဖို့အတွက် ဘင်္ဂလားပင်လယ်ထဲကို ၀င်ရောက်ဖို့လိုလာပါတယ် အဲ့သည်အချိန်မှာပဲ အိန္ဒိယ ရေတပ် INS Karanji (S21) ဟာ ဘင်္ဂလားပင်လယ်အော်ထဲ မှာ ကင်းလှည့်စောင့်ကျပ်နေပါတယ် ဒီလိုနဲ့ ပါကစ္စတန်ဟာ ဘင်္ဂလားပင်လယ်ထဲ ၀င်ရောက်ဖို့ INS Karanji (S21) ကိုတိုက်ခိုက်ဖို့ PNS Garzi ကိုလွတ်လိုက် တဲ့အခါမှာတော့ ကဲ ဘာတွေဆက်ဖြကြမလဲဆိုတာကို ဆက်လက်ကြည့် လိုက်ကြပါတော့ဗျာ ......................။ (အခုကားကို VLC player နဲ့သာကြည့်ကြဖို့ သတိပေးလိုက်ပါရစေဗျာ) ဘာသာပြန်သူကတော့ Linn Thura ဖြစ်ပါတယ်ဗျ ။
movie

The Ghazi Attack (2017)

The Attacks Of 26/11 (2013) 6.9
The Attacks Of 26/11 (2013) The Attacks Of 26/11 (2013)_____IMDb - 6.9/10    The Attacks of 26/11 ဒီဇာတ်ကားလေးကတော့ IMDb rating 6.9 ရရှိထားပြီး 2008 ခုနှစ် နိုဝင်ဘာလ (၂၆)ရက်နေ့က အိန္ဒိယနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခတ်မှုကို အခြေခံရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန် ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဒီဖြစ်ရပ်ကို အိန္ဒိယနိုင်ငံသားတွေအနေနဲ့ 9/11 လိုမျိုး 26/11 လို့ခေါ်ဝေါ်ကြပြီးတော့ ယနေ့ထက်တိုင် ဝမ်းနည်းခြင်းအထိမ်းအမှတ်တွေ လုပ်ကြဆဲပါ။ အကြမ်းဖက်အဖွဲ့က ပါကစ္စတန်အခြေစိုက် Lashkar-e-Taiba အဖွဲ့ဖြစ်ပြီးတော့ အဖွဲ့ဝင်(၁၀)ဦးနဲ့ အိန္ဒိယအထင်ကရ(၁၂)နေရာကို တိုက်ခတ်ခဲ့တာဖြစ်ပြီး လူ(၁၆၄)ယောက် သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။ဒီဇာတ်ကားက အဲဒီဖြစ်ရပ်မှန်ကို Documentary Film အဖြစ် ရိုက်ကူးတင်ဆက်ထားတာဖြစ်ပြီး အကြမ်းဖက်သမားတွေရဲ့ ဘာသာရေး အသုံးချမှုကို ကွက်ကွက်ကွင်းကွင်းမြင်အောင် ရိုက်ပြထားတာတွေ့ရမှာပါ သင်ခန်းစာတွေ တွေးတောဆင်ခြင်စရာတွေ အများကြီးပေးတဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်လို့ လုံးဝကို လက်လွတ်မခံသင့်ပါကြောင်းလို့ ပြောပါရစေ။(ဒီဇာတ်ကားရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ CM Team မှ ညီလေး Sherlock ဖြစ်ပါတယ်။) @San Win Maung    File Size   ...
movie

The Attacks Of 26/11 (2013)

2013